........သည်ဆိုဘ်ရောက်လာ များသတ္တာချမ်းသာကိုစိတ်မြဲပါစေ၊ ဥပါဒ်ရန်ဘေးကင်းစင်ဝေးငြိမ်းအေးကြပါစေ.........

Nov 5, 2012

သံဃာတော်အရှင်မြတ်တို့ကို ကိုးကွယ်ရခြင်းအကျိုး

သံဃေစိတ္တံ ပသာဒေထ
သံဃော နော ဟိတကာရကော
သံဃံ နိဿာယ ဗုဒ္ဓေါစ
ဓမ္မောစ သာဓုဥာယရေ
သံဃာ၌ စိတ်ကိုကြည်ညိုကြကုန်လော့၊ သံဃာတော်သည် လောကသူ လောကသားတို့၏ အစီးအပွားကို ပြုတတ်၏။ သံဃာကို အမှီပြု၍ ဗုဒ္ဓနှင့် ဓမ္မကိုကောင်းစွာသိရ၏။ သံဃာဟူသည် အယူသီလ တူမျှသူတို့၏ အပေါင်းအစုဖြစ်သည်။ ထိုသံဃာသည် (သို့) ထိုသံဃာများ တည်ရှိရာ သာသနာတော်သည် အနုတ္တရပုညခေတ္တ၌ ကုသိုလ်မျိုးစေ့ စိုက်ပျိုးပါက ကြီးထွားဖွံ့ဖြိုး အကျိုးကြီးသည့်အပြင် သာသနာတော်ကိုလည်း ထောက်ပံ့ပြုစုပြီး ဖြစ်ပေသည်။
မိမိတို့ထောက်ပံ့မှုဖြင့် သာသနာဟူသော ဗုဒ္ဓ၏အဆုံးအမ တရားတော်များ စည်ပင်ပြန့်ပွားနေပါက သာသနာတော်အရိပ်ကို မှီခို၍ ကျင့်ကြံအားထုတ်နိုင်ခွင့် ရကြသဖြင့် ဆင်းရဲဒုက္ခမှ လွတ်မြောက်နိုင်ကြမည် ဖြစ်ပေသည်။
                              သပြေကန်ဆရာတော်

No comments:

Post a Comment