........သည္ဆိုဘ္ေရာက္လာ မ်ားသတၱာခ်မ္းသာကိုစိတ္ျမဲပါေစ၊ ဥပါဒ္ရန္ေဘးကင္းစင္ေ၀းျငိမ္းေအးၾကပါေစ.........

Apr 14, 2017

ပအို၀္းဘာသာစကားမွ ဆင္းသက္လာေသာ ျမန္မာ့ တစ္ဆယ့္ႏွစ္လရာသီ အေခၚအေ၀ၚမ်ား

{Zawgyi & Unicode}

ပအို၀္းဘာသာစကားမွ ဆင္းသက္လာေသာ ျမန္မာ့ တစ္ဆယ့္ႏွစ္လရာသီ အေခၚအေ၀ၚမ်ား
*****************************

(၁) ပထမလ (တခူးလ)

ပထမဦးဆံုးေသာ လအမည္ကို (တာကူလာ) ျဖစ္သည္။ ပအို၀္းဘာသာစကားအရ "တာ" သည္ အခ်ိန္ကာလျဖင့္ အစပထမဦးဆံုး၊ ကိန္းဂဏန္းအားျဖင့္ တစ္(၁)ဟု ဆိုလိုသည္။ " ကူ " သည္ ကူးေျပာင္းျခင္းျဖစ္သည္။ " လာ " သည္ လျဖစ္သည္။ ႏွစ္ေဟာင္းကုန္၍ ႏွစ္သစ္သို႕ကူးေသာလကို ဆိုလိုပါသည္။

(၂) ဒုတိယလ (ကဆုန္လ)

ဒုတိယလမွာ (ကစဆို႔လာ)ျဖစ္သည္။ ပအို၀္းဘာသာစကားအရ "ကစ" သည္ အစဟု ဆိုလိုသည္။ " ဆို႔ " သည္ ေကာက္ပဲသီးႏွံကို စိုက္ပ်ဳိးျခင္းျဖစ္သည္။ ေကာက္ပဲသီးႏွံကို စတင္စိုက္ပ်ဳိးသည့္လဟု ဆိုလိုပါသည္။

(၃) တတိယလ (နယုန္)

တတိယလမွာ (နံးယံုလာ) ျဖစ္သည္။ ပအို၀္းဘာသာစကားအရ "နံး" သည္ ေပါင္းပင္ျမက္ပင္ျဖစ္ၿပီး၊ " ယံု " သည္ ရွင္းျခင္းျဖစ္သည္။ ဒုတိယလမွ စိုက္ပ်ဳိးထားေသာ ေကာက္ပဲသီးႏွံပင္မ်ားၾကားတြင္ ေပါက္လာေသာ ေပါင္းျမက္မ်ားကို ရွင္းရသည့္လဟု ဆိုလိုသည္။

(၄) စတုတၱလ (၀ါဆို)

စတုတၳလမွာ (၀ါးဆို႔လာ) ျဖစ္သည္။ ပအို၀္းဘာသာစကားအရ " ၀ါး " သည္ ၀ါးပင္ ျဖစ္ၿပီး (တနည္း) ရဟန္းသံဃာမ်ား ၀ါဆို၀ါကပ္ျခင္း ကိုလည္း ဆိုလိုသည္။ " ဆို႔ " သည္ စိုက္သည္ဟု ဆိုလိုသည္။ ၀ါးျပင္မ်ား စိုက္ေသာလဟု ဆိုလိုသည္။ ယခင္ ပအို၀္းလူမ်ဳိးတို႔သည္ ကဆုန္လမွ မိုးက်သည္ႏွင့္ ၀ါးအမ်ဳိးေကာင္းမ်ားကို ရွာၿပီး နီးစပ္ရာ ေခ်ာင္းအိုင္ မ်ားထဲ့သို႔ စိမ္ထား၍ ၀ါဆိုလတြင္ စတင္စိုက္ၾကသည့္ ဓေလ့ရွိသည္။ ထို႔ေၾကာင့္ ဤလကို ၀ါးစိုက္လဟု ဆိုလိုသည္။

(၅) ပဥၥမလ (၀ါေခါင္လ)

