........သည်ဆိုဘ်ရောက်လာ များသတ္တာချမ်းသာကိုစိတ်မြဲပါစေ၊ ဥပါဒ်ရန်ဘေးကင်းစင်ဝေးငြိမ်းအေးကြပါစေ.........

Jan 3, 2013

ဗုဒ္ဓဖြစ်စဉ် (The life of Buddha)





သုမေဓာပညာရှိသည် မိဘနှစ်ပါးကွယ်လွန်သောအခါ အမွေအနှစ်များစွာတို့ကိုရရှိသဖြင့် ပစ္စည်းဥစ္စာ ကြွယ်ဝချမ်းသာသော သူဌေးတဦးဖြစ်၍လာလေသည်။ သုမေဓာပညာရှိသည်… ငါ၏မိဘတို့ကား စည်းစိမ်ဥစ္စာ များစွာတို့ကို ရှာဖွေ စုဆောင်းနိုင်သော်လည်း ယူမသွားနိုင်ခဲ့ချေ၊ ထို စည်းစိမ်ဥစ္စာတို့ကို ငါ့နောက်သို့ပါအောင် မည်သို့ ယူဆောင်သွားရပါမည်နည်း … ဟုဆင်ခြင်မိကာ သူပိုင်ဆိုင်သော ပစ္စည်းဥစ္စာတို့ကို စွန့်ကြဲပေးကမ်းလှူဒါန်းကာ တောထွက်၍ ရသေ့ရဟန်းအသွင်ဖြင့် နေလေ၏။ ထိုသို့ သူတော်စင်တို့နေထိုင်ရာ တောအုပ်ကြီးထဲတွင်နေလျက် သူတော်ကောင်းတရား ပွားများအားထုတ်ခဲ့ရာ ဈာန်အဘိညာဏ်များရရှိကာ နောင်သောအခါတွင် သုမေဓာရှင်ရသေ့ဟူ၍ ထင်ရှား ကျော်ကြားလေသည်။

SUMEDHA , the wise man inherited a vast fortune his parents who left them upon their deaths. Realising the unsatisfactoriness he gave away his fortune and became an ascetic in the forest. He soon gained mastery in mediation and was well-know for his supernormal powers.



တစ်နေ့သောအခါ ရာမ္မာဝတီမြို့သို့ ဒီပင်္ကရာဘုရားမြတ်စွာ ကြွလာမည့် လမ်းမကြီးကို မွန်းမံပြုပြင်နေကြသူများတွင် သုမေဓာရှင်ရသေ့သည်လည်းပါဝင်လေ၏။ ထိုသို့ပြင်ဆင်နေခိုက်မှာပင် ဘုရားရှင်ကြွလာတော်မူသဖြင့် သုမေဓာရှင်ရသေ့သည် မပြီးသေးသောလမ်းတနေရာမှာ ၀မ်းလျားမှောက်၍ တံတားသဖွယ်ခင်းပေးကာ ဘုရားရှင်အား ရွှံ့ညွန်မထိမပေအောင် သူ့ခန္ဓာကိုယ်ပေါ်မှ နင်းကြွရန် လျှောက်ထားလေ၏။ အနီးတွင် သုမိတ္တာ အမည်ရှိသတို့သမီးငယ်သည်လည်း ကြာပန်းရှစ်ခိုင်ကို ကိုင်လျက် ဘုရားရှင်ကို ဖူးမျှော်ရန် စောင့်၍နေလေ၏။ သူမ၏ လက်ထဲမှ ကြာပန်းငါးခိုင်ကို ခွဲ၍ ရှင်ရသေ့အား ပေးလှူလေသော် သုမေဓာရှင်ရသေ့သည် ထိုကြာငါးခိုင်ဖြင့် ဘုရားရှင်အားပူဇော်ယင်း …. အကျွန်ုပ် သည် ဤဘုရားရှင်ကဲ့သို့ ဘုရားတစ်ဆူ ဖြစ်ရပါလို၏ .. ဟု အဓိဌာန်ပြုလေ၏။ ဒီပင်္ကရာမြတ်စွာဘုရားက …ဤ ရသေ့မြတ်သုမေဓာသည် နောင်အခါ၌ ဂေါတမဟူသော အမည်ဖြင့် ဘုရားတစ်ဆူအဖြစ် ပွင့်တော်မူလိမ့်မည်။ ဤ သုမိတ္တာသတို့သမီးငယ်ကား ရသေ့မြတ်၏ ပါရမီဖြည့်ဘက် ဖြစ်လိမ့်မည်…. ဟု ဗျာဒိတ်စကား မိန့်ကြားတော်မူလေသည်။

When ascetic Sumedha knew of the coming of Dipankara Buddha to the city of Rammavati, he took part in preparing the road for the Buddha. He was still repairing it when the Buddha arrived but he was determined to complete it by prostrating himself into the muddy hollow, in fulfilment of his vow to become a Buddha. Beside him was a young lady named Sumitta bearing eight stalks of lotus flowers. She gave the Ascetic five stalks and kept for herself three stalks for her own aspiration.
When the Buddha Dipankara saw this, He omnisciently declared the Ascetic Sumedha a future Buddha. While He stated that the asspiring young lady Sumitta would be his constant compaion and helpmate.

နတ်ဗြာဟ္မာအပေါင်းတို့သည် တုသိတာနတ်ပြည်၌ နတ်စည်းစိမ်ကိုခံစားနေသော သေတကေတု ဘုရားလောင်းနတ်သားအား … အလောင်းမင်း ဘုရားဖြစ်အံ့သော အခါတိုင်ပြီ၊ လူ့ပြည်သို့ဆင်း၍ ဘုရားဖြစ်တော်မူပါ…. ဟု တောင်းပန်ကြလေ၏။ ထိုအခါ ဘုရားလောင်းနတ်သားသည် လူ့ပြည်ဆင်း၍ သန္ဓေယူခါနီး၌ သန္ဓေယူရန်အတွက် လျော် မလျော်ကို ကြည့်လေ့ရှိသော ရှေးဘုရားအလောင်းတော်တို့နည်းတူ ကြည့်ခြင်းငါးပါးကို ကြည့်တော်မူပြီး၍ ထိုနတ်ဗြာဟ္မာတို့၏ တောင်းပန်မှုကို လက်ခံတော်မူလေ၏။

ကြည့်ခြင်းကြီးငါးပါးဟူသည်……

၁။ တက်ကပ်ဆုတ်ကပ် ကာလ နှစ်ပါးတို့တွင် ဆုတ်ကပ်ကာလသက်တမ်းကို ကြည့်ခြင်း

၂။ ကျွန်းကြီးလေးကျွန်းအနက် ဇမ္ဗူဒီပခေါ် တောင်ကျွန်းကို ကြည့်တော်မူခြင်း

၃။ တောင်ကျွန်း၏ အလည်ဒေသ ဗဟိုချက်ချာကျသော ဗောဓိပင်ပေါက်ရာအရပ် ကို ကြည့်ခြင်း

၎။ အမျိုးလေးပါးတွင် ဗြာဟ္မဏနှင့် မင်းမျိုးကို သာ ကြည့်တော်မူခြင်း

၅။ ဘုရားလောင်း ဖွားမြင်ပြီးနောက် ၇ ရက်သို့ရောက်လျှင် သေဆုံးမည့်မိခင်၏ သက်တမ်းအပိုင်းအခြား ကို ကြည့်ခြင်း

The Devas (Gods) imploring the Bodhisatta Santussita Deva (whose real name was Setaketu) in Tussita heaven to be rebrn on earth to become a Buddha. He accepted their request after viewing the Five Great Considerations (Panca Maha Vilokana) which are – time, region, locality, clan and mother.



