........သည်ဆိုဘ်ရောက်လာ များသတ္တာချမ်းသာကိုစိတ်မြဲပါစေ၊ ဥပါဒ်ရန်ဘေးကင်းစင်ဝေးငြိမ်းအေးကြပါစေ.........

Mar 3, 2014

မဟာပေသကာရ၀တ္ထု

လင်အလှူပေးသည်ကို မယားဖြစ်သူက အမျိုးမျိုး
ကျိန်ဆဲရာတွင် ` သင်၏အ၀တ်တို့သည် သံပြားနှင့်အတူ
ဖြစ်ပါစေ´ ဟု ဆဲရေးခဲ့သောကြောင့် သေသောအခါ သွေး
ပြည်အညစ်အကြေးကို၊ ဓားသံပြားအ၀တ်ကို ၀တ်နေရသူ...
ပြိတ္တာမ။

ဤမိန်းမသည် ကျင်ကြီးကိုလည်းကောင်း၊ ကျင်ငယ်ကို
လည်းကောင်း၊သွေးကိုလည်းကောင်း၊ပြည်ကိုလည်းကောင်း၊
စားနေရ၏။ ဤ အကျိုးသည် အဘယ်ကံ၏ အကျိုးနည်း၊
အခါခပ်သိမ်း သွေးပြည်ကိုစားနေသော ဤမိန်းမသည် ရှေး
ဘ၀က အဘယ်အမှုကို ပြုခဲ့ဖူးသနည်း။

အသစ်ဖြစ်၍ ကောင်းကုန် နူးညံ့ကုန်သော စင်ကြယ်
သော အဆင်း နူးညံ့သည့်အမွှေးရှိကုန်သော အ၀တ်တို့ကို
ဤ မိန်းမအား ပေးလိုက်ကုန်သည်ရှိသော် ယင်းအ၀တ်တို့
သည် သံပြားကဲ့သို့ဖြစ်ကုန်၏။ ဤမိန်းမသည် အဘယ်အမှု
ကို ပြုခဲ့သနည်းဟု ရဟန်းကမေး၏။

အရှင်ဘုရား ဤမိန်းမသည် အကျွန်ုပ်၏မယားဖြစ်ခဲ့ဖူး
ပါ၏။ ပေးလှူလေ့မရှိပါ။ ၀န်တိုလေ့ရှိပါ၏။ စဉ်းလဲကောက်
ကျစ်တတ်ပါ၏။ ထိုမိန်းမသည် သမဏ ဗြဟ္မဏတို့အား ပေး
လှူသော အကျွန်ုပ်ကို ` သင်သည် အခါခပ်သိမ်းမစင်ကြယ်
သော ကျင်ကြီးကိုလည်းကောင်း၊ကျင်ငယ်ကိုလည်းကောင်း၊
သွေးကိုလည်းကောင်း၊ ပြည်ကိုလည်းကောင်း၊ စားလော့။
ဤ ကျင်ကြီး ကျင်ငယ် သွေး ပြည်သည်သင့်အား တမလွန်
ဘ၀၌ဖြစ်စေသတည်း။ သင်၏ အ၀တ်တို့သည်လည်းသံပြား
နှင့်အတူဖြစ်စေကုန်သတည်း´ ဟုဆဲရေးလည်းဆဲရေးပါ၏။
ခြိမ်းခြောက်လည်းခြိမ်းခြောက်ပါ၏။ ထိုမိန်းမသည် ဤသို့
သဘောရှိသော မကောင်းမှုဒုစရိုက်ကိုပြုကျင့်ခဲ့သောကြောင့်
ဤပြိတ္တာဘုံဘ၀သို့ ရောက်လာ၍ ကြာမြင့်စွာ ( ဤကျင်ကြီး
စသည်ကို ) စားရ၏ဟု ( လျှောက်၏ )။

ပေတ၀တ္ထု

No comments:

Post a Comment