........သည်ဆိုဘ်ရောက်လာ များသတ္တာချမ်းသာကိုစိတ်မြဲပါစေ၊ ဥပါဒ်ရန်ဘေးကင်းစင်ဝေးငြိမ်းအေးကြပါစေ.........

Feb 3, 2013

ပွင်.တော်မူပြီးသော ဘုရားရှင် များ

ဆုံး စ မ ထင် သော သံ သ ရာ တ လျှောက် တွင် ဂင်္ဂါ ၀ါ လု သဲ စု မ က သော ဘု ရား များ ပွင့် ခဲ့ ကြ သည်။( သမ္ဗုဒ္ဓေ ဂါ ထာ )
ဗုဒ္ဓ ၀င်တို.တွင် ထင်ရှားသည်မှာ ( ၂၈ )ဆူသော ဘုရားများဖြစ်သည်။
ဂေါတမ ဘုရားရှင် ဖြစ်လာမည်. သုမေဓါ ရှင် ရသေ.အား ” နောင် ဘဒ္ဒ ကမ္ဘာတွင် ဂေါတမ အမည်ဖြင်. ဘုရား ဖြစ်မည် “ဟု ဗျာဓိတ်ပေးသော ” ဒီပင်ကရာ” ဘုရားရှင် ပွင်.တော်မူသော ” သာရမဏ္ဍ ကမ္ဘာ” တွင် ပွင်.တော်မူကြသော ဘုရားရှင် များ မှ ဂေါတမ ဘုရားရှင် အထိ ဘုရားရှင် ၂၈ -ဆူ ရှိလေသည်။ ဤဘုရားရှင်များကို နှစ်ကျိပ်ရှစ်ဆူ ဘုရားများ ဟု ခေါ်ဝေါ်ပူဇော်ကြပါသည်။
ဘု ရား ပွင်.သော ကမ္ဘာ များ
ကမ္ဘာအသစ်တစ်ခု ဖြစ်လာသည်နှင်. ကြာပွင်.ကြီးများ နှင့် သင်္ကန်းများလဲ ဖြစ်ထွန်းပါလာသည် ဆို၏ ။ ထိုသို. ကြာပွင်.ကြီးများ နှင့် သင်္ကန်းမပါသော ကမ္ဘာကို ” သုညကမ္ဘာ ” ဟုခေါ်ဆိုကြသည် ။ ကြာပွင်.ကြီးများ နှင့် သင်္ကန်းများအရေအတွက်အတိုင်း ဤကမ္ဘာတွင် ဘုရားဘယ်နှစ်ဆူပွင်.မည် ဟု ဗြဟ္မာကြီးများမှ ကြိုတင်သိရှိကာ ဘုရားလောင်းတောထွက်လာသောအချမှ ကပ်လှူရန် သင်္ကန်းများကို သိမ်းဆည်းထားလိုက်ကြသည် ဆို၏။
၁။ ဘုရားရှင် ၁ -ဆူ ပွင်.သော ကမ္ဘာ ကို ” သာရ ကမ္ဘာ ” ၊
၂။ ဘုရားရှင် ၂ -ဆူ ပွင်.သော ကမ္ဘာ ကို ” မဏ္ဍ ကမ္ဘာ ၊
၃။ ဘုရားရှင် ၃ -ဆူ ပွင်.သော ကမ္ဘာ ကို ” ၀ရ ကမ္ဘာ ” ၊
၎။ ဘုရားရှင် ၄ -ဆူ ပွင်.သော ကမ္ဘာ ကို ” သာရမဏ္ဍ ကမ္ဘာ “၊
၅။ ဘုရားရှင် ၅ -ဆူ ပွင်.သော ကမ္ဘာ ကို ” ဘဒ္ဒ ကမ္ဘာ ” ဟု ခေါ်ဝေါ် ကြသည်။
၂၈ - ဆူသော ဘုရားများသည် -
” သာရ ကမ္ဘာ ” ၄- ကမ္ဘာ ပါဝင်သောကြောင်. - ဘုရား ၄-ဆ၊ူ
” မဏ္ဍ ကမ္ဘာ ” ၃- ကမ္ဘာ ပါဝင်သောကြောင်. - ဘုရား ၆-ဆူ၊
” ၀ရ ကမ္ဘာ ” ၂- ကမ္ဘာ ပါဝင်သောကြောင်. - ဘုရား ၆-ဆူ၊
” သာရမဏ္ဍကမ္ဘာ ” ၂- ကမ္ဘာ ပါဝင်သောကြောင်. - ဘုရား ၈-ဆူ၊
” ဘဒ္ဒ ကမ္ဘာ ” ၁- ကမ္ဘာ ပါဝင်သောကြောင်. - ဘုရား ၅-ဆူ …
သို.သော် ” ဘဒ္ဒ ကမ္ဘာ ” တွင် ” အရိမေတ္တေယျ ” ဘုရားရှင် ပွင်.ရန် ကျန်သေးသောကြောင်.
ပထမ” သာရ ကမ္ဘာ ” တွင် ပွင်.သော ” တဏှင်္ကရာ ” ဘုရားရှင် မှ ” ဘဒ္ဒ ကမ္ဘာ ” မှ ၄ -ဆူမြောက် ဂေါတမ ဘုရားရှင် အထိ ၂၈ -ဆူ ရှိလေသည်။
အစဉ် အတိုင်း အားဖြင်. -
ပထမ သာရမဏ္ဍကမ္ဘာ တွင် -တဏှင်္ကရာ ၊ မေဓင်္ဂရာ ၊ သရဏှင်္ဂရာ ၊ ဒီပင်္ကရာ ဘုရားရှင်များ။
ပထမ သာရ ကမ္ဘာ တွင် - ကောဏ္ဍည ဘုရား ။
ဒုတိယ သာရမဏ္ဍကမ္ဘာ တွင် - မင်္ဂလ ၊ သုမန ၊ ရေ၀တ ၊ သောဘိတ ဘုရားရှင်များ။
ပထမ ၀ရ ကမ္ဘာ တွင် - အ နောမဒဿီ ၊ ပဒုမ ၊နာရဒ ဘုရားရှင်များ။
ဒုတိယ သာရ ကမ္ဘာ တွင် - ပဒုမုတ္တရ ဘုရား ။၊
ပထမ မဏ္ဍ ကမ္ဘာ တွင် - သုမေဓာ ၊ သုဇာတာ ဘုရားရှင်များ။
ဒုတိယ ၀ရ ကမ္ဘာ တွင် - ပိယဒဿီ ၊ အတ္ထဒဿီ ၊ဓမ္မဒဿီဘုရားရှင်များ။
တတိယ သာရ ကမ္ဘာ တွင် - သိဒ္ဓတ္ထဘုရား ။၊
ဒုတိယ မဏ္ဍ ကမ္ဘာ တွင် - တိဿ ၊ ဖုဿ ဘုရားရှင်များ။
စတုတ္ထ သာရ ကမ္ဘာ တွင် - ၀ိပဿီဘုရား ။၊
တတိယ မဏ္ဍ ကမ္ဘာ တွင် - သိခီ ၊ ဝေဿဘူ ဘုရားရှင်များ။
ဘဒ္ဒ ကမ္ဘာ တွင် - ကကုသန် ၊ ကောဏဂုံ ၊ ကဿပ ၊ ဂေါတမ ဘုရားရှင်များ။

No comments:

Post a Comment