........သည္ဆိုဘ္ေရာက္လာ မ်ားသတၱာခ်မ္းသာကိုစိတ္ျမဲပါေစ၊ ဥပါဒ္ရန္ေဘးကင္းစင္ေ၀းျငိမ္းေအးၾကပါေစ.........

Jul 13, 2018

ဥပုသ်​သီလ​စောင့်ခြင်​း အဓိပါ္ပယ်​

ဝါတွင်​းကာလအတွင်​း ဥပုသ်​သီလ​စောင်​့မည်​့သူများအတွက်​
မှတ်​သားနာယူနိုင်​ယူဖို့အတွက်​
တင်​​ပေးလိုက်​ပါတယ်​.....

ဥပုသ်သည် အချုပ်အားဖြင့်
(၁) အရိယာ ( မြတ်သော) ဥပုသ်၊
(၂) ဂေါပါလ (နွားကျောင်းသားစောင့်နည်း)
ဥပုသ် ဟု ၂-မျိုး ရှိ၏။
ထိုတွင်
“အရိယာဥပုသ်”သည်
“ဗြဟ္မဥပုသ်၊  ဓမ္မဥပုသ်”
စသည်ဖြင့် အမျိုးမျိုးရှိ၏။

═══════════
(၁)။ “ဗြဟ္မဥပုသ်”
═══════════
ဘုရားရှင်သည် “ ဗြဟ္မ” မည်တော်မူ၏၊
ရှစ်ပါးသီလယူပြီးလျှင် ထိုဗြဟ္မမည်သော ဘုရားရှင်ကို
အာရုံပြုနေခြင်းကို “ဗြဟ္မဥပုသ်” ဟု ခေါ်၏၊
အလွတ် အာရုံမပြုတတ်လျှင် ဘုရားဂုဏ်တော်ဖွင့်ကို
ရွတ်ဖြတ်ကည့်ရှုနေရာ၏။

═══════════
(၂)။ “ဓမ္မဥပုသ်”
═══════════
ဥပုသ်သီလကို ခံယူပြီးလျှင် တရားတော်၏
ဂုဏ်တော်တစ်ပါးပါးကို အရုံပြု၍လည်းကောင်း၊
တရားဂုဏ်တော် အဖွင့်ကို ကြည့်ရှုရွတ်ဖတ်၍
လည်းကောင်း နေခြင်းကို “ဓမ္မဥပုသ်”
ဟု ခေါ်သည်။

═══════════
(၃)။ “သံဃာ့ဥပုသ်”
═══════════
ဥပုသ်သီလကို ခံယူပြီးလျှင် သံဃာ့ဂုဏ်တော်
တစ်ပါးပါးကို အာရုံပြု၍လည်းကောင်း၊
သံဃာ့ဂုဏ်တော် အဖွင့်ကို ကြည့်ရှုရွတ်ဖတ်၍
လည်းကောင်း၊နေခြင်းကို
“သံဃာ့ ဥပုသ်” ဟု ခေါ်သည်။

═══════════
(၄)။ “သီလဥပုသ်”
═══════════
သီလယူပြီးလျှင် မိမိသီလ၏ မကျိုးမပေါက် ၊
မပြောက်မကျားပုံကို အာရုံပြု၍ ၀မ်းမြောက်စွာ
နေထိုင်ခြင်းကို “သီလဥပုသ်”ဟု ခေါ်သည်။
══════════════════════
“မကျိုး ၊ မပေါက် ၊ မပြောက်၊ မကျား”
══════════════════════
မကျိုး= ရှစ်ပါးသော သိက္ခာပုဒ်တို့တွင်အစ
သိက္ခာပုဒ်သော် လည်းကောင်း၊
အဆုံးသိက္ခာပုဒ်သော်လည်းကောင်း
ပျက်စီးလျှင် “ဥပုသ်ကျိုး”သည် မည်၏၊
ထိုသို့ မပျက်စီးလျှင် ဥပုသ်မကျိုး မပြတ်သည်မည်၏။
▬▬▬▬▬▬▬▬
“ဥပုသ် အကျိုး”
▬▬▬▬▬▬▬▬
ဤသို့ ကျနစွာ စောင့်သုံးအပ်သော အရိယ ဥပုသ်မျိုး၏
အကျိုးမှာ ဇမ္ဗူဒိပ်တစ်ကျွန်းကို အုပ်စိုးရသော
မင်း၊မိဖုရား အဖြစ်မျိုးထက် ကြီးကျယ်ခမ်းနားသည်ဟု
ဟောတော်မူ၏၊ မှန်၏။

