........သည္ဆိုဘ္ေရာက္လာ မ်ားသတၱာခ်မ္းသာကိုစိတ္ျမဲပါေစ၊ ဥပါဒ္ရန္ေဘးကင္းစင္ေ၀းျငိမ္းေအးၾကပါေစ.........

Oct 23, 2018

ေသာေရယ် သေဌးသား

ေသာေရယ် ( ေယာက်္ား၊မိန္းမတစ္ဘဝတည္းမွာျဖစ္ရ)



ေရွးေရွးတုန္းက သာဝတၳိျပည္မွာ ေသာေရယ်ဆုိတဲ့ သူေဌးသား တစ္ေယာက္ရွိခဲ့တယ္။  ပစၥည္းဥစၥာ ၾကြယ္ဝၿပီး သူငယ္ခ်င္းမ်ားနဲ႔ စိတ္ထင္တုိင္းၾကဲၾကတဲ့ ၊ လူငယ္မ်ားေပါ့။


တစ္ေန႔ေတာ့ သူငယ္ခ်င္းမ်ားနဲ႔ လွည္းယာဥ္ကုိ စီးကာ ျမစ္ဆိပ္ကုိ ေရခ်ဳိးဆင္းတယ္။ ထုိအခုိက္ ၿမဳိးထဲသုိ႔ ဆြမ္းခံၾကြရန္အတြက္ ေရခ်ဳိးေနေသာ အရွင္မဟာကစၥည္းမေထရ္နဲ႔ ျမစ္ဆိပ္မွာ ဆုံေတြ႕ၾကပါသတဲ့။


အရွင္မဟာကစၥည္းဟာ ေရွးဘဝက  အရွင္မဟာကႆပဘုရားရွင္ရဲ႕ ေစတီေတာ္မွာ ေရႊသကၤန္းလွူဒါန္းခဲ့ လုိ႔ ရုပ္ေရအဆင္းဟာ ေရႊလုိဝါဝင္းလုိ႔ေနပါသတဲ့။


ဒီလုိ႔လွပတင့္တယ္တဲ့ မေထရ္ကိုျမင္ေတာ့ ေသာေရယ် သူေဌးသား စိတ္ေဖာက္ျပားကာ " ဤေရႊလုိ ဝါဝင္း လွပတဲ့ မေထရ္ ငါရဲ႕ဇနီးျဖစ္ရင္ေကာင္းမွာပဲ၊ ငါ့မယားဟာ ဤမေထရ္လုိ အသားအေရ ဝင္းဝါအီညက္ေန ရင္ေကာင္းမွာပဲလုိ႔"  စိတ္ထဲက ျပစ္မွားလုိက္သတဲ့။


ေသာေရယ်တစ္ေယာက္ ရဟႏၲာကုိ ျပစ္မွာလွ်င္ ျပစ္မွားျခင္း တစ္ကုိယ္လုံး ယားယံလာၿပီး ရင္သား အစုံ ေပၚထြက္ကာ  ပုရိသအသြင္ေပ်ာက္ ဣတၳိယအသြင္သုိ႔ ခ်က္ခ်င္းေရာက္သြားတယ္။


ထုိ႔ေနာက္ ေသာေရယ်ဟာ သူ႔ရဲ႕ သူေတာ္စင္အေပၚ ျပစ္မွားမိတဲ့ ျဖစ္ရပ္၊ မိန္းမအသြင္ ေျပာင္းသြားရတဲ့ ျဖစ္ေထြ  ကုိ သူငယ္ခ်င္းမ်ားအား ေျပာျပရမွာ ရွက္လုိ႔ ခ်ဳံကြယ္ကာ ပုံးေအာင္းေနလုိက္တယ္။ "သူ႕ရဲ႕ မိန္းမနဲ႔သား ႏွစ္ေယာက္ သူဒီလုိ မိန္မဘဝ ေျပာင္းသြားတာကုိ သိခဲ့လွ်င္.. ေသာေရယ် ၿမိဳ႕သူ ၿမုိ႕သားမ်ား သူ႔အျဖစ္အပ်က္ကုိ သိခဲ့လွ်င္ အားလုံး  ထူးထူးဆန္းဆန္းျဖစ္၍ ငါ့ကုိ လာၾကည့္ၾကမည္.. ရွက္ဖြယ္တကား" ဟု ေတြးကာ ေသာေရယ် တစ္ၿမဳိ႕တစ္ရြာမွာ ဇာတ္ျမဳပ္ေနလုိစိတ္ျဖစ္လာတယ္။

