........သည်ဆိုဘ်ရောက်လာ များသတ္တာချမ်းသာကိုစိတ်မြဲပါစေ၊ ဥပါဒ်ရန်ဘေးကင်းစင်ဝေးငြိမ်းအေးကြပါစေ.........

Dec 25, 2016

ခရစ်စမတ်သစ်ပင်​နှင့်​ ခရစ်​စမတ်​အ​ကြောင်း သိ​ကောင်းစရာ

(ခရစ်​စမတ်​ညဆို​တော့ ဗဟုသုတအလို့ငှါပြန်​တင်​​ပေးပါတယ်​ခင်​ဗျာ)
ဒီဇင်ဘာလထဲရောက်လာပြီမို့ ခရစ်စမတ်အကြောင်းကိုတော့လူတိုင်းသိပေမယ့်
လူတိုင်းသတိမထားမိတဲ့ ခရစ်စမတ်နေ့မှာ အသုံးပြုတဲ့ ခရစ်မတ်သစ်ပင်အကြောင်း
ကို လက်လှမ်းမှီသလောက်ပြောကြည့်ရအောင်ပါ...။ ခရစ်စမတ်နေ့ကတော့ အများစု ဒီ
ဇင်ဘာလ ၂၅ ရက်မှာ စပါတယ်။ ဒါပေမယ့်နိုင်ငံရဲ့အချိန်ဇယားကွဲပြားခြားမှုအားလျော်
စွာတစ်နိုင်ငံနှင့်တစ်ငံမတူတာက အားလုံးအသိပါ...။

ခရစ်စမတ်သစ်ပင်ကတော့ အမေရိကန်ရဲ့ရိုးရာလို့ပြောနိုင်ပါတယ်။ အသုံးများတဲ့သစ်
ပင်ကတော့ ၁၂လရာသီမှာ အမြဲစိမ်းလှန်းစိုပြေတဲ့ Pine or Fir လို့ခေါ်တဲ့ ထင်းရှူးပန်းပင်ကို အဓိကထားသုံးကြပါတယ်။ အဲဒီသစ်ပင်ပေါ်မှာမှ အရောင်မျိုးစုံနေ့ခင်းအတွက
်ရောညကြည့်ဖို့အတွက်ပါပစ္စည်းမျိုးစုံနှင့် ရောင်စုံမီးသီးတွေနဲ့ ဆင်လေ့ရှိကြပါတယ်။

တတ်နိုင်တဲ့သူနဲ့ မတတ်နိုင်တဲ့သူတွေပေါ်မှာမူတည်ပြီး ကွဲပြားခါးနားမှုတော့ရှိပါလိမ့်
မယ်။ ခြံဝင်းထဲကပန်းအိုးနဲ့အလှဆင်ကြသလိုမျိုး ပလပ်စတစ်နဲ့အလှဆင်ကြတဲ့သူ
ကုမ္ပဏီ မှာငှါးယူတဲ့သူ အမျိုးမျိုးရှိကြပါလိမ့်မယ်။
ဒါကတော့ ထင်ရှူးပန်းကိုသုံးတဲ့ ခရစ်စမတ်ပင်ပါ။

နောက်တစ်မျိုးကတော့ ၁၂လရာသီအမြဲစိမ်းပြီး အသုံးပြုတဲ့ခရစ်စမတ်သစ်ပင်ကတော့
Mistletoe လို့ခေါ်တဲ့ ကျီးပေါင်းပင်ပါ။.သူလည်းရေပန်းစားပြီး အသုံးပြုတဲ့အပင်မျိုးပါ။
အဲဒီအပင်ရဲ့လာရာ ရိုးရာဇာတိကတော့ ဥရောပကလို့ဆိုပါတယ်။
သမိုင်းဆရာ Druids ယုံကြည်တာကတော့ ကျီးပေါင်းပင်ဟာ ဆွဲဆောင်မှုအပြည့်ရှိ
တဲ့စွမ်းအင်ရှိတယ်လို့ ပြောပါတယ်။ ပလပ်စတစ်နဲ့လုပ်ထားတဲ့အပင်လည်းသုံးပါတယ်။

