........သည်ဆိုဘ်ရောက်လာ များသတ္တာချမ်းသာကိုစိတ်မြဲပါစေ၊ ဥပါဒ်ရန်ဘေးကင်းစင်ဝေးငြိမ်းအေးကြပါစေ.........

Jun 16, 2015

လူတွေက ပညာလေးနဲနဲတတ်တာနဲ့ ရဟန်းတော်တွေကို အထင်သေးလို့ ... ဒီစာကိုရေးရတာ

လူတွေက ပညာလေးနဲနဲတတ်တာနဲ့ ရဟန်းတော်တွေကို
အထင်သေးလို့ ... ဒီစာကိုရေးရတာ
~~~~~~~~~~~~~~~~~~~~~~~~~~~~~~

(((ရဟန်းတော်တွေရဲ့ စာချတန်းအောင်တယ်ဆိုတာ လူတွေမှာ တက္ကသိုလ်က
ကျုတာတွေထက်တော်လို့ ပါ။)))

ကြွားတယ်လို့တော့ မထင်လိုက်ပါနဲ့..
~~~~~~~~~~~~~~~~~~~~

တချို့က လူ့တွေရဲ့အတန်းပညာကိုသာ တန်ဘိုးထားကြတယ်၊ ရဟန်းတော်တွေရဲ့

စာပေတွေကိုတော့ ဘယ်လောက်ထိ တန်ဘိုးကြီးတယ်ဆိုတာ..

ရဟန်းစာမေးပွဲတွေဘယ်လိုခတ်ခဲတယ်ဆိုတာ မသိကြဘူး။

''မတူပေမယ့် နှိုင်းယှဉ်ပြပါ့မယ်"
~~~~~~~~~~~~~~~~

လူတွေ ဆယ်တန်းမှာ တဘုန်းဘုန်းကျသလို ရဟန်းတော်တွေလည်း ..

အကြီးတန်းမှာ တဘုန်းဘုန်းကျကြတာပါပဲ။

ခက်ခဲတယ်ဆိုတဲ့ လူ့ဘောင်ထဲက.. ၁၀ တန်းစာပေဟာ ရဟန်းတော်တွေရဲ့..

အကြီးတန်းစာပေကို ဖင်ဖျားတောင်မှီဘူး။။။။။

ရဟန်းတော်တွေရဲ့ စာချတန်းအောင်တယ်ဆိုတာ လူတွေမှာ တက္ကသိုလ်က....

ကျုတာတွေထက်တော်လို့ ပါ။။။။

ရဟန်းတော်တွေရဲ့ ဘွဲ့ တော်နောက်မှာ ''လင်္ကာရ''တို့  .. ''ဘိဝံသ'' တို့  ..

သ,စ,အ.. တို့ ဝဋံသကာ တို့ ပါလာပြီဆိုရင်..

လောကမှာ အထင်ကြီးလေးစားနေကြတဲ့ ''ဆရာဝန်''တို့..့  ''အင်ဂျင်နီယာ'' တို့ ..

''ရေကြောင်းသိပ္ပံ''တို့.. ''ကွန်ပျုတာ''တို့ ထက် ..

ဆပေါင်းများစွာကြိုးစားခဲ့ရတယ်ဆိုတာ မှတ်ထားလိုက်ကြပေတော့။။။။။။

ခုလိုပြောလို့ မယုံမရှိနဲ့ ...

ဒီနေ့ ထိတနိုင်ငံလုံးကို ဘိဝံသ အပါး ၃၀၀ ကျော်ပဲ ပေါ်ထွက်သေးပါသေးတယ်..။

သ,စ,အ ဆိုတာ.. ဒီနေ့ ထိ ရာဂဏန်မကျော်သေးပါဘူး။။။။

ဝဋံသကာ ဆိုတာကတော့ ဒီနေ ထိ ကိုးပါးပဲ ပေါ်ထွက်ဘူးပါသေးတယ်။

အခု လက်ရှိဗန်းမော်ဆရာတော်ကြီးအပါအဝင်ပါ ..သက်ရှိထင်ရှားကတော့..

မန္တလေးကတပါးနဲ့  နှစ်ပါးသာ ကျန်ပါတော့တယ်။ အဲဒါတနိုင်ငံလုံးအတိုင်းအတာကိုပြောတာပါ။

တိပိဋကဆရာတော်တွေဖြစ်ဖို့ ကတော့မမေးနဲ့  တစ်နေ့ ကို ခုနှစ်နာရီနှုန်းနဲ့ သုံးနှစ်လောက်ကျက်ခဲ့ရတယ်လို့ မော်ကျွန်းဆရာတော်မိန့် ဘူးတယ်။

ဗုဒ္ဓကိုယ်တိုင် ''သုတဗုဒ္ဓ''ဆိုပြီး ချီးကျူးခဲ့တဲ့ကိုယ်တော်ကြီးတွေပေါ့။

ဒါ့ကြောင့်လည်း ပိဋကတ်သုံးပုံဆောင်တွေကို ကမ္ဘာ့အံ့သြစရာပုဂ္ဂိုလ်တွေဆိုပြီး..

ကမ္ဘာ့ဂရစ်နစ်မှတ်တမ်းစာအုပ်ကြီးထဲမှာဖေါ်ပြခံခဲ့ရတယ်လေ။

လူတွေက ပညာလေးနဲနဲတက်တာနဲ့ ရဟန်းတော်တွေကို အထင်သေးလို့ ရေးပေးရတာပါ။

သူတို့ ဖြေရတာကလည်းမြန်မာလိုမလွယ်လှပါဘူး ပါဠိလိုတွေဖြေရတာပါ ခေတ်ပညာတက်ရုံနဲ့ 
သွေးနထင်ရောက်နေသူတွေနားလည်နိုင်ပြါစေ။

credit:( ဦးမြင့်ခိုင် စိတ်ပညာ)

No comments:

Post a Comment