........သည္ဆိုဘ္ေရာက္လာ မ်ားသတၱာခ်မ္းသာကိုစိတ္ျမဲပါေစ၊ ဥပါဒ္ရန္ေဘးကင္းစင္ေ၀းျငိမ္းေအးၾကပါေစ.........

Feb 22, 2018

"၁၅၀၀ အခ်စ္" နဲ႔ "၅၂၈ ေမတၱာ" ျဖစ္လာပံု

"၁၅၀၀ အခ်စ္" နဲ႔ "၅၂၈ ေမတၱာ" ျဖစ္လာပံု
🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀

အခ်စ္အေၾကာင္း ေျပာၾကမယ္ဆိုရင္ ကၽြန္ေတာ္တို႔ ျမန္မာလူမ်ိဳး အမ်ားစုက "၁၅၀၀ အခ်စ္" နဲ႔ "၅၂၈ေမတၱာ" ဆိုၿပီး ႏွစ္မ်ိဳးခြဲေျပာေလ႔ ရွိၾကတယ္။ သမီးရည္းစား အခ်စ္ကို "၁၅၀၀ အခ်စ္" ၊ ပူေလာင္ ျပင္းျပတဲ႔ အခ်စ္လို႔ ေျပာၿပီး . . . မိဘေတြရဲ႕ သားသမီးအေပၚခ်စ္တဲ႔ အခ်စ္ကိုေတာ႔ "၅၂၈ ေမတၱာ" ၊ ေအးျမခ်မ္းေျမ႕တဲ႔ ခ်စ္ျခင္း ေမတၱာ ဆိုၿပီး ယူဆ ေျပာဆိုေလ႔ ရွိပါတယ္။

ဘာလို႔ (၁၅၀၀) ရွိေနရတာလဲ၊ (၅၂၈) ဆိုတာကေကာ ဘာလို႔ ျဖစ္လာရတာလဲ . . .။ ပူေလာင္တဲ႔ အခ်စ္မို႔ ၁၅၀၀ ရွိတာက ထားပါေတာ႔ . . . ေအးျမတဲ႔ေမတၱာက်မွ ဘာလို႔ ၅၂၈ ဆိုၿပီး ကုိးလို႔ကန္႔လန္႔ လာျဖစ္ေနရ တာလဲ ( ၅၀၀ ဆိုၿပီး ရွိေနရင္ ပုိေတာင္ ေအးမလားလို႔ေလ၊ ေနာက္ အစြန္းထြက္ ဂဏန္းလည္း မရႈပ္ဘူး)။သူငယ္ခ်င္းတို႔ေရာ ဘယ္လိုထင္လဲ?

၁။ ၁၅၀၀ အခ်စ္ (သမီးရည္းစား အခ်စ္)

ကိေလသာဆယ္ပါးကုိ အေျခခံတယ္။ အဲဒီ ကိေလသာစိတ္ (၁၀) ပါးကေတာ႔ ေအာက္ပါအတိုင္း ျဖစ္ပါတယ္ -

၁/ ေလာဘ ( တပ္မက္ျခင္း)

၂/ ေဒါသ (ၾကမ္းတမ္းျခင္း)

၃/ ေမာဟ (ေတြေဝျခင္း)

၄/ မာန (ေထာင္လႊားျခင္း)

၅/ ဒိ႒ိ ( မွားေသာ ႏွလံုးသြင္းျခင္း၊ အယူရွိျခင္း)

၆/ ဝိစိကိစာၦ (အာရံုကုိ မဆံုးျဖတ္ႏိုင္ျခင္း)

၇/ ထိန (စိတ္၏ မခန္႔ျခင္း)

၈/ ဥဒစၥ (စိတ္၏ မၿငိမ္သက္ျခင္း၊ ပ်႕ံလြင့္ျခင္း)

၉/ အဟီရိက (ကာယဒုစရိုက္ ျပဳရျခင္း၌ မရွက္ျခင္း)

၁၀/ အေနာတၱပၸ (ကာယဒုစရိုက္ ျပဳရျခင္း၌ မလန္႔ျခင္း)

