........သည်ဆိုဘ်ရောက်လာ များသတ္တာချမ်းသာကိုစိတ်မြဲပါစေ၊ ဥပါဒ်ရန်ဘေးကင်းစင်ဝေးငြိမ်းအေးကြပါစေ.........

Dec 22, 2016

မိတ်ဆွေစစ်ဆိုတာ လောက၌ ရှားပါးပစ္စည်း တခုပါ

မိတ်ဆွေစစ်ဆိုတာ လောက၌ ရှားပါးပစ္စည်း တခုပါ
🌼🌼🌼🌼🌼🌼🌼🌼

   လောကတွင် တချို့သော သူတို့သည် ကိုယ့်ဘက်က စွန့်လွတ်အနစ်နာခံမှုတွေနဲ့ ရင်းနှီးပေးဆပ်သော်လည်း ကိုယ့်ရဲ့စေတနာ၊ ကိုယ့်ရဲ့တန်ဖိုးကို မသိမြင်ပေ။ ထိုသို့ မသိတတ်သူတို့၏ လက်ထဲမှာ ကိုယ်ဟာလည်း ဘာမှ တန်ဖိုးရှိလာမည် မဟုတ်ပေ။

     ထိုသို့သောသူများသည် ကိုယ့်နှင့် ပက်သက်သော အကြောင်းကိစ္စကိုဖြစ်စေ၊ ကိုယ်ရဲ့ ပြောဆိုဆက်ဆံမှုကိုဖြစ်စေ၊ ကိုယ့်ရဲ့ ဆက်သွယ်မှုကို ဖြစ်စေ ဂရုစိုက်ခြင်းမရှိ၊ စိတ်ဝင်စားခြင်းမရှိ၊
အလေးထားခြင်းလည်းမရှိပေ။

     ထိုကဲ့သို့သော သူများအတွက် အကြိမ်ကြိမ် မပေးဆပ်သင့်။
ထိုသို့ မသိတတ်သော သူတွေကို မသိချင်ယောင်ဆောင်၍သာ နေသင့်ပေသည်။

    - ထို့ကြောင့် ဘဝအတွက် ဘယ်သူ့ကို အလေးထား ဆက်ဆံရမယ်။ ဘယ်လိုလူကို ပေါင်းသင်းရမယ် ဆိုတာကို "မိတ်ဆွေစစ် အင်္ဂါ (၇) ချက်" နှင့် နှိုင်းယှဉ်ကြည့်ပြီး ရွှေးချယ်၍ ပေါင်းသင်းသင့်ပေသည်။ 

   ၁- " ပေးနိုင်ခဲသော အရာကိုပေးခြင်း"။
(သင်၏ အပေါင်းသင်း သူငယ်ချင်း တစ်ယောက်ယောက်သည် - "သင့်အား  ပေးရန်ခဲယဉ်းသော အရာကို ပေးဆပ်တတ်လျင် ထိုသူသည် သင့်အတွက် မိတ်ဆွေကောင်းဖြစ်၏။")

    ၂- " ခက်ရာခက်ဆစ် လုပ်ငန်းကို ကူညီလုပ်ကိုင်ပေးခြင်း"။
(သင်၏ အပေါင်းသင်း သူငယ်ချင်း တစ်ယောက်ယောက်သည် - "သင့်အား လုပ်ပေးရန်ခဲယဉ်းသော ခက်ရာခက်ဆစ် လုပ်ငန်းကို ကူညီလုပ်ကိုင်ပေးလျှင် ထိုသူသည်လည်း သင့်အတွက် မိတ်ဆွေကောင်းဖြစ်၏။")

     ၃- "သည်းမခံနိုင်တဲ့ အရာကို သည်းခံနိုင်ခြင်း။"
(သင်၏ အပေါင်းသင်း သူငယ်ချင်း တစ်ယောက်ယောက်သည် -" သင့်၏ သည်းမခံနိုင်စရာ အကြောင်းကိစ္စအား ခွင့်လွှတ် သည်းခံပေးနိုင်လျှင် ထိုသူသည် သင့်အတွက် မိတ်ဆွေကောင်းဖြစ်၏။")

      ၄-" ထိပ်တန်းလျှို့ဝှက်ချက်ကို ဖွင်ေ့ပြာပြနိုင် ခြင်း။"
(သင်၏ အပေါင်းသင်း သူငယ်ချင်း တစ်ယောက်ယောက်သည် - "အကျိုးစီးပွားနှင့် ပက်သက်သော အရေးကြီးကိစ္စရပ်ကို ဖြစ်စေ၊ လေးနက်သော လျှို့ဝှက်အပ်ရာ ကိစ္စတို့ကို ဖြစ်စေ သင့်အား ဆွေးနွေးတိုင်ပင်၏။ ထိုသူသည် သင့်အတွက် မိတ်ဆွေကောင်းဖြစ်၏။")

     ၅- "သိက္ခာကျဖို့ ကြုံလာရင် ထိန်ချန်ပေးခြင်း။"
(သင်၏ အပေါင်းသင်း သူငယ်ချင်း တစ်ယောက်ယောက်သည် -" သင့်အား ဂုဏ်သိက္ခာကျစေနိုင်သော အကြောင်းကိစ္စများကို ထိန်ချန်၍ ပြောဆို၏၊ လျှို့ဝှက်၍ ပြောဆို၏။ ထိုသူသည်လည်း သင့်အတွက် မိတ်ဆွေကောင်းဖြစ်၏။")

    ၆- "ဒုက္ခရောက်လျှင် ပစ်မထားခြင်း။"
(သင်၏ အပေါင်းသင်း သူငယ်ချင်း တစ်ယောက်ယောက်သည် - "သင် အခက်ခဲဖြစ်နေလျှင်၊ ဒုက္ခရောက်နေလျှင် ဝိုင်းဝန်းကူညီပေး၏။ မသိချင်ယောင်ဆောင်၍ပင် ပစ်မထားရက်ပေ၊ ထိုသူသည်လည်း သင့်အတွက် မိတ်ဆွေကောင်းဖြစ်၏။")

     ၇- "စီးပွားဥစ္စာချို့တဲ့လျှင် အထင်မသေးခြင်း။"
(သင်၏ အပေါင်းသင်း သူငယ်ချင်း တစ်ယောက်ယောက်သည် - "သင်အား စီးပွားချို့တဲ့သောကြောင့် ဖြစ်စေ၊ ပညာမတတ်သောကြောင့်ဖြစ်စေ၊ ဆင်းရဲမွဲတေ သောကြောင့်ဖြစ်စေ သင့်ကို အထင်သေးခြင်းမရှိ ခင်မင်လေးစား၏။ ထိုသူသည်လည်း သင့်အတွက် မိတ်ဆွေကောင်း ဖြစ်၏။")

Credit>>
    - ဓမ္မမိတ်ဆွေများအားလုံး- မိတ်ဆွေစစ်၊ မိတ်ဆွေကောင်းများ၏ ပေးဆပ်မှုများကို သိမြင်နိုင်ကြပါစေ •••(kavi)မနောမြေ

No comments:

Post a Comment