........သည်ဆိုဘ်ရောက်လာ များသတ္တာချမ်းသာကိုစိတ်မြဲပါစေ၊ ဥပါဒ်ရန်ဘေးကင်းစင်ဝေးငြိမ်းအေးကြပါစေ.........

Mar 15, 2013

ဗုဒ္ဓခြေတော်ရာ အကြောင်း သိကောင်းစရာ

နု့ ညက် ညံ့ထွား၊ ရွှေဘွား စက္ကင်၊ စုံနှစ်ပြင်ဖြင့်၊
မြေတွင် မထိ၊ ပကတိအား၊ လေးသစ် ခြားလျက်၊
ဘုရားတို့ တမ်း၊ ကြွလှမ်း မွေ့ ညက်၊
ငြိမ်သက် လေးတင်၊ ကြွလာ ကျင်မှ။

လင်္ကာ၌ မြေတွင် မထိ ဟုဆိုသော်လည်း မြေတွင် ဘုရားရှင်၏ ခြေတော်ရာများ မထင်ဟု ယူဆရမည်ထင်ပါသည်။ မှန်၏၊ ဘုရားရှင်တို့ ၏ ခြေတော်ရာ မထင်ခြင်း အကြောင်းသုံးပါးကို (၁) သိမ်မွေ့ နှု့ ညံ့သောကြောင့်လည်း၊ (၂) ခွန်အားကြီးမားလှသောကြောင့်လည်းကောင်း၊ လူအများအား ငဲ့ညှာသနားတော်မူသော ကြောင့်လည်းကောင်း၊ ခြေတော်ရာမထင်ကြောင်း အင်္ဂုတ္တရနိကာယ်၊ စတုက္ကနိပါတ်၊ ဒေါ်ဏသုတ်အဖွင့် (၂၉၉)၌ဖွင့်ပြထားသည်။ ဘုရားရှင်၏ ကိုယ်တော် အရေတော်သည် နု့ ညံ့သောကြောင့် ဘုရားရှင်တို့ ခြေချရာ အရပ်သည် ၀ါဂွမ်း လေးများထိရာ ကျရာအရပ်သို့ သာဖြစ်၍ ခြေတော်ရာမထိပေ။


ထို့ အတူ သိန္ဓောမြင်းပျံသည် ပဒုမ္မာကြာရွက်ပေါ်၌ နင်း၍သွားသော်လည်း နင်းကာမတ္တမျှ ဖြစ်၍ ခြေရာမထင်၊ ဤနည်းအတူ အားတော်ဆယ်တန်နှင့် ပြည့်စုံတော်မူသော ဘုရားရှင်၏ နင်းအပ်ရာအရပ်သည်လည်း၊ ခြေတော်ရာမထင်ပေ။ (န တတ္ထ ပဒ၀လဉ္စော ပညာယတိ)။ ဘုရားရှင်၏ နောက်တော်သို့ လိုက်ပါလာသူ လူအများသည် ဘုရားရှင်၏ ခြေတော်ရာကို မြင်တွေ့ ရလျှင် နင်းဘို့ ကျော်ဘို့ မ၀ံ့ရဲသဖြင့် ရှောင်ကွင်းနေရ၍ ခရီးသွားလာမှု ကြန့် ကြာ နှောင့်နှေးခြင်း ဖြစ်ကြရပေသည်။ ထိုလူများ ငဲ့ညှာသနားတော်မူသဖြင့် ခြေတော်ရာသည် (ထင်လျှင်လည်း) ချက်ခြင်းပင် ကွယ်ပျောက်သွားရလေသည်။

ခြေတော်ရာ ဖူးတွေ့ ရသူများ

ဒေါဏပုဏ္ဏားကြီးကား ဘုရားရှင်၏ အဓိဌာန်တော်မူသောကြောင့်သာ ခြေတော်ရာကိုတွေ့ မြင်
ရခြင်းဖြစ်ပေသည်၊ (အံဌ-၁၊၃၃၅)။ ဘုရားရှင်သည် မြင်စေလိုသူတို့ အား ခြေတော်ရာစေတီ ချ၍ မြင်စေသတည်းဟု အဓိဌာန်တော်မူသည်။ ထို့ ကြောင့် မာဂဏ္ဍီပုဏ္ဏားမိသားစုလည်း ဘုရားခြေတော်ရာကို မြင်တွေ့ ရခြင်းဖြစ်သည်၊ (ဓမ္မပဒဌ-၁၊၁၉၂)။ ထို့ အတူ ဗာဝရီပုဏ္ဏားကြီး ၏တပည့်တို့ သည်လည်း ဘုရားခြေတော်၏ အဓိဋ္ဌာန်တော်မူသောကြောင့်သာ ဇေတ၀န် ကျောင်းတော်အနီး၌ ဘုရားရှင်တော်၏ ခြေတော်ရာကို မြင်တွေ့ ရခြင်းဖြစ်သည်၊ (သုတ္တဋ္ဌ-၁၊၂၉၉)။ အဓိဋ္ဌာန်၍ ချထားအပ်သော ခြေရာတော် စေတီကား ဆင်မြင်းစသော သတ္တ၀ါတို့  နင်းကျော်သွားသော်လည်း မပျက်၊ မိုးကြီးရွာသွန်းလည်း ပျောက်မသွား၊ ဝေရမ္ဘလေ (တိုနေး တိုးလေဗွေ) ကြီးများ ဝှေ့ တိုက်သွားသော်လည်း ပကတိတည်မြဲတိုင်ပင်၊ တည်ရှိနေလေသည်၊ မည်သူ တစုံတစ်ယောက်မျှ မဖျောက်ဖျက်နိုင်ပေ။ (ဓမ္မပဒဋ္ဌ-၁၊၁၂၉)။
ဗုဒ္ဓခြေတော်ရာများ

