........သည်ဆိုဘ်ရောက်လာ များသတ္တာချမ်းသာကိုစိတ်မြဲပါစေ၊ ဥပါဒ်ရန်ဘေးကင်းစင်ဝေးငြိမ်းအေးကြပါစေ.........

Jun 24, 2018

သုတရသ

၁။ မျက်ရည်ကျတဲ့အချိန်မှာ ဆုံးဖြတ်ချက်မချပါနဲ့ဒီအချိန်မှာ
အဆိုးမြင်စကားပြောဆိုခြင်းနည်းနိုင်သမျှနည်းပါစေ၊

၂။ အခက်အခဲ ကိစ္စတစ်ခုကိုအမြဲတွေးတောပူပန်မနေပါနဲ့
ခံစာချက်တိုင်းကိုသင့် ဆီမှာသောင်တင်မနေပါစေနဲ့ သင့်မှာတိုင်ပင်စရာ
သူငယ်ချင်းတွေမိဘတွေရှိသေးတာကိုသတိရပါ၊

၃။ မှားမှာကို မကြောက်ပါနဲ့ တကယ်လို့မှားခဲ့ရင်တောင် ဦးနှောက်ခြောက်မခံပါနဲ့
လူဘဝဆိုတာ အမှားအမှန်ဒွန်တွဲနေတတ်ပါတယ် ဘယ်လို့အခြေအနေပဲဖြစ်ဖြစ်
နောက်ဆုံးပြန်စဉ်းစားကြည့်လိုက်တဲ့အခါ ပြီးခဲ့တဲ့အမှားတွေဟာ သိပ်တော့အရေးကြီးလှတာ
ကိုခံစားရပါလိမ့်မယ်၊

၄။ အဆိုးမြင်ခြင်းဟာ လူတွေမှာရှိတတ်ပါတယ် ဒါပေမယ့် ဒီလိုအဆိုးမြင်တဲ့အရာ
တွေဟာဘဝရဲ့သေးငယ်တဲ့အစိတ်အပိုင်းတွေဆိုတာ နာလည်းဖို့လိုပါတယ်
တကယ်တော့စိတ်ခံစားချက်ကို ဦးစားမပေးပဲမျှတအောင် အကောင်မြင်စိတ်လေးနဲ့
အစားထိုးပေးဖို့လို့ပါတယ်၊

၅။ တကယ်လို တစ်ယောက်ယောက်ကသင့်ကိုအဆက်အသွယ်လိုက်သည်ဖြစ်စေ
မလုပ်သည်ဖြစ်စေ စကားပြောပြော မပြောပြောဒါဟာသာမန်ပါပဲ ရေးကြီးခွင်ကျယ် အကျယ်
ချဲ့နေစရာမလိုပါဘူး တွေးပြီးဝမ်းနည်းမနေသင့်ပါဘူး၊

၆။ တကယ်လို့သင်တစ်ခုခုကို နာမလည်းရင် မေးမြန်းပြောဆိုပါ နားလည်ပြီးဆိုရင်
တော့ရင်ထဲမှာပဲသိမ်းထားပါ သိလိုက်ရတဲ့အတွက်ဝမ်းသာပါ၊

၇။ ဦးနှောက်ခြောက်စရာ ကိစ္စတွေအားလုံးက မိမိဘာသာရှာတာတွေများပါတယ်
ဒါကြောင့်ကိုယ့်ဘာသာဖြေရှင်းဖို့ကြိုးစားပါ သူငယ်ချင်းတွေကိုငိုယိုစိတ်ပူပန်စေမဲ့
အစားသူတို့တွေနဲ့အတူတူပျော်ပျော်နေပါ၊

၈။ ပြောပြီးသားကတိတည်ပါစေ စကားကိုလွယ်လွယ်ပြောဆိုခြင်းက သင့်အပေါ်
မှာမိတ်ဆွေတွေယုံကြည်မှု နည်းပါးစေပါတယ်၊

၉။ ဘယ်လိုအပြောင်းအလဲ အတားအဆီးရှိပါစေ မှုလသင်လုပ်နေကျ နေစဉ်ဘဝ
ကိုမဆုံးရှုံးပါစေနဲ့ အချိန်မှန်စား အချိန်မှန်အိပ်စက်ပါ၊

၁၀။ ကိစ္စတခုလုပ်တဲ့အခါ မကြောက်မရွံလုပ်ဆောင်ပါ
ထိခိုက်နာကျင်မှာ မကြောက်ပါနဲ့ မှားယွင်းပြောဆိုမှာကိုလဲ မကြောက်ပါနဲ့
ပြီးခဲ့တဲ့အရာတွေကိုလဲ ပြန်စဉ်းစားပူပန်မနေပါနဲ့၊

