........သည္ဆိုဘ္ေရာက္လာ မ်ားသတၱာခ်မ္းသာကိုစိတ္ျမဲပါေစ၊ ဥပါဒ္ရန္ေဘးကင္းစင္ေ၀းျငိမ္းေအးၾကပါေစ.........

Nov 5, 2017

အိမ္ေစာင့္နတ္ ႏွင့္ ပ႒ာန္း႐ြတ္ျခင္း

အိမ္ေစာင့္နတ္ ႏွင့္ ပ႒ာန္းရြတ္ျခင္း
+++++++++++++++++++
တကယ္ေတာ့ ပ႒ာန္းတရားဟာ နတ္ပရိသတ္ေတြအတြက္ အဓိကထားျပီး ျမတ္စြာဘုရား ေဟာၾကားခဲ့တာပါ။ ေဟာတာကိုက နတ္ျပည္မွာေလ။ နတ္ျပည္မွာနတ္ပရိသတ္အတြက္ ေဟာထားတဲ့ တရားကို နတ္ေတြက မႏွစ္သက္ဘဲ ရွိပါ့မလား။ သူေတာ္ေကာင္းနတ္ မွန္ရင္ ပ႒ာန္းတရားကို ဘယ္သူဘယ္ေနရာမွာ ရြတ္ရြတ္ ႏွစ္သက္ျမတ္ ႏုိးစြာ လာေရာက္နာယူမွာ ေသခ်ာပါတယ္။

ပ႒ာန္းရြတ္လို႔ အိမ္ေစာင့္နတ္ မေနႏုိင္ဘဲ ထြက္ေျပးရတယ္ဆိုတာ သဘာ၀မက်ပါဘူး။ တကယ္ဆို ကိုယ္ရြတ္ေပးလို႔ သူနာရေပတယ္ဆိုျပီး ကိုယ့္အိမ္ကေတာင္ မခြာႏိုင္ေအာင္ ျဖစ္ေနမွာပါ။ သူနာခ်င္ တဲ့ပ႒ာန္းရြတ္ေပးတဲ့အတြက္ကိုယ့္ကို ေက်းဇူးေတြတင္ျပီး ခါတိုင္းထက္ ေတာင္ ကူညီေစာင့္ေရွာက္ဦးမွာပါ။

တကယ္လို႔ ပ႒ာန္းသံၾကားတာနဲ႔ ထြက္ေျပးတဲ့ အိမ္ေစာင့္နတ္ ရွိခဲ့တယ္ဆိုရင္လည္း အဲဒီ အိမ္ေစာင့္နတ္ဟာ ဘုန္းကံမရွိတဲ့နတ္၊ သူေတာ္ေကာင္းစိတ္မရွိတဲ့နတ္၊ သူယုတ္မာနတ္ပဲ ျဖစ္ပါလိမ့္မယ္။ အဲဒီလိုနတ္မ်ဳိး ကိုယ့္အိမ္မွာ လာေစာင့္ေနလို႔လည္း ကိုယ့္အတြက္ ဘာ အက်ဳိးမွ ရွိမွာမဟုတ္ပါဘူး။ မေနႏိုင္လို႔ ထြက္ေျပးသြားလည္း ဘာမွ လြမ္းေနစရာ မလိုပါဘူး။ အဲဒီလိုနတ္မ်ဳိး အိမ္ျပင္မွာ ေနလည္း အလကား၊ အိမ္တြင္းမွာ ေနလည္း အလကားပါပဲ။