ယနေ့ခေတ်စားနေတာကတော့ ခွင့်လွှတ်ခြင်းအထိမ်းအမှတ်အနေနဲ့ ခရစ်စမတ်ပါတီ
မှာ နမ်းကြတာပါ။ ဒီအအနမ်းကို အပြစ်မရှိတဲ့နမ်းခြင်းလို့ယူဆကြပါတယ်။
ဒီအနမ်းက ခရစ်စမတ်အနမ်းအနေနဲ့ရိုးရာလိုဖြစ်ပြီးတော့ တံခါးပေါက်နားက ခရစ်စ
မတ်သစ်ပင်အောက်မှာ တစ်ယောက်ကိုတစ်ယောက်ဖက်ပြီး နမ်းကြတဲ့အနမ်းပါ။
ဒါကလည်း ကျီးပေါင်းပင်ရဲ့ လူသိများစေတဲ့ ခရစ်စမတ်သစ်ပင်ပါ..။

နောက်တစ်မျိုးခရစ်စမတ်သစ်ပင်နဲ့ ဆက်နွယ်နေသေးတဲ့သစ်ပင်ကတော့
Poinsettias လို့ခေါ်တဲ့ ရွက်လှပန်းပင်ပါ။ သူ့ရဲ့လာရာကတော့ Maxico ကဖြစ်ပါ
တယ်။ သူကတော့ အဖြူရောင်လည်းဖြစ်နိုင်သလို ပန်းရောင်လည်းဖြစ်နိုင်ပါတယ်။
ဒါပေမယ့်အများစုကတော့ တောက်ပတဲ့အနီရောင်ဖြစ်ပါတယ်။

ခရစ်စမတ်ပါတီစပြီးကျင်းပတာကတော့ အမေရိကန်ရဲ့ပထမဆုံးသမ္မတဖြစ်တဲ့
ဂျောဂ်ျဝါရှင်တန် ဖြစ်ပါလိမ့်မယ်။ ခရစ်စမတ်သစ်ပင်ကို စပြီးအလှဆင်ကြတာ
၁၈ ရာစုကပါ။ ဒါကတော့ ခရစ်စမတ်သစ်ပင်အကြောင်း အကျဉ်းလေးပါ။

Source: VOA English Report မှဆီ​လျော်​​အောင်​ဘာသာပြန်​ထားပါသည်​။
#တက္ကသိုလ် ခွန်Rကာ
*********************************************

ခရစ်စမတ်အကြောင်းကတော့ ငြိမ်းလဲ့ဖေစ်ဘုတ်စာမျက်နှာမှအောက်ပါ
အတိုင်းဖော်ပြပေးထားပါတယ်...။

#ခရစ်စမတ်ဆိုတာဘာလဲ

ခရစ်စမတ် နေ့ ဖြစ်လာရခြင်းအကြောင်းမှာ အရာ ခပ်သိမ်းကို ဖန်ဆင်းသော
ဘုရားသခင် က မိမိဖန်ဆင်းထားသော လူသားများ အပြစ်သံသရာဝဲသြဃမှာ နှစ်မြုပ် နေသည်ကို မကြည့်ရက်၍ သားတော်ယေရှုအမည်ဖြင့် လောကကြီးသို့ ကြွဆင်းလာကာ လူ့ဇာတိ ခံယူခဲ့သည့် ၀မ်းမြောက်စရာ ဘုရားသခင်၏ မွေးနေ့ရက်မြတ် ဖြစ်တယ်။