ပဥၥမလမွာ (၀ါးေခါင္းလာ) ျဖစ္သည္။ ပအို၀္းဘာသာစကားအရ "၀ါး" သည္ ၀ါးပင္ ျဖစ္ၿပီး၊ ေခါင္း- တဲေခါင္မိုးကို ေက်ာ္လာျခင္းျဖစ္သည္။ ထိုလတြင္ ၀ါး(မွ်စ္)ပင္မ်ားသည္ တဲေခါင္မိုးကုိ ေက်ာ္လာေသာလဟု ဆိုလိုသည္။

(၆) ဆဌမလ (ေတာ္သလင္းလ)

ဆဌမလမွာ (တ၀္သလင္/လင္ေတာ္လာ) ျဖစ္သည္။ ပအို၀္းဘာသာစကားအရ " တ၀္သလင္/လင္ေတာ " သည္ သလင္းျပင္/ ေတာဆင္းတာကို ဆိုလိုသည္။ ထိုလကို ေတာဆင္းသည့္လ၊ အပင္ႀကီးမ်ားကို ခ်န္ထားၿပီး ေတာင္ယာလုပ္ရန္ ၾကားေတာကို ရွင္းသည့္လဟု ဆိုလိုသည္။

(၇) သတၱမလ (သီတင္းကြၽတ္လ)

သတၱမလမွာ (သံျပြတ္/တင္ပြတ္လာ) ျဖစ္သည္။ ထိုလသည္ သမၼာသမၺဳဒၶျမတ္ဘုရားသည္ တာ၀တႎသာ နတ္ျပည္မွ လူျပည္သို႔ ျပန္လည္ႂကြျမန္းေတာ္မူရာ ျမတ္စြာဘုရားအား ႀကိဳဆိုပင့္ေဆာင္ ကပ္လွဴသည့္ အေနျဖင့္ ယာယီစံေက်ာင္းေတာ္အျဖစ္ သီးႏွံပေဒသစင္ (ပအို၀္းအေခၚ တင္ျပြတ္စင္း)ကို အမွတ္တရ တည္ေဆာက္ၿပီး ရာသီေပၚသီးႏွံမ်ားကို ကပ္လူပူေဇာ္သည့္ ဓေလ့ ျပဳေလ့ရွိေသာလဟု ဆိုလိုသည္။

(၈) အဌမလ (တန္ေဆာင္မုန္းလ)

အဌမလမွာ (ကထိန္/တင္းေဆာ၀္မြဴးလာ) ျဖစ္သည္။ ပအို၀္းဘာသာစကားအရ " တင္းေဆာ၀္" သည္ ေတာက္ပျခင္းျဖစ္ၿပီး၊ "မြဴး " သည္ အပင္ျဖစ္သည္။ ထိုလတြင္ မီးပေဒသပင္မ်ားကို လင္းထိန္ေတာက္ပစြာ ထြန္းညိွပူေဇာ္သည့္လ ဟု ဆိုလိုသည္။

(၉) န၀မလ (နက္ေတာ္လ)

န၀မလမွာ (နတ္တ၀္/နက္ေတာ္လာ) ျဖစ္သည္။ ပအို၀္းဘာသာစကားအရ " နတ္/နက္ " သည္ အခ်ိန္လုၿပီး လုပ္ရသည့္ကာလျဖစ္ၿပီး၊ " တ၀္/ေတာ္" သည္ ေတာ ျဖစ္သည္။ ဆဌမလ (ေတာ္သလင္းလ)မွ ေတာဆင္းသည့္ခိ်န္တြင္ ၾကားေတာသာရွင္းၿပီး ခ်န္ထားေသာ သစ္ပင္ႀကိးမ်ားကို သတၱမလ(သီတင္းကြၽတ္)ႏွင့္ ဆဌမလ(တန္ေဆာင္မုန္း)လမ်ားတြင္ ဘာသာေရးအလွဴပဲြမ်ားေၾကာင့္ ေတာမဆင္းႏိုင္သျဖင့္ ဤနမ၀လတြင္ သလင္းမွ ခ်န္ထားေသာ အပင္ႀကီးမ်ားကို အခ်ိန္လု ခုတ္လဲၿပီး ေတာဆင္းထင္ေခြရသည့္လဟု ဆိုလိုသည္။

