........သည်ဆိုဘ်ရောက်လာ များသတ္တာချမ်းသာကိုစိတ်မြဲပါစေ၊ ဥပါဒ်ရန်ဘေးကင်းစင်ဝေးငြိမ်းအေးကြပါစေ.........

Apr 22, 2017

ပင်လောင်းမြို့သမိုင်းစိတ်တဒေသ

ပင်လောင်းမြို့သမိုင်းစိတ်တဒေသ
================
ပင်လောင်းမြို့နယ်သည် ရှမ်းပြည်နယ် တောင်ကြီးခရိုင်တွင် ပါဝင်ပြီး အရှေ့လောင်ဂျီတွတ် ၉၅ံ ၂၅ မိနစ် ၉၆ ဒီဂရီ ၆၅မိနစ်ကြား မြောက်လကတ္တီကျု ၁၉ဒီဂရီ  ၄၀မိနစ်နှင့် ၂၀ဒီဂရီ ၁၈ မိနစ်ကြားတည်ရှိပြီး တောင်နှင့်မြောက်အကျယ် ၃၂ မိုင် အရှေ့နှင့်  အကျယ် ၄၈ မိုင် ရှိပြီး အကျယ်အဝန်းမှာ  ၉၄၅ ဒသမ ၅၉ စတုရန်းမိုင် ရှိပါသည်။
ပင်လယ်ရေမျက်နှာပြင်အထက် ပျမ်းမျ ၄၈၀၀ ပေအထက်တွင်တည်ရှိသည်။
အမြင့်ဆုံးတောင်မှာ လွယ်မောတောင်ဖြစ်ပြီး ၆၁၂၄ ပေအမြင့်ဖြစ်သည်။
အမြင့်ဆုံးဒေသမှာ လွယ်မောင်းရွာ အနိမ့်ဆုံးဒေသမှာ လွင်ပြင်ကျေးရွာ ဖြစ်၍ ၁၀၄၅ ပေဖြစ်ပါသည်။

ယခုပင်လောင်းဟုခေါ်သည့် ဒေသသို့ ပုဂံခေတ်နှင့် တောင်ငူခေတ်တွင် ကျိုက်ထို ကျိုက္ခမီမှ ကရင်များ ၊ သထုံမှပအိုဝ်းများ ၊ ကွန်ဟူ ရှမ်းနွယ်များရောက်ရှိနေထိုင်ခဲ့ရာ ပထမဆုံးရောက်လာသော ကရင်များမှ ယခုပင်လောင်း၏ တောင်ဘက် ၁၃မိုင် ခန့်ကွာ ဝမ့်ဖာ (ဘန်ဘာ)ရွာကို တည်ထောင်ခဲ့ကြသည်။
ခရစ်သက္ကရစ် (၁၇၆၃ ၁၇၇၈)တွင် တတိယကုန်းဘောင်မင်းဆက် ဆင်ဖြူမင်းလက်ထက်တွင် ဝမ့်ဖာရွာမှ မုဆိုးမ၏သမီးဖြစ်သူ မစီးထာ (ခ)နန်းမူ၏ယာခင်းသို့ ဆင်ဖြူတကောင် ဝင်ရောက်စားသောက်၍ ရွာသားများမှဖမ်းဆီးရာ ဖမ်းမရပဲ မစီးထာ ကိုယ်တိုင်ဖမ်းဆီးမှရ၍ ဆင်ဖြူမင်းထံဆက်သရာ ဆင်ဖြူမင်းမှ မစီးထာအား ပင်လောင်းမြို့ဖြစ်လာမည့်ဒေသကို နယ်နမိတ်ပိုင်းခြားခဲ့ပြီး အုပ်ချုပ်ရန် ချီးမြင့်ခဲ့ပါသည်။
ပိုင်းခြားချီးမြင့်သည့် နယ်နမိတ်မှာ ပင်လောင်းမြို့နယ်အပါဝင် မြောက်ဘက် လက်ထိပ်တောင် အရှေ့ဘက် အင်းလေးကန် ဘီလူးချောင်း တောင်ဘက်တွင် ဝါးချောင်း အနောက်ဘက်တွင် ပျဉ်းမနားမြို့တို့ပါဝင်သည်။