မင်းမိဖုရားအဖြစ်ဖြင့် ဇမ္ဗူဒိပ်ကျွန်းကို အုပ်စိုးရခြင်းမှာ
လူ့စည်းစိမ်မျှသာဖြစ်၍ ၊ နတ်စည်းစိမ်ကို ထောက်လျှင်
အောက်ကျ နောက်ကျ သေးနုပ်လှသေး၏။

ထိုစည်းစိမ်လည်း တစ်ဘ၀သာ၊ကျနစွာ စောင့်ထိန်းအပ်သော
ဥပုသ်၏အကျိုးကား လူမင်း၊နတ်မင်းစည်းစိမ်
အကြိမ်အများပင်တည်း။ထို့ကြောင့် ကောင်းမွန်စွာ
စောင့်ထိန်းအပ်သော ဥပုသ်၏ အကျိုးကို
“ဇမ္ဗူဒိပ်တစ်ကျွန်းလုံး အုပ်စိုးရခြင်းထက်ပင် သာ၏”
ဟု ဟောတော်မူပေသည်။
▬▬▬▬▬▬▬▬▬▬▬▬▬
“ကောင်းစွာစောင့်မှ အကျိုးရ”
▬▬▬▬▬▬▬▬▬▬▬▬▬
ဥပုသ်စောင့်ရာ၌ ရှစ်ပါးသီလကို စောင့်ရုံမျှဖြင့်
အကျိုးများသင့်သလောက် မများသေးပါ။
သီလကို စောင့်ထိန်းပြီးနောက် မိမိစိတ်ကို
စင်ကြယ်သန့်ရှင်းနေအောင် အားထုတ်နိုင်မှသာ
အကျိုးရများပါသည်။
[တိကအင်္ဂုတ်္တရ၊ ဒုတိယပံ၊မဟာ၀ဂ္ဂဋ္ဌ။]

ဥပမာ-ဦးခေါင်းကို တန်ဆာဆင်လိုသော
အမျိုးသမီးသည် ဆံပင်ကို စင်ကြယ်အောင်
ခေါင်းလျှော်ရ၏။ ခေါင်းမလျှော်ဘဲ ဖြီးလိမ်း
ပြင်ဆင်လျှင် အနံ့မကောင်း။
ထို့အတူ သီလတန်ဆာဖြင့် ဆင်ထားသူသည်
မိမိ၏စိတ်ကို လောဘ(တဏှာရာဂ)
ဒေါသ-မာန်မာန-ဣဿာ-မစၧရိယ စသော
ကိလေသာ အညစ်အကြေး တု့ိမှ စင်ကြယ်အောင်
ဗြဟ္မဥပုသ်ကိုဖြစ်စေ၊ ဓမ္မဥပုသ် စသည်တို့ တွင်
တစ်မျိုးမျိုးကိုဖြစ်စေ စောင့်သုံးနိုင်မှသာ ရသင့်သမျှ
အကျိုးကို အပြည့်အစုံရနိုင်ပါသည်။

ထို့ကြောင့် နဂိုက လောဘကြီးသူဖြစ်လျှင်
ဥပုသ်စောင့်ရင်း ထိုလောဘကြောင့် ယခုဘ၀
တွေ့ခဲ့ (တွေ့တတ်ကြသော)အပြစ်ကိုလည်းကောင်း၊
နောက်ဘ၀၌ အပါယ်ငရဲအထိဖြစ်နိုင်သည့်
အပြစ်များကိုလည်းကောင်း ဆင်ခြင်၍ လောဘနည်းအောင်
အထူးကြိုးစား၍ “ဘုရားဂုဏ်တော်”
စသည်ကို ပွားများနေပါလော့။