တကၠသုိလ္ျပည္ကုိေရာက္ ေသာေရယ်
ေသာေရယ် တစ္ေယာက္ မိန္မအသြင္ ေျပာင္းၿပီး မိန္းမစိတ္ေပါက္လာသျဖင့္ မိန္းမ အဝတ္အစားမ်ား ဝတ္ကာ တကၠသုိလ္ျပည္သုိ႔ ခရီးဆက္ခဲ့တယ္။ ရြာသူ/ရြားမ်ားလည္း မိန္းအသြင္ျဖစ္ေနေသာ ေသာေရယ်ကုိ ဘယ္သူမွ မမွတ္မိေတာ့။ ေရခ်ဳိးဆင္းေသာ သူငယ္ခ်င္းမ်ားလည္း ေပ်ာက္သြားေသာ ေသာေရယ် ရွာမရတဲ့ ေနာက္ဆုံး ေရႏွစ္ေသၿပီဟု  တစ္ထစ္ခ်မွတ္ကာ ၿမဳိ႕ကုိ ျပန္လာ၍ ေသသူအတြက္ အလွဴဒါနျပဳ လုပ္ကာ အမွ်ေဝးလုိက္ၾကတယ္။

သူေဌးမယား ေသာေရယ်

သူေရယ် တစ္ေယာက္  လမ္းခရီးတစ္ေယာက္မွာ  လမ္းေလွ်ာက္ရင္း ခရီးျပင္းလုိ႔ ေျခမ်ား ကြဲအပ္ကာ ခရီးသြား လွည္သမားမ်ားကုိ သူပါလာေသာ လက္စြပ္ကုိေပးကာ လွည္စီး၍ တကၠသုိလ္ျပည္ကုိ လုိက္သြားခဲ့တယ္။ လမ္းခရီး တစ္ေလွ်ာက္မွာ ေသာေရယ်ရဲ႕ အလွအပကုိ ျမင္တဲ့ လွည္သမားမ်ားက သူတုိ႕ရဲ႕ သူေဌးသားကုိ ဒီကေလးမ ေပးစားရင္ ေကာင္းေလစြလို႔ ေတြးကာ တကၠသုိလ္ျပည္ေရာက္လွ်င္ သူေဌးသားနဲ႔ မိတ္ဆက္ေပးလုိက္တယ္။ သူတုိ႔ ႏွစ္ဦးသားလည္း ျမင္ျမင္ျခင္း ခ်စ္ႀကဳိက္သြားၿပီး  သူေဌးမယား ဘဝျဖင့္ သားႏွစ္ေယာက္ေမြးဖြားခဲ့တယ္။ 