မဟာသက္ကရာဇ် ၆၈ – ခုနှစ် ၀ိသာခပုဏ္ဏမီခေါ် ကဆုန်လပြည့်နေ့တွင် နီပေါနိုင်ငံ လုမ္ဗိနီအင်ကြင်းဥယျာဉ်တော် ၌ အလောင်းတော်မင်းသားလေးကို မီးရှုးသန့်စင် ဖွားမြင်တော်မူလေ၏။ သုဒ္ဓ၀ါသဗြဟ္မာမင်းများက ဇာတဘက်ဖြင့် ခံယူ၍ စာတုမဟာရာဇ်နတ်မင်းကြီးများက သစ်နက်သားမွေးထည်ဖြင့် လှမ်းယူကာ လူတို့လက်သို့ လှမ်းလိုက်လေသည်။ မင်းသားလေးသည် လူတို့လက်မှာဆင်းလျက် မြေ၌ရပ်တော်မူ၍ အရပ်ဆယ်မျက်နှာကို ရှုစားတော်မူရာ အားလုံးသောနတ်ဗြဟ္မာအပေါင်းတို့က အရိုအသေပေးနေကြသည်ကို မြင်ရသဖြင့် ပဒုမ္မာကြာပန်းပေါ်မှ မြောက်အရပ်သို့ ခုနှစ်လှမ်း လှမ်းတော်တော်မူပြီး၍..အဂ္ဂေါဟမသ္မိလောကသ ( တလောကလုံးမှာ ငါသာလျှင်အမြတ်ဆုံး ) ဟု ကြွေးကြော်တော်မူလေ၏။ အလောင်းတော်မင်းသားကလေး ဖွားမြင်တော်မူခြင်းကို ဘုရင်သုဒ္ဓေါဒနမင်းကြီး၊ မိဖုရားကြီးမဟာမာယာမိဘ ၂ပါး နှင့်တကွ သုံးလောကသတ္တ၀ါအများတို့သည် နှစ်ထောင်းအားရ ကြည်နူးဝမ်းမြောက်ကြလေသည်။

At Lumbini Park in Nepal, on Vesakha Full Moon Day, the newly born Prince walked seven steps on the lotus flowers and pointing to the North said, “AGGOHAM ASMI LOKASSA” meaning “Chief Am I in this world”. The birth of this baby Prince brought great joy to his royal parents. King Suddhodana and Queen Maha Maya as well as all beings!



သိဒ္ဓတ္ထမင်းသားနှင့် ဘဒ္ဒကဉ္စနာမင်းသမီးတို့၏ ဘိသိက်မင်္ဂလာလက်ထက်ပွဲသဘင်ကို ရွှေနန်းမဆောင်ကြီးမှာ ကြီးကျယ်ခမ်းနားစွာကျင်းပရန် ခမည်းတော်သုဒ္ဓေါဒနမင်းကြီးက သဘောတူနှစ်သက်တော်မူလေသည်။ ယင်းမင်္ဂလာပွဲကြီးကို ပျော်ရွှင်ချမ်းမြေ့ဘွယ်ရာအထွေထွေပြည့်နှက်နေသည် ရွှေနန်းမဆောင်ကြီးတွင် ပျော်ရွှင်ဘွယ်ရာအဖုံဖုံတို့ဖြင့် စုံလင်စွာရက်ပေါင်းအတော်ကြာကြာ ဆင်ယင်ကျင်းပပြုလုပ်ကြပေသည်။
(မှတ်ချက်) ဘိသိက်မင်္ဂလာပွဲကြီးအပြီးတွင်း ဘဒ္ဒကဉ္စနာမင်းသမီးကို ယသော်ဓရာဟူသော ဘွဲ့အမည်ဖြင့် တင်စားခေါ်ဝေါ်ကြလေသည်။

The marriage of Prince Siddhattha and Princess Yasodhara (whose real name was Badda-Cancana) took place at the Golden Palace which was presented by his father, King Suddhodana. It was a luxurious palace full of the comforts of life. The celebration lasted many days.



အလောင်းတော်သိဒ္ဓတ္ထမင်းသားသည် ရွှေနန်းစည်းစိမ်ကို ခံစားတော်မူစဉ် မင်းဥယျာဉ်တော်သို့ လှည့်လည်သောအခါ နတ်တို့သည်ဖန်ဆင်း၍ပြအပ်သော သူအို၊ သူနာ၊ သူသေ၊ ရဟန်း – ဟူသော နိမိတ်ကြီးလေးပါးအနက် သူအို၊ သူနာ၊ သူသေ တို့ကို လေးလတကြိမ် တစ်ခုစီအစဉ်အတိုင်းမြင်တော်မူရသဖြင့် အိုခြင်းဆင်းရဲ၊ နာခြင်းဆင်းရဲ နှင့် မမြဲသောသေခြင်းတရားတို့ကို သတိသံဝေဂ ဖြစ်ပေါ်ခဲ့လေ၏။ နောက်လေးလကြာသောအခါ ဥယျာဉ်တော်သို့ထွက်ပြန်ရာ အလောင်းတော်မင်းသားသည် အေးချမ်းကြည်လင်သည့် အသွင်ရှိသော ရဟန်းတော်တပါးကို ဖူးမြင်ရသဖြင့် ရဟန်းပြုလိုသော စိတ်ဆန္ဒနှင့်အတူ ရွှေနန်းတော်သို့ပြန်ကြွခဲ့လေသည်။

During his visit to the Royal park, Prince Siddhatta saw the four Great Signs, namely – an old man, a sick man, a corpse and a serene mendicant. These made the prince to realise the unsatisfactoriness of life and urged him to ponder deeply about renunciation.



အိုနာသေရေး ဒုက္ခဘေးတို့ကို တွေး၍ ရဟန်းပြုလိုသောဆန္ဒပြင်းပြလျှက်ရှိသော အလောင်းတော် သိဒ္ဓတ္ထမင်းသားသည် ကဆုန်လပြည့်နေ့ သန်းခေါင်ယာမ်အချိန်၌ ကဏ္ဍကမြင်းကိုစီး၍ မြင်းထိမ်းဆန္ဒအမတ် နှင့်အတူ ရွှေမြို့တော်မှ ထွက်တော်မူလေသည်။ မာရ်နတ်နှင့် မာရ်နတ်စစ်သည်တို့က … အသင်မင်းသားတောမထွက်ပါနှင့် မကြာခင် ၇ ရက်မြောက်၌ စကြာရတနာဆိုက်ရောက်ပါလိမ့်မည် .. ဟု နှောက်ယှက် တားမြစ်သော်လည်း ဂရုမပြု လျစ်လျူရှုတော်မူလျက် တောထွက်တော်မူခဲ့လေသည်။

Mara (the Evil One), with his host tried without success to prevent Prince Siddhatta from his Great Renunciation at midnight. Prince Siddhatta was riding on Kanthaka his favourite stallion and followed by Channa his loyal charioteer.



