........သည်ဆိုဘ်ရောက်လာ များသတ္တာချမ်းသာကိုစိတ်မြဲပါစေ၊ ဥပါဒ်ရန်ဘေးကင်းစင်ဝေးငြိမ်းအေးကြပါစေ.........

Feb 5, 2015

ကျေးဇူးတင်ကြောင်းပြောကြားနည်းများ

ကျေးဇူးတင်ကြောင်းပြောကြားနည်းများ

Thanks နှင့် Thank you တို့ဟာ တစ်စုံတစ်ယောက်က သင့်အတွက် တစ်ခုခုပြောပေးခဲ့လို့ (သို့) တစ်ခုခု ပြုလုပ်ပေးခဲ့လို့ ထိုသူကို ကျေးဇူးတင်ကြောင်း ပြောရာတွင် အများသုံးတဲ့ ပုံမှန်အသုံးအနှုန်းဖြစ်ပါတယ်။

သင့်ရဲ့ ကျေးဇူးတင်ရှိမှုကို လေးနက်စေလိုလျှင် (သို့) ပိုပြီး ယဉ်ယဉ်ကျေးကျေးရှိစေလိုလျှင် Thanks a lot, Thanks very much, Thank you very much (သို့) Thank you so much လို့ပြောနိုင်ပါတယ်။
Thank you for your kind words. (ကြင်နာတဲ့စကားလုံးတွေအတွက် ကျေးဇူးတင်ပါတယ်)
You're looking well. (ခင်ဗျားကြည့်ကောင်းနေတယ်။) Thanks (ကျေးဇူးပဲ)
Thanks for dinner – it was great. (ညစာအတွက် ကျေးဇူးတင်ပါတယ်၊ အရမ်းကောင်းပါတယ်။)
Thanks a lot for all your help. (ခင်ဗျား အကူအညီအားလုံးအတွက် အရမ်းကျေးဇူးတင်ပါတယ်။)
Thanks very much for looking after the kids. (ကလေးတွေကို ကြည့်ပေးထားလို့ ကျေးဇူးအများကြီးတင်ပါတယ်။)
Thanks a bunch သည် တစ်စုံတစ်ဦးအား သူ လုပ်ဆောင်ပေးတဲ့ အရာဟာ အကူအညီမဖြစ်ခဲ့ ကြောင်း (သို့) ညှာတာမှုမရှိတဲ့အကြောင်းကို သိစေလိုတဲ့အတွက် ငေါ့၍ပြောသော ကျေးဇူးတင်စကား ဖြစ်ပါသည်။ အရပ်သုံး (သို့) ရင်းနှီးသော အသုံးအနှုန်းဖြစ်ပါသည်။ Thanks a lot နှင့် Thanks very much တို့ကိုလည်း ဒီလိုငေါ့တော့တော့ပုံစံဖြင့် အသုံးပြုနိုင်ပါတယ်။
You told Tony what said? Thanks a bunch! (မင်း တိုနီ့ကို ငါပြောတာကို ပြောလိုက်တယ်၊ အရမ်းကို ကျေးဇူးတင်တာပဲကွာ။)
Thank a lot for spoiling my evening. (ငါ့ရဲ့ ညနေခင်းကို ဖျက်စီးပေးတဲ့အတွက် သိပ်ကို ကျေးဇူးတင်တယ်ကွာ။)

Much obliged တစ်စုံတစ်ယောက်ကို သင့်အတွက် တစ်စုံတစ်ရာပြုလုပ်ပေးခဲ့တဲ့အတွက် ကျေးဇူး တင်ကြောင်းကို အခန့်နည်း (formal way)နဲ့ ပြောတာ ဖြစ်ပါတယ်။
I am much obliged to you for your patience during the recent difficulties. (ပြီးခဲ့တဲ့ အခက်အခဲအတွင်းက စိတ်ရှည်ပေးခဲ့တဲ့အတွက် အထူးကျေးဇူးတင်ပါတယ်ဗျာ။)

You've saved my life နှင့် I owe you one တို့ကတော့ သင့်ကို ခက်ခဲတဲ့ အခြေအနေမှာ အကူအညီပေးခဲ့တဲ့ သူတစ်ဦးတစ်ယောက်ကို ရင်းနှီးတဲ့ သဘော (သို့) အရပ်သုံးနည်းနဲ့ ကျေးဇူး တင်တဲ့ အကြောင်းပြောတဲ့အခါ အသုံးပြုပါတယ်။ Cheers ကိုလည်း ဒီသဘောနဲ့ သုံးနိုင်ပါတယ်။ ၄င်းကတော့ ဗြိတိသျှ အသုံးအနှုန်းဖြစ်ပါတယ်။
Thanks for the lift. You've saved my life. (ကားကြုံခေါ်လာပေးတဲ့အတွက် ကျေးဇူးပဲ။ ကျွန်တော့် အခက်အခဲကို ခင်ဗျား ဖြေရှင်းလိုက်တာပဲ။)
Thanks a million. I owe you one (ကျေးဇူးကမ္ဘာပါ။ ခင်ဗျားအပေါ် ကျေးဇူးအကြွေးတင်သွား ပြီ။)
Here' the book you wanted to borrow. (ရောဒီမှာ ခင်ဗျား ငှားချင်တဲ့စာအုပ်။) Oh, Cheers (အော်၊ ကျေးဇူးပဲ။)

You shouldn't (have) ကိုတော့ တစ်စုံတစ်ယောက်က သင့်ကို လက်ဆောင်ပေးလာတဲ့အခါမှာ သုံးတဲ့အသုံးအနှုန်းဖြစ်ပါတယ်။
Oh, Martin, what lovely flowers. You shouldn't have! (အို မာတင်ရယ်၊ လှလိုက်တဲ့ ပန်းတွေ။ အလကား ဒုက္ခရှာလို့ ယူလာတယ်ကွယ်။)

You're too kind ကတော့ ကျေးဇူးတင်ကြောင်းကို ယဉ်ယဉ်ကျေးကျေး ပြောတာဖြစ်ပေမဲ့လည်း ဟန်ဆောင်တဲ့ပုံ၊ စိတ်ထဲကမပါဘဲ ပြောတဲ့ ပုံပေါက်နေတတ်ပါတယ်။
Thank you for saying that. You're too kind. (အဲဒီလိုပြောပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ရှင်က သဘောကောင်းလွန်းတယ်။)

I'd like to thank…. ကိုတော့ မိန့်ခွန်းပြောတဲ့အခါမှာ ပရိသတ်ကို ကျေးဇူးတင်ကြောင်းကို ပြောတဲ့အခါမှာ အသုံးပြုပါတယ်။
I'd like to thank everyone for coming along and supporting us today. (ဒီနေ့အားလုံး ကြွ ရောက်လာပြီး ကျွန်တော်တို့ကို အားပေးထောက်ခံတဲ့အတွက် ကျေးဇူးအထူးတင်ရှိပါကြောင်း ပြောကြားလိုပါတယ်။)

Many thanks ကိုတော့ စာတွေနဲ့ အီးမေး(လ်)တွေမှာ အသုံးပြုပါတယ်။ အခန့်သုံးနည်းဖြစ်ပါတယ်။
Many thanks for the lovely present. (လက်ဆောင်လှလှလေးအတွက် ကျေးဇူးအများကြီး တင်ပါတယ်။)

macmillandictionaryblog.com မှ Liz Potter ၏ Ways of saying thank you မှ ကောက်နှုတ် ဘာသာပြန်ဆိုထားတာဖြစ်ပါတယ်။

http://www.myanmar-network.net

No comments:

Post a Comment