........သည်ဆိုဘ်ရောက်လာ များသတ္တာချမ်းသာကိုစိတ်မြဲပါစေ၊ ဥပါဒ်ရန်ဘေးကင်းစင်ဝေးငြိမ်းအေးကြပါစေ.........

Mar 4, 2013

သိမ်အတွင်း၌ ဒါယိကာမများ ၀င်နိုင်ပါသလား

(မေး) သိမ်အတွင်း၌ ဒါယိကာမများ ၀င်နိုင်ပါသလား ၊ မ၀င်ရဟုတားမြစ်ထားပါလျက် ၀င်လျင် မည်သို့ အပြစ်ရှိပါသနည်း။

(ဖြေ)  သိမ်အတွင်း၌  ဒါယိကာမတို့ ၀င်နိုင်ပါ၏ ၊ မည်သူကမျ မတားထိုက်ပါ ၊ တားမြစ်စေကာမူ တရားတော် နှင့်မညီသောကြောင့်ဝင်သူမှာ အပြစ်မရှိပါ ၊သိမ်ဟူသောပါဠိစကားသည် အပိုင်းအခြား ဟူသော အဓိပ်ပါယ်ကို ပြ၏၊ ထိုသိမ်သည်အငယ်ဆုံး ၂-ကျိပ် ၁-ယောက်ထိုင် လောက်သော နေရာဖြစ်၏။ အကြီးအားဖြင့် ၃-ယူဇနာတိုင်အောင် ကြီးကျယ်နိုင်၏ ဘုရားလက်ထက်တော်၌ရာဇဂြိုလ်မြို့ကိုပတ်ဝိုက်၍ ကျောင်းတိုက်ပေါင်း တစ်ဆယ့်ရှစ်တိုက် ရှိ၏ထိုကျောင်းတိုက်အားလုံးကို ခြုံမိအောင် အရှင်သာရိပုတ္တရာသည် သိမ်သမုတ်တော်မူ၏။(၀ိနည်းမဟာဝါ ဥပေါသထက္ခန္ဒက အဌကထာ ။) ထိုသို့သိမ်သမုတ်လိုက်သောအခါ ရာဇဂြိုလ်မြို့ကြီးသိမ်အတွင်း၌ပါဝင်နေ၏၊၊
        

No comments:

Post a Comment