၁၁။ မှားသည်ဖြစ်စေ မှန်သည်ဖြစ်စေ လမ်းကြောင်းဦးတည်ရာရှိပါစေ
ယုံကြည်မူနဲ့ရှေ့တိုးဆောင်ရွှက်ပါ လက်ရှိဘဝကို အမြဲသုံးသပ်ကြည့်ပြီး
ရှင်သန်နေထိုင်ပါ ဘယ်လိုလူတွေနဲ့တွေ့တွေ့မုန်းတီးစရာမလိုပါဘူး
အမှားအမှန်လူလောကမှာ အမှားကနေသင်ခန်းစာယူပြီး အမှန်ကိုရှေ့တိုးဆောင်ရွက်ပါ၊

၁၂။ သင့်ကိုသင် ည့ံဖျင်းတယ်လို့ထင်တာဟာလိမ်လည်မှုတစ်ခုပါပဲ
သင်ဟာ ဘာမှတန်ဖိုးမရှိဘူးလိုထင်ခြင်းကလဲ မှားယွင်းတဲ့ အတွေးတစ်ခုဖြစ်ပါတယ်၊

၁၃။ ဘယ်အရာကိုမှ မကြောက်ပါနဲ့ လောကမှာကြောက်စရာကောင်းတာတွေက
များပါတယ် သင်ကြောက်နေလိုလဲ ကုန်ဆုံးမှာမဟုတ်ပါဘူး အခက်အခဲကြုံလာရင်
ဖြေရှင်းပါ ဖြေရှင်းလို့မရနိုင်ရင် စွန့်လွှတ်ရုံပါပဲ တွေးတောကြောက်ရွံ့မနေပါနဲ့၊

၁၄။ ဘယ်လောက်အားကိုးရတဲ့သူဖြစ်ပါစေ စကားအားလုံးကို
အကျိုးမရှိပဲထုတ်ဖော်မပြောဆိုသင့်ပါဘူး၊

၁၅။ ဘာပြောရမှန်းမသိတဲ့အခါမှာလဲ ဘာမှမပြောပါနဲ့ ဆိတ်ဆိတ်နေပါ
ပြောရင်းနဲ့အမှားပါတတ်လို့ပါ၊

၁၆။ ရလဒ်အတွက် ပူပန်မနေပါနဲ့ အကောင်းဆုံလုပ်ဆောင်ပါ
ရလဒ်ကအလိုလိုလိုက်ပါလာပါလိမ့်မယ်၊

၁၇။ နောတမရပါစေနဲ့ နောင်တရခြင်းက အမှားလုပ်လိုက်တာထက်ပိုပြီး
ကြောက်စရာကောင်းပါတယ် သင့်ရဲ့ကိုယ့်ကိုယ်ကိုယုံကြည်မှုလဲပျက်ပြားစေပါတယ်
မှားပြီးရင်မှားတာတွေကြုံတွေ့ရတတ်ပါတယ်၊

၁၈။ ဘာကိစ္စပဲကြုံကြုံ ကိုယ့်ကိုယ်ကို ဒါဖြစ်သင့်ပါတယ်လေလို့ပြောပါ
ငါ့ကျမှဘာလိုဒုက္ခရောက်ရတာလဲလို့ မညည်းတွားပါနဲ့ အခုသင်ခံစားနေရတဲ့
အချိန်မှာကမ်ဘာကြီးရဲ့တခြားနေရာမှာ အခက်အခဲဒုက္ခခံစားညည်းတွားနေတဲ့
သူတွေအများကြီးပါပဲ၊

၁၉။ ဘဝမှာခါးသီးခြင်းနှင့် ပိုမိုကောင်းမွန်တဲ့အရာတွေကို ရွေးချယ်ရမယ်ဆိုရင်
ခါးသီးခြင်းကိုမေ့ပစ်ပြီး ပိုကောင်းတာရွေးပါ၊

၂၀။ ကိုယ်လက်အင်္ဂါချို့တဲ့နေပါစေ မျှော်လင့်ချက်ဖြင့် အသက်ရှင်နေထိုင်ပါ၊

၂၁။ တကယ်လို့ ကျွန်တော်ကျရှုံးရင်ထပ်ကြိုးစားမယ် တစ်ကြိမ်ပြီး
တစ်ကြိမ်းပေါ့ တကယ်လို့သင်ကျဆုံးဲ့ရင်ရော
ထပ်ကြိုးစားမှာလား လူစိတ်ဝိဉာဉ်ဟာကျွန်တော်တို့ထင်ထားတာထက်
ပိုမိုပြီး အခက်အခဲတွေကို ကိုင်တွယ်ဖြေရှင်းနိုင်ပါတယ် သင်ဘယ်လိုနိဂုံးချုပ်ချင်
လဲဆိုတာပေါ်မှာပဲမူတည်ပါတယ်။

Credit_Ashinsandimar.


No comments:

Post a Comment