အလောင်းတော် သိဒ္ဓတ္ထမင်းသားသည် လောကီစည်းစိမ်ချမ်းသာတို့ကို ပယ်စွန့်၍ မြို့တော်မှ ထွက်တော်မူလာရာ အနော်မာမြစ်၏ တစ်ဘက်ကမ်းအရောက်တွင် ငွေသားအဆင်းရှိသော သဲသောင်ပြင်၌ ဆံတော်ကို သန်လျက်ဖြင့်ကိုယ်တိုင် ရိတ်ဖြတ်တော်မူလေ၏ ။ ထို့နောက် ဆံတော်ကို ကောင်းကင်သို့ မြှောက်လိုက်သောအခါ နတ်တို့ဘုရင် သကြားမင်းက ခံယူ၍ တာဝတိံသာနတ်ပြည်၌ စူဠါမဏိစေတီ တည်ထားကိုးကွယ်လေသည်။ ထို့နောက် ဃဋိကာရဗြဟ္မာမင်းက ရဟန်းတော်တို့ အသုံးအဆောင်ဖြစ်သော ပရိက္ခရာရှစ်ပါးတို့ကို သိဒ္ဓတ္ထမင်းသားအား လှူဒါန်းလေ၏။ မြင်းထိန်း ဆန္ဒအမတ်အား မင်းညီမင်းသားတို့ အသုံးအဆောင်များကို ယူ၍ နန်းတော်သို့ပြန်ရန် မိန့်ကြားလေ၏။ ထို့နောက် ဃဋိကာရဗြဟ္မာ လှူသောသင်္ကန်းကို ဆင်မြန်းပြီး ၀တ်လဲတော်ကို ကောင်းကင်သို့မြှောက်ပြန်ရာ ဃဋိကာရဗြဟ္မာမင်းကြီးကပင် ခံယူ၍ အကနိဋ္ဌဗြဟ္မာဘုံ၌ဒုဿစေတီ တည်ထားကိုးကွယ်လေသည်။

Prince Siddhattha cut of his hair to renounce the worldly life at the bank of the Anoma River. Ghatikara Maha Brahma presented the Monk’s Eight Requisites to Ascetic Siddhattha , who commanded his charioteer Channa to take his royal chattels back to the palace.
His hair was received by Sakka, King of Gods and enshrined in CULAMANI CETI (pagoda) in his celestial abode in TAVATIMSA. Similarly, Ghatikara Maha Brahma bore his princely clothes to his higher celestial abode, Akanniiha and enshrined them in the pagoda know as DUSSA CETI.



အလောင်းတော်အရှင်မင်းမြတ်ဗောဓိသတ်သည် ဥရုဝေဠတောသို့ကြွ၍ အရိုးကြေကြေ အရေခန်းခန်း ဟူသောဇွဲသတ္တိဖြင့် ဘုရားဖြစ်ရန်ရည်သန်တော်မူလျက် ခြောက်နှစ်တာကာလပတ်လုံး သာမန်လူသားတို့ ပြုကျင့်နိုင်ခဲသော ဒုက္ကရစရိယာအကျင့်ကို သတိတရားကြီးမားစွားဖြင့် မရပ်မနား ပွားများအားထုတ်လေ၏။ ဤကဲ့သို့ အားထုတ်သဖြင့် အသွေးအသားတွေခန်းခြောက်ပြီး အရိုးနှင့်အရေသာကျန်ရှိသော်လည်း အရွံ့မလှုပ် နောက်မဆုတ်ပဲ ဆက်လက်၍အားထုတ်မြဲ အားထုတ်တော်မူ၏။

The ascetic Bodhisatta spent six years practising austerity and mediation with steadfastness as well as earnestness. prior to his attainment. Even though he was reduced to a mere skeleton, he did not give up practising.



ဘုရားအလောင်းတော်မြတ်သည် အေးမြသာယာသော မဟာဗောဓိပင်အောက်ရှိ ရွှေပလ္လင် ပေါ်၌ မြက်ရိတ်သမား ပုဏ္ဏားထံမှ အလှူခံရရှိသော မြက်ရှစ်ဆုပ်ကို ခင်းတော်မူကာ ထက်ဝယ်ဖွဲ့ခွေထိုင်နေတော်မူ၍ … ဘုရားမဖြစ်သမျှ ဤထက်ဝယ်တင်ပလ္လင်ကို မဖျက်တော့အံ့…. ဟု အဓိဋ္ဌာန်ဖြင့် ကမ္မဋ္ဌာန်းတရား ပွားများအားထုတ်တော်မူစဉ် အရဟတ္တမဂ်ဥာဏ်နှင့် သဗ္ဗညုတဥာဏ် တည်းဟူသော တရားထူးတရားမြတ်ကို ရ၍ ဘုရားမဖြစ်မီ အချိန်အနည်းငယ်၏ ရှေ့အဘို့၌ မာရ်နတ် နှင့် မာရ်နတ်စစ်သည်တို့သည် လက်နက်အမျိုးမျိုး ဖန်ဆင်းဆွဲကိုင်ပြီးလျှင် ကြောက်မက်ဖွယ်ရာ ဂီရိမေခလာ ဆင်ပြောင်ကြီးကိုစီး၍ ရွှေပလ္လင်ကို အရယူရန် ကြိုးပမ်းကြလေတောသည်။

The Budhisatta was sitting on a Golden Throne under a Bodhi tree and being challenged by Mara ( the Evil One) riding on the ferocious elephant Girimekhala, Mara with host tired to capture the Golden Throne just before the Bodhisatta’s Enlightenment.



ဘုရားရှင်သည် သဗ္ဗညုတဥာဏ်တော်ကို ရရှိပြီးနောက် သတ္တသတ္တာဟ ခုနှစ်ရက် ခုနှစ်လီစီ အသီးသီး သီတင်းသုံးတော်မူရာ ဋ္ဌာန တို့၏ နောက်ဆုံး သတ္တာဟမြောက် လင်းလွန်းပင်အောက်တွင် သီတင်းသုံးတော်မူစဉ် ဥက္ကလာပတိုင်းမှ လာရောက်ကြသော တပုဿ နှင့် ဘလ္လိက ကုန်သည်ညီနောင် နှစ်ဦးတို့သည် ဘုရားရှင်ကို ဖူးမြင်ရသဖြင့် ၎င်းတို့ပါလာသော ပျားရည်မုယောမုန့်ဆုပ်တို့ဖြင့် ကပ်လှူပူဇော်ကြလေသည်။ ကုန်သည်ညီနောင်တို့၏ လျှောက်ထားချက်အရ ဘုရားရှင်သည် ၎င်းတို့အား ဆံတော်ရှစ်ဆူကို ကိုးကွယ်ရန် ပေးတော်မူ၏။ မြန်မာပြည် ရန်ကုန်မြို့ ရွှေတိဂုံစေတီတော်မြတ်ကြီးတွင် ဌာပနာ၍ထားသော ဆံတော်ရှစ်ဆူဟူသည် ထိုဆံတော်များဖြစ်သည်ဟု ဆိုကြကုန်၏။

It was in the final week (7th week) after his Enlightment, when the two merchanat brothers Tapussa and Bhallika from Ukkalapa passed by the spot and saw the Buddha. They offered the Buddha their own provison. The Buddha, gave eight strands of hair from His head for them to worship as sacred objects of veneration. The hair relics are now enshrined in the Shwedagon Pagoda in Yangon, Myanmar.



