........သည်ဆိုဘ်ရောက်လာ များသတ္တာချမ်းသာကိုစိတ်မြဲပါစေ၊ ဥပါဒ်ရန်ဘေးကင်းစင်ဝေးငြိမ်းအေးကြပါစေ.........

Nov 22, 2012

အရှင်အင်္ဂုလိမာလ၏ ဥဒါန်းစကားတော်များ

‘‘ယော ပုဗ္ဗေဝ ပမဇ္ဇိတွာ, ပစ္ဆာ သော နပ္ပမဇ္ဇတိ;။
သောမံ လောကံ ပဘာသေတိ, အဗ္ဘာ မုတ္တောဝ စန္ဒိမာ။။
“ရှေးအခါကသာလျှင် မေ့လျော့၍
နောက်အခါ၌ မမေ့မလျော့သူသည်
တိမ်တိုက်မှ လွတ်သော လ-ကဲ့သို့
ဤသတ္တလောကကို တောက်ပထွန်းလင်းစေ၏။
‘‘ယဿ ပါပံ ကတံ ကမ္မံ, ကုသလေန ပိဓီယတိ ;။
သောမံ လောကံ ပဘာသေတိ, အဗ္ဘာ မုတ္တောဝ စန္ဒိမာ။။

ပြုပြီးသော မကောင်းမှုကို ကုသိုလ်တရားဖြင့်
ပိတ်ပင်တားဆီးသူသည် တိမ်တိုက်မှလွတ်သော လ-ကဲ့သို့
ဤသတ္တလောကကို ထွန်းလင်းတောက်ပစေ၏။
‘‘ယော ဟဝေ ဒဟရော ဘိက္ခု, ယုဉ္ဇတိ ဗုဒ္ဓသာသနေ;။
သောမံ လောကံ ပဘာသေတိ, အဗ္ဘာ မုတ္တောဝ စန္ဒိမာ။။

ငယ်ရွယ်စဉ်ကပင် မြတ်စွာဘုရား၏
သာသနာတော်၌ အားထုတ်သော ရဟန်းသည်
တိမ်တိုက်မှလွတ်သော လ-ကဲ့သို့ ထွန်းလင်းတောက်ပစေ၏။
‘‘ဒိသာ ဟိ မေ ဓမ္မကထံ သုဏန္တု,။
ဒိသာ ဟိ မေ ယုဉ္ဇန္တု ဗုဒ္ဓသာသနေ;။
ဒိသာ ဟိ မေ တေ မနုဇာ ဘဇန္တု,။
ယေ ဓမ္မမေဝါဒပယန္တိ သန္တော။။

ငါ၏ရန်သူတို့သည် တရားနှင့်စပ်သော စကားကို
ကြားနာကြာပါစေကုန်သတည်း၊
ငါ၏ရန်သူတို့သည် မြတ်စွာဘုရား သာသနာတော်၌
အားထုတ်ကြပါစေကုန်သတည်း၊
ငါ၏ရန်သူတို့သည် သူတပါးအား တရားကို ဆောက်တည်ကြစေသည့်
သူတော်ကောင်းတို့ထံသို့ ချဉ်းကပ်ကြပါစေကုန်သတည်း။

‘‘ဒိသာ ဟိ မေ ခန္တိဝါဒါနံ, အဝိရောဓပ္ပသံသီနံ;။
သုဏန္တု ဓမ္မံ ကာလေန, တဉ္စ အနုဝိဓီယန္တု။။

ငါ၏ရန်သူတို့သည် သည်းခံခြင်းကို ဆိုလေ့ရှိကုန်သော၊
မဆန့်ကျင်မှု မေတ္တာကို ချီးကျူးလေ့ရှိကုန်သော သူတို့၏
တရားကို အခါခါ နာကြားနိုင်ကြပါစေကုန်သတည်း။
ထိုတရားကိုလည်း အစဉ်လိုက်နာကျင့်ကြံနိုင်ကြပါစေကုန်သတည်း။
‘‘န ဟိ ဇာတု သော မမံ ဟိံသေ, အညံ ဝါ ပန ကိဉ္စိ နံ ;။
ပပၸဳယ် ပရမံ သႏၲႎ, ရေကၡယ် တသထာဝေရ။။