ထိုသို့ ဥပုသ် စောင့်ပြီးနောက် ဥပုသ်ထွက်သောအခါလည်း
လောဘကြောင့် အမှားအယွင်း မရှိရအောင်
နေ့စဉ်သတိထားပါလော့။
ဤသို့ ကြိုးစားလျှင် မကြာခင် လောဘနည်းသူ
(တဏှာရာဂနည်းသူ) ဖြစ်လာပါလိမ့်မည်။
ဒေါသ - မာန - ဣဿာ - မစၧရိယ
အားကြီးသူများလည်း ဤနည်းအတိုင်း ကြိုးစားပါ။
▬▬▬▬▬▬▬▬▬▬▬▬▬
“နွားကျောင်းသားဥပုသ်”
▬▬▬▬▬▬▬▬▬▬▬▬▬
ထိုကဲ့သို့ ကျနစွာမစောင့်နိုင်ဘဲ “ယနေ့ မည်သည့်နေရာ၌
နွားများ ရေသောက်ကြ၏၊ နက်ဖြန် မည်သည့် နေရာ
မြက်စား၍မည်သည့်နေရာ၌ ရေသောက်လိမ့်မည်”
ဟု နွား ကျောင်းသား ကြံစည်ခြင်းကဲ့သို့
“ယနေ့ မည်သည့်စားဖွယ်ကို စား၍ ၊
နက်ဖြန် မည်သည့် စားဖွယ်စားသောက်မည်” ဟု
အစားအသောက် နှင့် လောကီရေးရာကိုသာ
ကြံစည်နေသော ဥပုသ်သည် “ဂေါပါလ ဥပုသ်”
(နွားကျောင်းသားဥပုသ်) မည်၏။
ဤနွားကျောင်းသားဥပုသ် ကို “လုံးလုံးအကျိုးမရှိ”ဟု
မဆိုရသော်လည်း၊ “အကျိုးမများလှ” ဟု
ဟောတော်မူသည်။

═══════════
“သတိပေးချက်”
═══════════
ထို့ကြောင့် နွားကျောင်းသားဥပုသ်မဖြစ်စေဘဲ
အရိယဥပုသ်မျိုးဖြစ်အောင် ကြိုးစား၍စောင့်သုံးမှသာ
လောက အကျိုး၊သံသရာအကျိုး၂-ပါးစုံတိုးဖွယ်ရှိ၏၊
ယခုအခါ၌ကား ဥပုသ် စောင့်ရင်း
စားသောက်ကြ၊ပျော်ရွှင်ကြသဖြင့် စဉ်းစားတတ်သူအဖို့မှာ
စိတ်ပျက်စရာ ကောင်းလှသည့်အပြင် ဘာသာခြားတို့က
များစွာ သော မြန်မာတို့ ဥပုသ်စောင့်ပုံကို ကြည့်ကာ
“ဆင်ခြင်စဉ်းစားဉာဏ် မရှိသော လူမျိုး” ဟု
အထင်သေးကြပေလိမ့်မည်။
ထို့ကြောင့် အမျိုး ဘာသာ အဆင့်အတန်းမြင့်ရေးကို
တွေးကာ စည်းကမ်းကျကျ ဥပုသ်စောင့်ဖို့
သတိပေးပါသည်။
                          #မူရင်းရေးသားသူအားCreditပေးပါသည်။
++++++++++++++++++++++++++++
​​မေတ္တာဖြင်​့
ရွှေရောင်အနာဂတ် စာကြည့်တိုက်

Zawgyi
ဝါတြင္​းကာလအတြင္​း ဥပုသ္​သီလ​ေစာင္​့မည္​့သူမ်ားအတြက္​
မွတ္​သားနာယူနိုင္​ယူဖို႔အတြက္​
တင္​​ေပးလိုက္​ပါတယ္​.....

