........သည်ဆိုဘ်ရောက်လာ များသတ္တာချမ်းသာကိုစိတ်မြဲပါစေ၊ ဥပါဒ်ရန်ဘေးကင်းစင်ဝေးငြိမ်းအေးကြပါစေ.........

Apr 24, 2017

ငါးရာနှစ်ဆယ်.ရှစ်အချစ်

ငါးရာနှစ်ဆယ်.ရှစ်အချစ်
💗💙💗💙💞💙💗

၅၂၈ အချစ် ဆိုသည်မှာ ပါဠိတော်အရ ငါးရာနှစ်ဆယ့်ရှစ်သွယ် မေတ္တာစစ် မေတ္တာမှန်များ ပင်ဖြစ်သည်။

အနောဓိသ မေတ္တာ ၅-ပါး၊ သြဓိသမေတ္တာ ၇-ပါး၊ ပေါင်း ၁၂-ပါးကိုတည်၊

အဝေရာဟောန္တု , အဗျာဇ္ဇာဟောန္တု, အနီဃာဟောန္တု, သုခီအတ္တာနံ ပရိဟရ န္တု, ၄-ခုနှင့်မြှောက်၊ ၄၈-ပါးရ၏၊
၎င်းကို အရပ်ဆယ်မျက်နှာနှင့်မြှောက် ၄၈ဝ-ဖြစ်၏။ ယင်း၄၈-နှင့် ၄၈ဝ-နှစ်ရပ်ကို ပြန်၍ပေါင်း ၅၂၈-ရ၏။

#၅၂၈မေတ္တာ

နောဓိပဉ္စ   သြ သတ္တ
ပေါင်းက မေတ္တာ  တစ်ဆယ့်နှစ် . .

တု ' လေးဖြာနှင့်  မြှောက်ပွားကျင့်
မှတ်လင့်မေတ္တာ လေးဆယ့်ရှစ် . . .

ရပ်ဆယ်မျက်နှာ  မြှောက်ပွားပါ
မေတ္တာ လေးရာရှစ်ဆယ်ဖြစ်

လေးဆယ့်ရှစ်ဖြာ ပေါင်းတော့ကာ
မေတ္တာ ငါးရာ နှစ်ဆယ့်ရှစ်  ။

အနောဓိဿ - မရည်ရွယ် မသတ်မှတ်
သဗ္ဗေ သတ္တာ / အလုံးစုံသေိာ သတ္တဝါ
ပါဏာ / သက်ရှိသတ္တဝါ
ဘူတာ / ထင်ရှားဖြစ်သောသတ္တဝါ
ပုဂ္ဂလာ / ပုဂ္ဂိုလ်
အတ္တဘာဝ ပရိယာသန္နာ - အတ္တဘော၌ အကျုံးဝင်သော သတ္တဝါ

သြဒိဿ - ရည်ညွှန်းပိုင်းခြားသတ်မှတ်

သဗ္ဗါဣိတ္ထိယော - အလုံးစုံသော မိန်းမ
သဗ္ဗေ ပုရိသ / အရိယာ /
အနရိယာ - ပုထုစဉ် / ဒေဝါ / မနုဿာ / ဝိနိပါတိကာ - ဝေမာနိကပြိတ္တာ

တု ' လေးဖြာ
အဝေယျာ ဟောန္တု - ဘေးရန်ကင်းပါစေ

အဗျာပဇ္ဈာ - စိတ်ဆင်းရဲ ကင်း
အနီဃာ -ကိုယ်ဆင်းရဲ
သုခီ အတ္တာနံ ပရိဟရန္တု - ကိုယ် စိတ်
၂ ဖြာ ချမ်းသာစွာဖြင့် . . .

မေတ္တာပွားခြင်း အကျိုး

အိပ် နိုး ချမ်းသာ  ကောင်းစွာအိပ်မက်
ချစ်လျှက်လူနတ် စောင့်လတ်နတ်များ
မီး ဆိပ်ဓါးတို့  ရှောင်ရှားကိုယ်မှာ
လျင်စွာစိတ်ကြည်  ရွှင်ကြည်မျက်နှာ
သေခါမတွေ  လားလေဗြဟ္မာ
၁၁ ဖြာ
မေတ္တာ ပွားမှု့ အကျိုးတည်း  ။

No comments:

Post a Comment