အဲဒီ ကိေလသာ(၁၀)ပါးကုိ ရုပ္ စုစုေပါင္းနဲ႔ ေျမွာက္ရပါတယ္။ ရုပ္စုစုေပါင္းဆိုတာက -

- လကၡဏာရုပ္ (၄) ခု

- နိပၹႏၷရုပ္ (၁၈) ခု

- နာမ္ (၅၃) ပါး

ေပါင္းလိုက္ရင္ (၇၅) ရပါတယ္။ အဲဒီ ရုပ္စုစုေပါင္း (၇၅)ကုိ ကိေလသာ(၁၀)ပါး နဲ႔ ေျမွာက္ေတာ႔ ၇၅၀။ အဲဒီမွာမွ အဇၩတၱ သ႑ာန္၊ ဗဟိဒၶ သ႑ာန္ ရယ္လို႔ ႏွစ္ပါးရွိတဲ႔ အတြက္ (၂)နဲ႔ ထပ္ေျမွာက္ေတာ႔ ၁၅၀၀ ရတာပါပဲ။ အတိုေကာက္ကေတာ႔ ဒီလိုေလးပါ -

( ကိေလသာ (၁၀) ပါး x ရုပ္စုစုေပါင္း (၇၅) ) x ၂ = ၁၅၀၀ အခ်စ္


၂။ ၅၂၈ ေမတၱာ (မိဘတို႕၏ အခ်စ္)

ေမတၱာဆိုတဲ႔အတိုင္း ေမတၱာပို႕ရာမွာ ရွိသင့္ရွိအပ္တဲ႔ စိတ္သဘာဝ တစ္ခုပါပဲ။ ေမတၱာပို႕ရာမွာ ပုဂိၢဳလ္ (၁၂) ေယာက္ကုိ ပို႔ပါတယ္။

အဲဒါေတြကေတာ႔ -
(၁) သေဗၺသတၱာ၊ (၂) သေဗၺပါဏာ၊ (၃) သေဗၺဘူတာ၊(၄) သေဗၺပုဂၢလာ၊ (၅) သေဗၺအတၱဘာဝ ပရိယပၸႏၷ၊ (၆) သေဗၺကိၠထိေယာ၊ (၇) သေဗၺပုရိသာ၊ (၈) သေဗၺအရိယာ၊ (၉) သေဗၺအနရိယာ၊ (၁၀) သေဗၺေဒဝါ၊ (၁၁) သေဗၺမႏုႆာ၊ (၁၂) သေဗၺဝိနိပါနိကာ တို႔ျဖစ္ပါတယ္။

အဲဒီ ပုဂိၢဳလ္ (၁၂)ပါးကို ေမတၱာ(၄)ပါး ပို႔ပါတယ္၊ "အေဝရာေဟာႏဳၱ၊ အဗ်ာဘစာၦေဟာႏဳၱ၊ အနီဃာ ေဟာႏဳၱ၊ သုခိအတၱာနံ ပရိဟရႏဳၱ၊" တဲ႔ . . .၊ ဒီေတာ႔ ( ၁၂ x ၄ = ၄၈ ရပါမယ္)။ ဒါက အရပ္မ်က္ႏွာ အမည္မတပ္ဘဲ (မရည္မွန္းဘဲ) ပုိ႔တဲ႔ "အေနာဒိတၱာ" ေမတၱာအပါး လို႔ ဆိုပါေတာ႔ ။ အဲဒါကိုမွ ထပ္ၿပီး အရပ္မ်က္ႏွာေတြနဲ႔ အမည္တပ္ၿပီး ထပ္ပုိ႔ပါတယ္၊ အရပ္ (၁၀)မ်က္ႏွာ ရွိပါတယ္ -

- အေရွ႕၊ အေနာက္၊ ေတာင္၊ ေျမာက္ ဆိုတဲ႔ အရပ္ (၄) မ်က္ႏွာ။

- အေရွ႕ေတာင္၊ အေနာက္ေျမာက္ ဆို႕တဲ႔ ေထာင့္ (၄) မ်က္ႏွာ။

- အထက္နဲ႔ ေအာက္ (၂) မ်က္ႏွာ ။

အဲဒီ အရပ္မ်က္ႏွာတပ္ ရည္မွန္းမႈ႕(၁၀)ခု နဲ႔ ေစာေစာက (၄၈) ကို ေျမာက္လိုက္ေတာ႔ (၄၈၀) ရပါတယ္၊ အဲဒီ ရလာတဲ႕ (၄၈၀)ကိုမွ ပထမဆံုး မရည္မွန္းဘဲ ပို႔ထားတဲ႔ ေမတၱာအပါး (၄၈)ပါးကုိ ထပ္ေပါင္းၾကည့္ လိုက္ေတာ႔ (၅၂၈) ရယ္လို႔ ျဖစ္လာပါတယ္။ အတိုေကာက္ ကေတာ႔ ဒီလိုေလးပါ -