မြတ်စွာဘုရားသည် သဗ္ဗညုတဥာဏ်တော်ကိုရတော်မူပြီးနောက် ဗာရဏသီပြည်အနီးရှိ မိဂဒါဝုန်သို့ ကြွရောက်တော်မူသည့်အခါ ဒုက္ကရစရိယာကျင့်စဉ်က ၀တ်ကြီးဝတ်ငယ်ပြုကြသည့် ဓမ္မမိတ်ဆွေဟောင်းများ ဖြစ်ကြသော ကောဏ္ဍည၊ ၀ပ္ပ၊ ဘဒ္ဒိယ၊ မဟာနာမ၊ အဿဇိ ဟူသော ပဉ္စ၀ဂီငါးဦးတို့နှင့် ဆုံမိလေ၏။ ဘုရားရှင်သည် ၎င်း ပဉ္စ၀ဂီငါးဦးတို့အား ဓမ္မစင်္ကြာတရားတော်ကို ဟောကြားတော်မူလေ၏။ ဓမ္မစင်္ကြာတရားဟူသည် ဗုဒ္ဓ၏တရားတော်ကို စင်္ကြာများ အစဉ်အားဖြင့် လည်ပတ်သကဲ့သို့ တရားတော်များကိုလည်း အစဉ်အားဖြင့် မပြတ်လည်ပတ်အောင် ဟောကြားပြသ ဆိုဆုံးမခြင်း ဖြစ်ပေသည်။ ပဉ္စ၀ဂီငါးဦးအနက် အရှင်ကောဏ္ဍညသည် ရှေးဦးစွာ ပထမအဆင့် သောတပန် အရိယာ ပုဂ္ဂိုလ်အဖြစ်သို့ ရောက်လေသည်။ အနတ္တလက္ခဏာသုတ်ကို ဆက်လက်၍ ဟောတော်မူရာ ပဉ္စ၀ဂ္ဂီငါးဦးလုံး အစဉ်အတိုင်း ရဟန္တာပုဂ္ဂိုလ်များ ဖြစ်လာကြသဖြင့် ဘုရားရှင်၏ သာသနာတော်တွင် ပထမဦးဆုံးသော သံဃာတော်များ ဖြစ်ကြလေသည်။

At the Deer Park at Baranasi, the Buddha met the five ascetics, Kondanna, Vappa, Bhaddiya, Mahanama and Assaji all of whom He had known before. He delivered His first sermon to them. It is called the Dhammacakkapavattana Sutta which sets the wheel of the Dhamma in motion. The ascetic Kondanna who was at His childhood Name-giving Ceremony became the first to see light in the Dhamma and attained Sotapanna, the first stage of Sainthood.
Later, all attained Arahantship after hearing the Anatalakkhana Sutta(the Discourse which deals with No-Self)



ဗာရဏသီပြည် မိဂဒါဝုန်တော၌ ပထမဦးဆုံးသောဝါကို ကပ်တော်မူ၍ ၀ါကျွတ်သောအခါ ရှေးဦး တပည့်သာဝက ရဟန္တာ ၆၀ တို့အား အရပ်ဒေသအသီးသီးသို့ သွားရောက်၍ တရားတော်များ ဟောကြားပြသကာ သာသနာပြုရန် မိန့်ကြားတော်မူလေသည်။ ယင်းသြ၀ါဒများမှာ ( အိုချစ်သားရဟန်းတို့ လူနတ်ဗြဟ္မာသတ္တ၀ါအပေါင်းတို့၏ အကျိုး စီးပွားကို ရှေးရှုလျက် အရပ်ရှစ်မျက်နှာသို့ လှည့်လည်ခရီးထွက်ကြကုန်လော့၊ သတ္တ၀ါအားလုံးအပေါ် သနားဂရုဏာစိတ်ဖြင့် ဖြန့်ကျက်လျက် တရားတော်ကို ဟောကြား ပြသကုန်လော့၊ တစ်ကြောင်းတည်းသောခရီးကို နှစ်ပါးအတူ မသွားကြကုန်လင့်၊ တရားတော်၏ အစအလယ်အဆုံး သုံးပါးလုံးကောင်းခြင်းကို၎င်း၊ ကျင့်ကြံအားထုတ်ကြသူတို့အား ကောင်းမြတ်သော ဘ၀ချမ်းသာကို ရရှိခြင်းကို ၎င်း၊ တရားတော်၏ ပြည့်စုံခြင်း၊ သန့်ရှင်းဖြူစင်ခြင်းတို့ကို၎င်း ဟောကြားကြကုန်လော့ ) ဟု မိန့်တော်မူလေသည်။

The Buddha exhorted His first sixty Arahant disciple to go forth in different directions to preach the Doctrine using these famous words: — “Go ye, O bikkhus and wander forth for the gain many, for the welfare of the many, in compassion for the world, for the good, for the gain, for the welfare of the Devas (Gods) and men. Proclaim ye, O Bikkhus! the Doctrine glorious, and preach ye a life of holiness, perfect and pure!”



အလောင်းတော်သည် မဂဓ၏ မြို့တော် ရာဇဂြိုတ်သို့ ကြွတော်မူသောအခါ ဗိမ္မိသာရဘုရင်မင်းမြတ်သည် သူ၏ နိုင်ငံတော်ကို အလောင်းတော်အားလှူဒါန်းလေ၏။ လောကီစည်းစိမ် ချမ်းသာဟူသမျှကို အပြီးပြတ်စွန့်ပယ်တော်မူပြီးဖြစ်သော အလောင်းတော်သည် ဘုရင်မင်းမြတ်၏ လှူဒါန်းမှုကို လုံးဝဂရုမထား စိတ်မ၀င်စားသဖြင့် လက်ခံတော်မမူပေ။ ဘုရားရှင်၏ တရားတော်ကို ကြားနာရသဖြင့် ဗိမ္မိသာရဘုရင်မင်းကြီးသည် အရိယာပုဂ္ဂိုလ်တို့၏ ပထမဆင့်ဖြစ်သော သောတပန်ဖြစ်လေ၏။ ထို့နောက် ဗိမ္မိသာရဘုရင်မင်းကြီးသည် မင်းဥယျာဉ်တော်ဟုထင်ရှားကြော်ကြားသော ဝေဠုဝန်ပန်းခြံကို ဘုရားရှင်နှင့် တပည့် သာဝကရဟန်းတော်တို့အား ကျောင်းသင်ခန်းအဖြစ်လှူဒါန်းလေ၏။

When the Bodhisatta visited Rajagaha, the capital of Magadha, King Bimbisara offered his kingdom to the Bodhisatta. But He did not accept it because of the worldly pleasures. After listening to the preaching of Buddha, the king attained the first stage of Sainthood (Sotapanna). He than dedicated his Royal park known as Veluvana (Bamboo Grove) to the Buddha and His disciples.



သကျသာကီဝင်မင်းမျိုးတို့သည် ငယ်သူကကြီးသူကို ရိုသေလေးစားအရေးထားရမည် အစဉ်အလာ ရှိခဲ့ပေသည်။ ထို့ကြောင့်သိဒ္ဓတ္တဂေါတမဗုဒ္ဓသည်လည်း ငယ်ရွယ်သူမျှသာဖြစ်သဖြင့် အသက်အရွယ်ကြီးရင့်သော မင်းဆွေမင်းမျိုးတို့အား အရိုအသေပြုသင့်သည်ဟူသော အတွေးအခေါ်တို့ဖြစ်ပေါ်ခဲ့လေသည်။ ထိုမင်းဆွေမင်းမျိုးတို့၏ မာန်မာနကို ချိုးနှိမ်တော်မူလိုသဖြင့် ဘုရားရှင်သည် ခန္ဓာကိုယ်မှ ရေမီးအစုံအစုံ တို့ကို ထွက်ပေါ်လာစေလျှက် ကောင်းကင်သို့ကြွတော်မူကာ တန်ခိုးပြာဋိဟာတို့ကိုပြတော်မူလေသည်။

The Buddha performed the Twin Miracles of emitting fire and water simultaneously from His body, to subdue the pride of his older relative who had erroneously thought that the Buddha being the younger would have to show respects to them.



