........သည်ဆိုဘ်ရောက်လာ များသတ္တာချမ်းသာကိုစိတ်မြဲပါစေ၊ ဥပါဒ်ရန်ဘေးကင်းစင်ဝေးငြိမ်းအေးကြပါစေ.........

Dec 27, 2013

"မေတ္တာရှင်ဆရာတော်ပြောတဲ့ ဆရာတော်ဦးဝီရသူအကြောင်း"

အမျိုးဘာသာ သာသနာကို စာရေးသူလည်း ချစ်သည်။

ဝီရသူလည်း ချစ်သည်။...

သို့သော် ဝီရသူက အမျိုးဘာသာ သာသနာအတွက် ထောင် ၂၄နှစ် အချခံရသည်အထိ ချစ်ရဲခဲ့သည်။

စာရေးသူတို့က ထိုမျှထိ မချစ်ရဲခဲ့။

ထို့ကြောင့် စာရေးသူသည် ဝီရသူကို လေးစားကြည်ညိုခြင်းဖြစ်သည်။

ဝီရသူကို ချီးကျူးစကား ကြုံတိုင်းပြောခြင်းဖြစ်သည်။

အမျိုးဘာသာ သာသနာအတွက် မိမိ၏ ဘဝ နှင့် အသက်ကိုပင် စတေးရဲသောသူသည် ငွေမက်သောသူတစ်ယောက် အဘယ်မှာ ဖြစ်နိုင်ပါမည်နည်း။

ချီးမွှမ်းထိုက်သူကို ချီးမွမ်းရဲသောသတ္တိကို ဝီရသူသည် ပထမ မစိုးရိမ်ဆရာတော်ကြီး ဘဒ္ဒန္တသူရိယာဘိဝံသထံမှ အမွေရသည်ဟု ဆိုရမည် ထင်ပါသည်။

မစိုးရိမ်ဆရာတော်ကြီးသည် နှလုံးဖြူ အူစင်း ဣဿမစ္ဆရိယကင်းတော်မူသော ဆရာတော်ကြီး တစ်ပါးဖြစ်သည်။

ထို့ကြောင့်လည်း လူဒကာ ဒကာမများသာမက ဂိုဏ်းကြီးကိုးဂိုဏ်းလုံးမှ သံဃာတော်များ၏ ကြည်ညိုမှု့ကိုပါ ရရှိခြင်းဖြစ်သည်။

မေတ္တာရှင် အရှင်ဇဝန
ရွှေပြည်သာ

အရှင်ဝိမလဝံသ နာလန္ဒာတက္ကသိုလ် ၏ စာမျက်နှာမှ ကူးယူဖော်ပြပါသည်.

No comments:

Post a Comment