........သည်ဆိုဘ်ရောက်လာ များသတ္တာချမ်းသာကိုစိတ်မြဲပါစေ၊ ဥပါဒ်ရန်ဘေးကင်းစင်ဝေးငြိမ်းအေးကြပါစေ.........
Jul 13, 2018
သူရဿတီ ဘယ်ကလာသလဲ
သူရဿ     တိ ဘယ်က လာသလဲ
*********************
ဗုဒ္ဓ၊ ခရစ်ယာန်၊ အစ္စလာမ်၊ ဟိန္ဒူ၊ ! ဂျူးး ဘာသာကြီးငါးခုကို
လက်လှမ်းမမီတဲ့ လူတွေက တောတွေ ရှိခိုး၊ တောင်တွေ ရှိခိုး
အမျို းကို စုံနေတယ်။
ဗမာတွေကတော့ သုံးဆယ်ခုနှစ်မင်း ရှိခိုးကြတယ်။ နည်းသေးတယ်ထင်ရင် အိန္ဒိယပြည် သွားတောင်းကြ။
ဟိုမှာ သုံးထောင့်ခုနှစ်ရာမကဘူး။
မှောင်ခိုလမ်းကြောင်းကနေ ရောက်လာတယ် ဆိုကြပါစို့၊
မင်းတို့ဘုရားကျောင်းဆောင်ပေါ်မှာ သူရဿ     တိဆိုတဲ့ အရုပ်ကလေး ရှိတယ်။
ပိဋကတ်သုံးပုံ သူက စောင့်တယ်တဲ့။ တိပိဋကဆရာတော်တွေ
အလကားဖြစ်သွားရော။ သြော်- ဒုက္ခ--
သူရဿ      တိ ဘယ်က လာသလဲ သိလား။ ဗမာပြည်မှာ မွေးတဲ့
နတ်သမီး မဟုတ်ဘူး။ သူ့ရဲ့ မွေးရပ်မြေက ပန်ဂျပ်မှာ မွေးတာ။
ပန်ဂျပ်ဆိုတာ သိလား။ အိန္ဒိယပြည် အနောက်ပိုင်း ပါကစ္စတန်အရှေ့ပိုင်းနှစ်နယ် စပ် ဟိုဘက်တစ်ခြမ်း ဒီဘက်တစ်ခြမ်း။ အဲဒီမှာ ပဉ္စရယ်အာပရယ် ပေါင်းစပ်ထားတာ။
အဲဒါကို ပန်စာပလို့ တွဲဖတ်တယ်။
ကုလားသံနဲ့ ဖတ်တော့ ပန်ဂျာပလို့ ဖြစ်တယ်။ ပဉ္စ က ငါးခု၊
အာပ က မြစ်၊ မြစ်ငါးစင်းရှိတဲ့ အရပ်ကို ပန်ဂျာပလို့ ခေါ်တာ။
အဲဒီမြစ်ငါးစင်းထဲမှာ ဆရဆွတ္တီဆိုတဲ့ မြစ်ရှိတယ်။
ဗမာလို ဖတ်တော့သူရဿ     တိ ပေါ့။ အဲဒီမြစ်က နတ်သမီးပဲကွ။
အိန္ဒိယပြည်မှာ အာရီယန်ဆိုတဲ့ လူတွေ အခြေချ ပြီး အစောဆုံးနေတာ။
အဲဒီ ပန်ဂျပ်မှာနေတာ အာရီယန်တွေ ဘယ်က စတာလဲ သိလား။အာရီယန်တွေ ကော့ကေးရှပ် တောင်တန်းကြီးက ဆင်းလာခဲ့တဲ့အကောင်တွေ၊ ကော့ကေးရှပ် တောင်တန်းကြီးက ဘယ်နားရှိလဲ။
ပဲခူးရိုးမမှာ မရှိဘူး။
shan mountainရှမ်းတောင်တန်းမှာလည်း မရှိဘူး။
ကက်စပီယန်ပင်လယ်နဲ့ ပင်လယ်နက် အကြား မြောက်ဖက်နား
ဂျော်ဂျီယာပြည်နယ်ထဲမှာ ရှိတယ်။ ရုရှားပြည်ရဲ့ တောင်ဘက်စွန်းပေါ့။အဲဒီက လူတွေကို အာရီယန်လို့ ခေါ်တာ။
သူတို့တွေ ဆင်းဆင်းလာကြတာ တောင်တန်းက တစ်နှစ်လုံး ရေခဲ၊စားစရာက မရှိ၊ အဲဒါနဲ့ အရှေ့ ဆင်းတဲ့ကောင်က ဆင်း၊ အနောက်ဆင်းတဲ့ ကောင်က ဆင်း၊ အရှေ့ဘက်နှင့် တောင်ဘက်ဆင်းတဲ့ ကောင်ကများတယ်။
