........သည္ဆိုဘ္ေရာက္လာ မ်ားသတၱာခ်မ္းသာကိုစိတ္ျမဲပါေစ၊ ဥပါဒ္ရန္ေဘးကင္းစင္ေ၀းျငိမ္းေအးၾကပါေစ.........

Mar 10, 2016

ေမွ်ာ္လင့္ခ်က္နဲ႔ အလုပ္လုပ္ပါ ပအို၀္းေပတို႔။

အလုပ္ဟူသမွ် ဂုဏ္ရွိစြာတဲ့ ေရွးလူၾကီးေတြ ေျပာပါတယ္။ ဘယ္အလုပ္မရွိ အလုပ္ကို အလုပ္လို တန္ဖိုးထားတက္ရင္ ျပီးတာပဲ။ ဂုဏ္ငယ္ဖို႔ေတာ့ မလိုပါဘူး။ သို႔ေပမယ့္ ကိုယ္ဘာအလုပ္ပဲလုပ္လုပ္ ကိုယ့္မွာ ရည္မွန္းခ်က္ရွိဖို႔ေတာ့ လိုပါတယ္။ ရည္မွန္းခ်က္မရွိတဲ့ လူဟာ ပင္လယ္ထဲမွာ ေမ်ာေနတဲ့ အထိန္းမရွိ ေလွတစင္းနဲ႔ တူပါတယ္တဲ့။

တကယ္ေတာ့ ကိုယ္လုပ္တဲ့ အလုပ္တိုင္းမွာ သင္ယူတက္ဖို႔၊ တေန႔ေန႔တခ်ိန္ခ်ိန္မွာ အျခားအသက္ေမြး၀မ္းေက်ာင္း အလုပ္ကို ေျပာင္းသြားတဲ့အခါမွာ ကိုယ္လုပ္ခဲ့ဘူးတဲ့ အလုပ္က အေတြ႔အၾကံဳေတြ၊ ဗဟုသုတေတြကို ဘယ္လိုျပန္ျပီး အသံုးခ်မလဲ၊ ကိုယ့္ဘ၀တိုးတက္လာေအာင္ ဘယ္လို လုပ္ေဆာင္ႏိုင္မလဲဆိုတာပဲ အေရးၾကီး ပါတယ္။

အလုပ္တိုင္းမွာ သင္ယူစရာေတြအမ်ားၾကီးပါ။ သင္ယူတက္ဖို႔ လိုပါတယ္။ ဇြဲရွိဖို႔လဲလိုပါတယ္။ အခ်ိဳ႔ဆိုရင္ ကိုယ့္လုပ္တဲ့ အလုပ္အမ်ိဳးအစားေပၚမွာ ၾကည့္ျပီး အားငယ္၊ ဂုဏ္ငယ္တက္ပါတယ္။ မလုပ္ခ်င္ပါဘူး။ ဒါဟာ မွားယြင္းတဲ့ စိတ္ပိုင္းဆိုင္ရာ ခံစားခ်က္ အယူအဆ တမ်ိဳးလို႔လည္း ေျပာလို႔ရပါတယ္။ အဆင့္အတန္းျမွင့္တဲ့ အလုပ္လုပ္ကို လုပ္ရမွ ဂုဏ္ျမွင့္တယ္လို႔ ေျပာလို႔ရသလား။ ဘယ္လိုအလုပ္မ်ိဳးပါလဲ။ အဲယားကြန္းထဲမွာ ထိုင္ျပီးေတာ့ လုပ္ရတဲ့ အလုပ္မ်ိဳးမွလား။ အဆင့္ျမွင့္ေဟာ္တယ္  ေပၚမွာ လုပ္ရတဲ့ အလုပ္မ်ိဳးလား။ အလုပ္ဆိုတာ သူ႔ေနရာႏွင့္သူ တန္ဖိုးရွိပါတယ္။ ဒီအတြက္လည္း အျခားေသာ လူေတြလည္း လုပ္ေနၾကတာပဲေလး။

ဘယ္အလုပ္မ်ိဳးမဆို အလုပ္တိုင္း တန္ဖိုးရွိပါတယ္။ ဂုဏ္ရွိပါတယ္။ အလုပ္ဟူသမွ် ဂုဏ္ရွိစြာလို႔ ကိုယ့္ကိုယ္ကို ခံယူတက္ဖို႔ပဲလိုပါတယ္။ ကိုယ့္ဘ၀ကို သန္႔သန္႔ရွင္းရွင္း၊ နည္းလမ္းမွန္မွန္နဲ့ မွ်မွ်တတ ျဖစ္ေအာင္၊ ၾကီးပြားတိုးတက္ေအာင္ လမ္းညႊန္ေပး၊ ပံ့ပိုးေပးတဲ့ အလုပ္မွန္သမွ်ဟာ ဂုဏ္ရွိပါတယ္။ အဲဒီအလုပ္မ်ိဳးကို ကိုယ္ေရြးခ်ယ္ လုပ္သင့္ပါတယ္။