ငါ၏ရန်သူတို့သည် စင်စစ် ငါ့ကို မညှဉ်းဆဲပါစေသတည်း၊
ငါမှတပါး အခြားသူကိုလည်း မညှဉ်းဆဲပါစေသတည်း၊
မွန်မြတ်သော နိဗ္ဗာန်သို့ရောက်၍
အမြဲတပ်မက်သော တဏှာကို စောင့်ရှောက်နိုင်ပါစေသတည်း။

‘‘ဥဒကဉှိ နယန္တိ နေတ္တိကာ, ဥသုကာရာ နမယန္တိ တေဇနံ;။
ဒါရုံ နမယန္တိ တစ္ဆကာ, အတ္တာနံ ဒမယန္တိ ပဏ္ဍိတာ။

ရေကို မြောင်းသွယ်သူတို့သည် ရေကို ဆောင်ယူကြကုန်၏၊
မြားသမားတို့သည် မြားကို ဖြောင့်ကြကုန်၏၊
သစ်ရွေသမားတို့သည် သစ်ကို ဖြောင့်အောင် ရွေကြကုန်၏၊
ပညာရှိတို့သည် မိမိကိုယ်ကို ဆုံးမကြကုန်၏။
‘‘ဒဏ္ဍေနေကေ ဒမယန္တိ, အင်္ကုသေဟိ ကသာဟိ စ;။
အဒဏ္ဍေန အသတ္ထေန, အဟံ ဒန္တောမှိ တာဒိနာ။

အချို့သူတို့သည် လှံတံဖြင့်၎င်း၊ ချွန်းကောက်ဖြင့်၎င်း၊
ကြိမ်လုံးတို့ဖြင့်၎င်း ဆုံးမကြကုန်၏၊
တာဒိဂုဏ် ရှိတော်မူသော မြတ်စွာဘုရားသည်
တုတ် လှံတံ မရှိဘဲ၊ လက်နက်မရှိဘဲ
ငါ့ကို ယဉ်ကျေးအောင် ဆုံးမတော်မူပြီ။
‘‘အဟိံသကောတိ မေ နာမံ, ဟိံသကဿ ပုရေ သတော;။
အဇ္ဇာဟံ သစ္စနာမောမှိ, န နံ ဟိံသာမိ ကိဉ္စိ နံ ။။

ငါသည် ရှေးအခါက ညှဉ်းဆဲတတ်သူဖြစ်လျက်
“အဟိံသက”အမည် ရှိခဲ့၏၊
ငါသည် ယနေ့မှစ၍ တစုံတယောက်ကိုမျှ
မညှဉ်းဆဲတတ်သောကြောင့် မှန်ကန်သောအမည် ရခဲ့ပြီ၊
‘‘စောရော အဟံ ပုရေ အာသိံ, အင်္ဂုလိမာလောတိ ဝိဿုတော;။
ဝုယှမာနော မဟောဃေန, ဗုဒ္ဓံ သရဏမာဂမံ။။

ငါသည် ရှေးအခါက အင်္ဂုလိမာလ-ဟူ၍
ထင်ရှားကျော်စောသော ခိုးသူကြီး ဖြစ်ခဲ့၏၊
ကြီးစွာသော သံသရာသြဃ၌ နစ်မျောသည်ဖြစ်၍
မြတ်စွာဘုရားကို ကိုးကွယ်ရာဟူ၍ ဆည်းကပ်ခဲ့ပါ၏။
‘‘လောဟိတပါဏိ ပုရေ အာသိံ, အင်္ဂုလိမာလောတိ ဝိဿုတော;။
သရဏဂမနံ ပဿ, ဘဝနေတ္တိ သမူဟတာ။။