ဥပုသ္သည္ အခ်ဳပ္အားျဖင့္
(၁) အရိယာ ( ျမတ္ေသာ) ဥပုသ္၊
(၂) ေဂါပါလ (ႏြားေက်ာင္းသားေစာင့္နည္း)
ဥပုသ္ ဟု ၂-မ်ိဳး ရွိ၏။
ထိုတြင္
“အရိယာဥပုသ္”သည္
“ျဗဟၼဥပုသ္၊  ဓမၼဥပုသ္”
စသည္ျဖင့္ အမ်ိဳးမ်ိဳးရွိ၏။

═══════════
(၁)။ “ျဗဟၼဥပုသ္”
═══════════
ဘုရားရွင္သည္ “ ျဗဟၼ” မည္ေတာ္မူ၏၊
ရွစ္ပါးသီလယူၿပီးလွ်င္ ထိုျဗဟၼမည္ေသာ ဘုရားရွင္ကို
အာ႐ုံျပဳေနျခင္းကို “ျဗဟၼဥပုသ္” ဟု ေခၚ၏၊
အလြတ္ အာ႐ုံမျပဳတတ္လွ်င္ ဘုရားဂုဏ္ေတာ္ဖြင့္ကို
ရြတ္ဖတၾ္ကည့္ရွဳေနရာ၏။

═══════════
(၂)။ “ဓမၼဥပုသ္”
═══════════
ဥပုသ္သီလကို ခံယူၿပီးလွ်င္ တရားေတာ္၏
ဂုဏ္ေတာ္တစ္ပါးပါးကို အ႐ုံျပဳ၍လည္းေကာင္း၊
တရားဂုဏ္ေတာ္ အဖြင့္ကို ၾကည့္ရွဳရြတ္ဖတ္၍
လည္းေကာင္း ေနျခင္းကို “ဓမၼဥပုသ္”
ဟု ေခၚသည္။

═══════════
(၃)။ “သံဃာ့ဥပုသ္”
═══════════
ဥပုသ္သီလကို ခံယူၿပီးလွ်င္ သံဃာ့ဂုဏ္ေတာ္
တစ္ပါးပါးကို အာ႐ုံျပဳ၍လည္းေကာင္း၊
သံဃာ့ဂုဏ္ေတာ္ အဖြင့္ကို ၾကည့္ရွဳရြတ္ဖတ္၍
လည္းေကာင္း၊ေနျခင္းကို
“သံဃာ့ ဥပုသ္” ဟု ေခၚသည္။

═══════════
(၄)။ “သီလဥပုသ္”
═══════════
သီလယူၿပီးလွ်င္ မိမိသီလ၏ မက်ိဳးမေပါက္ ၊
မေျပာက္မက်ားပံုကို အာ႐ုံျပဳ၍ ၀မ္းေျမာက္စြာ
ေနထိုင္ျခင္းကို “သီလဥပုသ္”ဟု ေခၚသည္။
══════════════════════
“မက်ိဳး ၊ မေပါက္ ၊ မေျပာက္၊ မက်ား”
══════════════════════
မက်ိဳး= ရွစ္ပါးေသာ သိကၡာပုဒ္တို႔တြင္အစ
သိကၡာပုဒ္ေသာ္ လည္းေကာင္း၊
အဆံုးသိကၡာပုဒ္ေသာ္လည္းေကာင္း
ပ်က္စီးလွ်င္ “ဥပုသ္က်ိဳး”သည္ မည္၏၊
ထိုသို႔ မပ်က္စီးလွ်င္ ဥပုသ္မက်ိဳး မျပတ္သည္မည္၏။
▬▬▬▬▬▬▬▬
“ဥပုသ္ အက်ဳိး”
▬▬▬▬▬▬▬▬
ဤသုိ႔ က်နစြာ ေစာင့္သုံးအပ္ေသာ အရိယ ဥပုသ္မ်ဳိး၏
အက်ဳိးမွာ ဇမၺဴဒိပ္တစ္ကြ်န္းကုိ အုပ္စုိးရေသာ
မင္း၊မိဖုရား အျဖစ္မ်ဳိးထက္ ႀကီးက်ယ္ခမ္းနားသည္ဟု
ေဟာေတာ္မူ၏၊ မွန္၏။

