........သည်ဆိုဘ်ရောက်လာ များသတ္တာချမ်းသာကိုစိတ်မြဲပါစေ၊ ဥပါဒ်ရန်ဘေးကင်းစင်ဝေးငြိမ်းအေးကြပါစေ.........

Dec 27, 2013

သိပ္ပံပညာရှင်များနှင့်စကြဝဠာ၏အဆုံးနိဂုံး

သိပ္ပံပညာရှင်များသည် စကြဝဠာကို စိတ်ဝင်စားကြသည်။

Where did the Universe come from?
စကြဝဠာသည် ဘယ်ကလာပါသလဲ??
How and why did it began .. ..
သူဘယ်လို စဖြစ်လာသလဲ??

Will it come to an end?
စကြဝဠာကြီးဟာ ဆုံးသွားဦးမှာလား??

if so, how ..
တကယ်ဆုံးသွားမယ် ဆိုရင်တော့ ဘယ်လိုဆုံးမလဲ??

စသောမေးခွန်းများကို စိတ်ဝင်စားကြသည်။
စကြဝဠာ၏ ကံကြမ္မာနှင့် အရင်းအမြစ်ကို စူးစမ်းလေ့လာလိုကြသည်။ သိပ္ပံနည်းကျ အသိပညာသည် ယင်းအချက်တို့ကို သိနားလည်ရန်ကြိုးစား စွမ်းဆောင်လိုသည်ဟု ဖွင့်ဆိုကြသည်။
စကြဝဠာ၏အဆုံးကို ရုပ်နာမ်နှင့် သွား၍မရဟု ဗုဒ္ဓဘာသာ၌ အဆိုအဆုံးအမရှိသည်။ ရောဟိတဿနတ်သားကို ဆုံးမရာ၌ စကြဝဠာ၏ အဆုံးကို ခြေလျှင်သွား၍ မရဟု မြတ်စွာဘုရား မိန့်တော်မူဖူးသည်။
စကြဝဠာစဖြစ်ပုံကိုတော့မူ သိပ္ပံပညာရှင်များက ရှာဖွေတွေ့ရှိသည်ဟု အသိအမှတ် ပြုကြသည်။ သို့သော် စကြဝဠာတိုင်း၏ အစကိုဆိုလိုခြင်း မဟုတ်ချေ။ ယခုလက်ရှိ လူသားများနေသော စကြဝဠာ၏ အစကိုသာ ရည်ညွှန်းခြင်းဖြစ်သည်။
ဗုဒ္ဓဘာသာသည် လောက၏အဆုံးသို့ ခြေလျှင်သွား၍ မရောက်နိုင်ကြောင်း အတိအလင်း ဖွင့်ဆိုသည်။ ခန္ဓာထဲ၌ တရားရှာ၍ ပေါက်မြောက်လျှင် – ဖြစ်ပျက်လည်းဆုံးပြီ၊ လောကလည်း ဆုံးပြီ၊ ဒုက္ခလည်း ဆုံးပြီ၊ ဆင်းရဲမှုလည်းဆုံးပြီ၊ ချမ်းသာခြင်း ပြည့်စုံစွာ ရရှိမည်ဟူသော အဆိုအဆုံးအမရှိသည်။ ထို့ကြောင့် ဗုဒ္ဓဘာသာ သူတော်စင်တို့သည် ခန္ဓာ၌ဖြစ်ပျက်ဆုံးရန် ကြိုးစားကျင့်ကြံကြသည်။
ဤနေရာ၌ ဗုဒ္ဓဘာသာသည် သိပ္ပံထက် ပိုမိုနက်ရှိုင်းသည်ဟု ဆိုနိုင်သည်။ သိပ္ပံသည် ဝိပဿနာတရားကို နားမလည်ချေ – ဗုဒ္ဓဘာသာတို့သည် ဝိပဿနာ တရားကို နားလည်သဖြင့် ကျင့်ကြံအားထုတ် နိုင်ခွင့်ရှိသည်။ အောင်မြင်လျှင်မူ လောက၏အဆုံးကို ရောက်သွားခြင်းဖြစ်သည်။ လောက၏အဆုံးကို ခြေလျှင်သွား၍ မရနိုင်ဟု ဗုဒ္ဓဘာသာ၌ အဆိုအဆုံးအမရှိရာ၊ ချမ်းသာစစ် ချမ်းသာမှန်ကိုလည်း ခြေလျှင်သွားရှာ၍ မရချေ။ မိမိ ခန္ဓာအတွင်း၌ ဝိပဿနာဖြင့်ရှာမှသာ ရနိုင်ကြောင်း သတင်းကောင်း ပေးအပ်ပါသည်။

ဗုဒ္ဓစာပေဆုရ
ဒေါက်တာချစ်ငယ်(ဒဿန)

No comments:

Post a Comment