........သည်ဆိုဘ်ရောက်လာ များသတ္တာချမ်းသာကိုစိတ်မြဲပါစေ၊ ဥပါဒ်ရန်ဘေးကင်းစင်ဝေးငြိမ်းအေးကြပါစေ.........

Jun 22, 2018

ပိုက်ဆံနဲ့ဝယ်လို့မရတာတွေနဲ့ကြွယ်ဝအောင်လုပ်ပါ


       ကြွယ်ဝတယ် ဆိုတာ ဥစ္စာပစ္စည်း တပုံတပင်ကြီး ရှိနေတာကို ဆိုလိုတာ မဟုတ်ပါဘူး။ ကြွယ်ဝတယ်ချမ်းသာတယ်ဆိုတာ ဘယ်လောက်စိတ်ကြည်နူးနိုင်သလဲ ဆိုတာကို ဆိုလိုတာပါ။
    အကယ်၍ ကိုယ်ဟာ သားသမီးတွေရဲ့ မြတ်နိုးမှုကို ရတယ်ဆိုရင် ဒါဟာ ကြွယ်ဝတာပါပဲ။ ကိုယ့်ကိုအပြစ်ရှာ ဝေဖန်နေတဲ့သူဆီက လေးစားမှုကို ရတယ်ဆိုရင် ဒါလည်း ကြွယ်ဝတာပါပဲ တဲ့။
      ဒီကမ္ဘာပေါ်မှာ ပိုက်ဆံပေးဝယ်လို့ရတာတွေ အများကြီး အများကြီး ရှိနေတာ သိပြီးသား ဖြစ်မှာပါနော်။ ဒါပေမယ့် ပိုက်ဆံပေးဝယ်လို့ မရတာတွေက အဖိုးတန်ဆုံး ဖြစ်နေတာရော သတိထားမိရဲ့လား။

ဥပမာ...
အိပ်ယာကို ဝယ်လို့ရမယ် ... အိပ်စက်ခြင်းကို ဝယ်လို့မရဘူး။
အစားအစာကို ဝယ်လို့ရမယ် .. စားချင်စိတ်ကို ဝယ်လို့မရဘူး။
နေစရာအိမ်ကို ဝယ်လို့ရမယ် ... နွေးထွေးတဲ့အိမ်ကို ဝယ်လို့မရဘူး။
  ဆေးကို ဝယ်လို့ရမယ် .. ကျန်းမာရေးကို ဝယ်လို့မရဘူး။
  ရွှေသားအတိနာရီကို ဝယ်လို့ရမယ် .. အချိန်ကို ဝယ်လို့မရဘူး။
စာအုပ်တွေကို ဝယ်လို့ရမယ် .. တွေးခေါ်မြော်မြင်နိုင်တဲ့ဦးနှောက်ကို ဝယ်လို့မရဘူး။
ဘွဲ့လက်မှတ်ကို ဝယ်လို့ရမယ် .. ဗဟုသုတပြည့်စုံတဲ့ ပညာတတ်စိတ်ကို ဝယ်လို့မရဘူး။
အာရုံခံစားမှုကို ဝယ်လို့ရမယ် ... စိတ်ပျော်ရွှင်ကြည်နူးမှုကို ဝယ်လို့မရဘူး။
    သွေးသားတပ်မက်မှုကို ဝယ်လို့ရမယ် .. ချစ်ခြင်းမေတ္တာကို ဝယ်လို့မရဘူး။

    အဲဒီတော့ လောကမှာ တကယ် အားကျလောက်တဲ့သူကို လက်ညိုးထိုးပြပါလို့ ဆိုရင် ဘယ်လိုလူကို လက်ညိုးထိုးပြမလဲ...။
    ပိုက်ဆံနဲ့ ပေးဝယ်လို့မရတာတွေနဲ့ ကြွယ်ဝချမ်းသာပြီး .. ချစ်ခြင်းမေတ္တာနဲ့ ပြည့်စုံနေတဲ့သူ .. စိတ်မှာလည်း ငြိမ်းချမ်းနေတဲ့သူကို ပြရမှာနော်။ 

    စဉ်းစားကြည့်ရင် နော်... တစ်နေ့သေကို သေမှာဖြစ်တဲ့ ..  သေခြင်းသာ နောက်ဆုံးရှိမယ့် ဘဝမှာ.. အကောင်းဆုံးအရာတွေဟာ ငွေပေးဝယ်လို့မရတဲ့ အရာတွေချည်းပဲ ဖြစ်နေတာတွေ့ရတယ်နော်။ သူများကို မြင်အောင် ပြလို့ မရတဲ့ အရာတွေချည်း ဖြစ်နေတာလည်း တွေ့ရတယ်။
      ဥစ္စာတွေ ပစ္စည်းတွေဆိုတာ မက်လောက်စရာလို့ ထင်ရတယ်။ ဒါပေမယ့် သေရင် အကုန်ထားခဲ့ရမှာပါ။ သေရင်သွားကြားထိုးတံတစ်ချောင်းတောင် ယူသွားလို့မရဘူး။

   ဒါ့ကြောင့် အရာအားလုံးထက်ပိုပြီး peace of mind စိတ်ရဲ့ငြိမ်းချမ်းမှုကို အလေးထားပါ။

   စိတ်ရဲ့ မြင့်မြတ်မှု ငြိမ်းချမ်းမှုကို ပစ်ချပြီး ဘယ်လိုအရာနောက်ကိုမှ ကောက်ကောက်ပါအောင်မလိုက်မိပါစေနဲ့။

    စိတ်ရဲ့မြင့်မြတ်မှု စိတ်ရဲ့ ငြိမ်းချမ်းမှုနဲ့ လဲယူလိုက်တဲ့အရာမှန်သမျှဟာ.. အချိန် ကြာလာတဲ့အမျှ ကိုယ့်ရဲ့အကောင်းဆုံးကို ဖျက်ဆီးလိုက်ပြီးတော့ ကိုယ့်ကို နောင်တနဲ့ ပူလောင်အောင် လုပ်တတ်လို့ပါ။


Credit to @htet htet htun


No comments:

Post a Comment