........သည်ဆိုဘ်ရောက်လာ များသတ္တာချမ်းသာကိုစိတ်မြဲပါစေ၊ ဥပါဒ်ရန်ဘေးကင်းစင်ဝေးငြိမ်းအေးကြပါစေ.........

Jul 9, 2018

"သံဃာကိုကျောင်းဆောက်လှူတာနဲ့ စေတီတည်တာ ဘယ်ဟာပိုအကျိုးများလဲ?"

"သံဃာကိုကျောင်းဆောက်လှူတာနဲ့
စေတီတည်တာ ဘယ်ဟာပိုအကျိုးများလဲ?"
************************ (ပါချုပ်ဆရာတော်ကြီး)

စေတီတစ်ဆူတည်ပြီးတော့ ဘုရားကိုးကွယ်မယ်ဆိုလို့ရှိရင် မြတ်စွာဘုရားကိုအာရုံပြုလို့ ဗုဒ္ဓပူဇာတော့ဖြစ်ပါတယ်..
ကျောင်းတစ်ကျောင်းဆောက်ပြီးတော့ လှူလိုက်တာလောက် ဒီသာသနာတော်အတွက် အကျိုးဖြစ်ထွန်းမှုရှိမရှိ စဉ်းစားပြီးတော့ကြည့်ကြရအောင်..

စေတီလှူတယ် ဟုတ်ပြီ
လမ်းသွားလမ်းလာပုဂ္ဂိုလ်တွေ ဘုရားကိုရှိခိုးမယ် လက်အုပ်ချီကြတယ် ကုသိုလ်ရကြမယ် မှန်တယ် ဒီလောက်ပဲ..
စေတီတည်တဲ့ပုဂ္ဂိုလ်ဟာလည်း ဘုရားကိုအာရုံပြုပြီးတော့ကုသိုလ်တွေရမယ် ဟုတ်တယ် အဲလောက်ပဲရမယ်..

#ကျောင်းတစ်ဆောင်ဆောက်လှူလို့ရှိရင်
#ဘုရားကိုပူဇော်ပြီးသားလည်းဖြစ်မယ်
#တရားကိုပူဇော်ပြီးသားလည်းဖြစ်မယ်
#သံဃာကိုပူဇော်ပြီးသားလည်းဖြစ်မယ်
#ရတနာသုံးပါးလုံးပူဇော်ပြီးဖြစ်ရုံမျှမက #သာသနာတော်အဓွန့်ရှည်ကြာဖို့ #မိမိပြုလုပ်လိုက်တဲ့ကုသိုလ်ဟာ #တစ်ထောင့်တစ်နေရာကနေပြီးတော့ #အကျိုးပြုနေတာဖြစ်တယ်..
#အင်မတန်မှတန်ဖိုးရှိတဲ့ကုသိုလ်လို့စိတ်ထဲမှာဝမ်းသာနေရမယ်..

''ဘုရားထက်မြတ်တယ်''လို့ ပြောတာမဟုတ်ဘူးနော် စဉ်းစားပြီးတော့ကြည့်
အကျိုးဖြစ်တာကိုပြောတာနော်..
မြတ်စွာဘုရားက စေတီတည်ပြီးတော့ကိုးကွယ်တာကို ကုသိုလ်မရဘူးလို့ ပြောတာမဟုတ်ဘူး ရတယ်
ဘုရားကိုပူဇော်တာမကောင်းဘူးပြောတာမဟုတ်ဘူး ကောင်းတယ်
အကျိုးကိုတွက်ကြည့်လိုက်

ကျောင်းဆောက်လိုက်ရင်
ဘုရားပါတယ် အဲဒီထဲမှာနော်
ဘုရားရုပ်ပွားတော်ထည့်သွင်းပူဇော်ထားတယ်
#ဗုဒ္ဓပူဇာ
သံဃာတွေသီတင်းသုံးနေတဲ့အတွက်ကြောင့်
ထိုသံဃာတွေသင်ကြားနေတဲ့တရား
#ဓမ္မပူဇာ
သံဃာတွေကိုပူဇော်ခြင်းဆိုတဲ့
#သံဃာ့ပူဇာ