သူငယ္ခ်င္းေဟာင္းမ်ားႏွင့္ ျပန္လည္ဆုံေတြ႕

တစ္ေန႔မွာ တကၠသုိလ္ကုိ ကုန္ေရာင္း/ဝယ္လာတဲ့ သူငယ္ခ်င္းေဟာင္းမ်ား အမွတ္မထင္ လမ္းမေပၚမွာ ေတြ႕လုိက္တယ္။ ေသာေရယ်က  သူငယ္ခ်င္းေဟာင္းမ်ားကုိ သတိရ၊အမွတ္ရၿပီး သူ႕ရဲ႕ အေစ အပါး မ်ားကုိ ေသာေရယ်ၿမဳိ႔သား မိတ္ေဆြေဟာင္းမ်ားကုိ အိမ္မွာ ေခၚကာ ေသခ်ာျပဳစု ေစာင့္ေရွာက္ လုပ္ေၾကြးတယ္။ သာေရယ် ၿမဳိ႕သားမ်ား .. လူစိမ္းတစ္ေယာက္ မသိ၊ မျမင္ဘူးပါပဲ ယခုလုိ ဧည့္ဝတ္ေက်ကာ ျပဳစုေစာင့္ေရွာက္ လုပ္ေၾကြးတာကုိ အံၾသလုိ႔ ဖြင့္ဟကာ... သူေဌးမ.. က်ေနာ္တုိ႔အား .. အရင္က မသိၾကြမ္းဘူးပါပဲ .. ဘာေၾကာင့္ ဧည့္ဝတ္ ေက်ပြန္ရသလဲလုိ႔" ေမးသတဲ့။

ဒီအခါမွာေတာ့ သူရဲ႕ ဘဝျဖစ္စဥ္ အရွင္မဟာကစၥည္းကုိ ျပစ္မွားမိလုိ႔  မိန္းမျဖစ္သြားရတဲ့ ဇာတ္လမ္းစုံကုိ ရွင္းျပတယ္။ ဒီေနာက္မွာေတာ့ သူငယ္ခ်င္းမ်ား မူလက ေသာေရယ်သူေဌးသားရုပ္ကုိ ဖမ္းမိၾကၿပီး တစ္ေယာက္နဲ႔ တစ္ေယာက္ ဖက္၍ ငုိၾကတယ္။

ရွင္မဟာ ကစၥည္းထံ ဝန္ခ်ေတာင္းပန္
သူငယ္ခ်င္းမ်ား တုိင္ပင္ၾကၿပီး ျပစ္မွားခဲ့တဲ့ အရွင္မဟာကစၥည္းထံသြားကာ ျပစ္မွားမိတဲ့ အျပစ္မ်ားကုိ  ခြင့္လြႊတ္ရန္ ေတာင္းပန္တဲ့ အခါမွာေတာ့ အရွင္းမဟာကစၥည္းက ၾကည္ၾကည္ျဖဳျဖဴ ခြင့္လြႊတ္လုိ႔  ေသာေရယ် မိန္းမဘဝမွ ေယာက်ာ္ဘဝ ျပန္ျဖစ္ရျပန္တယ္။

လင္ႏွင့္သားႏွစ္ေယာက္ကုိ ခြဲခြာ
ေယာက်ာ္းျပန္ျဖစ္သြားတဲ့ ေသာေရယ်  တကၠသိုလ္ျပည္က လင္ေဟာင္းနဲ႔ သားသမီးမ်ားနဲ႔ ျပန္လည္ ဆုံေတြ႕တဲ့ အခါ လင္ေဟာင္းက ဤအိမ္မွာပဲ သားမ်ားနဲ႔အတူ မိတ္ေဆြေတြလုိ အတူေနၾကတာေပါ့လုိ႔ ေတာင္းပန္တယ္။ သုိ႔ေသာ္လည္း  တစ္ဘဝတည္းမွာပင္ မိန္းမျဖစ္ရ၊ ေယာက်္ားျဖစ္ရေသာ ေသာေရယ် ဘဝနာလုိ႔ အရွင္မဟာ ကစၥည္းထံမွာ ရဟန္းျပဳခြင့္ေတာင္းကာ ရဟန္းျပဳလိုက္တယ္။

ရဟန္းဘဝ ေသာေရယ်
ရဟန္းဘဝမွာလည္း မိတ္ေဆြးရဟန္းမ်ားက ..." ေသာေရယ် .. ေယာက်္ားဘဝရခဲ့တဲ့ ကေလးမ်ားနဲ႔ မိန္းမဘဝက ရခဲ့တဲ့ ကေလးမ်ားကုိ ဘယ္ကေလးကုိ ပုိခ်စ္သလဲလုိ႔" ေမးတဲ့အခါ.. မိန္းမဘဝက ရခဲ့တဲ့ ကေလးကုိ ပုိခ်စ္ေၾကာင္း ေျဖသတဲ့။

