........သည်ဆိုဘ်ရောက်လာ များသတ္တာချမ်းသာကိုစိတ်မြဲပါစေ၊ ဥပါဒ်ရန်ဘေးကင်းစင်ဝေးငြိမ်းအေးကြပါစေ.........

Feb 21, 2015

ဒဿန

ကြီးကျယ်အောင်မြင်သောပုဂ္ဂိုလ်တိုင်းတွင် ထူးခြားသောခံယူချက် ထူးခြားသော စိတ်ဓာတ်စွမ်းရည် ရှိသည်။
အများနဲ့မတူတာ ထူးခြားမှုပဲ၊ ထူးခြားမှုမှာ အောင်မြင်မှုကို ရစေတယ်။
ငွေကို နည်းနည်းကလေးမှစ၍ မစုနိုင်လျှင် ဘယ်လိုလုပ်ပြီး အများကြီး ရအောင်စုဆောင်းနိုင်မလဲ?
လူတစ်ယောက် ၄၉ နှစ်အထိ မချမ်းသာသေးဘူး၊ မအောင်မြင်သေးဘူးဆိုရင် တစ်ခုခုတော့ အကြီးအကျယ်လွဲမှားနေပြီလို့ မှတ်ပါ။
ရွှေကမ္ဗလာခြုံလွှမ်းထားသော်လည်း မြည်းသည် မြင်းဖြစ်မလာပါ။
လူတစ်ယောက်ရဲ့ဘုန်းတန်ခိုးဆိုတာ အလုပ်လုပ်ခြင်းပဲ။ အပြောနဲ့ကဲ့ရဲ့တတ်သူကို အလုပ်နဲ့ အနိုင်ယူရမယ်။
ခြင်္သေ့သည် ကြုံလှီသော်လည်း မြက်ကိုမစား။ အမျိုးကောင်းသားသည် ဆင်းရဲခြင်းအဖြစ်သို့ ရောက်နေသော်လည်း ယုတ်သော အမှုကိုမပြု။
အကြောင်းအရာတော်တော်များများအား မစို့မပို့သိခြင်းထက် အကြောင်းအရာတစ်ခုတည်းကို ဂဃနဏသိခြင်းက ပို၍ကောင်းသည်။
ကမ္ဘာ့သမိုင်းကိုပြန်ကြည့်လျှင် ပညာတတ်ပုဂ္ဂိုလ်ပေါင်းများစွာတို့သည် တက္ကသိုလ်ပညာကို မသင်ခဲ့ကြဖူးကြောင့် တွေ့ဖူးရလိမ့်မည်။ (သြရစ်ဆင်ဆွိမာဒင်)
ဆင်းရဲခြင်းကြောင့် ဆုံးရှူံး၏။ ဆင်းရဲခြင်းကြောင့် အထင်မမြင်သေးခြင်းခံရ၏။ ဆင်းရဲခြင်းကြောင့် အသက်ကို စောင့်ရှောက်ခြင်းငှာ မတတ်နိုင်။ ဆင်းရဲဖူးသူသည် ဆင်းရဲခြင်းကို အလွန်ကြောက်၏။ ဆင်းရဲခြင်း၏ ခါးသီးမှုကို ဆင်းရဲဖူးသူမှသိသည်။(ဟိန်းဇေ)
လူတကာ့ချေး ကျွတ်အောင်လုပ်ပေးဖို့ထက် ကိုယ့်ချေးကိုအရင်ကျွတ်အောင်လုပ်ဖို့က ပိုအရေးကြီးတယ်။ (စွန်းလွန်းဆရာတော်)
လေအလကားရ၍ပြောနေသူများတွင် အလုပ်လုပ်ပြနိုင်သူ တစ်ယောက်မျှ မရှိ။ အဘယ်ကြောင့်ဆိုသော် အလုပ်လုပ်ပြနိုင်သူဆိုသည်မှာ အပြောသမား မဟုတ်သောကြောင့်ဖြစ်သည်။(ဟိန်းဇေ)
ပိုက်ဆံရှာတာကတော့ သူခိုးလည်း ရှာတာပဲ။ ပြည့်ဆန်ဆာလည်း ရှာတာပဲ။ လောကမှာ ပိုက်ဆံရှာတာ တစ်ခုတည်းနဲ့ပြီးလား။ လူစစ်ဖို့ကလည်း လိုသေးတယ်။ တန်ဖိုးရှိတဲ့လူ ဖြစ်ဖို့ကလည်း လိုသေးတယ်။ (ဟိန်းဇေ)

