........သည်ဆိုဘ်ရောက်လာ များသတ္တာချမ်းသာကိုစိတ်မြဲပါစေ၊ ဥပါဒ်ရန်ဘေးကင်းစင်ဝေးငြိမ်းအေးကြပါစေ.........
Jun 22, 2018
❤❤❤❤❤❤❤❤❤❤
လူ...
တစ်ယောက်နဲ့တစ်ယောက်
ခင်မင်ခဲ့ကြတယ်
ရေစက်ရှိလို့ပါ☺
လူ...
တစ်ယောက်နဲ့တစ်ယောက်
ချစ်သူတွေဖြစ်ကြရတယ်
ရေစက်ကြောင့်ပါ💓
တစ်ခါတစ်ခါ
ကျတော့လည်း ...
ကိုယ့်ဘဝထဲကို
မဖိတ်ခေါ်ဘဲ
ရောက်လာသူ...
တချို့ရှိ​နေတတ်​တယ်​😳
ဒါကလည်း ....
ကံကြမ္မာက
တစ်ခါတလေမှာ
ကိုယ်....
အရမ်းလိုချင်နေတဲ့
ကိုယ်....
မလိုချင်ဆုံးလူနဲ့
ပေါင်းဖက်ရတတ်တယ်😡
ဒါကလည်း ....
မရှောင်လွှဲနိုင်တဲ့
ကံကြမ္မာ ....
ဇာတ်ဆရာအလိုကျပါ။😔
လူ.....
တစ်ယောက်နဲ့တစ်ယောက်
ပေါင်းဖက်ကြရတယ်
ရေစက်ကြောင့်ပါ😔
လူ....
တစ်ယောက်နဲ့တစ်ယောက်
မမြင်ဖူးကြသော်လည်း
စိတ်ထဲက....
ရင်းနှီးနေတတ်ကြတယ်
ရေစက်ကြောင့်ပါ။😍
လူ.....
တစ်ယောက်နဲ့ တစ်ယောက်
မုန်းတီးလာကြတယ်😡
မကောင်းတဲ့....
ရေစက်ဆိုးကြောင့်ပါ။😥
အရမ်းချစ်နေကြတဲ့
လူသားနှစ်ယောက်
ဆုံစည်းခွင့်ဆိုတဲ့
ကံကြမ္မာရဲ့
မျက်လှည့်ပြကွက်
တစ်ခုကြောင့်ပါ။😔
လူ....
တစ်ယောက်နဲ့တစ်ယောက်
လူ....
ချစ်ခင်ကြရတဲ့
ရေစက်ကို...
ဆိုးတဲ့....
ရေစက်ဖြစ်ဖြစ်
ကုန်ဆုံးသွားမှာကို
ကောင်းတဲ့...
ရေစက်ဖြစ်ဖြစ်
ကျွန်တော်တို့ ...
လူ့ဘဝအချိန်တို
ခဏလေးမှာ
ဆုံးစည်းခွင့်လေးကို
ချစ်ချစ်ခင်ခင်
အမုန်းတွေဘေးဖယ်ပြီး
ဤ စာစုအား
ဖတ်ရှု့ကြကုန်သော
ယခုစာထဲမှ
ဆိုလိုသော..
ရေစက်မှာ...
ရှေးအတိတ်က
ပြုဖူးလေသော
တူညီသော , ပေါင်းစပ်သော
အတိတ်ကံ
အစုအဝေးလေးကို
ဆိုလိုပါသည်..
အစုအဝေးတို့ကို
ရေစက်ချကာ
ယခုဘဝတွင်
ကြုံရန်ဖန်လာ၍
တို့နည်းတူ..
အတိတ်ဘဝက
မရည်ရွယ်သော်လည်း..