ရဟႏၲာဘဝ ေသာေရယ်
ဒီလုိ မိတ္ေဆြရဟန္းမ်ားရဲ႕ ဟိုိေမးဒီေမးကုိ  တျဖည္ျဖည္း ရွက္စိတ္ဝင္ကာ ပရိတ္သတ္ကာ ေရွာင္ရွားလွ်က္ တစ္ေယာက္တည္း တရားအားထုတ္တာ ရဟႏၲာျဖစ္သြားတယ္။ အဲဒီေနာက္မွာေတ့ သူငယ္ခ်င္း ရဟန္းမ်ားေမးတဲ့ ' ဘယ္သားအား ပိုခ်စ္ပါသလဲ"လုိ႔ ေမးတဲ့ ေမခြန္းကုိ    "ယခု ငါ့အား  အရာဝတၳဳအားလုံး အေပၚမွာ ခုံမင္ႏွစ္သက္မႈ မရွိေတာ့လုိ႔ ေျဖသတဲ့။
ဒီလုိေျဖေတာ့ ရဟန္းမ်ားက ေသာေရယ် မုသာဝါဒ ေျပာတယ္ဆုိကာ ျမန္စြာဘုရားထံေလွ်ာက္ထားတယ္။
 ျမတ္စြာဘုရားက .. စြဲလမ္းခုံမင္မႈ မရွိေတာ့တဲ့ ေသာေရယ်ဟာ အမွန္ကုိသာ ဆုိျခင္းျဖစ္တယ္ ခ်စ္သားတုိ႔ဟု ဆုိကာ...

ေလာက၌ ေပ်ာ္ရႊင္ျခင္းကုိ...
အေမကလည္း မေပးႏုိင္
အေဖကလည္း မေပးႏုိင္
ေဆြးမ်ုိးသားခ်င္းမ်ားကလည္း မေပးႏုိင္..။
ေကာင္းစြာ ေဆာက္တည္ တည္ၾကည္ေသာ စိတ္ကသာလွ်င္
ေပ်ာ္ရႊင္မႈ အစစ္မွန္ကုိ ေပးႏုိင္တယ္လုိ႔ မိန္႔ၾကားေတာ္မူပါတယ္။ 

ဓမၼပဒ၊ ေသာေရယ်ဝတၳဳ။

*************************

ဒါေၾကာင့္ ေပ်ာ္ရႊြင္မႈကုိ အျပင္မွာ ရွာရွာရင္း ဘဝေတြ၊ ပစၥည္းေတြ၊ အခ်ိန္ေတြ.. ကုန္းခန္းသြားၾကတဲ့ မိတ္ေဆြမ်ားလည္း ေနာက္ဆုံးေတာ့  ေပ်ာ္ရႊင္မႈ အစစ္အမွန္ဆုိတာ .. ကုိယ္တြင္းက တည္ၾကည္တဲ့ စိတ္ပါဟု.. ေျပာခ်င္တယ္။


သောရေယျ ( ယောကျ်ား၊မိန်းမတစ်ဘဝတည်းမှာဖြစ်ရ)



ရှေးရှေးတုန်းက သာဝတၳိပြည်မှာ သောရေယျဆိုတဲ့ သူဌေးသား တစ်ယောက်ရှိခဲ့တယ်။  ပစ္စည်းဥစ္စာ ကြွယ်ဝပြီး သူငယ်ချင်းများနဲ့ စိတ်ထင်တိုင်းကြဲကြတဲ့ ၊ လူငယ်များပေါ့။


တစ်နေ့တော့ သူငယ်ချင်းများနဲ့ လှည်းယာဉ်ကို စီးကာ မြစ်ဆိပ်ကို ရေချိုးဆင်းတယ်။ ထိုအခိုက် မြိုးထဲသို့ ဆွမ်းခံကြွရန်အတွက် ရေချိုးနေသော အရှင်မဟာကစ္စည်းမထေရ်နဲ့ မြစ်ဆိပ်မှာ ဆုံတွေ့ကြပါသတဲ့။