ပုဂိၢဳလ္ (၁၂) ေယာက္ x ေမတၱာ(၄)ပါး = ၄၈ [မရည္မွန္းဘဲ ပို႔ေသာ ေမတၱာအပါး]

(၄၈ x အရပ္ (၁၀) မ်က္ႏွာ ) + ၄၈ [မရည္မွန္းဘဲ ပို႔ေသာ ေမတၱာအပါး] = ၅၂၈ ေမတၱာ။

၅၂၈-သြယ္ ေမတၱာ ပြားၾကရေအာင္-

၅၂၈-သြယ္ ေမတၱာပြားနည္း-

(၁) အေ၀ရာ ေဟာႏၲဳ၊ (ေဘးရန္ကင္းၾကပါေစ)
(၂) အဗ်ာပဇၨာ ေဟာႏၲဳ၊ (စိတ္ဆင္းရဲကင္းၾကပါေစ)
(၃) အနီဃာ ေဟာႏၲဳ၊ (ကိုယ္ဆင္းရဲကင္းၾကပါေစ)
(၄) သုခီ အတၱာနံ ပရိဟရႏၲဳ၊ (မိမိတို႔ခႏၶာ၀န္ကို ခ်မ္းသာစြာျဖင့္ 
ရြက္ေဆာင္ႏိုင္ၾကပါေစ)

ပုဂၢိဳလ္ ၁၂-ဦး။

၁။ သေဗၺ သတၱာ၊ (အားလံုးေသာ သတၱ၀ါေတြ)
၂။ သေဗၺ ပါဏာ၊ (အားလံုးေသာ သက္ရွိသတၱ၀ါေတြ)
၃။ သေဗၺ ဘူတာ၊ (အားလံုးေသာ ခႏၶာကိုယ္ထင္ရွားရွိတဲ့ သတၱ၀ါေတြ)
၄။ သေဗၺ ပုဂၢလာ၊ (အားလံုးေသာ ပုဂၢိဳလ္ေတြ)
၅။ သေဗၺ အတၱဘာ၀ ပရိယာပႏၷာ၊ (အားလံုးေသာ ခႏၶာကိုယ္ အတၱေဘာႏွင့္ 
အက်ဳံး၀င္ၾကသူေတြ)
၆။ သဗၺာ ဣတၳိေယာ၊ (အားလံုးေသာ မ သတၱ၀ါေတြ)
၇။ သေဗၺ ပုရိသာ၊ (အားလံုးေသာ ဖို သတၱ၀ါေတြ)
၈။ သေဗၺ အရိယာ၊ (အားလံုးေသာ အရိယာပုဂၢိဳလ္ေတြ)
၉။ သေဗၺ အနရိယာ၊ (အားလံုးေသာ ပုထုဇဥ္ပုဂၢိဳလ္ေတြ)
၁၀။ သေဗၺ ေဒ၀ါ၊ (အားလံုးေသာ နတ္ျဗဟၼာေတြ)
၁၁။ သေဗၺ မႏုႆာ၊ (အားလံုးေသာ လူသားေတြ)
၁၂။ သေဗၺ ၀ိနိပါတိကာ၊ (အားလံုးေသာ အပါယ္ဘံုသားေတြ)

အရပ္ ၁၀-မ်က္ႏွာ။
၁။ ပုရတၳိမာယ ဒိသာယ၊ (အေရွ႔အရပ္၌)
၂။ ပုရတၳိမာယ အႏုဒိသာယ၊ (အေရွ႔ေတာင္အရပ္၌)
၃။ ဒကၡိဏာယ ဒိသာယ၊ (ေတာင္အရပ္၌)
၄။ ဒကၡိဏာယ အႏုဒိသာယ၊ (အေနာက္ေတာင္အရပ္၌)
၅။ ပစၦိမာယ ဒိသာယ၊ (အေနာက္အရပ္၌)
၆။ ပစၦိမာယ အႏုဒိသာယ၊ (အေနာက္ေျမာက္အရပ္၌)
၇။ ဥတၱရာယ ဒိသာယ၊ (ေျမာက္အရပ္၌)
၈။ ဥတၱရာယ အႏုဒိသာယ၊ (အေရွ႔ေျမာက္အရပ္၌)
၉။ ဥပရိမာယ ဒိသာယ၊ (အထက္အရပ္၌)
၁၀။ ေဟ႒ိမာယ ဒိသာယ၊ (ေအာက္အရပ္၌)

