........သည်ဆိုဘ်ရောက်လာ များသတ္တာချမ်းသာကိုစိတ်မြဲပါစေ၊ ဥပါဒ်ရန်ဘေးကင်းစင်ဝေးငြိမ်းအေးကြပါစေ.........

Mar 21, 2016

သပ္ပုရိသဒါန (၅) ပါး

(၁)လှူဖွယ်ဝတ္ထုကို စင်ကြယ် ကောင်းမွန်အောင် စီမံပြုပြင်၍ လှူဒါန်းခြင်း

(၂)စိတ်ထဲမှာ ရိုသေလေးမြတ်မှုရှိ၍ လှူဒါန်းခြင်း(လှုဖွယ်ဝတ္ထုကို ဂရုတစိုက် စိတ်၌ ထား၍ လှူဒါန်းခြင်း

(၃)မိမိကိုယ်တိုင် ကိုင်တွယ်လှူဒါန်းခြင်း(အစမထင် သံသရာတခွင်၌ လက်ခြေကို မရသည့်ဘဝကား များလှပြီ ၊ လက်ခြေအင်္ဂါ ပြည့်စုံသည့် ယခုဘဝဝယ် ရသောလက်ဖြင့် ဘဝလွတ်မြောက်ရေးကို အားထုတ်မည်ဟု ဆင်ခြင်၍ ကိုယ်တိုင် ကိုယ်တွယ်၍ လှူဒါန်းခြင်း)

(၄)ထမင်းကြွင်း ဟင်းကျန်စသည့် စွန့်ပစ်အပ်သော ပစ္စည်းမျိုးကိုကဲ့သို့ မဟုတ်ပဲ ဂရုတစိုက် လှူဒါန်းခြင်း

(၅)ဤလှူဒါန်းမှုကြောင့် နောက်အခါဝယ် ကောင်းကျိုးဧကန် ရောက်လိမ့်မည်ဟု သိရှိသော ကမ္မဿကတာပညာ ရှေ့သွားပြု၍ လှူဒါန်းခြင်း

(အံ၊၂။၁၅၂။ အံ၊ဋ္ဌ၊၃။၅၃။ အ၊ဋီ၊၃။၅၀)
ဗုဒ္ဓဘာသာလက်စွဲကျမ်း (၁/၃၀၃)
မေတ္တာဖြင့် ဓမ္မစကူးလ်ဆုံရာ

No comments:

Post a Comment