အရှင်မဟာကစ္စည်းဟာ ရှေးဘဝက  အရှင်မဟာကဿပဘုရားရှင်ရဲ့ စေတီတော်မှာ ရွှေသင်္ကန်းလှူဒါန်းခဲ့ လို့ ရုပ်ရေအဆင်းဟာ ရွှေလိုဝါဝင်းလို့နေပါသတဲ့။


ဒီလို့လှပတင့်တယ်တဲ့ မထေရ်ကိုမြင်တော့ သောရေယျ သူဌေးသား စိတ်ဖောက်ပြားကာ " ဤရွှေလို ဝါဝင်း လှပတဲ့ မထေရ် ငါရဲ့ဇနီးဖြစ်ရင်ကောင်းမှာပဲ၊ ငါ့မယားဟာ ဤမထေရ်လို အသားအရေ ဝင်းဝါအီညက်နေ ရင်ကောင်းမှာပဲလို့"  စိတ်ထဲက ပြစ်မှားလိုက်သတဲ့။


သောရေယျတစ်ယောက် ရဟန္တာကို ပြစ်မှာလျှင် ပြစ်မှားခြင်း တစ်ကိုယ်လုံး ယားယံလာပြီး ရင်သား အစုံ ပေါ်ထွက်ကာ  ပုရိသအသွင်ပျောက် ဣတၳိယအသွင်သို့ ချက်ချင်းရောက်သွားတယ်။


ထို့နောက် သောရေယျဟာ သူ့ရဲ့ သူတော်စင်အပေါ် ပြစ်မှားမိတဲ့ ဖြစ်ရပ်၊ မိန်းမအသွင် ပြောင်းသွားရတဲ့ ဖြစ်ထွေ  ကို သူငယ်ချင်းများအား ပြောပြရမှာ ရှက်လို့ ချုံကွယ်ကာ ပုံးအောင်းနေလိုက်တယ်။ "သူ့ရဲ့ မိန်းမနဲ့သား နှစ်ယောက် သူဒီလို မိန်မဘဝ ပြောင်းသွားတာကို သိခဲ့လျှင်.. သောရေယျ မြို့သူ မြို့သားများ သူ့အဖြစ်အပျက်ကို သိခဲ့လျှင် အားလုံး  ထူးထူးဆန်းဆန်းဖြစ်၍ ငါ့ကို လာကြည့်ကြမည်.. ရှက်ဖွယ်တကား" ဟု တွေးကာ သောရေယျ တစ်မြို့တစ်ရွာမှာ ဇာတ်မြုပ်နေလိုစိတ်ဖြစ်လာတယ်။

တက္ကသိုလ်ပြည်ကိုရောက် သောရေယျ
သောရေယျ တစ်ယောက် မိန်မအသွင် ပြောင်းပြီး မိန်းမစိတ်ပေါက်လာသဖြင့် မိန်းမ အဝတ်အစားများ ဝတ်ကာ တက္ကသိုလ်ပြည်သို့ ခရီးဆက်ခဲ့တယ်။ ရွာသူ/ရွားများလည်း မိန်းအသွင်ဖြစ်နေသော သောရေယျကို ဘယ်သူမှ မမှတ်မိတော့။ ရေချိုးဆင်းသော သူငယ်ချင်းများလည်း ပျောက်သွားသော သောရေယျ ရှာမရတဲ့ နောက်ဆုံး ရေနှစ်သေပြီဟု  တစ်ထစ်ချမှတ်ကာ မြို့ကို ပြန်လာ၍ သေသူအတွက် အလှူဒါနပြု လုပ်ကာ အမျှဝေးလိုက်ကြတယ်။

