........သည်ဆိုဘ်ရောက်လာ များသတ္တာချမ်းသာကိုစိတ်မြဲပါစေ၊ ဥပါဒ်ရန်ဘေးကင်းစင်ဝေးငြိမ်းအေးကြပါစေ.........

Feb 22, 2013

သာသနာဆုတ်ယုတ်ပုံ

သာသနာဆုတ်ယုတ်တဲ့အခါ =
၁။ပရိယတ်
၂။ပဋိပတ်
၃။ပဋိဝေဓ
၎။ရဟန်းအ၀တ်အသွင်
၅။ဘုရားရှင်၏ကိုယ်တော်အစိတ်ဟူသော ဓါတ်တော်မွေတော် ဤငါးဖြာတို့သည်
အစဉ်အတိုင်းတစ်ခုပြီး တစ်ခု ကွယ်ကြလိမ့်မည်။

ပရိယတ်ကွယ်ပုံကို ဆရာဦးဆန်းထွန်း-မန်းတက္ကသိုလ်-က =
အ၊အင်၊သံ၊မဇ္ဈိမ၊
ဒီဃနှင့်ဝိ၊ဇာ၊
အဘိအလျင်ကွယ်လို့
သင်တယ်၊ဆောင်တယ်ရှိပြီဘု
ဇာဝီတိုင် နောက်ပြန်ခဲတယ်
ပွဲသိမ်းတဲ့အခါ။
ထိုအခါ
ဂါထာမျှပုဒ်လုံး
ထောင်ထုပ်ကို ဆောင်ယူဟု
တောင်ဇမ္ဗူ ပြည်ပတ်အောင်
စည်ခတ်ကာ ဆင်တင်၍
သုံးကြိမ်စဉ် လှည့်သော်လည်း
ယူမည့်သူ အသံမလာ၍
ဘဏ္ဍာကို ပြန်မာသွင်းရတယ်
ယင်းသာသန နောက်ပိတ်ဆုံး-ဟု စပ်ဆိုခဲ့သည်။

အဘိဓမ္မာ၊အင်္ဂုတ္ထိုရ်၊သံယုတ္တနိကာယ်၊မဇ္ဈိမနိကာယ်၊
ဒီဃနိကာယ်၊၀ိနည်း၊ဇာတ်တို့တွင် အဘိဓမ္မာ အစဉ်အတိုင်း အလျင်ကွယ်၍
နောက်ဆုံးတွင် သင်ခြင်းဆောင်ခြင်းမရှိပါပဲ ဂါထာတစ်ပုဒ်ကို ရလျှင်
တစ်ထောင်ပေးမည်ဟု ဆင်ပေါ်တွင် အသပြာထုပ်တင်ကာ သုံးကြိမ်လှည့်သော်လည်း
ရသူမရှိသဖြင့် ဘဏ္ဍာကို ပြန်လည်ကာ ယူုသွားရသည့်
ပရိယတ်သာသနာနောက်ဆုံးကွယ်ခြင်း အခြေအနေတည်း။

No comments:

Post a Comment