မြတ်စွာဘုရားသည် ခမည်းတော်ဘုရင် သုဒ္ဓေါဒနမင်းကြီး၏ အကြိမ်ကြိမ် ပင့်လျှေက်ခြင်းကြောင့် ကပိလ၀တ္တု နေပြည်တော်သို့ရောက်၍ ခုနှစ်ရက်မြောက်သောနေ့၌ ယသော်ဓရာမင်းသမီးသည် သားငယ်ရာဟုလာမင်းသားကို ကောင်းစွာ ၀တ်စားဆင်ယင်ပေးပြီးလျှင် .. သားငယ်ရာဟုလာ ဘုရင်မင်းတို့၏ အသွင်အပြင်နှင့်မခြား သံဃာတော်တို့၏ အလယ်၌ တင့်တယ်စွာ စံပယ်တော်မူလျက်ရှိသော အရှင်သူမြတ်သည်ကား သင်၏ဖခင်ရင်းဖြစ်ပေသည်။ အနီးသို့သွား၍ အမွေအနှစ်များ တောင်းချေ …. ဟုညွှန်ပြပြောဆိုလေ၏။ ရာဟုလာမင်းသားလေးသည် မိခင်သွန်သင်ပြောကြားသည့်အတိုင်း ဘုရားရှင်ထံမှောက်သို့သွား၍ လောကီအမွေအနှစ်များကို တောင်းခံလေသည်။ ထိုအခါ ဘုရားရှင်သည် ရင်သွေးငယ်သားတော်ရာဟုလာအား လောကီအမွေအနှစ်ထက် အဆပေါင်းများစွာ သာလွန်မွန်မြတ်သော လောကုတ္တရာ အမွေအနှစ်များကို ပေးလိုသဖြင့် သားတော်ရာဟုလာမင်းသားကို ရှင်သာမဏေပြုပေးရန် အရှင်သာရိပုတ္တရာအား မိန့်ကြားတော်မူလေ၏။

On the Seventh day after his arrival in Kapilavatthu, Prince Yasodhara dressed up Prince Rahula and pointing to the Buddha said, “Behold, son, the great Ascetic of majestic appearance is your father. Go up to him and ask for your inheritance!”
As advised by his mother, young Rahula came to His presence and asked for his inheritance. Instead, the Buddha told Venerable Sariputta to ordain Prince Rahula, giving him a spritual inheritance better than one he asked for.



မြတ်စွာဘုရားနှင့်အတူ တပည့်သားသံဃာတော်အပေါင်းတို့သည် ရာဇဂြိုဟ်မြို့တွင်းသို့ ဆွမ်းအလို့ငှာ ရာဇဂြိုဟ်သို့ ကြွလေ၏။ မင်းနန်းတော်အနီးလမ်းခရီး တနေရာတွင် ဗိမ္မိသာရမင်းကြီးနှင့် အတူ ဘုရင်မိသားစုတို့သည် မြတ်စွာဘုရားနှင့် တပည့်သံဃာတော်တို့အား ရိုသေလေးမြတ်စွာ လက်ဆယ်ဖြာထိပ်မှာမိုး၍ ရှိခိုးပူဇော် ကန်တော့ကြလေ၏။

During a subsequent visit to Rajagaha City, the Buddha went for alms-round in the company of His Chief Disciples and other monks. Along the way King Bimbisara and his royal family paid respects to the Buddha and His disciples.



ကပိလ၀တ္ထုနှင့် ကောလိယတိုင်းတို့မှ အင်အားကြီးမားသော နှစ်ပြည်ထောင် စစ်သည်တော်တို့သည် ရောဟိနီမြစ်မှ စီးဆင်းလာသည့် ရေများကို ခွဲဝေသုံးစွဲမှုနှင့် ပတ်သက်၍ ယင်းရောဟနီမြစ်၏ ကမ်းပါးတစ်ဖက်တစ်ချက်တွင် ပြင်းထန်စွာ တိုက်ခိုက်ကြရန် အသင့်အနေအထားတွင် ရှိကြလေသည်။ မြတ်စွာဘုရားသည် အဆိုပါ နှစ်ပြည်ထောင်စစ်ပွဲကြီး ဖြစ်တော့မည့်ဆဲဆဲတွင် ငြိမ်းချမ်းရေးတရားဟောကြားတော်မူလေ၏။

The Buddha delivering a sermon of peace to the two powerful warring armies of Kapilavatthu and Koliya at the opposite banks of the Rohini river before the two countries were fighting for the water supply of the river, for pastoral use.



မြတ်စွာဘုရားသည် ဘုရားဖြစ်တော်မူ၍ ငါးနှစ်မြောက်သောအခါ ဘိက္ခူနီသာသနာကို စတင်တည်ထောင်ခွင့်ပြုလိုက်လေသည်။ ခမည်းတော်ဘုရင် သုဒ္ဓေါဒနမင်းကြီးနတ်ရွာစံပြီးနောက် မိဒွေးတော်ပဇာပတိဂေါတမီသည် ဘုရားရှင်၏ သာသနာတော်အတွင်းသို့ ၀င်ရောက်၍ ဘိက္ခူနီ ပြုလုပ်ရန် ဘုရားရှင်ထံ ခွင့်ပန်သော်လည်း အခွင့်မပေးချေ။ မိဒွေးတော်ဂေါတမီ အကြိမ်ကြိမ် တောင်းပန်အသနားခံ၍ မရသည့်အဆုံး၌ အရှင်အာနန္ဒာ ကူညီ၍ တောင်းပန်လျှောက်ထားသောအခါမှ ဘုရားရှင်သည် …. အမျိုးသမီးတို့သည် ဘိက္ခူနီသာသနဘောင်သို့ ၀င်ရောက်၍ ရဟန်းပြုသော် အလေးအမြတ်ပြုအပ်သည့် အဋ္ဌဂရုဓမ္မ ခေါ် ဂရုဓမ် တရားရှစ်ပါးကို ထိမ်းသိမ်းစောင့်ရှောက်ကြရမည် … ဟု အနူးအညွတ် ခွင့်ပြုတော်မူခဲ့လေသည်။ ထိုအခါမှစ၍ မဟာပဇာပတိဂေါတမီနှင့်တကွ သာကီဝင်အမျိုးသမီးတို့သည် ဘုရားရှင်သာသနာသို့ ကိုယ်တိုင်ကိုယ်ကျ ၀င်ရောက်၍ ဘိက္ခူနီများ ပြုလုပ်ကြလေသည်။

The Order of Nuns (Bhikkhuni Sasana) was founded in the fifth years of the Buddha’s Enlightenment. After the death of king Suddhodana, Maha Pajapati Gotami, who was His former foster mother desirous of joining the order, approached the Buddha who was when residing at Kapilavathu and begged permission for women to be admitted into the Order. After hearing and turning down their pleas, the Buddha returned to Vesali for the Rains Retreat. Undaunted by the rebuff, Maha Pajapati Gotami cut off her hair and wearing yellow garments went on foot to Vesali, accompanied by many other Sakyan ladies. They stood outside the porch of the Pinnacled Great Hall in Mahavana where the Buddha was residing. Interceded by Venerable Ananda, the Buddha finally consented to establish the Bhikkhuni Sasana when Maha Pajapati Gotami and othe Sakyan ladies agreed to observe the Eight Disciplinary Rules for nuns. Henceforth Maha Pajapati Gotami and other Sakyan ladies where admitted into the Order.
Later, the Nuns Khema and Uppalavanna where appointed the two Chief Female Disciples; as were Sariputta and Moggalana the two Chief Male Disciples.