(၁)   “ငါ မဆိုးဘူး” လို့ ကိုယ့်ကို တနေ့တခါ ပြောပေးပါ။

(၂)   ဒေါသထွက်တယ်ဆိုတာ တခြားလူရဲ့အမှားကိုယူပြီး ကိုယ့်ကိုယ်ကို အပြစ်ပေးနေတာပဲ။

(၃)  ဘ၀မှာ သူငယ်ချင်းဆိုတာ မရှိရင် ဘ၀မှာ နေရောင်ခြည်ဆိုတာ မရှိဘူး။

(၄)  မနက်ဖြန်အတွက် မျှော်လင့်ချက်ဟာ ဒီနေ့ရဲ့ နာကျင်ဝမ်းနည်းမှုကို မေ့စေတယ်။

(၅)  အိပ်မက်၊ စိတ်ကူးနဲ့ အတွေးတွေမရှိတဲ့ဘ၀ဟာ အကိုင်း၊ အခက်၊ အရွက်မရှိတဲ့ သစ်ခြောက်ပင်နဲ့ တူတယ်။

(၆)နေကပဲ အလင်းဖြာနိုင်တာ မဟုတ်ပါဘူး။ ငါတို့လဲ အလင်းဖြာနိုင်ပါတယ်။

(၇)  ချစ်ခြင်းမေတ္တာနဲ့ တကမ္ဘာလုံးကို ပိုင်ဆိုင်စေနိုင်သလို အမုန်းရန်ငြိုးနဲ့ တစ်ကမ္ဘာလုံးကို ဆုံးရှုံးစေနိုင်တယ်။

(၈)  လူ့တန်ဖိုးဆိုတာ ဖြားယောင်းမြူဆွယ်ခံရတဲ့တခဏမှာ အဆုံးအဖြတ်ပေးလိမ့်မယ်။

(၉)  ကြင်နာမှုမရှိတဲ့ စကားလုံးတိုင်းဟာ အရသာကင်းမဲ့လှတယ်။

(၁၀) တခါခါ အချစ်ရဲ့အင်အားဟာ အရာရာကိုမေ့စေနိုင်အောင် ကြီးမားတယ်။ တခါခါ မနာလို ၀န်တိုမှုဆိုတဲ့ သဲလေးတပွင့်တောင်    ၀င်မဆန့်နိုင်အောင် သေးငယ်တယ်။

(၁၁) ဘယ်အချိန်မှာ စတင်ခဲ့တာပဲဖြစ်ဖြစ် အရေးကြီးတာက စတင်ပြီးနောက် မရပ်နားဖို့ပါပဲ။ ဘယ်အချိန်မှာ အဆုံးသတ်တာပဲဖြစ်ဖြစ် အရေးကြီးတာက အဆုံးသတ်ပြီးနောက် နောင်တ မရဖို့ပါပဲ။

(၁၂) ပျင်းရိခြင်းသည် လူရဲ့အသိဥာဏ်ကို သံချေးတက်စေပါတယ်။

(၁၃) ပျော်ရွှင်ခြင်းဆိုတာကို မျှဝေတတ်ရမယ်။ ဒါမှ ပျော်ရွှင်ခြင်းတွေ ဆင့်ပွားလိမ့်မယ်။

(၁၄)လိမ်လည်မှုတွေထဲမှာ ကိုယ့်ကိုယ်ကို လိမ်တာဟာ အဆိုးဆုံးပဲ။

(၁၅) လူတွေဟာ လက်ရှိပိုင်ဆိုင်တဲ့အရာကို မေ့ပြီး မရသေးတဲ့အရာကိုမှ ပိုတန်ဖိုးထားတတ်တယ်။

fwd: mail မှဖြစ်သည်။

No comments:

Post a Comment