........သည်ဆိုဘ်ရောက်လာ များသတ္တာချမ်းသာကိုစိတ်မြဲပါစေ၊ ဥပါဒ်ရန်ဘေးကင်းစင်ဝေးငြိမ်းအေးကြပါစေ.........

Feb 14, 2015

ဗုဒ္ဓဘာသာ ဆိုတာ

(9.2.2015) တနင်္လာနေ့

ဗုဒ္ဓဘာသာကို ကိုးကွယ်သူဆိုပြီး အနက်အဓိပ္ပါယ်ကို မသိဘဲ
အလွယ်တကူ ပြောကြတဲ့သူတွေ ရှိပါတယ်။ မသိသေးတဲ့ သူလည်း သိရအောင်၊ သိတဲ့သူလည်း ပြန်လည် ဖတ်ရှုနိုင်အောင် ဗုဒ္ဓဘာသာဝင်တိုင်းအတွက် မျှဝေပေးလိုက်ပါတယ်။

“ ဗုဒ္ဓဘာသာ ” ဆိုတဲ့ စကားဟာ ပါဠိကနေ ဆင်းသက်လာတဲ့ စကား ဖြစ်ပါတယ်။
ဗုဒ္ဓရဲ့ အဓိပ္ပါယ်မှာ= သစ္စာလေးပါးကို ကိုယ်တိုင် သိပြီး အခြားသူတွေကိုလည်း သိစေတော်မူလို့ ရှင်တော်မြတ်ဘုရားကို “ ဗုဒ္ဓ “ လို့ ခေါ်ပါတယ်။
ဘာသာကတော့ (က) ပြောဆိုတဲ့စကား၊ (ခ) အလေ့အကျင့်၊ (ဂ) သင်ယူစရာ စာပေ၊ (ဃ) အယူဝါဒတွေလို့ ဆိုပါတယ်။

ဥပမာ..“မြန်မာနိုင်ငံမှာ ဘယ်လိုဘာသာစကားကို လူအများစု ပြောဆိုကြပါသလဲ?”
ဆိုတဲ့နေရာမှာ ပြောဆိုတဲ့စကားကို ညွှန်းဆိုခြင်း ဖြစ်ပါတယ်။
“တောသူတောင်သားတို့ ဘာသာဘာဝ ရိုးသားပျော်ရွှင်စွာ နေထိုင်ကြတယ်” ဆိုတဲ့နေရာမှာ ဘာသာကို အလေ့အကျင့်ကို ညွှန်းဆိုခြင်း ဖြစ်တယ်။
“ဆယ်တန်းကျောင်းသား ကျောင်းသူများမှာ ခြောက်ဘာသာ သင်ယူကြရတယ်” ဆိုတဲ့
နေရာမှာတော့ စာပေကို ညွှန်းဆိုခြင်း ဖြစ်တယ်။
သူဟာ မကြာမီကမှ ခရစ်ယာန်ဘာသာကနေ ဗုဒ္ဓ
ဘာသာသို့ ကူးပြောင်းလာသူ ဖြစ်တယ်” ဆိုတဲ့ နေရာမှာ အယူဝါဒကို ညွှန်းခြင်း ဖြစ်ပါတယ်။
ဗုဒ္ဓဘာသာတွင်တော့ “ဘာသာ” ပုဒ်ဟာ အယူဝါဒကို ညွှန်းဆိုတာ ဖြစ်ပါတယ်။ ဒါကြောင့်
“ဗုဒ္ဓဘာသာ” ဆိုတဲ့ စကားဟာ သစ္စာလေးပါးကို ကိုယ်တော်တိုင် သိမြင်ပြီး သူတစ်ပါးတွေကို
လည်း သိမြငိစေတော်မူတဲ့ ရှင်တော်မြတ်ဘုရားရဲ့ အယူဝါဒလို့ အဓိပ္ပါယ်ရပါတယ်။

ဘယ်ဘာသာကိုးကွယ်ပါသလဲ ဗုဒ္ဓဘာသာကို ကိုးကွယ်တာပါ ဆိုတဲ့အဖြေရဲ့ ထည်ဝင့်တဲ့ အဓိပ္ပါယ်ဟာ မိမိသည် မြတ်ဘုရားရဲ့ အယူဝါဒကို လက်ခံ၊ ကျင့်သုံး၊ ယုံကြည်၊ ကိုးကွယ် အားထားဆည်းကပ်သူပါလို့ ခေါ်ပါတယ်။ ။

‪#‎Yangonlife‬ ‪#‎SocialInterest‬

Credit to - ဆုံးမသွန်သင် နည်းလမ်းပြင် မြနန်းဓမ္မစကူးလ်

No comments:

Post a Comment