အကြောင်းတရားကြောင့်
ကြုံခဲ ဆုံခဲ့ရသည့်
အကြောင်းကြောင်းသော
လက်ရှိဘဝ၌
အတိတ်ကံတို့ကြောင့်
ကြေကွဲဝမ်းနည့်းခြင်းတို့ကို
ခံချိန်တန်လျှင်
မဖိတ်ခေါ်လည်း
ဤ..သည်ကို
စိတ်ပျက်အားမငယ်စေပဲ
လက်ရှိဘဝ၌
တစ်ဦးနှင့်တစ်ဦး
နောင်သံသရာထိ
အကုသိုလ်ဖြစ်မည့်
အမုန်းတရားတွေကို
ထပ်မံလိုက်ပါခွင့်
မပြုလေပဲ
ပြုမူဆက်ဆံကာ
နိုးဆော်ထားသည့်
စာစုလေးဖြစ်ပါသည်..
ရေးဖွဲ့သူက
စာရဲ့ ....
ဆိုလိုရင်းနှင့်
ရည်ညွှန်းစေတနာကို
သေချာတွဲ၍
( သျှင်သေမင်း )
"ဆုံစည်းခွင့် ❤ သို့❤ ရေစက်"
❤❤❤❤❤❤❤❤❤❤
လူ...
တစ်ယောက်နဲ့တစ်ယောက်
ခင်မင်ခဲ့ကြတယ်
ရေစက်ရှိလို့ပါ☺
လူ...
တစ်ယောက်နဲ့တစ်ယောက်
ချစ်သူတွေဖြစ်ကြရတယ်
ရေစက်ကြောင့်ပါ💓
တစ်ခါတစ်ခါ
ကျတော့လည်း ...
ကိုယ့်ဘဝထဲကို
မဖိတ်ခေါ်ဘဲ
ရောက်လာသူ...
တချို့ရှိ​နေတတ်​တယ်​😳
ဒါကလည်း ....
ကံကြမ္မာက
သတ်မှတ်ပေးထားခြင်းပါ။😔
တစ်ခါတလေမှာ
ကိုယ်....
အရမ်းလိုချင်နေတဲ့
သူနဲ့ ကျောခိုင်းခဲ့ရပီး😥
ကိုယ်....
မလိုချင်ဆုံးလူနဲ့
ပေါင်းဖက်ရတတ်တယ်😡
ဒါကလည်း ....
မရှောင်လွှဲနိူင်တဲ့
ကံကြမ္မာ ....
ဇာတ်ဆရာအလိုကျပါ။😔
လူ.....
တစ်ယောက်နဲ့တစ်ယောက်
မချစ်ကြိုက်ရသော်လည်း
ပေါင်းဖက်ကြရတယ်
ရေစက်ကြောင့်ပါ😔
လူ....
တစ်ယောက်နဲ့တစ်ယောက်
မမြင်ဖူးကြသော်လည်း
စိတ်ထဲက....
ရင်းနှီးနေတတ်ကြတယ်
ရေစက်ကြောင့်ပါ။😍
လူ.....
တစ်ယောက်နဲ့ တစ်ယောက်
တစ်ယောက်မျက်နှာတစ်ယောက်
မကြည့်ချင်လောက်အောင်
မုန်းတီးလာကြတယ်😡
မကောင်းတဲ့....
ရေစက်ဆိုးကြောင့်ပါ။😥
အရမ်းချစ်နေကြတဲ့
လူသားနှစ်ယောက်
အကြောင်းအမျိုးမျိုးကြောင့်
ပေါင်းဖက်ခွင့်မရခဲ့ကြဘူး😥
ဆုံစည်းခွင့်ဆိုတဲ့
ကံကြမ္မာရဲ့
မျက်လှည့်ပြကွက်
တစ်ခုကြောင့်ပါ။😔
လူ....
တစ်ယောက်နဲ့တစ်ယောက်
အကြောင်းတိုက်ဆိုင်လို့
လူ....
သန်းပေါင်းများစွာထဲကမှ
ချစ်ခင်ကြရတဲ့
ရေစက်ကို...
တန်ဖိုးထားတတ်ဖို့ လိုပါတယ်။😍
ဆိုးတဲ့....
ရေစက်ဖြစ်ဖြစ်
ကုန်ဆုံးသွားမှာကို
စိုးရိမ်နေရလောက်အောင်☺
ကောင်းတဲ့...