မွတ္ခ်က္။ ။ ပုဂၢိဳလ္၁၂-ဦးႏွင့္ ေမတၱာ ၄-နည္းတြဲစပ္၍ပြားပါ၊ ၄၈-နည္း။
အရပ္ ၁၀-မ်က္ႏွာပြားလွ်င္ ၄၈၀-နည္း။ (၄၈+၄၈၀=၅၂၈)


Unicode

"၁၅၀၀ အချစ်" နဲ့ "၅၂၈ မေတ္တာ" ဖြစ်လာပုံ
🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀

အချစ်အကြောင်း ပြောကြမယ်ဆိုရင် ကျွန်တော်တို့ မြန်မာလူမျိုး အများစုက "၁၅၀၀ အချစ်" နဲ့ "၅၂၈မေတ္တာ" ဆိုပြီး နှစ်မျိုးခွဲပြောလေ့ ရှိကြတယ်။ သမီးရည်းစား အချစ်ကို "၁၅၀၀ အချစ်" ၊ ပူလောင် ပြင်းပြတဲ့ အချစ်လို့ ပြောပြီး . . . မိဘတွေရဲ့ သားသမီးအပေါ်ချစ်တဲ့ အချစ်ကိုတော့ "၅၂၈ မေတ္တာ" ၊ အေးမြချမ်းမြေ့တဲ့ ချစ်ခြင်း မေတ္တာ ဆိုပြီး ယူဆ ပြောဆိုလေ့ ရှိပါတယ်။

ဘာလို့ (၁၅၀၀) ရှိနေရတာလဲ၊ (၅၂၈) ဆိုတာကကော ဘာလို့ ဖြစ်လာရတာလဲ . . .။ ပူလောင်တဲ့ အချစ်မို့ ၁၅၀၀ ရှိတာက ထားပါတော့ . . . အေးမြတဲ့မေတ္တာကျမှ ဘာလို့ ၅၂၈ ဆိုပြီး ကိုးလို့ကန့်လန့် လာဖြစ်နေရ တာလဲ ( ၅၀၀ ဆိုပြီး ရှိနေရင် ပိုတောင် အေးမလားလို့လေ၊ နောက် အစွန်းထွက် ဂဏန်းလည်း မရှုပ်ဘူး)။သူငယ်ချင်းတို့ရော ဘယ်လိုထင်လဲ?

၁။ ၁၅၀၀ အချစ် (သမီးရည်းစား အချစ်)

ကိလေသာဆယ်ပါးကို အခြေခံတယ်။ အဲဒီ ကိလေသာစိတ် (၁၀) ပါးကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ် -

၁/ လောဘ ( တပ်မက်ခြင်း)

၂/ ဒေါသ (ကြမ်းတမ်းခြင်း)

၃/ မောဟ (တွေဝေခြင်း)

၄/ မာန (ထောင်လွှားခြင်း)

၅/ ဒိဋ္ဌိ ( မှားသော နှလုံးသွင်းခြင်း၊ အယူရှိခြင်း)

၆/ ဝိစိကိစာၦ (အာရုံကို မဆုံးဖြတ်နိုင်ခြင်း)

၇/ ထိန (စိတ်၏ မခန့်ခြင်း)

၈/ ဥဒစ္စ (စိတ်၏ မငြိမ်သက်ခြင်း၊ ပျ့ံလွင့်ခြင်း)

၉/ အဟီရိက (ကာယဒုစရိုက် ပြုရခြင်း၌ မရှက်ခြင်း)

၁၀/ အနောတ္တပ္ပ (ကာယဒုစရိုက် ပြုရခြင်း၌ မလန့်ခြင်း)

အဲဒီ ကိလေသာ(၁၀)ပါးကို ရုပ် စုစုပေါင်းနဲ့ မြှောက်ရပါတယ်။ ရုပ်စုစုပေါင်းဆိုတာက -

- လက္ခဏာရုပ် (၄) ခု

- နိပ္ဖန္နရုပ် (၁၈) ခု

- နာမ် (၅၃) ပါး

ပေါင်းလိုက်ရင် (၇၅) ရပါတယ်။ အဲဒီ ရုပ်စုစုပေါင်း (၇၅)ကို ကိလေသာ(၁၀)ပါး နဲ့ မြှောက်တော့ ၇၅၀။ အဲဒီမှာမှ အဇ္ဈတ္တ သဏ္႑ာန်၊ ဗဟိဒ္ဓ သဏ္႑ာန် ရယ်လို့ နှစ်ပါးရှိတဲ့ အတွက် (၂)နဲ့ ထပ်မြှောက်တော့ ၁၅၀၀ ရတာပါပဲ။ အတိုကောက်ကတော့ ဒီလိုလေးပါ -

