........သည်ဆိုဘ်ရောက်လာ များသတ္တာချမ်းသာကိုစိတ်မြဲပါစေ၊ ဥပါဒ်ရန်ဘေးကင်းစင်ဝေးငြိမ်းအေးကြပါစေ.........

Oct 20, 2018

တရားပြည့်ဝသောမိသားစု

* တရားပြည့်ဝသောမိသားစု *
📌📌📌📌📌📌📌📌📌📌

အသောကံ = စိုးရိမ်ပူဆွေး ငိုကြွေးမှုမရှိခြင်း။

ရှေးအခါက ရွာတစ်ရွာတွင် ဒါန သီလနှင့် ပြည့်စုံရုံမက သတ္တဝါတို့၏ အသက်ရှင်ခြင်းသည် မမြဲ။ သေခြင်းကသာ မြဲ၏ ဟု သေခြင်းတရားကို အမြဲနှစ်လုံးသွင်းသော လယ်သမားမိသားစု တစ်စု ရှိ၏။

တစ်နေ့ သားအဖနှစ်ယောက် လယ်ထွန်သွားရာ မြွေကိုက်၍ သား သေ၏။ သား၏အလောင်းကို သစ်ပင်အောက်၌ ကောင်းစွာထားပြီး ပူဆွေးငိုကြွေးခြင်း မပြုဘဲ
" သေမျိုးတို့မည်သည် သေရမည်သာတည်း " ဟု တရားနှလုံးသွင်းကာ ဆက်လက် လယ်ထွန်နေ၏။
သူ၏အိမ်သားလေးယောက် ရောက်လာဂြာသောအခါ
အလောင်းကို ကောင်းစွာ သင်္ဂြိုဟ်ဂြာ၏။ တရားပြည့်ဝဂြာသည်ဖြစ်၍ တစ်ယောက်မျှ မျက်ရည် မကျပါပေ။

ထိုမိသားစု၏ သီလတန်ခိုးအဂြောာင့် သဂြာားမင်းသည် ခရီသွားအဘိုးအိုယောင် ဟန်ဆောင်၍ ဆင်းလာကာ

" အမောင်တို့ အလွန်ချစ်သော သားအရင်း သေသည်
ဖြစ်ပါလျှက် အဘယ်ဂြောာင်း မငိုဂြာသနည်း " ဟု
မေး၏။

ထိုအခါ ရှေးဦးစွာ ဖခင်က
" အို အရှင် မြွေသည် အရေဟောင်းကို စွန့်၍သွားသကဲ့သို့ ငါတို့၏ သားသည် မိမိကိုယ်ကိုစွန့်၍ သွားခဲ့ပြီ။ ဤကျန်သောကိုယ်သည် ကျွန်ုပ်၏ သားမဟုတ်။ ကျွန်ုပ်၏သားကား မိမိလားရာ ဘုံဂတိသို့ သွားလေပြီ။ သို့အတွက် ကျွန်ုပ်သည် အဘယ်ကြောင့် ပူဆွေးရပါမည်နည်း " ဟုဆို၏ ။

ထို့နောက် မိခင်ကလည်း
" အို အရှင် ကျွန်ုပ်တို့၏သားသည် ကျွန်ုပ်တို့က မခေါ်ဘဲ ကျွန်ုပ်တို့အိမ်၌ သားအဖြစ် လာရောက်၏။ ယခုလည်း ကျွန်ုပ်တို့က ခွင့်မပြုဘဲ ဘဝတစ်ပါးသို့ ပြောင်းသွား၏။ ဤသို့ အလို့အလျောက်လာ၍ အလို့အလျောက် ပြန်သွားသော သားအတွက် ငို၍ အဘယ်မှာ အကျိုးရှိအံနည်း။ မိဘဆွေမျိုးတို့ ပူဆွေးသောကနှင့် ငိုကြွေးသည်ကိုလည်း သိနိုင်ပါ၏လော။ ထိုသို့ မသိနိုင်သူ တစ်ယောက်အတွက် ပူဆွေးသောကနှင့် ငိုကြွေးခြင်းသည် အဘယ်မှာ အကျိုးရှိအဲ့နည်း " ဟု ဆို၏။

ထို့နောက် နှမဖြစ်သူကလည်း
" အရှင် အကျွန်ုပ်ငိုသော် ဂြာုံလှီ၍ အဆွေခင်ပွန်း ချစ်ကျွမ်းဝင်သူတို့ စိတ်မချမ်းသာရုံသာ ရှိပါအဲ့။ အဘယ်မှာ အကျိုးတစ်စုံတရာ ရှိအံ့နည်း " ဟု ဆို၏။