ခရစ်စမတ်ပွဲတော်ကို ကမ္ဘာနှင့်အ၀ှမ်းကျင်းပလေ့ရှိတယ်။
ဒါပေမဲ့ ခရစ်စမတ်ရဲ့ အနှစ်သာရ အဓိပ္ပာယ်ကို မသိကြသူတို့နဲ့ အနောက်တိုင်း ယဉ်ကျေးမှု ဖုံးလွှမ်းလာမှုကြောင့် ယနေ့ ခရစ်စမတ်ပွဲ တစ်ချို့ဟာ ယမကာ ဖုံးလွှမ်းတဲ့ပါတီပွဲများ ဖြစ်နေကြတယ်။

အမှန်စင်စစ်ယေရှုခရစ်ဟာ အနောက်တိုင်းမှာ မွေးဖွားခြင်းကို ခံယူ ခဲ့ခြင်းမဟုတ်ပါ။

အရှေ့အလယ် ပိုင်းခေါ် ကမ္ဘာ၏အနောက်ပိုင်းနှင့် အရှေ့ပိုင်းတို့ ထိစပ်သည့် အစ္စရေးနိုင်ငံ တည်ရာ ပါလက်စတိုင်းဒေသတွင် မွေးဖွားခြင်းကို ခံယူခဲ့ခြင်းဖြစ်သည်။

#ခရစ်စမတ်၏ အနှစ်သာရ အဓိပ္ပါယ်ကဘာလဲ

ကောင်းသောအကျင့်ကိုသိလျက် မကျင့်ပဲ နေသောသူသည် အပြစ်ရှိ၏။ လူတွေဟာ အများအားဖြင့် ကိုယ့် ကိုယ်ကိုအပြစ်ရှိမှန်း အပြစ်သားမှန်း မသိကြဘူး။
ဒါပေမဲ့ လူတိုင်းအပြစ်ကျူးလွန်ကြတယ်။ အပြစ်ရှိသူတိုင်း ခံရမယ့်အခဟာ သေခြင်းဖြစ်တယ်။
ဒါကြောင့် ကျွန်ုပ်တို့ လူသားတိုင်း သေနေကြတယ်။
သေပြီးရင် မပြီး သေးဘူး၊ ငရဲမှာ ပြစ်ဒဏ် ထာဝရခံဦးမယ်။ဘုရားသခင်ဟာ ကျွန်ုပ်တို့ လူသားတိုင်းကို ချစ်သနား တယ်။ ဘယ်သူမှပျက်စီးခြင်း ငရဲထဲရောက်ဖို့ အလိုတော်မရှိဘူး။ ဒါကြောင့်လည်း အပြစ်၌ နစ်မွန်းလျက်ရှိသော ကျွန်ုပ်တို့ကို ကယ်တင်ဖို့ ဘုရားသခင်၏ သားတော်အဖြစ် လူ့ဇာတိခံယူခြင်းဖြင့် ခရစ်စမတ်ဆိုတာ ဖြစ်ပေါ် လာခဲ့ရခြင်း ဖြစ်တယ်။

#မင်္ဂလာရက်မြတ် ခရစ်စမတ်

သခင်ယေရှုဟာ ဘုရားစင်စစ်ကနေ လူ့ဘ၀ကိုခံယူပြီး လောက သားတွေဆီ ကြွဆင်းလာခြင်းဖြင့် ဘုရား သခင်ရဲ့မေတ္တာ၊ ကရုဏာ၊ကောင်းမြတ်တော်မူခြင်းကို ထင်ရှားစေခဲ့တယ်။
လူသားတွေဆီ ဘုရားသခင်ကြွ လာပြီး လူသားတွေခံရမယ့် အပြစ်ဒဏ်အတွက်ကားတိုင်မှာ အသေခံပေးချေဖို့ ဖြစ်တယ်။

