........သည်ဆိုဘ်ရောက်လာ များသတ္တာချမ်းသာကိုစိတ်မြဲပါစေ၊ ဥပါဒ်ရန်ဘေးကင်းစင်ဝေးငြိမ်းအေးကြပါစေ.........

Jul 6, 2018

သိပ္ပံသ​ဘော နဲ့ ဓမ္မသ​ဘော ........................................

သိပ္ပံသ​ဘော နဲ့ ဓမ္မသ​ဘော
........................................
နက္ခတ္တ​ဗေဒပညာရှင်​​တို့ အ​ဝေးကြည့်​မှန်​​ပြောင်းနဲ့
တွက်​ချက်​အရ မြင်​နိုင်​သ​လောက်​ကြယ်​မှာ
သန်း​ပေါင်း ၁၀၀၀ မကများပြားတယ်​ဆိုပြီး​ပြောတယ်

လွန်​ခဲ့တဲ့ နှစ်​ ၂၅၀၀ ​ကျော်​က မြတ်​ဗုဒ္ဓက
စကြာဝဠာကု​​ဋေ တစ်​​ထောင်​ကို စူဠလောကဓာတ်
စကြာဝဠာကု​ဋေတစ်​​သောင်းကို မဇ္ဈိမ​လောကဓာတ်
စကြာဝဠာကု​ဋေတစ်​သိန်းကို မဟာ​လောကဓာတ်
ဆိုပြီး ​ဟောခဲ့ပါတယ်​၊ ထိုထက်​များပြားတဲ့
စကြာဝဠာ​တွေကို အနန္တ​လောကဓာတ်​လည်း​ခေါ်ပါတယ်

ကျွနု​ပ်​တို့ကမ္ဘာက မဇ္ဈိမ​လောကဓာတ်​​ခေါ်တဲ့
စကြာဝဠာကု​​ဋေတစ်​​သောင်းရဲ့ အလယ်​ဗဟိုမှာရှိပါတယ်

သပ္ပံသ​ဘောအရ ဤကမ္ဘာ​သည်​ နှစ်​သန်း​ပေါင်း
၂၅၀၀ ခန့်​ကဖြစ်​​ပေါ်လာခဲ့တာတဲ့၊ တစ်​ချို့က
နှစ်​​ပေါင်း ကု​ဋေ ၂၀၊ တစ်​ချို့က နှစ်​သန်း​ပေါင်း
၁သောင်း၂သောင်း စသည်​ဖြင့်​ ​မတူညီတဲ့အချက်​​တွေနဲ့
ဖော်​ပြထားတာ ​တွေ့ရပါတယ်​၊

ဓမ္မသ​ဘောအရ နှစ်​အားဖြင့်​ပြရန်​မလွယ်​ကူ​နိုင်​ပါ
ကပ်​အားဖြင့်​သာ ပြရပါလိမ့်​မယ်​၊ ထိုကပ်​မှာ
အန္တရကပ်​ အ​သ​င်္ချေယျကပ်​ မဟာကပ်​ဆိုးပြီး
သုံးကပ်​ရှိပါတယ်​၊ ကမ္ဘာဦးက လူတို့သက်​တမ်းမှာ
၂၀ စသည်​ဖြင့်​ ​ရေတွက်​၍မရ နှစ်​အားဖြင့်​ မ​ရေတွက်
နိုင်​က​နေ စခဲ့ပြီး နှစ်​ ဆယ်​နှစ်​တမ်းထိ ဆုပ်​လာခဲ့ပါတယ်
ထိုကပ်​မှာ ပမထဆုံးကပ်​မို့ ပျက်​ကပ်​ဖြစ်​ပါတယ်​၊
အဲကပ်​ကို အနန္တရကပ်​လို့ခေါ်ပါတယ်​၊

တစ်​ခါ ဒုတိယကပ်​မှာ ဆယ်​နှစ်​တမ်းကစပြီး
မ​ရေမတွက်​နိုင်​ဘူးတက်​သွားတယ်​၊ တစ်​ခါပြန်​ဆုပ်​လာတယ်​ အဲလိုတစ်​စုံကို အန္တရကပ်​ တစ်​ကပ်​ပါ၊
အန္တရကပ်​ ​ခြောက်​ဆယ့်​​လေးကပ်​ကို၊ အ​သ​င်္ချေယျကပ်
တစ်​ကပ်​ ​ခေါ်ပါတယ်​၊ အသ​င်္ချေယျကပ်​ ​လေးကပ်​ကို၊
မဟာကပ်​တစ်​ကပ်​လို့ ​ခေါ်ပါတယ်​၊
ဒါဆို ကမ္ဘာဖြစ်​​ပေါ်လာခဲ့တဲ့ နှစ်​ကိုပိုင်းခြားမပြနိုင်​ပါဘူး။