အုပ်လိုက်အုပ်လိုက် ကျွဲအုပ်တွေ၊ နွားအုပ်တွေ၊ သိုးအုပ်တွေ၊
ဆိတ်အုပ်တွေနဲ့ ဆင်းသွားကြတာ။ အဲလို ကျွဲ၊ နွား၊ ဆိတ်၊ သိုးနဲ့ သွားတဲ့ ဒီလူအုပ်တွေကို ကာရေဗီယန် ခေါ်တာ။
ကာရေဗီယန်ဆိုတာ မော်တော်ကားနာမည် ပြောတာမဟုတ်ဘူး။ အဲဒီ အုပ်လိုက်ကြီး ဆင်းလာပြီးတော့
မြေထဲပင်လယ် ကမ်းနားတစ်ဝိုက် သဲကန္တာရတွေထူတဲ့ အရပ်တွေမှာအခြေချနေခဲ့ကြတယ်။ ဒီကနေ့ မင်းတို့သိတဲ့ အီရန်၊ အီရတ်ဆိုတဲ့တိုင်းပြည်တွေကို အဲဒီလူတွေ ထူထောင်ခဲ့ကြတာ။
အဲဒီဆိတ်အုပ်တွေ သိုးအုပ်တွေနဲ့ အရှေ့ကို ဆက်လက် ချီတက်တော့အာဖဂန်နစ္စတန်ဖြတ်ပြီး ပါကစ္စတန်ဖြတ်ပြီး အရှေ့ဘက် ချီတက်ကြတယ်။ အာဖဂန်တို့ ပါကစ္စတန်တို့ဆိုတဲ့ တိုင်းပြည်တွေ ပေါ်တာ သိပ်မကြာသေးဘူး။
နှစ်တစ်ထောင်ကို မရှိသေးဘူး။
အဲဒီတော့ တိုတိုပြောစို့... မြစ်ငါးစင်းရှိတဲ့ အရပ်ကို ရောက်တာ
အနောက်ဘက်ကနေ သူတို့ ဖြတ်လာခဲ့သမျှ လမ်းတစ်လျှောက်လုံးဟာ သဲတွေချည်းပဲဆိုတော့ မြစ်ငါးဆင်းရှိတဲ့ အရပ်လည်း ရောက်ရော
ဧရာဝတီလို ဖြစ်နေတာ၊ နယ်မြေတစ်ခုလုံးက စိမ်းစိုညိုနေတဲ့အရပ်ဆိုတော့
လူတို့ Settle အခြေချနေကြတာ။
``ဒီလောက် စိမ်းစိုလှပစရာဖြစ်တဲ့ ဒီမြေကြီးကို ဘယ်သူများ
ဖန်ဆင်းခဲ့သလဲလို့´´တွေးပြီး ဖန်ဆင်းရှင်ရှာတော့ ဗြဟ္မာ သွားတွေ့ရော။တကယ်တော့ ဗြဟ္မာကို ဘယ်သူမှ မြင်တာ မဟုတ်ဘူး။ စိတ်ကူးနဲ့ သူတို့ဖော်ထုတ်တာဆိုတော့--
Brama created this word ဖြစ်တော့တာ။
ဟော... တော်တော်ကြာကျတော့ ဟာ ဒီလောက် သန်းပေါင်းများစွာ
ကြာနေတဲ့ ဒီကမ်ဘာ Who preserved?,whomaintained?
ဘယ်သူ ထိန်းထားလဲဆိုပြီး maintainer (ထိန်းသိမ်းစောင့်ရှောက်သူ)ကိုသူတို့ ရှာကြပြန်တယ်။
ဒီတော့ သွားတွေ့တယ်။Vishnu is the maintainer.
နောက်ကျတော့ မုန်တိုင်းတွေ တိုက်လို့ သေကြပြန်ရော။ ရေလျှံလို့သေကြပြန်ရော။ တောမီးတွေ လောင်လို့ သေကြပြန်ရော။ဟာ... Who destory this world?
destroyer (အဖျက်သမား)ဘယ်သူလဲ။ Shiva- ရှီဝ ပေါ့။
Shiva destroy this world.
