........သည်ဆိုဘ်ရောက်လာ များသတ္တာချမ်းသာကိုစိတ်မြဲပါစေ၊ ဥပါဒ်ရန်ဘေးကင်းစင်ဝေးငြိမ်းအေးကြပါစေ.........

Mar 13, 2013

ပုတ္တောဝါဒ

နားဝယ်စိမ့်ငှါ၊
ငါဆရာလျှင်၊
မာတာပိတ၊
ဂုဏ်ကိုပြ၍၊
ပုတ္တတို့အား၊
ဆပ်ငြားပိုင်ကြောင်း၊
ဖော်ပြရှောင်း၍၊
မကောင်းမိဘ၊
ဓမ္မမတည်၊
မကြည်မညို၊
ဝန်တို မိစ္ဆာ၊
ပါဏာတိပါတ်၊
သတ်ခတ်လုယူ၊
မဖြူနှလုံး၊
မသုံးသီလ၊
ဒါနမပွား၊
မသွားကျောင်းကန်၊
ဟုတ်လှမှန်သား၊
မိဘအားကို၊
တရားစောင့်စောင့်၊
တော်ဖြောင့်လှစွာ၊
မိစ္ဆာမဖောက်၊
မသောက်သေစာ၊
ပါဏာသူ့သတ်၊
ခိုးဝှက်ယူမှု၊
ဤငါးခုကို၊
မပြုနှင့်ဗျာ၊
လှူဒါမပြတ်၊
ပိဏ္ဍပါတ်လည်း၊
မလတ်နေ့တိုင်း၊
မရိုင်းကျောင်းကန်၊
အမှန်သွားသွား၊
တရားနာနာ၊
ရတနာသုံးဦး၊
မပြတ်ဖူး၍၊
ကြည်နူးလှစေ၊
ညောင်ရေလည်းသွန်း
ဆီမီးထွန်းလျက်၊
ဆွမ်းကွမ်းလက်ဖက်၊
ရေစက်ချချ၊
လှူဒါနနှင့်၊
သီလဥပုသ်၊
ကိုယ်နှုတ်နှလုံး၊
စောင့်သုံးပါဗျာ၊
မိမာတာကို၊
ဤသို့ဆိုတတ်၊
တို့သားမြတ်ကို၊
ဆပ်ဆပ်ကျေးဇူးမိုး၏တည်း။
(အတုလအကျော် ခင်ကြီးဖျော်) 

No comments:

Post a Comment