အသိပညာအတက်ပညာတို့ဖြင့် ပြည့်ကြပ်နေသော ၀မ်းဗိုက်ကြီးပေါက်မသွားစေရန် သံမဏိခါးပတ်ပြားဖြင့် ပတ်ထားလေ့ရှိသော သစ္စကပရဗိုဇ် သည် မြတ်စွာဘုရားက အမေးပုစ္ဆာကို မေးမြန်းသောအခါ မာနတံခွန်လွန်စွာထောင်လွှားပြီး အမှန်တရားကို ဖြေကြားရန် ငြင်းဆန်နေသဖြင့် သိကြားမင်းက နတ်ဘီလူးယောင်ဆောင်၍ တင်းပုတ်ဖြင့်ထုမည်ဟု ခြိမ်းခြောက်မှသာ ဖြေကြားလေ၏။ ထို့နောက် သစ္စကပရဗိုဇ်သည် သူ၏ မိုက်မဲမှုအယူဝါဒများကို ပယ်ရှားပြီး ဘုရားရှင်၏ တရားတော်ကို နာကြားလေသည်။ ဤကဲ့သို့သော ဓမ္မဒေသနာကုသိုလ်သည် သူ၏အနာဂတ်ရေးအတွက် အမြိုက်ဆေးပင်ဖြစ်ပေသည်။

After losing in lively debate, the haughty hermit Saccaka refused to answer accordingly when the Buddha asked a question. Only when he was threatened to be beaten up by a celestial demon for his arrogance, only then did he finally realise his own folly and listened to the Buddha’s preaching meekly. This wholesome action of his would augur well for his future.



မြတ်စွာဘုရားသည် ဘုရားအဖြစ်သို့ရောက်တော်မူပြီးနောက် ခုနှစ်နှစ်မြောက်သောအခါ၌သန္တုဿိတ အမည်ရှိသော မယ်တော် မိနတ်သားအား ကျေးဇူးဆပ်သည့်အနေဖြင့် အဘိဓမ္မာတရားတော်ကို တာဝတိံသာနတ်ပြည်၌ ဟောကြားတော်မူ၏။ အဆိုပါ အဘိဓမ္မာတရားတော်ကို ၀ါတွင်းသုံးလပတ်လုံး ကြားနာရသောအခါ မယ်တော်နတ်သားနှင့်တကွ နတ်ဗြဟ္မာ အပေါင်းတို့သည် သောတာပန်၊ သကဒါဂါမ်၊ အနာဂါမ်၊ ရဟန္တာ တည်းဟူသော အရိယာပုဂ္ဂိုလ်များအဖြစ်သို့ အသီးသီး ရောက်ရှိကြလေသည်။

On the seventh year after His Enlightenment, the Buddha preached the Abhidhamma (Higher Doctrine) in Tavatimsa Heaven. As a fulfilment of gratitude to his former mother, now a Santussita deva, the Buddha then delivered a sermon on the Higher Doctrine to thousands of Devas (Gods) and Brahmas (Higher celestial begins) who attained the various stages of Noble Sainthood.



ဗုဒ္ဓသာသနာတော်မှတပါး အခြားဖြစ်ကုန်သော တိတ္ထိဂိုဏ်းသားတို့သည် မလိုမုန်းထား ရန်ငြိုးများဖြင့် ဘုရားရှင်၏ တန်ခိုးရှိန်ဝါလွန်စွာကျော်ကြားမှုတို့ကို ဆုံးပါးပျက်စီးစေရန် လိုလားကြကုန်၏။ ထို့ကြောင့် တိတ္ထိဂိုဏ်းသားတို့သည် အလွန်လှပသည့် အမျိုးသမီး စိဉ္စမာဏ်ကို ကိုယ်ဝန်သည်အဖြစ် ဟန်ဆောင်စေ၍ ပရိတ်သတ်လေးပါး အလယ်၌ ဘုရားရှင်အား စွပ်စွဲပြောဆိုခိုင်းလေ၏။ ထိုအခါ နတ်တို့သခင် သိကြားမင်းသည် နတ်သားကို ကြွက်ယောင်ဆောင်စေပြီး ကိုယ်ဝတ်အောက်မှ သစ်သားခြမ်းကို ချည်နှောင်ထားသည့် ကြိုးကို ကိုက်ဖြတ်ခိုင်လေသည်။ သစ်သားပျဉ်ချပ်သည် သူမ၏ ခြေပေါ်သို့ပြုတ်ကြလေ၏။ ယင်းအချင်းအရာကို မြင်တွေကြကုန်သော သူတို့သည် ၎င်းမိန်းမယုတ်ကို ဒုတ်ကျောက်ခဲ တို့ဖြင့် ပစ်ပေါက်၍ နှင်ထုတ်ကြကုတ်၏။ သူမ ကျောင်းအပြင်ဖက်သို့ ရောက်သောအခါ မဟာပထ၀ီမြေကြီးသည် နှစ်ခြမ်းကွဲ၍ မီးတောက်မီးလျှံများ ထွက်ပေါ်လာပြီး နက်ရှိုင်းအဆိုးဝါးဆုံးဖြစ်သော အ၀ီစိငရဲသို့ သူမအား ဆွဲငင်သွားလေသည်။

The non Buddhist sectarians grudgingly wanted to ruin the Buddha’s reputation. They told Cinca Manvika, a beautiful girl to falsely accuse the Buddha for her sham pregnancy in a big and august assembly. King of Devas (Gods) dispatched some Deities disguised as mice to gnaw through the strings holding a block of wood under her garment. Her plot was exposed when the wood fell on her feet. When the people saw that, they threw stones and chased her away. As she was walking away, the earth split open and a flame sprang up to envlop and drag her down to Avici(deepest and worst) Hell.



မြတ်စွာဘုရား ဘုရားဖြစ်ပြီး ဆယ့်ခြောက်နှစ်လောက်အချိန်ကာလမှာ အာဠာဝီပြည်အနီး တနေရာ၌ နေ့စဉ်နေ့တိုင် ကလေးငယ် တစ်ယောက်ဆက်သပူဇော်ရသော လူသားစား အာဠာဝက အမည်ရှိ ဘီလူးကြီးရှိလေသည်။ မြတ်စွာဘုရားသည် ဆိုးသွမ်းရက်စက်သော အာဠာဝကဘီလူးကြီးအား ဆုံးမရန် ထိုဘီလူးကြီးနေရာသို့ ကြွလေ၏။ လူသားစား ဘီလူးကြီးသည် မြတ်စွာဘုရား၏ တရားတော်ကို ကြားရပြီးနောက်၌ ယဉ်ကျေးသိမ်မွေ့လာပြီးလျှင် ယနေ့မှ စ၍ မကောင်းသောအကျင့်များ ကို စွန့်လွှန်ကာ သူတပါးအသက်ကိုလည်း သတ်မစားတော့ပါဟု ကတိပြုလေ၏။ ထိုနေမှစ၍ အာဠ၀ီပြည်မှ ကလေးများ ဘီလူးစာအဖြစ်မကျွေးရတော့ပဲ အေးချမ်းသာယာသွားတော့၏။

On the sixteenth year of His Enlightment, the Buddha tamed the carnivorous Demon King. Alavaka who feasted on human flesh. to give up his habit on devouring at least one human being everyday. After hearing the Buddha’s Teaching, he henceforth gave up his habit, thus sparing the small child offered to him as food on that day.