အဲဒီ Brama ရယ်၊ Vishnu ရယ်။ Shiva ရယ်ကို ရတနာသုံပါးတဲ့။သူတို့တွေ သတ်မှတ်လိုက်ကြတာ။
မင်းတို့ငါတို့မှာလည်း ရတနာသုံးပါးရှိတယ်ဆိုတော့ Similar
ဖြစ်နေတယ်။
အဲလောက်လှတဲ့ ကမ်ဘာကြီးကို ဖန်ဆင်းတဲ့ Brama (ဗြဟ္မာ)ရယ်...စောင့်ရှောက်တဲ့ Vishnu ( ဗိဿ     နိုး) ....ဖျက်ဆီးတဲ့ Shiva(ရှီဝ)ရယ်... ဒီဘုရားကြီး သုံးဆူကို ပူဇော်ဖို့ ပူဇော်တဲ့ နည်းစနစ်တွေကိုရေးတယ်။ အဲလို ပူဇော်တဲ့ ကျမ်းတွေဟာ `ယဇုဗေဒ´ဆိုပြီးဖြစ်လာတယ်။ ပူဇော်တဲ့နေရာမှာ ဂါထာမန္တရားတွေ ရွတ်နည်းဖတ်နည်းတွေကို
ရေးသားတဲ့ကျမ်းက `သောမဗေဒ´ကုလားလို (ရှာမဗေဒ)လို့ ဖြစ်လာတယ်။ဒီတော့ ဗေဒသုံးခုလို့ လာတယ်။ ဒို့ ပိဋိကတ်သုံးပုံနဲ့ လာဆင်တူနေပြန်တယ်။
အဲဒီတော့.. . သူရဿ     တိ ဆိုတဲ့မြစ်က တောင်ကြိုချောက်ကြား
ကျောက်ဆောင်ကျောက်စွယ်တွေကိုဖြတ်ပြီး ရေစီးတော့ နိမ့်တစ်လှည့်မြင့်တစ်လှည့်နဲ့ ရေစီးတယ်။ လေ လေးလည်းအတိုက်မှာ အဲဒီ ရေစီးကထွက်လာတဲ့ အသံဟာ ဂီတသံနဲ့ တူတယ်။ ဂီတာသံလေးလိုလို သီးချင်း
ဆိုနေတဲ့ အသံလေးလိုလိုပေါ့။ ဒီတော့ အသံရှိတဲ့ ဒီမြစ်ကို `သရဝတီ´ကနေ အသံပြောင်းတော့ `သူရဿ     တိ´ဖြစ်သွားတော့တာပဲ။
မန္တာန်တွေ ဂါထာတွေ ရေးသားသီကုံးပြီးတော့ စာအုပ်ကလေးပြု စုတော့အဲဒီစာအုပ်က သာမဗေဒ ဖြစ်လာတယ်။ဒီတော့.. . အဲဒီမြစ်ငါးစင်းရှိတဲ့ လူတွေကို ဗမာခေါ် ခေါ်ရင် `ပန်ချာပီ´ဖြစ်လာတာပေါ့။
ဒီအသံကောင်းတဲ့ ဒီမြစ်ကို စောင့်ရှောက်တာ နတ်သားလား၊
နတ်သမီးလား.... ဟုတ်ပြီ နတ်သမီးဖြစ်ရမယ်။ မြစ်ကလေးကလည်းလှ၊အသံလေးကလည်း သာတယ်ပေါ့။ အဲဒီနဲ့ နတ်သမီးပုံလေးကို စိတ်ကူးနဲ့ရေးကာ မြစ်ထဲဆိုတော့ ဘဲလေးတွေ သွားနေတာကို ဘဲလေးပေါ်မှာနတ်သမီးလေး တင်ပြီး စိတ်ကူးနဲ့ ရေးလိုက်ကြရော ဆိုတော့....