အမ်ားအားျဖင့္ က်ေတာ္တို႔ ပအို၀္းလူငယ္ေတြလည္း ႏိုင္ငံျခားမွာ အလုပ္အမ်ားၾကီး ထြက္လုပ္ၾကပါတယ္။ ဒီအတြက္ အလုပ္အမ်ိဳးမ်ိဳးကို လုပ္ၾကရပါတယ္။ တခါတခါ ကိုယ့္မွာ အလုပ္ေရြးခ်ယ္ပိုင္ခြင့္ မရွိဘူး။ ကိုယ္အဲဒီအလုပ္ကို လုပ္လိုက္ရပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ ကိုယ္က နယ္ေျမသစ္မွာေလ။ အသက္ဆက္ရွင္ေရး၊ ေနထိုင္ေရးက ကိုယ္ဂုဏ္ငယ္တယ္လို႔ ခံစားရတဲ့၊ မလုပ္ခ်င္တဲ့ အလုပ္နဲ႔ လဲလိုက္ရတာ ရွိတက္ပါတယ္။

ႏိုင္ငံျခားကို အမ်ားအားျဖင့္ ေရာက္သြားတဲ့ သူေတြအတြက္လည္း တခါတရံ အလုပ္ အမ်ားၾကီး ေရႊးခ်ယ္ပိုင္ခြင့္ မရွိပါဘူး။ အခြင့္အေရး ရသလို လုပ္လိုက္ရတဲ့အခါလည္း ရွိပါတယ္။ အိမ္ရွင္ႏိုင္ငံသားေတြနဲ႔ ယွဥ္လိုက္ရင္ ပိုျပီးေတာ့ အလုပ္ၾကိဳးစားရတက္ ပါတယ္၊ ၀ီရိယထားရပါတယ္။ အႏွစ္နာလည္း ခံရတက္ပါတယ္။

ဒါေၾကာင့္မို႔ ကိုယ္ဘာအလုပ္ဘဲလုပ္လုပ္ အလုပ္တိုင္း ဂုဏ္ရွိရွိ တန္ဖိုးထားတက္ဖို႔၊ ေမွ်ာ္လင့္ခ်က္ေတြနဲ႔ အလုပ္လုပ္ဖို႔ဘဲ လိုပါတယ္။

#Unicode
မျှော်လင့်ချက်နဲ့ အလုပ်လုပ်ပါ ပအို၀်းပေတို့

အလုပ်ဟူသမျှ ဂုဏ်ရှိစွာတဲ့ ရှေးလူကြီးတွေ ပြောပါတယ်။ ဘယ်အလုပ်မရှိ အလုပ်ကို အလုပ်လို တန်ဖိုးထားတက်ရင် ပြီးတာပဲ။ ဂုဏ်ငယ်ဖို့တော့ မလိုပါဘူး။ သို့ပေမယ့် ကိုယ်ဘာအလုပ်ပဲလုပ်လုပ် ကိုယ့်မှာ ရည်မှန်းချက်ရှိဖို့တော့ လိုပါတယ်။ ရည်မှန်းချက်မရှိတဲ့ လူဟာ ပင်လယ်ထဲမှာ မျောနေတဲ့ အထိန်းမရှိ လှေတစင်းနဲ့ တူပါတယ်တဲ့။

တကယ်တော့ ကိုယ်လုပ်တဲ့ အလုပ်တိုင်းမှာ သင်ယူတက်ဖို့၊ တနေ့နေ့တချိန်ချိန်မှာ အခြားအသက်မွေး၀မ်းကျောင်း အလုပ်ကို ပြောင်းသွားတဲ့အခါမှာ ကိုယ်လုပ်ခဲ့ဘူးတဲ့ အလုပ်က အတွေ့အကြုံတွေ၊ ဗဟုသုတတွေကို ဘယ်လိုပြန်ပြီး အသုံးချမလဲ၊ ကိုယ့်ဘ၀တိုးတက်လာအောင် ဘယ်လို လုပ်ဆောင်နိုင်မလဲဆိုတာပဲ အရေးကြီး ပါတယ်။