ပ႒ာန္းတရားအပါအ၀င္ အဘိဓမၼာတရားေတာ္ေတြကို တာ၀တႎသာနတ္ျပည္မွာ ျမတ္စြာဘုရား ေဟာၾကားေတာ္မူစဥ္တုန္းက တရားနာပရိသတ္ထဲမွာ အကၤုရဆိုတဲ့ နတ္သားတစ္ေယာက္လည္း ပါ၀င္ခဲ့ပါတယ္။ အကုၤရနတ္သားဟာ တရားပြဲကို အေစာဆံုး ေရာက္လာျပီး ေရွ႕ဆံုးက ေနရာဦးထားတာပါ။ ျမတ္စြာဘုရားရွင္ရဲ႕ လက္၀ဲဘက္ေနရာမွာ အနားကပ္ျပီး ေနရာဦးထားပါတယ္။ ဒါေပမဲ့ သူ႔ထက္ ဘုန္းတန္ခိုးၾကီးတဲ့ နတ္ေတြ၊ ျဗဟၼာေတြ ေရာက္လာတိုင္း ေရာက္လာတိုင္း ေနာက္ဆုတ္ေနာက္ဆုတ္ျပီး ေနရာ ဖယ္ဖယ္ေပးေနရတဲ့အတြက္ ေနာက္ဆံုး ျမတ္စြာဘုရားရွင္နဲ႔ ဆယ့္ႏွစ္ယူဇနာ ကြာေ၀းတဲ့ ေနရာကပဲ တရားနာခြင့္ ရပါေတာ့တယ္။ နတ္ၾကီးလာေတာ့ နတ္ငယ္ ေနရာ ဖယ္ေပးရတာေပါ့။

လူ႔ေလာကမွာလည္း ဒီလိုပါပဲ။ ပြဲလမ္းသဘင္တစ္ခု၊ အခမ္း အနားတစ္ခု က်င္းပျပီဆိုရင္ ဂုဏ္ၾကီးတဲ့လူ၊ မ်က္ႏွာၾကီးတဲ့ လူေတြက ေရွ႕ဆံုးက ေနရာယူရျပီး ဂုဏ္ငယ္တဲ့လူ၊ မ်က္ႏွာငယ္တဲ့ လူေတြက ေနာက္ကေန ေနရာယူရပါတယ္။ ဂုဏ္ငယ္ေလ ေနာက္ေရာက္ေလပါပဲ။

အိမ္မွာပဲျဖစ္ျဖစ္၊ ဘုရားမွာပဲျဖစ္ျဖစ္၊ ေနရာဌာနတစ္ခုခုမွာ ပုဂၢိဳလ္တစ္ေယာက္ေယာက္က ပ႒ာန္းတရား ရြတ္ပြားျပီဆိုရင္ ဘုန္းတန္ခုိးၾကီးမားတဲ့ နတ္ေတြ၊ ျဗဟၼာေတြ တရားနာေရာက္လာၾကပါတယ္။အိမ္ေစာင့္နတ္အပါအ၀င္ နဂိုကရွိေနႏွင့္ျပီးသား နတ္ေတြက ဘုန္းတန္ခိုး နည္းပါးတယ္ဆိုရင္ ဘုန္းတန္ခိုးၾကီးမားတဲ့ နတ္ျဗဟၼာေတြအတြက္ (အကုၤရနတ္သားလိုပဲ) ေနရာဖယ္ ေနာက္ဆုတ္ေပးရတဲ့အတြက္ အေ၀းေရာက္သြားႏိုင္ပါတယ္။

အကုၤရနတ္သားဟာ အေ၀း ေရာက္သြားေပမယ့္ ျမတ္စြာဘုရားရွင္ကို စိတ္မဆိုးဘဲ အေ၀းကေန တရားနာယူသလို အေ၀းေရာက္သြားတဲ့ အိမ္ေစာင့္နတ္ဟာလည္း ပ႒ာန္းရြတ္ပြားသူကို စိတ္မဆိုးဘဲ ကိုယ့္ကံကိုယ္ နားလည္စြာနဲ႔ အေ၀းတစ္ေနရာကေန ပ႒ာန္းတရား နာၾကားေနမွာပါ။ လူပဲျဖစ္ျဖစ္၊ နတ္ပဲျဖစ္ျဖစ္ ကိုယ္နဲ႔ ထိုက္တန္တဲ့ေနရာကို ကုိယ္ရစၿမဲ မဟုတ္လား။ ကိုယ့္ကံက ေပးတဲ့ေနရာမွာ ကိုယ္ေက်နပ္စြာ ေနရမွာပဲေလ။

