........သည်ဆိုဘ်ရောက်လာ များသတ္တာချမ်းသာကိုစိတ်မြဲပါစေ၊ ဥပါဒ်ရန်ဘေးကင်းစင်ဝေးငြိမ်းအေးကြပါစေ.........

Jan 16, 2013

ဘာ့ကြောင့် ကိုးကွယ်မှုဖြစ်လာပါသလဲ

လောကရှိ လူသားတို့သည် ရေဘေး၊ လေဘေး၊ မီးဘေး၊ သားရဲတိရစ္ဆာန်တို့ဘေး အစရှိတဲ့ ဒုက္ခတွေ နဲ့ ရင်ဆိုင်ရတဲ့အခါ သူတို့ရဲ့ အားကိုးရာကို ရှာလာကြပါတယ်။ အဲဒီလို ရှာလာကြရာ ပထမဦးဆုံး သစ်ပင် တောတောင်တွေကို အားကိုးရာ ဆရာအဖြစ် ကိုးကွယ်ကြတယ်။ သစ်ပင် တောတောင် တွေမှာ နတ်တွေရှိတယ်။ သူတို့က ကယ်တင်နိုင်မယ်လို့ ယုံကြည်ပြီး ကိုးကွယ်ကြတယ်လေ။ အဲဒီကနေ တဖြည်းဖြည်း ဆရာလုပ်မဲ့ ပုဂ္ဂိုလ်တွေ အမျိုးမျိုးပေါ်ကာ အယူဝါဒတွေလည်း အမျိုးမျိုး ဖြစ်ခဲ့ပါတယ်။ အဲဒီလို လူသားတွေဟာ ဘယ်သူ့ အယူဝါဒက မှန်တယ်။ ဘယ်သူ့ အယူဝါဒက လက်ခံသင့်တယ် ဆိုပြီး ၀ါဒအမျိုးမျိုးပေါ် ဆရာအမျိုးမျိုးလည်း ကွဲပြားခဲ့ကြတယ်။
အင်း အဓိက ကတော့ အယူဝါဒကို မိဘဆရာသမား တွေဆီကနေလည်ကောင်း မိမိတို့ ပတ်ဝန်းကျင်ကနေလည်းကောင်း နီးစပ်ရာ ကိုးကွယ်မှုတွေ ဖြစ်လာကြတာ များပါတယ်။ မိမိအယူဝါဒကို ကောင်းကောင်းမွန်မွန်သိပြီး ဘာသာအားလုံးရဲ့ ၀ါဒကိုလည်း နားလည်တဲ့ ပုဂ္ဂိုလ် ဆိုရင်တော့ ဘယ်ဟာက မှန်တယ် မှားတယ်ဆိုတာသိပြီး ဆရာသမား မိဘ မျိုးရိုး အာဏာတို့ ထိန်းချုပ်မှု မရှိဘူးဆိုရင် မှန်တဲ့ဘက်ကို ပြောင်းလဲလာကြပါတယ်။ တစ်ချို့ကျတော့ မှန်တဲ့ဝါဒ ဘက်ကို လိုက်ချင်သော်လည်း မိဘဆရာသမား မျိုးနွယ် အာဏာတို့ကို မလွန်ဆန်နိုင်၍ ရှိရင်းဝါဒ ကိုပဲ လက်ခံကျင့်သုံးနေရတဲ့ ပုဂ္ဂိုလ်တွေလည်း ရှိပါတယ်။
ခုခေတ်မှာကြည့်ရင်တော့ အဓိက ဘာသာကြီးလေးခုထဲမှာ မိမိတို့နီးစပ်ရာ ဘာသာကို ကိုးကွယ်ကြ တာ များသလို မိမိတို့ ကိုးကွယ်ရာ ဘာသာ အယူဝါဒကိုလည်း ကောင်းကောင်းမသိ တခြားဘာသာ တို့၏ အယူဝါဒကိုလည်း ကောင်းကောင်း မသိကြသူများက များပါတယ်။ ဒါ့ကြောင့်လည်း ဘာသာ တစ်ခုနှင့်တစ်ခု သိမ်းသွင်းမှုများ ဖြစ်လာလျှင် သူများဘာသာနောက် ပါသွားကြသည်က များပေ သည်။
ထို့ကြောင့် မိမိဘာသာ အယူဝါဒကို သေချာသိအောင် လေ့လာလိုက်စားပြီး ကျင့်သုံးနေထိုင် သင့်နိုင်သလို တက်နိုင်လျှင် တခြားဘာသာ အကြောင်းကိုလည်း လေ့လာသင့်ပါတယ်။ အားလုံး အယူဝါဒ အမှန်တရားကို ကောင်းစွာနားလည် သဘောပေါက်ပြီး လိုက်နာကျင့်သုံး နေထိုင်ကြပြီး မျက်မှောက်တမလွန် နှစ်ခုလုံး၌ ကိုယ်စိတ်နှစ်ပါး ကျန်းမာချမ်းသာကြပါစေလို့ ဆန္ဒပြုရင်း နိဂုံး ချုပ်လိုက်ရပေသည်။ ဆန်နီနေမင်း

No comments:

Post a Comment