( ကိလေသာ (၁၀) ပါး x ရုပ်စုစုပေါင်း (၇၅) ) x ၂ = ၁၅၀၀ အချစ်


၂။ ၅၂၈ မေတ္တာ (မိဘတို့၏ အချစ်)

မေတ္တာဆိုတဲ့အတိုင်း မေတ္တာပို့ရာမှာ ရှိသင့်ရှိအပ်တဲ့ စိတ်သဘာဝ တစ်ခုပါပဲ။ မေတ္တာပို့ရာမှာ ပုဂိ္ဂုလ် (၁၂) ယောက်ကို ပို့ပါတယ်။

အဲဒါတွေကတော့ -
(၁) သဗေ္ဗသတ္တာ၊ (၂) သဗေ္ဗပါဏာ၊ (၃) သဗေ္ဗဘူတာ၊(၄) သဗေ္ဗပုဂ္ဂလာ၊ (၅) သဗေ္ဗအတ္တဘာဝ ပရိယပ္ပန္န၊ (၆) သဗေ္ဗကိ္ကထိယော၊ (၇) သဗေ္ဗပုရိသာ၊ (၈) သဗေ္ဗအရိယာ၊ (၉) သဗေ္ဗအနရိယာ၊ (၁၀) သဗေ္ဗဒေဝါ၊ (၁၁) သဗေ္ဗမနုဿာ၊ (၁၂) သဗေ္ဗဝိနိပါနိကာ တို့ဖြစ်ပါတယ်။

အဲဒီ ပုဂိ္ဂုလ် (၁၂)ပါးကို မေတ္တာ(၄)ပါး ပို့ပါတယ်၊ "အဝေရာဟောနု္တ၊ အဗျာဘစာၦဟောနု္တ၊ အနီဃာ ဟောနု္တ၊ သုခိအတ္တာနံ ပရိဟရနု္တ၊" တဲ့ . . .၊ ဒီတော့ ( ၁၂ x ၄ = ၄၈ ရပါမယ်)။ ဒါက အရပ်မျက်နှာ အမည်မတပ်ဘဲ (မရည်မှန်းဘဲ) ပို့တဲ့ "အနောဒိတ္တာ" မေတ္တာအပါး လို့ ဆိုပါတော့ ။ အဲဒါကိုမှ ထပ်ပြီး အရပ်မျက်နှာတွေနဲ့ အမည်တပ်ပြီး ထပ်ပို့ပါတယ်၊ အရပ် (၁၀)မျက်နှာ ရှိပါတယ် -

- အရှေ့၊ အနောက်၊ တောင်၊ မြောက် ဆိုတဲ့ အရပ် (၄) မျက်နှာ။

- အရှေ့တောင်၊ အနောက်မြောက် ဆို့တဲ့ ထောင့် (၄) မျက်နှာ။

- အထက်နဲ့ အောက် (၂) မျက်နှာ ။

အဲဒီ အရပ်မျက်နှာတပ် ရည်မှန်းမှု့(၁၀)ခု နဲ့ စောစောက (၄၈) ကို မြောက်လိုက်တော့ (၄၈၀) ရပါတယ်၊ အဲဒီ ရလာတဲ့ (၄၈၀)ကိုမှ ပထမဆုံး မရည်မှန်းဘဲ ပို့ထားတဲ့ မေတ္တာအပါး (၄၈)ပါးကို ထပ်ပေါင်းကြည့် လိုက်တော့ (၅၂၈) ရယ်လို့ ဖြစ်လာပါတယ်။ အတိုကောက် ကတော့ ဒီလိုလေးပါ -

ပုဂိ္ဂုလ် (၁၂) ယောက် x မေတ္တာ(၄)ပါး = ၄၈ [မရည်မှန်းဘဲ ပို့သော မေတ္တာအပါး]