ပ႒ာန္းတရား နာၾကားျပီး ကိုယ့္ထက္ ဘုန္းတန္ခိုးၾကီးတဲ့ နတ္ေတြ၊ ျဗဟၼာေတြ ကိုယ့္ေနရာကိုယ္ ျပန္သြားတဲ့အခါ အိမ္ေစာင့္နတ္လည္း အိမ္မွာ ေနၿမဲတိုင္း ျပန္ေနခြင့္ရသြားျပီေပါ့။ ပ႒ာန္းတန္ခိုးေၾကာင့္ သူ႔ရဲ႕ ဘုံဗိမာန္ စည္းစိမ္ခ်မ္းသာေတြေတာင္ နဂိုကထက္ ၾကီးက်ယ္ ခမ္းနားလာမွာ ေသခ်ာပါတယ္။ ဒါဆိုရင္ ပ႒ာန္းရြတ္လို႔ အိမ္ေစာင့္နတ္မွာ အက်ဳိးမယုတ္တဲ့အတြက္ ပ႒ာန္းရြတ္သူကိုလည္း အိမ္ေစာင့္နတ္က ဘာမွ ဒုကၡေပးမွာ မဟုတ္ပါဘူး။ ဒုကၡမေပးတဲ့အျပင္ ေကာင္းက်ဳိးခ်မ္းသာအျဖာျဖာနဲ႔ ျပည့္စံုေအာင္ေတာင္ အကူအညီေပးပါလိမ့္ဦးမယ္။

တကယ္လို႔ ကိုယ့္အိမ္မွာရွိတဲ့ အိမ္တြင္းနတ္ေတြ၊ အိမ္ျပင္နတ္ေတြက နတ္လို႔နာမည္ခံထားတဲ့ မေကာင္းဆိုး၀ါးေတြ၊ အစိမ္းသရဲေတြ၊ဖုတ္ျပိတၲာေတြ၊ နတ္မိစၦာေတြ ျဖစ္ေနခဲ့မယ္ဆိုရင္ေတာ့ ပ႒ာန္းတရားကို နားခါးျပီး ထြက္ေျပးခ်င္ ေျပးပါလိမ့္မယ္။သူယုတ္မာနဲ႔ သူေတာ္ေကာင္းတရား မအပ္စပ္လို႔ ေၾကာက္ရြံ႕ထိတ္လန္႔စြာ ထြက္ေျပးသြားၾကတဲ့ (တရားမၾကိဳက္ နတ္ငမိုက္) ေတြ ကိုယ့္အိမ္မွာ မရွိေတာ့တာ ပိုေတာင္ ေကာင္းပါေသးတယ္။ ၀မ္းနည္းစရာ မဟုတ္ပါဘူး၊ ၀မ္းသာစရာပါ။

ေ၀သာလီျပည္မွာ ကပ္ေဘးၾကီးေတြ ဆိုက္ေရာက္ခဲ့စဥ္တုန္းက ျမတ္စြာဘုရားရွင္နဲ႔ ရဟန္းသံဃာေတာ္ေတြ ရတနသုတ္ လွည့္လည္ရြတ္ဆိုၾကေတာ့ ဘုန္းတန္ခိုးၾကီးတဲ့ နတ္ျဗဟၼာေတြ တရားလာ နာၾကတဲ့အတြက္ မေကာင္းဆိုး၀ါးေတြ၊ နတ္မိစၦာေတြ ျမိဳ႕တြင္းမွာ မေန ႏိုင္ေတာ့ဘဲ အိုးနင္းခြက္နင္း ထြက္ေျပးသြားၾကပါတယ္။ ေ၀သာလီျပည္လည္း ကပ္ေဘးၾကီးေတြက လြတ္ေျမာက္ျပီး ခ်မ္းသာရာ ရခဲ့ပါတယ္။