`သူရဿ     တိ´နတ်သမီးဆိုပြီး အဲဒီမှာ မွေးတာ။ သရဝတီမြစ်၊ ပန်ဂျပ်မှာမွေးတာ။ ဟိန္ဒူ ကုလားတွေ စိတ်ကူးနဲ့ မွေးထုတ်တာနော်။ တကယ် မွေးတာတော့ ဟုတ်ချင်မှ ဟုတ်မှာပေါ့။
သူရဿ     တိ ဘယ်သူမြင်ဖူးသလဲ။ ဘယ်သူမှ မမြင်ဖူးဘူး စိတ်ကူးတာ။ဗြဟ္မာ ဖန်တီးသတဲ့။ ဘယ်သူပြောလဲ... ဘယ်သူ မြင်ဖူးသလဲ။ဘယ်သူမှ မမြင်ဖူးဘူး။ Nobody see but they are imagine. ဗိဿ     နိုး  စောင့်ရှောက်တယ်တဲ့။
ဘယ်သူတွေများ ဗိဿ     နိုး နဲ့ ဗြဟ္မာကို တွေ့ဖူးလိုက်သလဲ။
မတွေ့ဖူးကြဘူး။ အဲဒီလို စိတ်ကူးနဲ့ ဖော်ထုတ်တဲ့ ဘာသာရေးမျိုးကိုImaginary religion လို့ ခေါ်တာ။
မင်းတို့ စိတ်ကူးယဉ်ဝါဒမျိုးကို ကြိုက်သလား။ လက်တွေ့ဝါဒမျိုးကိုကြိုက်သလားမေးရင် မင်းတို့ အဖြေ ရှင်းရှင်းထုတ်နိုင်မှာပေါ့ ဟုတ်လား။
အဲဒါကြောင့် လက်တွေ့ကျကျ မျက်တွေ့ကျကျ လူနဲ့ထိတွေ့ပြီးတော့စနစ်ကျတဲ့ ဘာသာတရားကို ယုံကြည်လက်ခံခွင့်ရတဲ့ ဒီဘဝဟာ
ဘဝကောင်းတစ်ခုပဲလို့ အားလုံး နားလည်ကြစေချင်ပါတယ်။
အင်း... ဟုတ်ပြီဆိုတော့ သူရဿ     တိ အကြောင်းဆက်ရအောင်။
သူ ဘယ်မှာ မွေးလဲ၊ ပန်ဂျပ်က သူရဝတီဆိုတဲ့ မြစ်ထဲ မွေးတဲ့ နတ်သမီး။သူ ဗမာပြည် ရောက်လာတာ ဘယ်လမ်းကြောင်းက ရောက်လာသလဲ။အဲဒီကောင်မလေး ဗီဇာ မပါဘူးကွနော် Without visa နဲ့ရောက်လာတာ။
ဗမာတွေရဲ့ နှလုံးသားထဲကို ဒီကောင်မလေး ဝင်အောင် ဘယ်သူကစထည့်သွားမှန်း မသိပါဘူး။ ပိဋကတ်သုံးပုံစောင့်နတ်သမီး ဆိုပြီးတော့
လုပ်လိုက်ကြတာဟာ ဘုရားကျောင်းဆောင်ပေါ် သူ တက်ထိုင်တယ်။ဒါတင်မကဘူး၊ တင်ပလ္လင်ချိတ်ပြီး ဒူးကြီးဖော်ထိုင်နေတဲ့ လူကြီးလည်း
ဘုရားစင်ပေါ် ရောက်လာတယ်။
ဟာ... ဘုရားရဲ့ ဘေးမှာ ရောက်ရောက်လာ
တက်တက်လာ ကြတာ။ဟာ... ဒီဘက်က သူရဿ      တိ ဆိုတဲ့ကောင်မလေးတက် လာပြီ။
ဟာ... ဒီဘက်က ဦးရှင်ကြီးကြွလာပြီပေါ့။ ဟာ... ဟိုဘက်က ကွမ်ရင်လည်းရောက်လာပေါ့။ (ဗမာလည်း တရုတ်နဲ့ ပေါင်းစပ်ကာ တော်တော်ကြာသွားပြီလေ) နောက်လည်း ဆက်ပေါင်းကြဦးမှာပဲ ဆိုတော့ကွမ်ရင်ကိုလည်း နေရာပေးရမယ်။ သူလည်း ဘုရားကျောင်းဆောင်ပေါ် တက်။
ကြည့်လိုက်တော့.. . မြတ်စွာဘုရား ပြောသာ မပြောတာ၊ သူကြည့်နေတာ`တက်လာကုန်ပြီ ငါ့ဘေးနားမှာ ဟိုကောင် ဒီကောင်တွေ တက်လာကြတာတော်တော်များနေပြီ။ ငါ ဘယ်နေ့ ဆင်းပေးရမလဲ´လို့တော်တော်စိုးရိမ်နေပြီ။
#ပြောချင်တာက သတိထားကြဖို့။
#တကယ့် ဗုဒ္ဓဘာသာ အနှစ်သာရ
#မပျောက်ဖို့ရန်အတွက် အဲဒီစိတ်ကူးယဉ်ဘာသာရေးတွေ မလွှမ်းမိုးဖို့ရန်အရေးကြီးတယ်။
Realistic Teaching နဲ့ Imaginary Teaching ကို
ဂဃနဏ သဘောပေါက် နားလည်ကြပါ။
သီတဂူ ဆရာတော်ဘုရားကြီး
ဒေါက်တာ အရှင်ဉာဏိဿ      ရ 
(CHARACTER IS POWER 2 တရားတော်မှ)
2014 ခုမှ post အား ပြန်လည်မျှဝေပါသည်။
Via Ashin Sumana
သူရႆ     တိ ဘယ္က လာသလဲ
*********************
အမျိုးကို စုံနေတယ်။
အလကားဖြစ်သွားရော။ သြော်- ဒုက္ခ--
ကြာနေတဲ့ ဒီကမ္ဘာ Who preserved?,whomaintained?
ဖြစ်နေတယ်။