(၁၀) ဒႆမလ( ျပာသိုလ)

ဒႆမလမွာ (ျပားသိုးလာ)ျဖစ္သည္။ ပအို၀္းဘာသာစကားအရ " ျပား " သည္ ခဲြျဖန္႔ထားျခင္းျဖစ္ၿပီး၊ " သိုး " သည္ ထင္း ျဖစ္သည္။ န၀မလမွ ခုတ္ထားေသာ အပင္မ်ားမွာ ျဖတ္ထားေသာ ထင္းမ်ားအား သယ္ယူရ ေပါ့ပါးေအာင္ ဤလတြင္ ထင္းမ်ား ခဲြျဖန္႔လွန္းထားသည္။ ထို႔ေၾကာင္း ထိုလကို ထင္းမ်ား ခဲြျဖန္႔သည့္လဟု ဆိုလိုသည္။

(၁၁) ဧကာဒႆမလ (တပို႔တဲြလ)

ဧကာဒႆမလမွာ (တဖြဴးတြယ္လာ)ျဖစ္သည္။ ပအို၀္းဘာသာစကားအရ " တဖြဴး " သည္ ထမ္းပိုးျဖစ္ၿပီး၊ " တြယ္ " သည္ အတြဲလိုက္ အဆိုင္းလိုက္ ျဖစ္သည္။ ထိုလတြင္ ဒႆမလ(ျပာသိုလ)မွ ခဲြျဖန္႔ထားေသာထင္းမ်ားကို ထမ္းပိုးျဖင့္ အတဲြလိုက္ အဆိုင္းလိုက္ သယ္ေဆာင္ရေသာလဟု ဆိုလိုသည္။

(၁၂) ဒြါဒႆမလ (တေပါင္းလ)

ဒြါဒႆမလမွာ (စ/တေဖြါင္လာ)ျဖစ္သည္။ ပအို၀္းဘာသာစကားအရ " တေဖြါင္ " သည္ ၿခံစည္းရိုး ျဖစ္ၿပီး " စ " သည္ အစ ျဖစ္သည္။ လာမည့္ တစ္လႏွစ္လတြင္ ေကာက္ပဲသီးႏွံစိုက္ပ်ဳိးရန္ ေျမယာမ်ားေနရာတြင္ ကြၽဲႏြားမ်ားမ၀င္ႏိုင္ရန္ ၿခံစည္းရိုးမ်ားျဖင့္ ႀကိဳကာၾကၿပီး ထိုလကို ၿခံစည္းရိုးစကာသည့္လဟု ဆိုလိုသည္။

#က်မ္းကိုး
ျပည္ေထာင္စုထဲ့က ပအို၀္း

ပအို၀်းဘာသာစကားမှ ဆင်းသက်လာသော မြန်မာ့ တစ်ဆယ့်နှစ်လရာသီ အခေါ်အေဝါ်များ
*****************************

(၁) ပထမလ (တခူးလ)

ပထမဦးဆုံးသော လအမည်ကို (တာကူလာ) ဖြစ်သည်။ ပအို၀်းဘာသာစကားအရ "တာ" သည် အချိန်ကာလဖြင့် အစပထမဦးဆုံး၊ ကိန်းဂဏန်းအားဖြင့် တစ်(၁)ဟု ဆိုလိုသည်။ " ကူ " သည် ကူးပြောင်းခြင်းဖြစ်သည်။ " လာ " သည် လဖြစ်သည်။ နှစ်ဟောင်းကုန်၍ နှစ်သစ်သို့ကူးသောလကို ဆိုလိုပါသည်။

(၂) ဒုတိယလ (ကဆုန်လ)

ဒုတိယလမှာ (ကစဆို့လာ)ဖြစ်သည်။ ပအို၀်းဘာသာစကားအရ "ကစ" သည် အစဟု ဆိုလိုသည်။ " ဆို့ " သည် ကောက်ပဲသီးနှံကို စိုက်ပျိုးခြင်းဖြစ်သည်။ ကောက်ပဲသီးနှံကို စတင်စိုက်ပျိုးသည့်လဟု ဆိုလိုပါသည်။

