........သည်ဆိုဘ်ရောက်လာ များသတ္တာချမ်းသာကိုစိတ်မြဲပါစေ၊ ဥပါဒ်ရန်ဘေးကင်းစင်ဝေးငြိမ်းအေးကြပါစေ.........
Dec 16, 2016
" သွားနိုင်တဲ့လမ်းတွေက အများကြီး..."
၂။ “ သေသေချာချာ ကြည့်သမီး''
၃။ "ငါ့သား အမြဲမှတ်ထား''
(ရပ်ဖ်ဘန့်ခ်ျရဲ့မိခင် )
(လူငယ်​များအတွက်​ စိတ်​ခွန်​အားဖြည်​့ အဆိုအမိန်​့သံစဉ်​)
၁။ “ ဖြစ်ရမယ်လို့ စွဲစွဲမြဲမြဲ ယုံကြည်မယ်၊ ကိုယ်ရွေးချယ်ထားတဲ့ပွဲကို
ကိုယ်ဝင်ပြိုင်ဖို့ ဇွဲနပဲလည်း ရှိမယ်ဆိုရင် အောင်ပွဲဆိုတာ ပြေးမလွတ်ဘူး ”။
(ဂျွန်ဟာရိုးလ်ဂျွန်ဆင်ရဲ့မိခင်)
၂။ “ သေသေချာချာ ကြည့်သမီး''
မြို့လယ်ကွက်လပ်ကို ရောက်အောင်သွားနိုင်တဲ့လမ်းဟာ တစ်လမ်းတည်းမဟုတ်ဘူး၊
အများကြီးရှိတယ်။ လူ့ဘဝမှာလည်း ထိုနည်းလည်းကောင်းပဲ၊ သမီးရည်မှန်းထားတဲ့ပန်းတိုင်ကို
ဒီလမ်းက သွားလို့မရရင် နောက်တစ်လမ်းက ကွေ့သွားလို့ ရနိုင်တယ် ”။
( အယ်လဆာရှီယာပရယ်လီရဲ့ဖခင်)
၃။ "ငါ့သား အမြဲမှတ်ထား''
ဘယ်လုပ်ငန်းပဲ လုပ်လုပ် ရပြီးတဲ့အောင်မြင်မှုသရဖူနဲ့ ကျေနပ်မနေနဲ့၊ပန်းတိုင်တစ်ခု
ရောက်ပြီးပြီဆိုရင် နောက်ထပ် ဒီထက်မြင့်တဲ့ ရည်မှန်းချက်ပန်းတိုင်တစ်ခု ထပ်ချရမယ်။
( ဒိုနယ်ကင်းဘဲလ်ရဲ့ဖခင်)
၄။ “ သားရဲ့မျှော်လင့်ချက်''
ယုံကြည်ချက်တွေ၊ စိတ်ကူးယဉ်အိပ်မက်တွေကို ဘယ်အရာ ဘယ်ကိစ္စအတွက်မှ
မပျောက်ပျက်၊မဆုံးရှုံးပါစေနဲ့သား။
(ရပ်ဖ်ဘန့်ချ်ရဲ့မိခင် )
၅။ ကြုံရတဲ့ ခလုတ်ကန်သင်းတွေကို ကိုယ့်ဘဝ တိုးတက်အောင် မြှင့်တင်ပေမယ့် လှေကား
ထစ်တွေ အဖြစ် ပြောင်းလဲပစ်နိုင်ရမယ်သား၊ခလုတ်တိုက်မိတဲ့ ကျောက်တုံးကို
ခြေနင်းတုံးအဖြစ် အသုံးပြုတတ်ရမယ် ။
( အက်စတက်စ်ကီးဖော်ဗားရဲ့မိခင် )
၆။ “ အောင်မြင်ရေးအတွက် အဓိကသော့ချက်ဟာ ဆုံးဖြတ်ချက် တွေ အလျင်စလိုမချမိအောင် ထိန်းနိုင်ခြင်းပဲသား၊ပြဿနာတစ်ခုကြုံရင် ပထမဆုံးသေသေချာချာစဉ်းစား၊
ပြီးတော့မှ စိတ် တည်တည်ငြိမ်ငြိမ်နဲ့ ဆုံးဖြတ်ချက်ချ ”။
( ဖီးလ်မာရှယ် အလက်ဇန္ဒရို့စ် ပါပေဂို့စ်ရဲ့ဖခင်)
#Aung Win Hein (Noble)
#တက္ကသိုလ်​ ခွန်​Rကာ
No comments:
Post a Comment