........သည်ဆိုဘ်ရောက်လာ များသတ္တာချမ်းသာကိုစိတ်မြဲပါစေ၊ ဥပါဒ်ရန်ဘေးကင်းစင်ဝေးငြိမ်းအေးကြပါစေ.........

Jan 6, 2013

သား(၃)မျိုး

လောက၀ယ် မိဘတိုင်း ၌ သား(၃)မျိုး ရှိကြောင်း ဘုရားရှင်က ဟောကြားခဲ့သည်။ ယင်း ၃မျိုးမှာ-

(၁) အတိဇာတသား = မိဘတို့ ထက် သီလ ၊ သမာဓိ ပညာ ဂုဏ်သရေ သာလွန်သောသား။

(၂) အနုဇာတသား = မိဘတို့နှင့် သီလ၊ သမာဓိ ပညာ ဂုဏ်ရည်တူ သောသား။

(၃) အ၀ဇာတသား = မိဘတို့နှင့် သီလ၊ သမာဓိ ပညာ ဂုဏ်ရည် ယုတ်ညံ့သော သားမိုက်။

လောကတွင် မိဘတို့သည် ထိုသား (၃)မျိုးတွင် အ၀ဇာတ သားကို အလိုမရှိကြပေ။ အတိဇာတသား နှင့် အနုဇာတသားကိုသာ အလိုရှိကြသည်။ ထိုသို့ အလိုရှိကြသည့်အတွက် သားသမီးကို လိမ္မာရေးခြားရှိအောင်၊ ပညာတတ်အောင် သွန်သင်ဆုံးမ ကြ သည်။ အတတ်ပညာ သင်ပေးကြသည်။ ဥစ္စာအမွေ ပေးကြသည်။

ဘုရားရှင် က သားကောင်းသားမြတ် နှင့် ပတ်သက်၍-

***ချစ်သားတို့ လောကအတွင်းဝယ် သား(၃)မျိုးရှိရာ၏။ ထိုသုံးပါးတို့တွင် အကြင်သားသည် ရတနာ သုံးပါးဆည်းကပ်ကိုးကွယ်တတ်၏။ ရတနာသုံးပါး ကံ-ကံ ၏ အကျိုးကိုသက်ဝင်ယုံကြည်တတ်၏။ ငါးပါးသီလ၊ ရှစ်ပါးသီလ စသည့် သီလနှင့်ပြည့်စုံ၏ အလှူခံ ပုဂ္ဂိုလ်တို့၏ စကားကို တတ်သိနားလည်ကြ၏။ ၀န်တိုခြင်း -မစ္ဆေရ အညစ်အကြေး ကင်းစင်စေကုန်၏၊ ထိုသားထူးသားမြတ်တို့သည် မိုးသားတိမ်တိုက်မှ ထွက်သော ကမ္ဘာတန်ဆာ လဆန်းရတာကဲ့သို့ များပြားသော ပရိသတ်အလယ်၌ တင့်တယ်ထွန်းပ ကြကုန်၏။***
ဟူ၍ ဟောတော်မူခဲ့ပါသည်။

No comments:

Post a Comment