(၃) တတိယလ (နယုန်)

တတိယလမှာ (နံးယုံလာ) ဖြစ်သည်။ ပအို၀်းဘာသာစကားအရ "နံး" သည် ပေါင်းပင်မြက်ပင်ဖြစ်ပြီး၊ " ယုံ " သည် ရှင်းခြင်းဖြစ်သည်။ ဒုတိယလမှ စိုက်ပျိုးထားသော ကောက်ပဲသီးနှံပင်များကြားတွင် ပေါက်လာသော ပေါင်းမြက်များကို ရှင်းရသည့်လဟု ဆိုလိုသည်။

(၄) စတုတ္တလ (ဝါဆို)

စတုတၳလမှာ (ဝါးဆို့လာ) ဖြစ်သည်။ ပအို၀်းဘာသာစကားအရ " ဝါး " သည် ဝါးပင် ဖြစ်ပြီး (တနည်း) ရဟန်းသံဃာများ ဝါဆိုဝါကပ်ခြင်း ကိုလည်း ဆိုလိုသည်။ " ဆို့ " သည် စိုက်သည်ဟု ဆိုလိုသည်။ ဝါးပြင်များ စိုက်သောလဟု ဆိုလိုသည်။ ယခင် ပအို၀်းလူမျိုးတို့သည် ကဆုန်လမှ မိုးကျသည်နှင့် ဝါးအမျိုးကောင်းများကို ရှာပြီး နီးစပ်ရာ ချောင်းအိုင် များထဲ့သို့ စိမ်ထား၍ ဝါဆိုလတွင် စတင်စိုက်ကြသည့် ဓလေ့ရှိသည်။ ထို့ကြောင့် ဤလကို ဝါးစိုက်လဟု ဆိုလိုသည်။

(၅) ပဉ္စမလ (ဝါခေါင်လ)

ပဉ္စမလမှာ (ဝါးခေါင်းလာ) ဖြစ်သည်။ ပအို၀်းဘာသာစကားအရ "ဝါး" သည် ဝါးပင် ဖြစ်ပြီး၊ ခေါင်း- တဲခေါင်မိုးကို ကျော်လာခြင်းဖြစ်သည်။ ထိုလတွင် ဝါး(မျှစ်)ပင်များသည် တဲခေါင်မိုးကို ကျော်လာသောလဟု ဆိုလိုသည်။

(၆) ဆဌမလ (တော်သလင်းလ)

ဆဌမလမှာ (တ၀်သလင်/လင်တော်လာ) ဖြစ်သည်။ ပအို၀်းဘာသာစကားအရ " တ၀်သလင်/လင်တော " သည် သလင်းပြင်/ တောဆင်းတာကို ဆိုလိုသည်။ ထိုလကို တောဆင်းသည့်လ၊ အပင်ကြီးများကို ချန်ထားပြီး တောင်ယာလုပ်ရန် ကြားတောကို ရှင်းသည့်လဟု ဆိုလိုသည်။

(၇) သတ္တမလ (သီတင်းကျွတ်လ)

သတ္တမလမှာ (သံပြွတ်/တင်ပွတ်လာ) ဖြစ်သည်။ ထိုလသည် သမ္မာသမ္ဗုဒ္ဓမြတ်ဘုရားသည် တာ၀တိံသာ နတ်ပြည်မှ လူပြည်သို့ ပြန်လည်ကြွမြန်းတော်မူရာ မြတ်စွာဘုရားအား ကြိုဆိုပင့်ဆောင် ကပ်လှူသည့် အနေဖြင့် ယာယီစံကျောင်းတော်အဖြစ် သီးနှံပဒေသစင် (ပအို၀်းအခေါ် တင်ပြွတ်စင်း)ကို အမှတ်တရ တည်ဆောက်ပြီး ရာသီပေါ်သီးနှံများကို ကပ်လူပူဇော်သည့် ဓလေ့ ပြုလေ့ရှိသောလဟု ဆိုလိုသည်။

(၈) အဌမလ (တန်ဆောင်မုန်းလ)

