........သည်ဆိုဘ်ရောက်လာ များသတ္တာချမ်းသာကိုစိတ်မြဲပါစေ၊ ဥပါဒ်ရန်ဘေးကင်းစင်ဝေးငြိမ်းအေးကြပါစေ.........

Feb 4, 2015

မိမိရဲ့Android ဖုန်းအတွက် Firmware ကို ကိုယ်တိုင်တင်လိုသူတွေ အတွက်

မိမိရဲ့Android ဖုန်းအတွက် Firmware ကို ကိုယ်တိုင်တင်လိုသူတွေ အတွက်

တကယ်တော့ ကျနော်တို့လူလတ်တန်းစားသုံး Android OS ဖုန်းတွေက firmware တင်ရတာမခက်ပါဘူး သတိပြုစရာအချက်ကလေးတွေတော့ ရှိပါတယ် ဒါကလည်း မိမိ တင်ချင်တဲ့ဖုန်းရဲ့ model number, built number တွေနဲ့ ကိုက်ညီတဲ့ firmware ကိုသာတင်ဖို့၊ တကယ်လို့ တင်နေရင်းနဲ့ အဆင်မပြေတာရှိခဲ့ရင် system restore ပြန်လုပ်နိုင်အောင် backup လုပ်ထားဖို့ပါပဲ အထူးသဖြင့် Huawei ဖုန်းတွေက firmware တင်ရတာ တော်တော်ပဲ လွယ်ပါတယ် ကိုယ်တင်ချင်တဲ့ firmware ကိုတော့ ဖုန်းရဲ့ build number, model number ကိုကြည့်ပြီး internet ကနေ download ဆွဲလို့ရပါတယ် computer software ရောင်းတဲ့ဆိုင်တွေမှာလဲ မေးပြီးဝယ်လို့ရပါတယ်
Huawei ဖုန်းကို firmware တင်နည်း
၁။ မိမိဖုန်းနဲ့ကိုက်ညီမယ့် firmware ကို internet ကဖြစ်စေ software ဆိုင်ကဖြစ်စေရပြီဆိုရင် ရလာတဲ့ file က .rar file သို့မဟုတ် .zip file ဖြစ်ပါလိမ့်မယ် extract လုပ်လိုက်ပါ
၂။အဲဒီထဲကနေ dload ဆိုတဲ့ folder လေးကို ရှာလိုက်ပါ  ဒီ folder လေးထဲက update cust ဆိုတဲ့ file က firmware ပါပဲ
၃။memory card ထဲထည့်ပီး run မှာမို့ 2G အနည်းဆုံးရှိတဲ့ memory card လွတ်တစ်ခုလိုပါတယ် dload ဆိုတဲ့ folder လေးကို card လွတ်ထဲကူးထည့်လိုက်ပါ
၎။ဖုန်းကိုpowerပိတ်ပါ ဓာတ်ခဲဖြုတ်ပါ card ထည့်လိုက်ပါ စက္ကန့်အနည်းငယ်စောင့်ပြီးမှ ဓာတ်ခဲပြန်တပ်ပါ
၅။volume up ,volume down,power စတဲ့ ခလုတ်သုံးခုလုံးကို တစ်ပြိုင်နက် နှိပ်ပါ အောက်မှာပြထားတဲ့ ပုံများအတိုင်း အဆင့်ဆင့်အလုပ်လုပ်သွားပါလိမ့်မယ် ပြီးရင် restart ကျသွားပါမယ် ဒါဆိုရင် firmware တင်တာ အောင်မြင်သွားပါပြီ


Firmware ထဲတွင် vendor ဖိုင်ပါဝင်ခြင်း
တစ်ချို့ Firmware တွေ ဖြည်လိုက်ရင် vendor ဖိုင်လေးအပိုပါနေပါတယ်။
dload အပြင် vendor ဖိုင်လည်းလိုအပ်ပါတယ် dload တစ်ခုတည်းနဲ့တင်ရင် step 2 မှာ fail ပြမှာပါ။ ဥပမာ Ascend G300 U8818 လိုမျိုးပေါ့။
သူ့တင်နည်းကတော့ Firmware ကို ဖြည်လိုက်ရင် dload,vendor ဆိုပီးထွက်လာပါတယ် ။
sd card အလွတ်ထဲကို dload ဖိုင်ကိုကူးထည့်လိုက်ပါ။ပီးရင် vendor ဖိုင်ထဲက UPDATE.APP ဆိုတာကို rename ပြန်ပေးရပါမယ်။ ဒီလိုလေးပါ “UPDATE_CUST.APP” ဆိုပီးတော့ပေါ့။ ပီးရင် အဲ့ကောင်ခုနက
sd card>dload folder ထဲသွားထည့်လိုက်ပါ။ ပီးရင် ထုံးစံအတိုင်း vol up +vol down + power တွဲနှိပ်လိုက်ပါ။

Firmware ဖြည်လိုက်ရင် step 1 2 3 ပါတာတွေ
ဥပမာ – U8800pro လိုဟာမျိုးတွေပေါ့ Adroid version မြှင့်တော့မယ်ဆိုရင် တိုင်ပတ်တတ်တယ်။
ဒါမျိုးတွေ့ပီဆိုရင် ကိုယ့်ဗားရှင်းက အခုလက်ရှိဘယ်လောက်သုံးထားတယ်ဆိုတာကို အရင်ဆုံး တစ်ချက်ကြည့်ဖို့လိုတယ်ဗျ ။အဲဒါမှအဆင်ပြေပြေဖြေရှင်းနိုင်မယ်။ဘာလို့လဲဆိုတော့ ဥပမာ
android version 2.2 ကနေ version 4.0 တက်မှာဆိုရင်တော့ step 1 က dload ကို အရင်တင် ပီးရင် step 2 dload , step 3 dload အဆင့်ဆင့်ပေါ့။အဲ့ 2.3.6 လောက်ကနေမြင့်မယ်ဆိုရင်
step 1 မလိုပဲ step 2 ကနေစတင်ရင်တောင်ရတယ် ။ ဒါပေမဲ့ သေချာချင်ရင် step 1 မှစ၍ တင်ပါ။

No comments:

Post a Comment