ရေစက်ဖြစ်ဖြစ်
ကျွန်တော်တို့ ...
လူ့ဘဝအချိန်တို
ခဏလေးမှာ
ဆုံးစည်းခွင့်လေးကို
ချစ်ချစ်ခင်ခင်
ပျော်ပျော်ရွှင်ရွှင်နဲ့
အမုန်းတွေဘေးဖယ်ပြီး
💗လူအချင်းချင်း မေတ္တာထားကြပါစို့နော်💗
ဤ စာစုအား
ဖတ်ရှု့ကြကုန်သော
မိတ်ဆွေအပေါင်းတို့ ခင်ဗျား
ယခုစာထဲမှ
ဆိုလိုသော..
ရေစက်မှာ...
ရှေးအတိတ်က
ပြုဖူးလေသော
ကုသိုလ်, အကုသိုလ်တို့၏
တူညီသော , ပေါင်းစပ်သော
အတိတ်ကံ
အစုအဝေးလေးကို
ဆိုလိုပါသည်..
တူညီသောကုသိုလ်ကောင်း
အစုအဝေးတို့ကို
စိတ်ဝယ်မျှော်လင့်ခြင်းမဲ့
ရေစက်ချကာ
ပြု့ခဲ့သော အကျိုးကံတို့ကြောင့်
ယခုဘဝတွင်
ကြုံရန်ဖန်လာ၍
ခင်မင် ကြင်နာ ချစ်ခဲ့ရပါသည်
ကြောင်းဆုံကာ ပေါင်းဖက်ကြရပါသည်...။
တို့နည်းတူ..
အတိတ်ဘဝက
ရည်ရွယ်၍သော်လည်းကောင်း
အမှု့မဲ့ အမှတ်မဲ့ သော်လည်းကောင်း
မရည်ရွယ်သော်လည်း..
အကြောင်းတရားကြောင့်
ကြုံခဲ ဆုံခဲ့ရသည့်
အကြောင်းကြောင်းသော
မကောင်းမှု့တရားများသည်
ရေစက်အမှုန်အမွှားပမာ
စုဆည်းကပ်ညှိလိုက်ပါလာပြီး
လက်ရှိဘဝ၌
အတိတ်ကံတို့ကြောင့်
မုန်းခြင်း , ဝေးကွာခြင်း ,
ကြေကွဲဝမ်းနည်း့ခြင်းတို့ကို
ပြုခဲ့သည့် အနုအရင့်အလိုက်
ခံချိန်တန်လျှင်
မဖိတ်ခေါ်လည်း
ဖြစ်တတ်ခံစားရတတ်ကြပါပေသည်...။
ဤ..သည်ကို
စိတ်ပျက်အားမငယ်စေပဲ
လက်ရှိဘဝ၌
အချိန်တိုဆုံစည်းခွင့်လေးတွင်
တစ်ဦးနှင့်တစ်ဦး
နောင်သံသရာထိ
အကုသိုလ်ဖြစ်မည့်
အမုန်းတရားတွေကို
ထပ်မံလိုက်ပါခွင့်
မပြုလေပဲ
ချစ်ခြင်း ခွင့်လွတ်ခြင်း
ညှာတာထောက်ထားခြင်းတို့ဖြင့်
ပြုမူဆက်ဆံကာ
နေထိုင်သွားကြဖို့ရန်
နိုးဆော်ထားသည့်
စာစုလေးဖြစ်ပါသည်..
ရေးဖွဲ့သူက
စာချ ရဟန်း( ကောလိပ်ရဟန်း)
တစ်ပါးဖြစ်ပါသည် မိတ်ဆွေတို့..
စာရဲ့ ....
ဆိုလိုရင်းနှင့်
ရည်ညွှန်းစေတနာကို
သေချာတွဲ၍
ဖတ်တတ် မှတ်တတ်နိုင်ပါစေ.....
( သျှင်သေမင်း )
No comments:
Post a Comment