ကမ္ဘာတည်​ပုံကို ​ရှေးအီဂျစ်​တို့က
ဆင်​ကြီး​လေး​ကောင်​ထမ်းထားသတဲ့၊
ဂရိတို့က ကမ္ဘာ​ကြီးက သမုဒ္ဒရာဝန်း​ရံထား​သော
မြေပြင်​တစ်​ခုသာ ဖြစ်​တယ်​တဲ့၊

ုဓမ္မသ​ဘောအရ ပထမကမ္ဘာပြုမိုးနှစ်​ချီပြီးရွာတယ်
ထိုမိုး​ရေ​တွေက ​ကောင်းကင်​ရှိ​ကြမ်းတမ်းတဲ့​လေထုကို
မထိုး​ဖောက်​နိုင်​ သည်​လိုနဲ့ မာ​ကြောရာက​နေ
မြေသားအဖြစ်​​ပြောင်းလဲပြီး ယူဇနာ ၂သိန်း၎သောင်း
အထုရှိပါတယ်​၊ ​မြေပြင်​​အောက်​၌​ရေသားရှိပါတယ်
ထို​ရေထုမှာ ယူဇနာ ၄သိန်း ၈သောင်းရှိပါတယ်​၊
ထို​အောက်​မှာ ​လေထုကြမ်း​ရှိပါတယ်​ ​လေထုမှာယူဇနာ
၉သိန်း ၆သောင်းရှိပါတယ်​၊ ​အောက်​ပမာဏကများပြီ
အထက်​​အ​လေးချိန်​က နည်းလျှင်​ ထမ်းထားနိုင်​ပါသည်​၊

လူသားဖြစ်​လာပုံကို အ​တွေး​ခေါ်ရှင်​​တွေဖြစ်​တဲ့
အနက်​ဇီးမန်းဒါးက လူသည်​ငါးမှဆင်းသက်​လာတယ်​တဲ့၊
ဒီမိုကရိတပ်​က လူသည်​အနုမြူမှ ဆင်းသက်​တယ်​တဲ့၊
ချားလ်​ဒါဝင်​က လူသည်​​ အဆင့်​ဆင့်​​ပြောင်းလဲလာပြီး
နောက်​ဆုံး ​မျောက်​၀ံ( လူဝံ )မှဆင်းသက်​လာတယ်​တဲ့

ဓမ္မသ​ဘောက​တော့ ကမ္ဘာစတည်​တုန်းက
လူသားမရှိ​သေး၊ဗြဟ္မာပြည်​က စု​တေလာပြီး သြပပါတိကပဋိသ​န္ဓေဖြင့်​ လူပြည်​သို့လာ၍
လူဖြစ်​ကြသည်​၊ လူဟူသည်​သံသရာအဆက်​နဲ့
ကျင်​လည်​ကြခြင်းသာဖြစ်​ပါတယ်​၊

နယူးတန်​အို​င်​ဇန်​က သစ်​ရွက်​​ကြွေကျတာကို
ကြည့်ပြီး ကမ္ဘာ့ဆွဲငင်​အားကိုရှာ​ဖွေခဲ့တယ်​၊
ပဋာစာရီ​ထေရ်​ရီမက ​ရေကျတာကိုကြည့်​ပြီး
သံသရာက လွတ်​​မြောက်​နည်းကိုသိခဲ့တယ်​။

အိုင်​စတိုင်းက အာကာသရီ​လေတီပတီအ​ကြောင်းကို
တီထွင်​ရှာ​ဖွေနိုင်​ခဲ့တယ်​၊ မြတ်​ဗုဒ္ဓက စကြာဝဠာ
အ​ကြောင်းအကုန်​​ဟောပြီးသား။

သပ္ပံပညာရှင်​​တွေက ​လေယာဉ်​ပျံ​တွေတီထွင်​နို်င်​ခဲ့တယ်​၊
ရဟန္တာ​တွေကဘာမှမပါပဲ ​လေဟုန်​မှာပျံသန်းနိုင်​ခဲ့တယ်​။

ပညာရှင်​​တွေက မိုင်း​ပေါင်းများ​ဝေးတဲ့အသံကို
ကြားနိုင်​​အောင်​ ဖုန်းကိုတီထွင်​ခဲ့တယ်​၊
ဒိဗ္ဗ​သောတအဘိညာဉ်​ရ သူ​တွေက ယူဇနာများ​ဝေးတဲ့
အသံကိုကြားနိုင်​စွမ်းရှိတယ်​။

ဤသို့ သိပ္ပံသ​ဘော ဓမ္မသ​ဘော​တွေကို
တင်​ပြရရင်​ မဆုံးနိုင်​ပါဘူး

သပ္ပံ​လောကမှာ ဆန်းကြယ်​တဲ့အရာ​တွေရှိသလို
ဓမ္မ​လောကမှာလည်း လျှိုဝှက်​နက်​နဲ့တဲ့
အရာ​တွေ အများကြီးရှိပါတယ်​။


@ဟိတလုလင် ဓညဝတီိ

No comments:

Post a Comment