လွယ်လုံ ပင်လောင်း ဖြစ်လာရခြင်းမှာ ခွန်ခမ်းချုပ်သည် ပင်လောင်းစော်ဘွားအဖြစ် ၅၄ နှစ်ကြာအုပ်ချုပ်ပြီး၍ မြို့နယ်တွင် တောင်ကြီး ၁၂ တောင် ရှိခြင်းကြောင့် ထိုတောင်များကိုအစွဲပြုကာ ရှမ်းဘာသာဖြင့် လွိုင်လုံဟု ခေါ်ဆိုရာမှ ပင်လောင်းဟု အမည်တွင်လာပါသည်။
ပင်လောင်းမြို့အဖြစ် ခေါ်ဆိုရခြင်းမှာ စိမ့်တောကို ပအိုဝ်းနှင့်ကရင်ဘာသာဖြင့် ဒါးဗန်ခရောင်း ဟုခေါ်ဆို၍ ဒါးနှင့်ခကို ကျေပြီး ဗန်းရောင်း ဖြစ်လာကြောင်း ဗန်းရောင်းမှ ပင်လောင်း ဖြစ်လာသည်ဟူ၍ငှင်း ဤဒေသတွင် မင်းကောင်းမင်းမြတ်များ ပေါ်ထွက်တတ်ခြင်းကြောင်း ရှမ်းဘာသာဖြင့် ပန်လောင်း ၊ စန္ဒကူးပင်များပေါက်ရောက်သည်ကိုအစွဲပြု၍ ကရင်ဘာသာဖြင့် စန္ဒကူးတောဟုဆိုသည့် ဗန်းလောင်းဟုသောစကားမှ ပင်လောင်း ဖြစ်လာသည်ဟုဆိုပါသည်။
၁၉၇၂ တွင် ပင်လောင်းမြို့နယ်ကို ကျေးရွာ ၂၅အုပ်စုနှင့် ရပ်ကွက် ၆ရပ်ကွက်ဖြင့် မြို့နယ်အဖြစ် နိုင်ငံတော်မှသတ်မှတ်ခဲ့ပါသည်။
၂၀၁၅တွင် ပင်လောင်းမြို့နယ်သည် ရပ်ကွက် ၁၀ရပ်ကွက် ကျေးရွာ ၂၅ အုပ်စု ကျေးရွာ ၄၄၆ ရွာဖြင့်ဖွဲ့စည်းထားကြောင်းသိရှိရပါသည်။

ယခုအခါ ပင်လောင်မြို့နယ်သည် ၇၀ ရာခိုင်နှုန်းကျော်က ပအိုဝ်းတိုင်းရင်းသားအများစုနေထိုင်ကြပြီးအခြားသောတိုင်းရင်းသားများလဲစုပေါင်းနေထိုင်ကြပါသည်။
စင်ဆင်းရေတံခွန်
==============
ပင်လောင်းမြို့အနီး စင်ဆင်းကျေးရွာအနီးမှာ တည်ရှိပါသည်။ မြင့်မားလှတဲ့တောတောတွေကြားထဲက
သဘာဝအတိုင်းတည်ရှိနေတဲ့ရေတံခွန်ပါ။

ထီးစဲခါးရေတံခွန်
============

တောင်ကြီးမှသွားမည်ဆိုပါက ၁၂ မိုင်ဝေးသည့် ပာိုပုံးမြို့လေး သွားရမည်ဖြစ်ပြီး ထိုမှတဆင့် ဗန်းယှဉ် ၊ ဆိုက်ခေါင် ၊ ဆီဆိုင်လမ်း အတိုင်း သွားရမည်ဖြစ်ပါတယ်။ ဆီဆိုင်မြို့နှင့် ၁၈ မိုင်အကွာအဝေးရောက်သည်နှင့် ရေတံခွန်လမ်းခွဲ ဆိုင်းပုဒ်ကိုမြင်ရမည် ဖြစ်သည်။ စုစုပေါင်း မိုင် ၉၀ နီးပါး ကြာနိုင်တာကြောင့် ကိုယ်ပိုင်မိသားစုကားဖြင့် သွားပါက အချိန် ၃ နာရီခွဲ ကျော်ခန့် မောင်းရမည်ဖြစ်သည်။