နမ္မဒါနဂါးမင်းက တောင်းပန်၍ နမ္မဒါမြစ်ကမ်း၌ ခြေတော်ရာတစ်ဆူ၊ သစ္စဗန္ဓရဟန်း တောင်းပန်၍ သစ္စဗန္ဓတောင်ထိပ်၌ တစ်ဆူရှိကြောင်း (သံဋ္ဌ-၃၊၂၅၊ ပံဋ္ဌ-၄၊၂၃၉) အဋ္ဌကထာ
တို့ ၌ မိန့် ဆိုချက်ရှိ၏။ ဤမဃဒေ၀လင်္ကာသစ်ပိုဒ်ရေ ၅၈၀-၌လည်း-

ရှင်တော်ဘုရား၊ လိုတော်အားဖြင့်၊
ပုဏ္ဏား ဒေါဏ၊ ပုတ္တသာရီ
မာဂဏ္ဍီနှင့်၊ ဗာဝရီ ၀တ္ထု
လေးခု ခြင်းတ၊ ထိုကိစ္စမှ
ဌာန အခြား၊ ရပ်တစ်ပါးနှိုက်၊
ရွှေဘွား ညံ့နု၊ ၀ါဂွမ်းစုနှင့်
လွတ်တု အားအန်၊ နောင်ကျန် ထောက်ထား
ကြောင်းသုံးပါးကြောင့်၊ ကြွသွားတိုင်ပင်
ရာမထင်လည်း။

ဟုမာန်လည်ဆရာတော်ကိုယ်တိုင် ဖွဲ့ ဆိုထားသည့်အတိုင်း (၁) ဒေါဏပုဏ္ဏား၊ (၂) သာရိပုတ္တထေရ် (၃) မာဂဏ္ဍီ မိသားစု (၄) ဗာဝရီဝတ္ထု တို့ ၌ ခြေတော်ရာပြသခြင်း လေးဌာန ရှိကြောင်း ဖွဲ့ ဆိုထားသည်။ ထိုးလေးဋ္ဌာနနှင့် နမ္မဒါမြစ်ကမ်း၊ သစ္စဗန္ဓတောင်ထိပ် ခြေတော်ရာ နှစ်ဆူထည့်လျှင် ခြောက်ဋ္ဌာနတို့ ၌ ဗုဒ္ဓမြတ်စွာ၏ ခြေတော်ရာများ ထင်ရှိကြောင်း သိနိုင်သည်။

အရှင်သာရိပုတ္တရာနှင့် ခြေတော်ရာ

အရှင်သာရိပုတ္တရာထေရ်အား ဗုဒ္ဓမြတ်စွာက ခြေတော်ရာချပြတော်မူကြောင်းကို စူဠ၀ဂ္ဂါဒိ အဋ္ဌကထာ (၁၇၆)၌ ဖွင့်ပြထား၏။ ကုက္ကုဋမိတ္တနေသာဒ၀တ္ထု၌ကား ကုက္ကုဋမုဆိုး ထောင်ထားသည့် ကျော့ကွင်းအနီး၌ ဗုဒ္ဓမြတ်စွာခြေတော်ရာ ချထားတော်မူပုံ တွေ့ ရသည်။
ထို့ ကြောင့် အထက်ပါ ခြောက်ဌာနနှင့် ပေါင်း၍ ခုနှစ်ဋ္ဌာနတို့ ၌ ခြေတော်ရာ ချထားကြောင်း သိပါလေ။

ယနေ့ တိုင် ဖူးတွေ့ ရသော ခြေတော်ရာများ

အထက်ပါ ခြေတော်ရာ ခုနှစ်ဆူတွင်လည်း နမ္မဒါမြစ်ကမ်းနှင့် သစ္စဗန္ဓတောင်ရှိ ခြေတော်ရာ
တို့ကား ယနေ့ တိုင်ထင်ရှားရှိနေသေးသည်ဟု ဆိုရပေမည်။ မဟာဝံသကျမ်းအလို သီရိလင်္ကာနိုင်ငံ၊ စေတီပါဒတောင်ထိပ်၌ ယနေ့ တိုင် ခြေတော်ရာ တစ်ဆူထင်ရှားရှိ၏။ ဗုဒ္ဓမြတ်စွာ သက်တော်ထင်ရှားရှိစဉ်က ချထားတော်မူခဲ့သော ခြေတော်ရာဟု ဆိုကြ၏။
ထို့ ကြောင် ဇမ္ဗူမှာ ဒွေး၊ ယာမှာဧ ဟု ဇမ္ဗူဒိပ်ကျွန်းတွင် ခြေတော်ရာ နှစ်ဆူ၊ သီရိလင်္ကာ၌ လက်ယာခြေတော်ရာ တစ်ဆူဟု ခြေတော်ရာသုံးဆူ လူ့ လောက၌ရှိကြောင်း ရှေးက ဆိုထုံးပြု ခဲ့ကြသည်။့

No comments:

Post a Comment