မင္းမိဖုရားအျဖစ္ျဖင့္ ဇမၺဴဒိပ္ကြ်န္းကုိ အုပ္စုိးရျခင္းမွာ
လူ႔စည္းစိမ္မွ်သာျဖစ္၍ ၊ နတ္စည္းစိမ္ကုိ ေထာက္လွ်င္
ေအာက္က် ေနာက္က် ေသးႏုပ္လွေသး၏။

ထုိစည္းစိမ္လည္း တစ္ဘ၀သာ၊က်နစြာ ေစာင့္ထိန္းအပ္ေသာ
ဥပုသ္၏အက်ဳိးကား လူမင္း၊နတ္မင္းစည္းစိမ္
အႀကိမ္အမ်ားပင္တည္း။ထုိ႔ေၾကာင့္ ေကာင္းမြန္စြာ
ေစာင့္ထိန္းအပ္ေသာ ဥပုသ္၏ အက်ဳိးကုိ
“ဇမၺဴဒိပ္တစ္ကြ်န္းလုံး အုပ္စုိးရျခင္းထက္ပင္ သာ၏”
ဟု ေဟာေတာ္မူေပသည္။
▬▬▬▬▬▬▬▬▬▬▬▬▬
“ေကာင္းစြာေစာင့္မွ အက်ဳိးရ”
▬▬▬▬▬▬▬▬▬▬▬▬▬
ဥပုသ္ေစာင့္ရာ၌ ရွစ္ပါးသီလကုိ ေစာင့္႐ုံမွ်ျဖင့္
အက်ဳိးမ်ားသင့္သေလာက္ မမ်ားေသးပါ။
သီလကုိ ေစာင့္ထိန္းျပီးေနာက္ မိမိစိတ္ကို
စင္ၾကယ္သန္႔ရွင္းေနေအာင္ အားထုတ္ႏုိင္မွသာ
အက်ဳိးရမ်ားပါသည္။
[တိကအဂၤုတ္ၱရ၊ ဒုတိယပံ၊မဟာ၀ဂၢ႒။]

ဥပမာ-ဦးေခါင္းကုိ တန္ဆာဆင္လုိေသာ
အမ်ဳိးသမီးသည္ ဆံပင္ကုိ စင္ၾကယ္ေအာင္
ေခါင္းေလွ်ာ္ရ၏။ ေခါင္းမေလွ်ာ္ဘဲ ျဖီးလိမ္း
ျပင္ဆင္လွ်င္ အနံ႔မေကာင္း။
ထုိ႔အတူ သီလတန္ဆာျဖင့္ ဆင္ထားသူသည္
မိမိ၏စိတ္ကုိ ေလာဘ(တဏွာရာဂ)
ေဒါသ-မာန္မာန-ဣႆာ-မစၧရိယ စေသာ
ကိေလသာ အညစ္အေၾကး တု႔ိမွ စင္ၾကယ္ေအာင္
ျဗဟၼဥပုသ္ကုိျဖစ္ေစ၊ ဓမၼဥပုသ္ စသည္တုိ႔ တြင္
တစ္မ်ဳိးမ်ဳိးကုိျဖစ္ေစ ေစာင့္သုံးႏုိင္မွသာ ရသင့္သမွ်
အက်ဳိးကုိ အျပည့္အစုံရႏုိင္ပါသည္။

ထို႔ေၾကာင့္ နဂိုက ေလာဘႀကီးသူျဖစ္လွ်င္
ဥပုသ္ေစာင့္ရင္း ထိုေလာဘေၾကာင့္ ယခုဘ၀
ေတြ႕ခဲ့ (ေတြ႕တတ္ၾကေသာ)အျပစ္ကိုလည္းေကာင္း၊
ေနာက္ဘ၀၌ အပါယ္ငရဲအထိျဖစ္ႏိုင္သည့္
အျပစ္မ်ားကိုလည္းေကာင္း ဆင္ျခင္၍ ေလာဘနည္းေအာင္
အထူးႀကိဳးစား၍ “ဘုရားဂုဏ္ေတာ္”
စသည္ကို ပြားမ်ားေနပါေလာ့။