ပ႒ာန္းတရားပဲရြတ္ရြတ္၊ တျခားတရားပဲရြတ္ရြတ္၊ ကိုယ့္ဘက္ကေတာ့ မေကာင္းဆိုး၀ါးေတြ၊ နတ္မိစၦာေတြ၊တန္ခုိးနည္းတဲ့နတ္ေတြ ကိုယ့္ပတ္၀န္းက်င္မွာ မေနႏိုင္ဘဲ ထြက္ေျပးသြားေစခ်င္တဲ့ ရည္ရြယ္ခ်က္ဆိုးမ်ဳိး မထားနဲ႔ေပါ့။

အယုတ္အလတ္အျမတ္မေရြး ဘယ္သတၲ၀ါမဆို တရားနာယူျပီး ေကာင္းက်ဳိးရေစခ်င္တဲ့ ရည္ရြယ္ခ်က္ေကာင္းပဲထားျပီး ရြတ္ပါ။ကိုယ့္ဘက္က ရည္ရြယ္ခ်က္ဆိုးျပီး ေမတၲာတရား ေခါင္းပါး ေနရင္ေတာ့ အေ၀းထြက္ေျပးရတဲ့ နတ္ေတြက ေနႏွင့္ဦးေပါ့ကြာ၊ အလွည့္က်ရင္ မႏြဲ႕စတမ္းေဟ့ဆိုျပီး ကိုယ့္ကံနိမ့္တဲ့အခါ၊ ရြတ္ဖတ္မႈ ျပတ္သြားတဲ့အခါမ်ဳိးေတြမွာ တု႔ံျပန္ကလဲ့စားေခ်တတ္ပါတယ္။ ကိုယ့္ ေစတနာ ကိုယ့္အက်ဳိးေပးတာပါပဲ။

အေကာင္းဆံုးကေတာ့ ပ႒ာန္းတရားပဲျဖစ္ျဖစ္၊ တျခားတရား ပဲျဖစ္ျဖစ္၊ တရားေတာ္ တစ္ခုခု ရြတ္ဖတ္ပူေဇာ္မႈ ျပဳေတာ့မယ္ဆိုရင္ ပထမဦးဆံုး ေမတၲာဘာ၀နာပြားမ်ား၊ ေမတၲသုတ္ရြတ္ဆိုျပီးမွ ျပဳတာ အေကာင္းဆံုးပါပဲ။ ေမတၲာတရားေပးေ၀မႈကို သတၲ၀ါတိုင္း ႏွစ္သက္လိုလားၾကတာမို႔ ဘာတရားေတာ္ပဲရြတ္ရြတ္၊ ေမတၲသုတ္ကို အရင္ရြတ္ပါ၊ ေမတၲာဘာ၀နာ အရင္ပြားပါလို႔ ေမတၲာနဲ႔ အၾကံ ေပးလိုက္ပါတယ္။

ပ႒ာန္းတရားကို အိမ္မွာလည္း ရြတ္သင့္ပါတယ္၊ ရြတ္ျခင္းေၾကာင့္ ဒုကၡမေရာက္တဲ့အျပင္ ေကာင္းက်ဳိးခ်မ္းသာ က်က္သေရမဂၤလာ အျဖာျဖာနဲ႔ ျပည့္စံုႏိုင္ပါတယ္ …
……………………………………………………………………
ပ႒ာန္း၂၄-ပစၥည္းရြတ္ဖတ္ရျခင္းအက်ိဳး
(ပ႒ာန္း ၂၄-ပစၥည္း အက်ယ္/ပ႒ာန္း ၂၄-ပစၥည္း ျဖစ္ေတာ္စဥ္)

(ပ႒ာန္း၂၄ပစၥည္း ပစၥယနိေဒၵသပါဠိကို အျမဲမျပတ္ ရြတ္ဖတ္ ပြားမ်ားသူတို႔မွာ အရပ္ရွစ္မ်က္ႏွာမွ ေဘးရန္မ်ားကို ကာဆီး ဟန္႕တား ႏုိင္ျခင္း၊ သူခိုး၊ ဓားျပရန္၊ မေကာင္းဆုိး၀ါး၊ ေအာက္လမ္းပညာျဖင့္ ၾကံစည္သူတုိ႔ရန္မွ ကင္းေ၀းေစပါသည္။)

