........သည်ဆိုဘ်ရောက်လာ များသတ္တာချမ်းသာကိုစိတ်မြဲပါစေ၊ ဥပါဒ်ရန်ဘေးကင်းစင်ဝေးငြိမ်းအေးကြပါစေ.........

Jun 16, 2015

သို့

တဒင်္ဂအလှကြောင့်
ပြင်မရတဲ့နောင်တ
မပြုကြပါနဲ့ ဆွေမျိုးတို့။

မြင်ကြယဉ်လှတဲ့
ရိုးရာဝတ်စုံလေးကို
ထွင်ကြဆင်ကြ
ဖက်ရှင်အလှကြောင့်
ပျက်သုဉ်းစေဖို့
မပြုကြနဲ့ဆွေမျိုးတို့။
ကိုယ့်ရဲ့ရိုးရာ
ဆန်းသစ်စေတာ
ဂုဏ်ယူစရာမို့
အားပေးပါတယ် ခေတ်လူငယ်
သို့ပေမယ့်လို့
ထွင်ကြသမျှ ဆင်ယင်ကြပါ
ဖက်ရှင်အလှ ပြိုင်ပွဲထဲသို့။
ယဉ်ယဉ်နဲ့လှ
ရိုးရာဝတ်စုံအလှကို
အသွင်တွေကွဲ မခွဲစေချင်။
အစဉ်မြဲ အသွင်မကွဲတဲ့
ဒို့ရဲ့ရိုးရာ ဒို့ဝတ်စုံက
အမဲဆိုအမဲ
Colour မခွဲနဲ့
ဒါမှပအိုဝ်း ဒို့လူမျိုး။
ဖက်ရှင်အမြင်တော်လှ
လူငယ်လေးတွေ
ရိုးရိုးလေးနဲ့ ဆန်းနေပါသော
ကိုယ့်ရဲ့ရိုးရာ ဝတ်စုံလေးကို
သေချာမြင်ကြည့်
ဖက်ရှင်စတိုင် အပြည့်ရှိ၏။
ခေတ်ကိုအမှီ အမြဲမှီ၏။
ဘယ်လောက်ရိုးရိုး
မရိုးစေတာ ကိုယ့်ရဲ့ရိုးရာ အမှန်ပါ။
ငွေအတွက်၊အလှအတွက်
ခေတ်အတွက် ဘယ်လိုစိတ်ထားထား
တစ်ခုတော့ တားပါရစေ
ကိုယ့်ရဲ့လူမျိုး ရိုးလွန်းနေလို့
ဆန်းသစ်ပေးတာ ကျေးဇူးပါ။
ဘာကြောင့်ဖြစ်ဖြစ်
မပစ်ကြနဲ့ ကိုယ့်အမွေကို
ချစ်ကြ မြင်ကြ မြတ်နိုးကြ။ု

No comments:

Post a Comment