........သည်ဆိုဘ်ရောက်လာ များသတ္တာချမ်းသာကိုစိတ်မြဲပါစေ၊ ဥပါဒ်ရန်ဘေးကင်းစင်ဝေးငြိမ်းအေးကြပါစေ.........

Dec 18, 2017

“မိဘလုပ်ကျွေးရကျိုး”

၁။မိဘနှစ်ပါး လုပ်ကျွေးငြား သွားလေရာ၀ယ် မညိုးငယ်။

၂။မိဘနှစ်ပါး လုပ်ကျွေးငြား လူသားလည်းချစ် ၊နတ်လည်းချစ်။

၃။မိဘနှစ်ပါး လုပ်ကျွေးငြား သုံးပါးကပ်နင်း ကျော်နိုင်ခြင်း။

၄။မိဘနှစ်ပါး လုပ်ကျွေးငြား သားရဲဘီလူး စားဝံ့ဘူး။

၅။မိခင်ဖခင် လုပ်ကျွေးလျှင် လှေပင်မှောက်မှောက် မသေပျောက်။

၆။မိဘကျွေးမှု ၀တ်ပြုစု တောင်းဆုပိုင်ပိုင် ပြည့်စုံနိုင်။

၇။မိဘနှစ်ပြင် လုပ်ကျွေးလျှင် ပညာရှင်ဖြစ် နတ်လည်းချစ်။

၈။မိဘနှစ်တန် လုပ်ကျွေးပြန် ၊ကြံကြံသမျှ ပြီးကိစ္စ။

၉။မိဘနှစ်အင် လုပ်ကျွေးလျှင် ဂုဏ်အင်စုေ၀း ပန်းလိုမွှေး။

၁၀။မိဘနှစ်ထွေ လုပ်ကျွေးပေ ကျက်သရေမျိုး နေ့စဉ်တိုး။

၁၁။မိဘနှစ်ဆူ လုပ်ကျွေးမူ နိဗ္ဗူပြည်ကြီး ရောက်လုနီး။

၁၂။မိဘနှစ်ဆူ လုပ်ကျွေးသူ ဘုန်းမူကြီးမား သက်ရှည်လျား။

၁၃။မိဘ၀တ်မှန် ပြုကြရန် ဘေးရန်အများ ေ၀းကရှား။

မိဘစိတ်၀မ်း ငြိမ်းချမ်းစေရာ ၀တ်များစွာဖြင့်
ကြည်သာနေ့ည ပြုစုကြမူ လောကတွင်လည်း
ပညာရှင်များ ချီးမွမ်းငြားရှင့်။
တစ်ပါးဘ၀ ပြောင်းကြပြန်ပါ နောင်အခါလည်း
နတ်ရွာဘ၀ရောက်လေရသည်၊မိဘလုပ်ကျွေးရကျိုးတည်း။

【လေးအိမ်စု အရှင်၀ိစိတ္တသာရ]


No comments:

Post a Comment