(၄၈ x အရပ် (၁၀) မျက်နှာ ) + ၄၈ [မရည်မှန်းဘဲ ပို့သော မေတ္တာအပါး] = ၅၂၈ မေတ္တာ


၅၂၈-သွယ် မေတ္တာ ပွားကြရအောင်-

၅၂၈-သွယ် မေတ္တာပွားနည်း-

(၁) အေ၀ရာ ဟောန္တု၊ (ဘေးရန်ကင်းကြပါစေ)
(၂) အဗျာပဇ္ဇာ ဟောန္တု၊ (စိတ်ဆင်းရဲကင်းကြပါစေ)
(၃) အနီဃာ ဟောန္တု၊ (ကိုယ်ဆင်းရဲကင်းကြပါစေ)
(၄) သုခီ အတ္တာနံ ပရိဟရန္တု၊ (မိမိတို့ခန္ဓာ၀န်ကို ချမ်းသာစွာဖြင့် 
ရွက်ဆောင်နိုင်ကြပါစေ)

ပုဂ္ဂိုလ် ၁၂-ဦး။

၁။ သဗေ္ဗ သတ္တာ၊ (အားလုံးသော သတ္တဝါတွေ)
၂။ သဗေ္ဗ ပါဏာ၊ (အားလုံးသော သက်ရှိသတ္တဝါတွေ)
၃။ သဗေ္ဗ ဘူတာ၊ (အားလုံးသော ခန္ဓာကိုယ်ထင်ရှားရှိတဲ့ သတ္တဝါတွေ)
၄။ သဗေ္ဗ ပုဂ္ဂလာ၊ (အားလုံးသော ပုဂ္ဂိုလ်တွေ)
၅။ သဗေ္ဗ အတ္တဘာ၀ ပရိယာပန္နာ၊ (အားလုံးသော ခန္ဓာကိုယ် အတ္တဘောနှင့် 
အကျုံး၀င်ကြသူတွေ)
၆။ သဗ္ဗာ ဣတၳိယော၊ (အားလုံးသော မ သတ္တဝါတွေ)
၇။ သဗေ္ဗ ပုရိသာ၊ (အားလုံးသော ဖို သတ္တဝါတွေ)
၈။ သဗေ္ဗ အရိယာ၊ (အားလုံးသော အရိယာပုဂ္ဂိုလ်တွေ)
၉။ သဗေ္ဗ အနရိယာ၊ (အားလုံးသော ပုထုဇဉ်ပုဂ္ဂိုလ်တွေ)
၁၀။ သဗေ္ဗ ဒေဝါ၊ (အားလုံးသော နတ်ဗြဟ္မာတွေ)
၁၁။ သဗေ္ဗ မနုဿာ၊ (အားလုံးသော လူသားတွေ)
၁၂။ သဗေ္ဗ ၀ိနိပါတိကာ၊ (အားလုံးသော အပါယ်ဘုံသားတွေ)

အရပ် ၁၀-မျက်နှာ။
၁။ ပုရတၳိမာယ ဒိသာယ၊ (အရှေ့အရပ်၌)
၂။ ပုရတၳိမာယ အနုဒိသာယ၊ (အရှေ့တောင်အရပ်၌)
၃။ ဒက္ခိဏာယ ဒိသာယ၊ (တောင်အရပ်၌)
၄။ ဒက္ခိဏာယ အနုဒိသာယ၊ (အနောက်တောင်အရပ်၌)
၅။ ပစၦိမာယ ဒိသာယ၊ (အနောက်အရပ်၌)
၆။ ပစၦိမာယ အနုဒိသာယ၊ (အနောက်မြောက်အရပ်၌)
၇။ ဥတ္တရာယ ဒိသာယ၊ (မြောက်အရပ်၌)
၈။ ဥတ္တရာယ အနုဒိသာယ၊ (အရှေ့မြောက်အရပ်၌)
၉။ ဥပရိမာယ ဒိသာယ၊ (အထက်အရပ်၌)
၁၀။ ဟေဋ္ဌိမာယ ဒိသာယ၊ (အောက်အရပ်၌)

မှတ်ချက်။ ။ ပုဂ္ဂိုလ်၁၂-ဦးနှင့် မေတ္တာ ၄-နည်းတွဲစပ်၍ပွားပါ၊ ၄၈-နည်း။
အရပ် ၁၀-မျက်နှာပွားလျှင် ၄၈၀-နည်း။ (၄၈+၄၈၀=၅၂၈)

Credit>>>


No comments:

Post a Comment