ထို့နောက် မယားကလည်း
" အရှင်  သေပြီးသောသူအတွက် ငိုကြွေးခြင်းသည် ကောင်းကင်မှ လမင်းကိုပေးပါဟု ငို၍
တောင်းသော သူငယ်နှင့်တူ၏ ။ ကျွန်ုပ်တို့ငိုဂြွေားခြင်းကို သိတော့မည်မဟုတ်။ သေပြီးသူကို  တောင်းတငိုဂြွေား
သူသည် ကွဲလေပြီးသော အိုးကို ပြန်စေ့စပ်ရန် တောင့်တသည်နှင့် တူ၏။ ကျွန်ုပ်၏ခင်ပွန်းသည် သူနှင့်ထိုက်ရာ ဘုံဘဝသို့ သွားရလေပြီ။ သို့အတွက် အဘယ်မှာ ပူဆွေးရန် လိုပါအဲ့နည်း " ဟု
ဆိုလေသည်။

ထိုကဲ့သို့ အသီးသီး ပြောဆိုဂြာရာ သဂြာားမင်းသည် ထိုသူတို့အား အလွန်ဂြာည်ညိုလှသဖြင့်

" သင်တို့သည် မှန်သောအယူရှိကြ၍ သေခြင်းတရာကိုလည်း ကောင်းစွာဆင်ခြင်နိုင်ကြသော သူတော်ကောင်းများပေတည်း။ ကျွန်ုပ်သည် စင်စစ် သိကြားမင်း ပေတကား။ သင်တို့ကို စမ်းသပ်လို၍ လာခဲ့ရာ၏ " ဟုဆိုကာ သိကြားအသွင်ကို ပြ၍ ရတနာမိုးရွာပေးကာ " ဤ ရတနာတို့ဖြင့် ဘဝကို မတောင့်မတ မကြောင့်မကျ နေရစ်ကြကာ ဒါန သီလ  ဘာဝနာတို့ကို ကြိုးစားပြုဂြာလော့ " ဟု ဆိုကာ နတ်ပြည်သို့ ပြန်လေ၏။

ငါးရာ့ငါးဆယ် ၊ဥရဂဇာတ်

ဤဇာတ်တော်အရ

စိုးရိမ်သောကမရှိခြင်းဟာ မင်္ဂလာတစ်ပါးဖြစ်သည် ဆိုသည်ကို ရည်ညွန်းဖော်ပြလို၏။

ကိုယ်ချစ်တဲ့မိသားစု အသိုင်းအဝိုင်းတွေနဲ့ ခွဲခွါရခြင်း။ စီးပွားဥစ္စာ၊ ရာထူးဂုဏ်သိမ်ပျက်စီးရခြင်း။ ကဲ့ရဲ့ခံရခြင်း။ ဆင်းဆင်းရဲရဲဖြင့် ဘဝကို ရပ်တည်ရခြင်း။ သေခြင်း စသော လောကဓံတွေနဲ့ တွေ့ဂြာုံရတဲ့အခါ စိုးရိမ်သောကတွေနဲ့ ဝမ်းနည်းပက်လက် ဖြစ်တတ်ဂြာပါတယ်။ အဲဒီလိုဖြစ်တာဟာ တရားမသိလို့ ဖြစ်ရတာပါ။ တချို့ တရားသိသော်လည်း တရားမရှိကြ၍လည်း လားတူ ခံစားကြရ၏။

ဓမ္မမိတ်ဆွေတို့လည်း ကိုယ့်ပတ်ဝန်းကျင်မှာ
ဒီလိုမျိုး သေခြင်းတရားနဲ့ တွေ့ဂြာုံလာတဲ့အခါ
သေခြင်းဆိုတာ သဘဝပဲမို့ စိုးရိမ်သောက မရှိဘဲ
နေထိုင်နိုင်အောင် သတိတရား လက်ကိုင်ထားနိုင်ဂြာပါစေ။

ဘယ်အရာမေ့မေ့ တရားမမေ့ပါနှင့်။

မေတ္တာ ဂရုနာများစွာဖြင့်
                                  
Moon Lay
🌟🌟🌟🌟🌟🌟🌟🌟🌟🌟🌟🌟🌟

#Credit to Original Uploader.


No comments:

Post a Comment