သူတပါးအား ညှင်းပမ်းနှိပ်စက် နှောက်ယှက်လေ့မရှိသဖြင့် အဟိံ သက ဟုခေါ်သော လူငယ်တစ်ဦးသည် တက္ကသိုလ်ပြည်မှ ဒိသာပါမောက္ခ ကြီးထံ၌ ပညာသင်ကြားနေလေ၏။ သူ့အား မနာလိုသော ကျောင်းသားများက ပါမောက္ခဆရာကြီးကို ဂုံးချောလေရာ ဆရာကြီးက အထင်မှားပြီး .. ”တပည့်အဟိံ သက သင်သည် လက်ညှိုးပေါင်းတစ်ထောင်ရလျှင် အကောင်းဆုံးသော ပညာတစ်ခု သင်ပေးမည်”.. ဟုဆိုလေ၏။ အဟိံ သကသည် အားခွန်ဗလနှင့် ပြည့်ဝသူလည်းဖြစ်ပြီး ကောသလတိုင်း သာဝတ္တိပြည် အနီးရှိ တောအုပ်ကြီးထဲသို့ဝင်ကာ လာသမျှခရီးသွားများကို ဖမ်း၍ လက်ညှိုးတို့ကို ဖြတ်ယူလေတော့၏။ အဟိံသကသည် ဖြတ်ပြီးရရှိထားသော လက်ညှိုးများကို မပျောက်ပျက်အောင် သီကုံး၍ ပန်းကုံးသဖွယ် လည်ပင်းမှာ အမြဲဆွဲထားသောကြောင့် “အင်္ဂုလိမာလ” ဟု အမည်တွင်လေ၏။ လက်ညှိုးတစ်ထောင်ပြည့်ရန် တစ်ချောင်းမျှသာလိုတော့သော အချိန်၌ မမျှော်လင့်ပဲ အနီးသို့ရောက်လာသောမိခင်ကြီး၏ လက်ညှိုးကိုပင် ဖြတ်ယူအံ့ဟု ပြေးလွှား၍လိုက်နေစဉ် မဟာကရုဏာတော်ရှင်မြတ်ဗုဒ္ဓနှင့်တွေ့ပြီး တရားနာရသဖြင့် ရဟန်းအဖြစ်သို့ရောက်ရှိလေ၏။ နောင်အခါတွင် အင်္ဂုလိမာလမထေရ် ဟူ၍ထင်ရှားကျော်ကြားလေသည်။

There was a young harmless student at TAKKASILA University called Ahimsa. His jealous fellow students poisoned the mind of their teacher against him. As a result the teacherasked Ahimsa for a garland of one thousand right index fingers as tuition fee Eager to discharge his obligation, he went inoto the Jalini forest in Kosala to waylay the passing travellers to collect and index finger from the right hand of each victim. The garland was almost completed except for one more single finger. Ahimsa decided to kill even his own mother for the sake of completing the one thousandth finger in the garland. However, Ahimsa was intercepted by the Compassionate Buddha who came to his aid. After listening to His preaching and begin convinced. Ahimsa now known as Angulimala( garland of fingers)joined the Sangha and became a Bhikkhu (monk). The Angulimala Sutta, a discourse ascribed to this Thera(elder/monk) and connected to this event , is well – known in Buddhist countries and often used by pregnant ladiesin travail for easy and safe delivery.



တနေ့သောအခါ မြတ်စွာဘုရားနှင့် တပည့်သာဝကတို့သည် အနောတတ္တအိုင်သို့ ဒေသစာရီကြွတော်မူသည်။ နန္ဒောပနန္ဒနတ် နဂါးမင်းသည်လည်း မြင့်မိုရ်တောင်ရှိ သူ၏ဗိမာန်တွင် အခြွေအရံများစွာနှင့် အတူ ပျော်ပါး၍နေလေ၏။ အဆိုပါနဂါးမင်းသည် ဒေါသအမျက် ချောင်းချောင်းထွက်လျက် ဘုရားရှင်အား နှောက်ယှက်လိုသဖြင့် မြင့်မိုရ်တောင်ကြီးကို ရစ်ပတ်၍ သူ၏ပါးပျဉ်းမှ အလွန်ပူပြင်းသော အဆိပ်ငွေ့တို့ကို လွှင့်မှုတ်၍ ဘုရားရှင်နှင့် တပည့်သာဝက တို့ အနောတတ္တအိုင်သို့ မသွားနိုင်ရန် မှောင်အတိကျအောင် ကာကွယ်ထားလေ၏။ ထိုအခိုက်တွင် ဘုရားရှင်၏ အမိန့်တော်အရ လက်ဝဲတော်ရံ အဂ္ဂသာဝက အရှင်မဟာမောဂ္ဂလန်သည် နဂါးမင်းကိုယ်ထက်ကြီးသော နဂါးအသွင်ကို ဖန်ဆင်း၍ နဂါးမင်းအပေါ်မှ ဖိကာ မြင့်မိုရ်တောင်ကြီးကို ရစ်ပတ်ထားလိုက်၏။ ထို့နောက် ထို့ထက်ပူပြင်းသော အဆိပ်ငွေ့တို့ကို လွှင့်ထုတ်ကာနန္ဒောပနန္ဒနဂါးမင်း အား ညှင်းပန်းနှိပ်ကွပ်၍ ဆိုဆုံးမလေသော် နဂါးမင်းကြီး အားမတန်မာန်လျှော့၍ အရှုံးပေးရလေတော့သည်။ ထို့နောက် နဂါးမင်းသည် သူ၏အပြစ်ကို ၀န်ချတောင်းပန်ကာ ဘုရား၊ တရား၊ သံဃာ ရတနာသုံးပါးကို မြတ်နိုးကိုးကွယ်သူ ဥပသကာ ဖြစ်လာလေသည်။

Once the Buddha and His Disciple went to Lake Anotatta passing by the mansion of Nandopananda the dragon king who was enjoying himself with his retinue. Angry at the apparent trespassing. Nandopananda coiled itself seven times round Mount meru, coverd the summit with its hood and spewing hot poisonous smoke to prevent the Buddha and his disciples from reaching lake Anotatta. Thereupon Maha Moggalana, (the second Chief Disciple) at once transformed himself into a dragon and likewise coiled round the mountain, crushing Nandopananda. Watched by the Buddha and his disciples, Maha Moggalana too began spewing hot poisonous smoke which greatly distressed Nandopanada who soon lost the challenge and upon realisation of his folly, sought refuge in the Triple Gem of Buddhism.