အလုပ်တိုင်းမှာ သင်ယူစရာတွေအများကြီးပါ။ သင်ယူတက်ဖို့ လိုပါတယ်။ ဇွဲရှိဖို့လဲလိုပါတယ်။ အချို့ဆိုရင် ကိုယ့်လုပ်တဲ့ အလုပ်အမျိုးအစားပေါ်မှာ ကြည့်ပြီး အားငယ်၊ ဂုဏ်ငယ်တက်ပါတယ်။ မလုပ်ချင်ပါဘူး။ ဒါဟာ မှားယွင်းတဲ့ စိတ်ပိုင်းဆိုင်ရာ ခံစားချက် အယူအဆ တမျိုးလို့လည်း ပြောလို့ရပါတယ်။ အဆင့်အတန်းမြှင့်တဲ့ အလုပ်လုပ်ကို လုပ်ရမှ ဂုဏ်မြှင့်တယ်လို့ ပြောလို့ရသလား။ ဘယ်လိုအလုပ်မျိုးပါလဲ။ အဲယားကွန်းထဲမှာ ထိုင်ပြီးတော့ လုပ်ရတဲ့ အလုပ်မျိုးမှလား။ အဆင့်မြှင့်ဟော်တယ်  ပေါ်မှာ လုပ်ရတဲ့ အလုပ်မျိုးလား။ အလုပ်ဆိုတာ သူ့နေရာနှင့်သူ တန်ဖိုးရှိပါတယ်။ ဒီအတွက်လည်း အခြားသော လူတွေလည်း လုပ်နေကြတာပဲလေး။

ဘယ်အလုပ်မျိုးမဆို အလုပ်တိုင်း တန်ဖိုးရှိပါတယ်။ ဂုဏ်ရှိပါတယ်။ အလုပ်ဟူသမျှ ဂုဏ်ရှိစွာလို့ ကိုယ့်ကိုယ်ကို ခံယူတက်ဖို့ပဲလိုပါတယ်။ ကိုယ့်ဘ၀ကို သန့်သန့်ရှင်းရှင်း၊ နည်းလမ်းမှန်မှန်နဲ့ မျှမျှတတ ဖြစ်အောင်၊ ကြီးပွားတိုးတက်အောင် လမ်းညွှန်ပေး၊ ပံ့ပိုးပေးတဲ့ အလုပ်မှန်သမျှဟာ ဂုဏ်ရှိပါတယ်။ အဲဒီအလုပ်မျိုးကို ကိုယ်ရွေးချယ် လုပ်သင့်ပါတယ်။

အများအားဖြင့် ကျတော်တို့ ပအို၀်းလူငယ်တွေလည်း နိုင်ငံခြားမှာ အလုပ်အများကြီး ထွက်လုပ်ကြပါတယ်။ ဒီအတွက် အလုပ်အမျိုးမျိုးကို လုပ်ကြရပါတယ်။ တခါတခါ ကိုယ့်မှာ အလုပ်ရွေးချယ်ပိုင်ခွင့် မရှိဘူး။ ကိုယ်အဲဒီအလုပ်ကို လုပ်လိုက်ရပါတယ်။ ဘာကြောင့်လဲဆိုတော့ ကိုယ်က နယ်မြေသစ်မှာလေ။ အသက်ဆက်ရှင်ရေး၊ နေထိုင်ရေးက ကိုယ်ဂုဏ်ငယ်တယ်လို့ ခံစားရတဲ့၊ မလုပ်ချင်တဲ့ အလုပ်နဲ့ လဲလိုက်ရတာ ရှိတက်ပါတယ်။

နိုင်ငံခြားကို အများအားဖြင့် ရောက်သွားတဲ့ သူတွေအတွက်လည်း တခါတရံ အလုပ် အများကြီး ရွှေးချယ်ပိုင်ခွင့် မရှိပါဘူး။ အခွင့်အရေး ရသလို လုပ်လိုက်ရတဲ့အခါလည်း ရှိပါတယ်။ အိမ်ရှင်နိုင်ငံသားတွေနဲ့ ယှဉ်လိုက်ရင် ပိုပြီးတော့ အလုပ်ကြိုးစားရတက် ပါတယ်၊ ၀ီရိယထားရပါတယ်။ အနှစ်နာလည်း ခံရတက်ပါတယ်။

ဒါကြောင့်မို့ ကိုယ်ဘာအလုပ်ဘဲလုပ်လုပ် အလုပ်တိုင်း ဂုဏ်ရှိရှိ တန်ဖိုးထားတက်ဖို့၊ မျှော်လင့်ချက်တွေနဲ့ အလုပ်လုပ်ဖို့ဘဲ လိုပါတယ်။

No comments:

Post a Comment