အဌမလမှာ (ကထိန်/တင်းဆော၀်မွူးလာ) ဖြစ်သည်။ ပအို၀်းဘာသာစကားအရ " တင်းဆော၀်" သည် တောက်ပခြင်းဖြစ်ပြီး၊ "မွူး " သည် အပင်ဖြစ်သည်။ ထိုလတွင် မီးပဒေသပင်များကို လင်းထိန်တောက်ပစွာ ထွန်းညှိပူဇော်သည့်လ ဟု ဆိုလိုသည်။

(၉) န၀မလ (နက်တော်လ)

န၀မလမှာ (နတ်တ၀်/နက်တော်လာ) ဖြစ်သည်။ ပအို၀်းဘာသာစကားအရ " နတ်/နက် " သည် အချိန်လုပြီး လုပ်ရသည့်ကာလဖြစ်ပြီး၊ " တ၀်/တော်" သည် တော ဖြစ်သည်။ ဆဌမလ (တော်သလင်းလ)မှ တောဆင်းသည့်ခိျန်တွင် ကြားတောသာရှင်းပြီး ချန်ထားသော သစ်ပင်ကြိးများကို သတ္တမလ(သီတင်းကျွတ်)နှင့် ဆဌမလ(တန်ဆောင်မုန်း)လများတွင် ဘာသာရေးအလှူပွဲများကြောင့် တောမဆင်းနိုင်သဖြင့် ဤနမ၀လတွင် သလင်းမှ ချန်ထားသော အပင်ကြီးများကို အချိန်လု ခုတ်လဲပြီး တောဆင်းထင်ခွေရသည့်လဟု ဆိုလိုသည်။

(၁၀) ဒဿမလ( ပြာသိုလ)

ဒဿမလမှာ (ပြားသိုးလာ)ဖြစ်သည်။ ပအို၀်းဘာသာစကားအရ " ပြား " သည် ခွဲဖြန့်ထားခြင်းဖြစ်ပြီး၊ " သိုး " သည် ထင်း ဖြစ်သည်။ န၀မလမှ ခုတ်ထားသော အပင်များမှာ ဖြတ်ထားသော ထင်းများအား သယ်ယူရ ပေါ့ပါးအောင် ဤလတွင် ထင်းများ ခွဲဖြန့်လှန်းထားသည်။ ထို့ကြောင်း ထိုလကို ထင်းများ ခွဲဖြန့်သည့်လဟု ဆိုလိုသည်။

(၁၁) ဧကာဒဿမလ (တပို့တွဲလ)

ဧကာဒဿမလမှာ (တဖွူးတွယ်လာ)ဖြစ်သည်။ ပအို၀်းဘာသာစကားအရ " တဖွူး " သည် ထမ်းပိုးဖြစ်ပြီး၊ " တွယ် " သည် အတွဲလိုက် အဆိုင်းလိုက် ဖြစ်သည်။ ထိုလတွင် ဒဿမလ(ပြာသိုလ)မှ ခွဲဖြန့်ထားသောထင်းများကို ထမ်းပိုးဖြင့် အတွဲလိုက် အဆိုင်းလိုက် သယ်ဆောင်ရသောလဟု ဆိုလိုသည်။

(၁၂) ဒွါဒဿမလ (တပေါင်းလ)

ဒွါဒဿမလမှာ (စ/တဖွေါင်လာ)ဖြစ်သည်။ ပအို၀်းဘာသာစကားအရ " တဖွေါင် " သည် ခြံစည်းရိုး ဖြစ်ပြီး " စ " သည် အစ ဖြစ်သည်။ လာမည့် တစ်လနှစ်လတွင် ကောက်ပဲသီးနှံစိုက်ပျိုးရန် မြေယာများနေရာတွင် ကျွဲနွားများမ၀င်နိုင်ရန် ခြံစည်းရိုးများဖြင့် ကြိုကာကြပြီး ထိုလကို ခြံစည်းရိုးစကာသည့်လဟု ဆိုလိုသည်။

#ကျမ်းကိုး
ပြည်ထောင်စုထဲ့က ပအို၀်း

No comments:

Post a Comment