အိမ်စောင့်နတ် နှင့် ပဋ္ဌာန်းရွတ်ခြင်း
+++++++++++++++++++
တကယ်တော့ ပဋ္ဌာန်းတရားဟာ နတ်ပရိသတ်တွေအတွက် အဓိကထားပြီး မြတ်စွာဘုရား ဟောကြားခဲ့တာပါ။ ဟောတာကိုက နတ်ပြည်မှာလေ။ နတ်ပြည်မှာနတ်ပရိသတ်အတွက် ဟောထားတဲ့ တရားကို နတ်တွေက မနှစ်သက်ဘဲ ရှိပါ့မလား။ သူတော်ကောင်းနတ် မှန်ရင် ပဋ္ဌာန်းတရားကို ဘယ်သူဘယ်နေရာမှာ ရွတ်ရွတ် နှစ်သက်မြတ် နိုးစွာ လာရောက်နာယူမှာ သေချာပါတယ်။

ပဋ္ဌာန်းရွတ်လို့ အိမ်စောင့်နတ် မနေနိုင်ဘဲ ထွက်ပြေးရတယ်ဆိုတာ သဘာ၀မကျပါဘူး။ တကယ်ဆို ကိုယ်ရွတ်ပေးလို့ သူနာရပေတယ်ဆိုပြီး ကိုယ့်အိမ်ကတောင် မခွာနိုင်အောင် ဖြစ်နေမှာပါ။ သူနာချင် တဲ့ပဋ္ဌာန်းရွတ်ပေးတဲ့အတွက်ကိုယ့်ကို ကျေးဇူးတွေတင်ပြီး ခါတိုင်းထက် တောင် ကူညီစောင့်ရှောက်ဦးမှာပါ။

တကယ်လို့ ပဋ္ဌာန်းသံကြားတာနဲ့ ထွက်ပြေးတဲ့ အိမ်စောင့်နတ် ရှိခဲ့တယ်ဆိုရင်လည်း အဲဒီ အိမ်စောင့်နတ်ဟာ ဘုန်းကံမရှိတဲ့နတ်၊ သူတော်ကောင်းစိတ်မရှိတဲ့နတ်၊ သူယုတ်မာနတ်ပဲ ဖြစ်ပါလိမ့်မယ်။ အဲဒီလိုနတ်မျိုး ကိုယ့်အိမ်မှာ လာစောင့်နေလို့လည်း ကိုယ့်အတွက် ဘာ အကျိုးမှ ရှိမှာမဟုတ်ပါဘူး။ မနေနိုင်လို့ ထွက်ပြေးသွားလည်း ဘာမှ လွမ်းနေစရာ မလိုပါဘူး။ အဲဒီလိုနတ်မျိုး အိမ်ပြင်မှာ နေလည်း အလကား၊ အိမ်တွင်းမှာ နေလည်း အလကားပါပဲ။

ပဋ္ဌာန်းတရားအပါအ၀င် အဘိဓမ္မာတရားတော်တွေကို တာ၀တိံသာနတ်ပြည်မှာ မြတ်စွာဘုရား ဟောကြားတော်မူစဉ်တုန်းက တရားနာပရိသတ်ထဲမှာ အင်္ကုရဆိုတဲ့ နတ်သားတစ်ယောက်လည်း ပါ၀င်ခဲ့ပါတယ်။ အကုၤရနတ်သားဟာ တရားပွဲကို အစောဆုံး ရောက်လာပြီး ရှေ့ဆုံးက နေရာဦးထားတာပါ။ မြတ်စွာဘုရားရှင်ရဲ့ လက်၀ဲဘက်နေရာမှာ အနားကပ်ပြီး နေရာဦးထားပါတယ်။ ဒါပေမဲ့ သူ့ထက် ဘုန်းတန်ခိုးကြီးတဲ့ နတ်တွေ၊ ဗြဟ္မာတွေ ရောက်လာတိုင်း ရောက်လာတိုင်း နောက်ဆုတ်နောက်ဆုတ်ပြီး နေရာ ဖယ်ဖယ်ပေးနေရတဲ့အတွက် နောက်ဆုံး မြတ်စွာဘုရားရှင်နဲ့ ဆယ့်နှစ်ယူဇနာ ကွာေ၀းတဲ့ နေရာကပဲ တရားနာခွင့် ရပါတော့တယ်။ နတ်ကြီးလာတော့ နတ်ငယ် နေရာ ဖယ်ပေးရတာပေါ့။