ထိုသို႔ ဥပုသ္ ေစာင့္ၿပီးေနာက္ ဥပုသ္ထြက္ေသာအခါလည္း
ေလာဘေၾကာင့္ အမွားအယြင္း မရွိရေအာင္
ေန႔စဥ္သတိထားပါေလာ့။
ဤသို႔ ႀကိဳးစားလွ်င္ မၾကာခင္ ေလာဘနည္းသူ
(တဏွာရာဂနည္းသူ) ျဖစ္လာပါလိမ္႔မည္။
ေဒါသ - မာန - ဣႆာ - မစၧရိယ
အားႀကီးသူမ်ားလည္း ဤနည္းအတိုင္း ႀကိဳးစားပါ။
▬▬▬▬▬▬▬▬▬▬▬▬▬
“ႏြားေက်ာင္းသားဥပုသ္”
▬▬▬▬▬▬▬▬▬▬▬▬▬
ထိုကဲ့သို႔ က်နစြာမေစာင့္ႏိုင္ဘဲ “ယေန႔ မည္သည့္ေနရာ၌
ႏြားမ်ား ေရေသာက္ၾက၏၊ နက္ျဖန္ မည္သည့္ ေနရာ
ျမက္စား၍မည္သည့္ေနရာ၌ ေရေသာက္လိမ့္မည္”
ဟု ႏြား ေက်ာင္းသား ၾကံစည္ျခင္းကဲ့သို႔
“ယေန႔ မည္သည့္စားဖြယ္ကို စား၍ ၊
နက္ျဖန္ မည္သည့္ စားဖြယ္စားေသာက္မည္” ဟု
အစားအေသာက္ ႏွင့္ ေလာကီေရးရာကိုသာ
ၾကံစည္ေနေသာ ဥပုသ္သည္ “ေဂါပါလ ဥပုသ္”
(ႏြားေက်ာင္းသားဥပုသ္) မည္၏။
ဤႏြားေက်ာင္းသားဥပုသ္ ကို “လံုးလံုးအက်ိဳးမရွိ”ဟု
မဆိုရေသာ္လည္း၊ “အက်ဳိးမမ်ားလွ” ဟု
ေဟာေတာ္မူသည္။

═══════════
“သတိေပးခ်က္”
═══════════
ထို႔ေၾကာင့္ ႏြားေက်ာင္းသားဥပုသ္မျဖစ္ေစဘဲ
အရိယဥပုသ္မ်ိဳးျဖစ္ေအာင္ ႀကိဳးစား၍ေစာင့္သံုးမွသာ
ေလာက အက်ိဳး၊သံသရာအက်ိဳး၂-ပါးစံုတိုးဖြယ္ရွိ၏၊
ယခုအခါ၌ကား ဥပုသ္ ေစာင့္ရင္း
စားေသာက္ၾက၊ေပ်ာ္ရႊင္ၾကသျဖင့္ စဥ္းစားတတ္သူအဖို႔မွာ
စိတ္ပ်က္စရာ ေကာင္းလွသည့္အျပင္ ဘာသာျခားတို႔က
မ်ားစြာ ေသာ ျမန္မာတို႔ ဥပုသ္ေစာင့္ပုံကို ၾကည့္ကာ
“ဆင္ျခင္စဥ္းစားဉာဏ္ မရွိေသာ လူမ်ိဳး” ဟု
အထင္ေသးၾကေပလိမ့္မည္။
ထို႔ေၾကာင့္ အမ်ိဳး ဘာသာ အဆင့္အတန္းျမင့္ေရးကို
ေတြးကာ စည္းကမ္းက်က် ဥပုသ္ေစာင့္ဖို႔
သတိေပးပါသည္။
                          #မူရင္းေရးသားသူအားCreditေပးပါသည္။
++++++++++++++++++++++++++++
​​ေမတၱာျဖင္​့
ေရႊေရာင္အနာဂတ္ စာၾကည့္တိုက္


No comments:

Post a Comment