သူဌေးမယား သောရေယျ

သူရေယျ တစ်ယောက်  လမ်းခရီးတစ်ယောက်မှာ  လမ်းလျှောက်ရင်း ခရီးပြင်းလို့ ခြေများ ကွဲအပ်ကာ ခရီးသွား လှည်သမားများကို သူပါလာသော လက်စွပ်ကိုပေးကာ လှည်စီး၍ တက္ကသိုလ်ပြည်ကို လိုက်သွားခဲ့တယ်။ လမ်းခရီး တစ်လျှောက်မှာ သောရေယျရဲ့ အလှအပကို မြင်တဲ့ လှည်သမားများက သူတို့ရဲ့ သူဌေးသားကို ဒီကလေးမ ပေးစားရင် ကောင်းလေစွလို့ တွေးကာ တက္ကသိုလ်ပြည်ရောက်လျှင် သူဌေးသားနဲ့ မိတ်ဆက်ပေးလိုက်တယ်။ သူတို့ နှစ်ဦးသားလည်း မြင်မြင်ခြင်း ချစ်ကြိုက်သွားပြီး  သူဌေးမယား ဘဝဖြင့် သားနှစ်ယောက်မွေးဖွားခဲ့တယ်။ 

သူငယ်ချင်းဟောင်းများနှင့် ပြန်လည်ဆုံတွေ့

တစ်နေ့မှာ တက္ကသိုလ်ကို ကုန်ရောင်း/ဝယ်လာတဲ့ သူငယ်ချင်းဟောင်းများ အမှတ်မထင် လမ်းမပေါ်မှာ တွေ့လိုက်တယ်။ သောရေယျက  သူငယ်ချင်းဟောင်းများကို သတိရ၊အမှတ်ရပြီး သူ့ရဲ့ အစေ အပါး များကို သောရေယျမြို့သား မိတ်ဆွေဟောင်းများကို အိမ်မှာ ခေါ်ကာ သေချာပြုစု စောင့်ရှောက် လုပ်ကြွေးတယ်။ သာရေယျ မြို့သားများ .. လူစိမ်းတစ်ယောက် မသိ၊ မမြင်ဘူးပါပဲ ယခုလို ဧည့်ဝတ်ကျေကာ ပြုစုစောင့်ရှောက် လုပ်ကြွေးတာကို အံသြလို့ ဖွင့်ဟကာ... သူဌေးမ.. ကျနော်တို့အား .. အရင်က မသိကြွမ်းဘူးပါပဲ .. ဘာကြောင့် ဧည့်ဝတ် ကျေပွန်ရသလဲလို့" မေးသတဲ့။

ဒီအခါမှာတော့ သူရဲ့ ဘဝဖြစ်စဉ် အရှင်မဟာကစ္စည်းကို ပြစ်မှားမိလို့  မိန်းမဖြစ်သွားရတဲ့ ဇာတ်လမ်းစုံကို ရှင်းပြတယ်။ ဒီနောက်မှာတော့ သူငယ်ချင်းများ မူလက သောရေယျသူဌေးသားရုပ်ကို ဖမ်းမိကြပြီး တစ်ယောက်နဲ့ တစ်ယောက် ဖက်၍ ငိုကြတယ်။

ရှင်မဟာ ကစ္စည်းထံ ဝန်ချတောင်းပန်
သူငယ်ချင်းများ တိုင်ပင်ကြပြီး ပြစ်မှားခဲ့တဲ့ အရှင်မဟာကစ္စည်းထံသွားကာ ပြစ်မှားမိတဲ့ အပြစ်များကို  ခွင့်လွွှတ်ရန် တောင်းပန်တဲ့ အခါမှာတော့ အရှင်းမဟာကစ္စည်းက ကြည်ကြည်ဖြုဖြူ ခွင့်လွွှတ်လို့  သောရေယျ မိန်းမဘဝမှ ယောကျာ်ဘဝ ပြန်ဖြစ်ရပြန်တယ်။