စေတီကိုတည်ထားကိုးကွယ်မယ်ဆိုရင်
ဗုဒ္ဓပူဇာတစ်ခုပဲရနိုင်တယ်
ဓမ္မပူဇာမရနိုင်ဘူး သံဃာ့ပူဇာမရနိုင်ဘူး
ဘာပြုလို့တုန်းဆို စေတိယ_စေတီက
အာရုံပြုလို့ရတာတစ်ခုပဲရှိတယ်
အခုလို စာပေကျမ်းဂန်တွေအကြောင်းပြုပြီးတော့ သံဃာတွေသီတင်းသုံးလို့ရတာမဟုတ်ဘူး
အဲဒါကြောင့်မို့ ကျောင်းဆောက်ပြီးတော့လှူရတာဟာ
သာသနာတော်အတွက် အင်မတန်မှအကျိုးဖြစ်တယ် ဒီလိုမှတ်ရမယ်နော်..

မြတ်စွာဘုရားကိုယ်တိုင်ကိုက
ဝေလာမသုတ္တန်မှာ
သံဃာကိုကျောင်းဆောက်လှူဒါန်းတာဟာ ပိုကောင်းတယ်
ဆွမ်း သင်္ကန်း ကျောင်း ဆေး ဆိုတဲ့အလှူဟာ ပိုကောင်းတယ်တဲ့နော်

ဘာပြုလို့လဲဆိုရင် အခုပြောတဲ့အတိုင်းပဲ
ကျောင်းဆောက်လိုက်သဖြင့် ဗုဒ္ဓပူဇာဖြစ်တယ်
တရားဓမ္မတွေသင်ယူပို့ချနေသည့်အတွက်ကြောင့် ဓမ္မပူဇာလည်းဖြစ်တယ်
သံဃာတွေသီတင်းသုံးနေသည့်အတွက်ကြောင့် သံဃာ့ပူဇာလည်းဖြစ်တယ်
ဒါတင်လားလို့ဆိုတော့ မကဘူး
သံဃာတွေက
အဲဒီကျောင်းမှာ သီတင်းသုံးပြီးတော့
(Generation to Generation) မျိုးဆက်သစ်တွေကိုလက်ဆင့်ကမ်းပြီးတော့
ဘုရားရဲ့တရားတော်တွေကို သင်ကြားပို့ချပေးလိုက်လို့
နောက်တစ်ဆက်က ထပ်ပြီးတော့ သင်ကြားပို့ချပေးမယ်ဆိုရင် မြတ်စွာဘုရားရဲ့တရားတော်တွေကို လက်ဆင့်ကမ်းပြီးသင်ယူသွားတာပဲ..

ရှေးတုန်းကလည်း ဒီစနစ်နဲ့သင်ယူလာလို့
ခု (၂၆၀၀)ထိအောင်
တရားတွေမပျောက်မပျက်တာ..
အကယ်၍ မသင်ပဲနေမယ်ဆိုလို့ရှိရင် ပျောက်သွားတာကြာလှပြီ ဘယ်သူမှအဓိပ္ပါယ်မဖော်နိုင်တော့ဘူး အဲတော့
သာသနာရှည်ကြာဖို့အတွက် တို့လုပ်ထားတဲ့အလုပ်ဟာ အင်မတန်မှအကျိုးဖြစ်တယ်လို့ မှတ်ရမယ်..

                         ပါချုပ်ဆရာတော်ကြီး

စေတနာမေတ္တာအရင်းခံဖြင့်မျှဝေပူဇော်ပါသည်
#Credit to Original Uploader


No comments:

Post a Comment