လွိုင်ကော်မြို့မှသွားမည်ဆိုပါက အောင်ပန်း ပင်လောင်း လမ်းအတိုင်းသွားရမည်မပာုတ်ဘဲ ဆီဆိုင်လမ်းခွဲအတိုင်း ရှမ်းပြည်နယ် အတွင်းသို့ဝင်လာပြီး ၁၀ မိုင်ကျော်မောင်းလာသည်နှင့် ရေတံခွန်လမ်းခွဲကို အလွယ်တကူရောက်နိုင်မည်ဖြစ်သည်။ စုစုပေါင်း ကြာချိန် ၁ နာရီနီးပါးမောင်းနင်ယုံဖြင့် ရောက်နိုင်မည်ဖြစ်ပါသည်။

ရေတံခွန်လမ်းခွဲမှာ ၁ မိုင် ခန့်သာမောင်းယုံဖြင့် ရေတံခွန်ရောက်ပြီဖြစ်ပါတယ်။
ရေတံခွန်ရောက်ပြီဆိုတာနှင့် သင်၏ မိသားစုများ နှင့် ဖြစ်စ သူငယ်ချင်းများဖြင့် ဖြစ်စေ အလွယ်တကူ ရေကူးရေချိုး နိုင်မှာဖြစ်ပါတယ်။

~~၀င်္ကပါလှိုဏ်ဂူ~~

ပင်လောင်းမြို့ အနီး စင်ဆင်းရေတံခွန်အသွားလမ်းဘေးမှာ တည်ရှိပါတယ်။
လှိုဏ်ဂူအတွင်းလျောက်လမ်းက လူနှစ်ယောက်စာသာရှိပြီး ၀င်္ကပါ တစ်ခုလို လမ်းခွဲတွေရှိပါတယ်။
လှိုဏ်ဂူ ထိပ်ကို သံလျောက်လမ်း ၀ါးလျောက်လမ်းတွေနဲ့တပ်ဆင်ပေးထားပြီး တောင်ထိပ်ပေါ်ကစေတီကိုဖူးမျှော်နိုင်သလို ပင်လောင်းမြို့ရဲ့ အလှကိုမြင်နိုင်ပါတယ်။

နဂါးပတ်ဘုရား
..................
ပင်းလောင်မြို့ နဂါးပတ်ကျေးရွာအနီးတွင် တည်ရှိပါသည်။
အေးချမ်းလှတဲ့ သဘာဝပုံရိပ်တွေကို တဝကြီးခံစားရမှာပါ။

ပင်းတလဲ ကျိုက်ထီးရိုး စေတီတော် ( ဒေသအခေါ် )
===========================

ပင်လောင်းမြို့နယ်၊ ပင်လောင်းမြို့၏ အရှေ့ဘက်တွင်တည်ရှိကာ
မြို့ထဲမှ သွားလျှင် (15) မိနစ်ခန့်သာသွားရပြီး
ပင်လောင်းမြို့၏ အေးချမ်းသာယာလှပသော နေရာလေးတစ်ခုအဖြစ်ပါတယ်. ။

လိန်းလီတံတား
=========
မြန်မာနိုင်ငံ၏ အရှည်ဆုံးကြိုးတံတား ဖြစ်ပါသည်။
ပေ ၆၀၀၀ မြင့်သော ဆင်တောင်မှ စီးဆင်းလာသော ပေါင်းလောင်းမြစိကိုဖြစ်သန်းကာ တောင်ကုန်းထိပ်နှစ်ကို သွယ်တနိးထားသောတံတားဖြစ်သည်။
ပင်လောင်းမြို့နှင့် ၂၃ မိုင် ကွာဝေးပါသည်။
၂၀၁၅ စက်တင်ဘာလတွင် တည်ဆောက်ပြီး ၂၀၁၈ နိုဝင်ဘာလ ၇ ရက်တွင် ဖွင့်လှစ်ခဲ့သည်။
ရှူမျော်မဆုံးတဲ့အလှတွေနဲ့တွေ့မြင်ရမှာပါ။

#jet fire
(အင်တာနက်စာမျက်နှာများမှစုဆောင်းဖော်ပြထားပါသည်။)

No comments:

Post a Comment