“ဗြဟ္မာ့ဘုံသည် အခြားသောဘုံဗိမာန်များထက် သာလွန်ကောင်းမွန်၍ အမြဲထာဝရ တည်နေသော ဘုံလောကဖြစ်၏” ဟုမြဲမြန်သည့် မိစ္ဆာ အယူတည်းဟူသော မြွေဆိုးကြီး အကိုက်အခဲခံနေရသော ဗကမည်သော ဗြဟ္မာကြီးသည် ဘုရားရှင်နှင့် ၀ါဒခြင်း တန်ခိုးအရှိန်အ၀ါခြင်း နှိုင်းယှဉ်ပြိုင်ဆိုင်ရာတွင် မရှုမလှရှုံးနိမ့်၍ သွားလေ၏။ ထို့နောက် ဗကမည်သော ဗြဟ္မာကြီးသည် မြတ်စွာဘုရား၏ လွန်စွာနက်နဲ တိကျ မှန်ကန်သော တရားဒေသနာတော်ကို ကြားနာရသဖြင့် သူနှင့်တကွ များစွာသော နတ် ဗြဟ္မာတို့သည် ကျွတ်တန်းဝင်ကြလေ၏။

Baka Brahma, who was bitten by the snake of tenacious heresay (in believing that the Brahma Loka is the best and everlasting world in existence), was duly defeated by the Buddha in a mutual contest to show power. On hearing te Buddha’s profound expounding of the Dhamma (Buddhist Doctrine), he became elightened along with many other Brahmas( higher celestial beings)



မြတ်စွာဘုရားသည် ရာဇဂြိုဟ်မြို့တော်သို့ ကြွတော်မူရာလမ်းခုလပ်ခရီးမှာ ဒေ၀ဒတ်သည် ကြောက်မက်ဖွယ်ကောင်းသည့် နာဠါဂီရိ အမည်ရှိသော ဆင်ကြမ်းကြီးကို အရက်သေစာ တိုက်ကြွေး၍ ဘုရားရှင်ကြွတော်မူရာလမ်းခရီးသို့ လွှတ်လိုက်လေ၏။ မြတ်စွာဘုရားအား တိုက်ခိုက်ရန်သွားသော ဆင်ကြီးသွားရာလမ်းတလျှောက်မှ လူအများသည် ကြောက်ရွံ့လျက် ထွက်ပြေးတိမ်းရှောင်ကြလေသည်။ မိခင်နှင့် ခလေးငယ်တဦးသာ ကျန်ရှိရာမှ မိခင်သည်လည်း ကြောက်အားလန့်အားနှင့် ခလေးငယ်ကိုထား၍ ထွက်ပြေးလေ၏။ နာဠါဂီရိဆင်ကြမ်းကြီးသည် အကူအညီမဲ့သော ခလေးငယ်ကို မနင်းပဲ မြတ်စွာဘုရားရှိရာသို့သာ သွားခဲ့လေရာ ဘုရားရှင်၏ မေတ္တာကရုဏာတော်တို့ကြောင့် ကြမ်းတမ်းခက်မာသော ဆင်မိုက်ကြီး၏ အမျက်ဒေါသဟူသမျှသည် လုံးဝချုပ်ငြိမ်းပြီးလျှင် ဘုရားရှင်၏ ရှေ့မှောက်၌ ဒူးတုပ်ဝပ်တွားရလေတော့သည်။

When the Buddha was on his way to the city of Rajagaha, Devadatta ordered the release of the fierce elephant, Nalagiri, to harm Him. As the elephant charged towards the Buddha, everyone ran away leaving a mother and her baby on the ground. The Buddha radiated His infinite Compassion to calm and subdued the elephant before it could trample the helpless baby.



မြတ်စွာဘုရားသည် မကျန်းမာသည့် တိဿမည်သော ဂိလာနရဟန်းကို ကိုယ်တိုင်ပြုစုစောင့်ရှောက်တော်မူ၏။ အခြားသော သီတင်းသုံးဖော် ရဟန်းတို့သည် ၎င်းဂိလာနရဟန်းအား ပြုစုစောင့်ရှောက်ရန် မေ့လျှော့ နေကြကုန်သည်။ ထိုသို့ မဟာကရုဏာတော်ပိုင်ရှင် ဘုရားမြတ်စွာ ကိုယ်တော်တိုင် ပြုစုစောင့်ရှောက်ခြင်းဖြင့် တစ်ဦးနှင့်တစ်ဦး အချင်းချင်း ကူညီရိုင်းပင်း ပြုစုစောင့်ရှောက်ခြင်းအကျိုးရှိအောင် ကြိုးပမ်းရွက်ဆောင်ခြင်းတို့ကို လိုလားတောင်းတတော်မူခြင်းကို ပြသလိုက်ခြင်းပင်ဖြစ်ပေ၏။

The Buddha taking care of a sick monk, named Tissa who had been neglected by his unthoughful fellow monks. By so doing, the Buddha wanted to foster mutual care and welfare amongst the Bhikkhus as well as others.



သဗ္ဗညုတဥာဏ်တော်ရှင် မြတ်ဗုဒ္ဓသည် ကုသိနာရုံပြည် မလ္လာမင်းတို့၏ အင်ကြင်းဥယျာဉ်တော်၌ မြောက်ဖက်သို့ ဦးခေါင်းပြု၍ ခန္ဓာကိုယ်ကို လျောင်းတော်မူပြီး နောက်တကြိမ်မထတော့ဟု အဓိဋ္ဌာန်ပြု၍ ပရိနိဗ္ဗာန်စံဝင်တော်မူလေ၏။ မြတ်ဗုဒ္ဓသည် မဟာပရိနိဗ္ဗာန် မစံဝင်မီ တပည့်သာဝကတို့အား “ အို တပည့်သာဝကတို့ ယခုအခါ သင်တို့အား ငါဘုရားမိန့်ကြားသိစေလိုသည်မှာ ပြုပြင်စီရင်အပ်သော သင်္ခါရတရား မှန်သမျှတို့သည် ပြောင်းလွှဲပျက်စီးခြင်းသဘော ရှိကုန်၏။ ယင်းသဘောတရားများကို မမေ့မလျော့သော သတိတရားနှင့် ပြည့်စုံရစ်ကြကုန်လော့” ဟု နောက်ဆုံးပစ္ဆိမဗုဒ္ဓ၀စန အနေဖြင့် မိန့်မှာတော်မူခဲ့လေသည်။ ဒေါဏ္ဏ ပုဏ္ဏားသည် မြတ်စွာဘုရား၏ ဓါတ်တော်မွေတော်များကို ကိုးကွယ်ရန် တောင်းဆိုလာကြသော ရှစ်ပြည်ထောင်မင်းတို့အား အညီအမျှ ရှစ်စုရှစ်ဖို ခွဲဝေ၍ ပေးလေ၏။ ထို့နောက် ဒေါဏ္ဏ ပုဏ္ဏားသည် ဓါတ်တော်များထည့်ဝေ၍ ချင်ပေးသော ရွှေပြည်တောင်းကိုမူကာ ပူဇော်စရာ တစ်ခုအနေဖြင့် သူကိုယ်တိုင် သိမ်းဆည်းထားလေသည်။

The Buddha at Kusinara laid himself between two Sal tree with his head to the North, determined not to rise again. He then delivered his last admonition, ‘Behold, ) Disciples! I exhort you! Subject to change are all component things! Strive on with Diligence!’ before He entered Maha parinibbaba (attainment of Final Emancipation).
Dona, the Brahman divided the Buddha’s relics into eight equal portions and distributed each of them to the Rulers of the eight countries. Then Dona decided that the golden container be kept for himself as an object of respectful veneration.


http://www.shwedagon-assoc.com/?p=260 မှ ကူးယူတင်ပြပါသည်။

No comments:

Post a Comment