လင်နှင့်သားနှစ်ယောက်ကို ခွဲခွာ
ယောကျာ်းပြန်ဖြစ်သွားတဲ့ သောရေယျ  တက္ကသိုလ်ပြည်က လင်ဟောင်းနဲ့ သားသမီးများနဲ့ ပြန်လည် ဆုံတွေ့တဲ့ အခါ လင်ဟောင်းက ဤအိမ်မှာပဲ သားများနဲ့အတူ မိတ်ဆွေတွေလို အတူနေကြတာပေါ့လို့ တောင်းပန်တယ်။ သို့သော်လည်း  တစ်ဘဝတည်းမှာပင် မိန်းမဖြစ်ရ၊ ယောကျ်ားဖြစ်ရသော သောရေယျ ဘဝနာလို့ အရှင်မဟာ ကစ္စည်းထံမှာ ရဟန်းပြုခွင့်တောင်းကာ ရဟန်းပြုလိုက်တယ်။

ရဟန်းဘဝ သောရေယျ
ရဟန်းဘဝမှာလည်း မိတ်ဆွေးရဟန်းများက ..." သောရေယျ .. ယောကျ်ားဘဝရခဲ့တဲ့ ကလေးများနဲ့ မိန်းမဘဝက ရခဲ့တဲ့ ကလေးများကို ဘယ်ကလေးကို ပိုချစ်သလဲလို့" မေးတဲ့အခါ.. မိန်းမဘဝက ရခဲ့တဲ့ ကလေးကို ပိုချစ်ကြောင်း ဖြေသတဲ့။

ရဟန္တာဘဝ သောရေယျ
ဒီလို မိတ်ဆွေရဟန်းများရဲ့ ဟိိုမေးဒီမေးကို  တဖြည်ဖြည်း ရှက်စိတ်ဝင်ကာ ပရိတ်သတ်ကာ ရှောင်ရှားလျှက် တစ်ယောက်တည်း တရားအားထုတ်တာ ရဟန္တာဖြစ်သွားတယ်။ အဲဒီနောက်မှာတေ့ သူငယ်ချင်း ရဟန်းများမေးတဲ့ ' ဘယ်သားအား ပိုချစ်ပါသလဲ"လို့ မေးတဲ့ မေခွန်းကို    "ယခု ငါ့အား  အရာဝတၳုအားလုံး အပေါ်မှာ ခုံမင်နှစ်သက်မှု မရှိတော့လို့ ဖြေသတဲ့။
ဒီလိုဖြေတော့ ရဟန်းများက သောရေယျ မုသာဝါဒ ပြောတယ်ဆိုကာ မြန်စွာဘုရားထံလျှောက်ထားတယ်။
 မြတ်စွာဘုရားက .. စွဲလမ်းခုံမင်မှု မရှိတော့တဲ့ သောရေယျဟာ အမှန်ကိုသာ ဆိုခြင်းဖြစ်တယ် ချစ်သားတို့ဟု ဆိုကာ...

လောက၌ ပျော်ရွှင်ခြင်းကို...
အမေကလည်း မပေးနိုင်
အဖေကလည်း မပေးနိုင်
ဆွေးမျိုးသားချင်းများကလည်း မပေးနိုင်..။
ကောင်းစွာ ဆောက်တည် တည်ကြည်သော စိတ်ကသာလျှင်
ပျော်ရွှင်မှု အစစ်မှန်ကို ပေးနိုင်တယ်လို့ မိန့်ကြားတော်မူပါတယ်။ 

ဓမ္မပဒ၊ သောရေယျဝတၳု။

*************************

ဒါကြောင့် ပျော်ရွှွင်မှုကို အပြင်မှာ ရှာရှာရင်း ဘဝတွေ၊ ပစ္စည်းတွေ၊ အချိန်တွေ.. ကုန်းခန်းသွားကြတဲ့ မိတ်ဆွေများလည်း နောက်ဆုံးတော့  ပျော်ရွှင်မှု အစစ်အမှန်ဆိုတာ .. ကိုယ်တွင်းက တည်ကြည်တဲ့ စိတ်ပါဟု.. ပြောချင်တယ်။

@thotuzana-blogspot


No comments:

Post a Comment