ငါသည် ရှေးအခါက အင်္ဂုလိမာလ-ဟူ၍ ထင်ရှားကျော်စောသော၊
သွေးစွန်းသော လက်ရှိသော သူသတ်ယောက်ျားဖြစ်ခဲ့၏၊
ကိုးကွယ်ရာနိဗ္ဗာန်ကို မြင်သည်ဖြစ်၍
ဘဝနှောင်ကြိုးနှင့်တူသော တဏှာကို နုတ်ပယ်ခဲ့ပြီ။
‘‘တာဒိသံ ကမ္မံ ကတွာန, ဗဟုံ ဒုဂ္ဂတိဂါမိနံ;။
ဖုဋ္ဌော ကမ္မဝိပါကေန, အဏဏော ဘုဉ္ဇာမိ ဘောဇနံ။။

အကြိမ်များစွာ အပါယ်ရွာကို လားစေတတ်သော
အကုသိုလ်ကံကို ပြုခဲ့သော်လည်း
ယင်းကံကို ရှို့မြိုက်တတ်သည့် မဂ်စေတနာ တွေ့ထိအပ်သောကြောင့် မကောင်းကျိုး ကြွေးမြီကင်းသည်ဖြစ်၍ ဘောဇဉ်ကို ငါ သုံးဆောင်ရပေပြီ။
‘‘ပမာဒမနုယုဉ္ဇန္တိ, ဗာလာ ဒုမ္မေဓိနော ဇနာ;။
အပ္ပမာဒဉ္စ မေဓာဝီ, ဓနံ သေဋ္ဌံဝ ရက္ခတိ။။

ပညာမဲ့ငြား လူမိုက်များတို့သည်
မေ့လျော့ခြင်းကို အားထုတ်ကြကုန်၏၊
ပညာရှိယောက်ျားသည် မမေ့မလျော့မှုကို မြတ်သောဥစ္စာကဲ့သို့ စောင့်ရှောက်၏၊
‘‘မာ ပမာဒမနုယုဉ္ဇေထ, မာ ကာမရတိ သန္ထဝံ;။
အပ္ပမတ္တော ဟိ ဈာယန္တော, ပပ္ပေါတိ ဝိပုလံ သုခံ။။

မေ့လျော့ခြင်းကို အားမထုတ်ကြကုန်လင့်၊
မမေ့မလျော့ဘဲ ရှုဆင်ခြင်သူသည်သာ
ပြန့်ပြောသော နိဗ္ဗာန်ချမ်းသာသို့ ပေါက်ရောက်နိုင်၏။
‘‘သွာဂတံ နာပဂတံ , နယိဒံ ဒုမ္မန္တိတံ မမ;။
သံဝိဘတ္တေသု ဓမ္မေသု, ယံ သေဋ္ဌံ တဒုပါဂမံ။။

ငါ၏ သာသနာဘောင်သို့ ရောက်လာခြင်းသည်
ကောင်းသောရောက်လာခြင်းပေတည်း၊
ငါ၏ ရဟန်းပြုအံ့ဟု ပြောဆိုခြင်းသည် မကောင်းသော ပြောဆိုခြင်းမဟုတ်၊
ကောင်းစွာ ဝေဖန်ဟောကြားအပ်သော တရားတို့တွင်
အမြတ်ဆုံးနိဗ္ဗာန်သို့ ရောက်ပြီ၊
‘‘သွာဂတံ နာပဂတံ, နယိဒံ ဒုမ္မန္တိတံ မမ;။
တိေဿာ ဝိဇ္ဇာ အနုပ္ပတ္တာ, ကတံ ဗုဒ္ဓဿ သာသနံ။ ။

ငါ၏ သာသနာဘောင်သို့ ရောက်လာခြင်းသည်
ကောင်းသောရောက်လာခြင်းပေတည်း၊
ငါ၏ ရဟန်းပြုအံ့ဟု ပြောဆိုခြင်းသည် မကောင်းသော ပြောဆိုခြင်းမဟုတ်၊
ဝိဇ္ဇာသုံးပါးတို့သို့ အစဉ်ရောက်ခဲ့ပြီ၊
မြတ်စွာဘုရား၏ အဆုံးအမတော်ကို ပြုအပ်ပြီးပေပြီ။

No comments:

Post a Comment