သခင်ယေရှုဟာ ကျွန်ုပ်တို့ခံရမည့် အပြစ်၏ အခသေခြင်းကို လက်ဝါးကပ်တိုင်မှာ အသေခံပြီးပေးချေခဲ့တယ်။ (၃)ရက် မြောက် သောနေ့မှာ သေခြင်းတရားကိုအောင်နိုင်ပြီး ရှင်ပြန် ထမြောက်ခဲ့တယ်။ ယနေ့အသက်ရှင်လျက် ရှိတယ်။ တကယ်လို့သာ သခင်ယေရှုဟာ သေခြင်းတရားကို မအောင်မြင်ခဲ့ဘူးဆိုရင် ခရစ်စမတ် ဆိုတာ ကမ္ဘာ့ပြက္ခဒိန်မှာ ပါစရာမရှိဘူး ။ ခရစ်စမတ်ပွဲလည်း ကျင်းပဖို့ အကြောင်းမရှိဘူး။ ဘာကြောင့်လည်းဆိုရင် သေသွားတဲ့သူများအတွက် ဘယ်သူမှ မွေးနေ့ပွဲကျင်းပရိုး မရှိဘူး။ ခရစ်စမတ်ဆိုတာ မွေးနေ့ပွဲတော်ပါ။

ဘုရားသခင်ဟာ ကျွန်ုပ်တို့ကို သံသရာဝဋ်ဆင်းရဲနဲ့ အပါယ်ငရဲ မှ လွတ်မြောက်ခွင့်ပေးသောနေ့ဟာ
ခရစ်စ မတ်နေ့ ဖြစ်တယ်။ဒါကြောင့် ခရစ်စမတ်ဟာ မင်္ဂလာရက်မြတ်ဖြစ်တယ်။
မိတ်ဆွေအတွက် အလိုအပ်ဆုံး အရာကို ဘုရားသခင် ပေးသနားခဲ့ပြီ။

သခင်ယေရှု ကြွလာခဲ့ရခြင်းဟာ မိတ်ဆွေအတွက်ဖြစ်ပြီး လက်ဝါး ကပ်တိုင်မှာ အသေခံရခြင်း ဟာလည်း မိတ်ဆွေရဲ့ အပြစ်အတွက် ဖြစ်တယ်။ သခင်ယေရှုရဲ့ အသေခံပေး ဆပ် ခြင်းဟာ မိတ်ဆွေအတွက်ဆိုတာ ယုံကြည်စိတ်ချတယ်ဆိုရင် ဒီခရစ်စမတ်ဟာ မိတ်ဆွေအတွက် ဖြစ် တယ်။ ဘယ်သူမဆို ယေရှုခရစ်ဟာ မိမိရဲ့အပြစ်ကြွေး အတွက် အသေခံပေးဆပ်ပြီးကြောင်း ယုံကြည် လက်ခံရင် ဘုရားသခင်ပေးတဲ့ ခရစ်စမတ်လက်ဆောင် အပြစ်လွှတ်ခြင်းကျေးဇူးကို ခံစားရမယ်။ အပြစ် အမှောင်ထဲမှာ မျှော်လင့်ရာမဲ့နေတဲ့ ကျွန်ုပ်တို့လူသားတွေအတွက် မျှော်လင့်ခြင်းနဲ့ ငြိမ်သက်ပျော်ရွှင်ခြင်း ခံစားရဖို့ ခရစ်စမတ်ဖြစ်လာတယ်။

#Cerdit ငြိမ်းလဲ့

အားလုံး အားလုံးပဲ Happy Merry X'Mas ဗျာ..။
မိမိရဲ့အတွင်းအဇ္ဈတ္တစိကိုငြိမချမ်း​အောင်​ကြိုးစာပြီး မိမိတို့ရဲ့ဘဝမှာဖြစ်​ချင်​သည့်​ပုံစံအတိုင်း
မ​လျော့​သောဇွဲလုံ့လဖြင့်​ ဆက်​ပြီးကြိုးစားနိုင်​ကြပါ​စေ​ကြောင်း ဆုမွန်​​ကောင်းဖြင့်​ ဆန္ဒပြုလိုက်
ပါသည်​။

#တက္ကသိုလ်​ ခွန်​Rကာ

No comments:

Post a Comment