........သည်ဆိုဘ်ရောက်လာ များသတ္တာချမ်းသာကိုစိတ်မြဲပါစေ၊ ဥပါဒ်ရန်ဘေးကင်းစင်ဝေးငြိမ်းအေးကြပါစေ.........

Feb 3, 2013

ဘုရားမပွင်.သော ကမ္ဘာများ

ပထမ သာရမဏ္ဍကမ္ဘာ မှ ဒီပင်္ကရာဘုရား နှင့် ပထမ သာရ ကမ္ဘာမှ ကောဏ္ဍည ဘုရား အကြားတွင် မရေတွက်နိုင်သော ကမ္ဘာများ ပါဝင်သည့် သေလအသင်္ချေ ခေါ် တစ် သင်္ချေ ။
ပထမ သာရ ကမ္ဘာမှ ကောဏ္ဍည ဘုရား နှင့် ဒုတိယ သာရမဏ္ဍကမ္ဘာ မှ မင်္ဂလ ဘုရား အကြားတွင် မရေတွက်နိုင်သော ကမ္ဘာများ ပါဝင်သည့် ဘာသ အသင်္ချေ ခေါ် တစ် သင်္ချေ ။
ဒုတိယ သာရမဏ္ဍကမ္ဘာ မှ သောဘိတ ဘုရား နှင့် ပထမ ၀ရကမ္ဘာ မှ အ နောမဒဿီ ဘုရား အကြားတွင် မရေတွက်နိုင်သော ကမ္ဘာများ ပါဝင်သည့် ဇယ အသင်္ချေ ခေါ် တစ် သင်္ချေ ။
ပထမ ၀ရကမ္ဘာ မှ နာရဒ ဘုရား နှင့် ဒုတိယ သာရကမ္ဘာ မှ ပဒုမုတ္တရ ဘုရား အကြားတွင် မရေတွက်နိုင်သော ကမ္ဘာများ ပါဝင်သည့် ရုစိရ အသင်္ချေ ခေါ် တစ် သင်္ချေ ။
ထို.ကြောင်. စုစုပေါင်း ( ၄ ) သင်္ချေ ဖြစ်သည်။ (ဂေါတမ ဘုရားရှင် ပါရမီဖြည်.ရသော ကာလ၏ ( ၄ ) သင်္ချေ )
——————————–
ဒုတိယ သာရကမ္ဘာ မှ ပဒုမုတ္တရ ဘုရား နှင့် ပထမ မဏ္ဍကမ္ဘာ မှ သုမေဓာ ဘုရား (၂)ဆူအကြားတွင် ဘုရားမပွင်.သော ကမ္ဘာပေါင်း ခုနှစ်သောင်း ( ၇၀ ၀၀၀)။
ပထမ မဏ္ဍကမ္ဘာ မှ သုဇာတာ ဘုရား နှင့် ဒုတိယ ၀ရကမ္ဘာ မှ ပိယဒဿီ ဘုရား (၂)ဆူအကြားတွင် ဘုရားမပွင်.သော ကမ္ဘာပေါင်ုးနှစ်သောင်း ရှစ်ထောင့် နှစ်ရာ( ၂၈၂၀၀ ) ။
ဒုတိယ သာရကမ္ဘာ မှ ဓမ္မဒဿီ ဘုရား နှင့် တတိယ သာရ ကမ္ဘာ မှ သိဒ္ဓတ္ထဘုရား (၂)ဆူအကြားတွင် ဘုရားမပွင်.သော ကမ္ဘာပေါင်း တစ်ထောင့် ခုနှစ်ရာ့ ငါး (၁၇၀၅) ကမ္ဘာ။
တတိယ သာရ ကမ္ဘာ မှ သိဒ္ဓတ္ထဘုရား နှင့် ဒုတိယ မဏ္ဍ ကမ္ဘာ မှ တိဿ ဘုရား (၂)ဆူအကြားတွင် ဘုရားမပွင်.သော ကမ္ဘာပေါင်း တစ် (၁) ကမ္ဘာ။
စတုတ္ထ သာရ ကမ္ဘာမှ ၀ိပဿီ ဘုရား နှင့် တတိယ မဏ္ဍ ကမ္ဘာ မှ သိခီ ဘုရား (၂)ဆူအကြားတွင် ဘုရားမပွင်.သော ကမ္ဘာပေါင်း ငါးဆယ့်ကိုး ( ၅၉ ) ကမ္ဘာ။
တတိယ မဏ္ဍ ကမ္ဘာ မှ ဝေဿဘူ ဘုရား နှင့် ဘဒ္ဒ ကမ္ဘာ မှ ကကုသန် ဘုရား (၂)ဆူအကြားတွင် ဘုရားမပွင်.သော ကမ္ဘာပေါင်း နှစ်ဆယ့်ကိုး ( ၂၉ ) ကမ္ဘာ။
ထို.ကြောင့် ကမ္ဘာစုစုပေါင်း ကိုးသောင်း ၊ကိုးထောင် ၊ ကိုးရာ့ လေး ကမ္ဘာ ရှိပါသည် ။ မှတ်သားရလွယ်စေရန် ဂေါတမ ဘုရားရှင် ပါရမီဖြည်.ရသော ကာလမှာ ( ၄ ) သင်္ချေ နှင့် ကမ္ဘာ တစ်သိန်း ဟု သာ ရေးသားကြသည် ..ထင်ပါသည်။

No comments:

Post a Comment