လူ့လောကမှာလည်း ဒီလိုပါပဲ။ ပွဲလမ်းသဘင်တစ်ခု၊ အခမ်း အနားတစ်ခု ကျင်းပပြီဆိုရင် ဂုဏ်ကြီးတဲ့လူ၊ မျက်နှာကြီးတဲ့ လူတွေက ရှေ့ဆုံးက နေရာယူရပြီး ဂုဏ်ငယ်တဲ့လူ၊ မျက်နှာငယ်တဲ့ လူတွေက နောက်ကနေ နေရာယူရပါတယ်။ ဂုဏ်ငယ်လေ နောက်ရောက်လေပါပဲ။

အိမ်မှာပဲဖြစ်ဖြစ်၊ ဘုရားမှာပဲဖြစ်ဖြစ်၊ နေရာဌာနတစ်ခုခုမှာ ပုဂ္ဂိုလ်တစ်ယောက်ယောက်က ပဋ္ဌာန်းတရား ရွတ်ပွားပြီဆိုရင် ဘုန်းတန်ခိုးကြီးမားတဲ့ နတ်တွေ၊ ဗြဟ္မာတွေ တရားနာရောက်လာကြပါတယ်။အိမ်စောင့်နတ်အပါအ၀င် နဂိုကရှိနေနှင့်ပြီးသား နတ်တွေက ဘုန်းတန်ခိုး နည်းပါးတယ်ဆိုရင် ဘုန်းတန်ခိုးကြီးမားတဲ့ နတ်ဗြဟ္မာတွေအတွက် (အကုၤရနတ်သားလိုပဲ) နေရာဖယ် နောက်ဆုတ်ပေးရတဲ့အတွက် အေ၀းရောက်သွားနိုင်ပါတယ်။

အကုၤရနတ်သားဟာ အေ၀း ရောက်သွားပေမယ့် မြတ်စွာဘုရားရှင်ကို စိတ်မဆိုးဘဲ အေ၀းကနေ တရားနာယူသလို အေ၀းရောက်သွားတဲ့ အိမ်စောင့်နတ်ဟာလည်း ပဋ္ဌာန်းရွတ်ပွားသူကို စိတ်မဆိုးဘဲ ကိုယ့်ကံကိုယ် နားလည်စွာနဲ့ အေ၀းတစ်နေရာကနေ ပဋ္ဌာန်းတရား နာကြားနေမှာပါ။ လူပဲဖြစ်ဖြစ်၊ နတ်ပဲဖြစ်ဖြစ် ကိုယ်နဲ့ ထိုက်တန်တဲ့နေရာကို ကိုယ်ရစမြဲ မဟုတ်လား။ ကိုယ့်ကံက ပေးတဲ့နေရာမှာ ကိုယ်ကျေနပ်စွာ နေရမှာပဲလေ။

ပဋ္ဌာန်းတရား နာကြားပြီး ကိုယ့်ထက် ဘုန်းတန်ခိုးကြီးတဲ့ နတ်တွေ၊ ဗြဟ္မာတွေ ကိုယ့်နေရာကိုယ် ပြန်သွားတဲ့အခါ အိမ်စောင့်နတ်လည်း အိမ်မှာ နေမြဲတိုင်း ပြန်နေခွင့်ရသွားပြီပေါ့။ ပဋ္ဌာန်းတန်ခိုးကြောင့် သူ့ရဲ့ ဘုံဗိမာန် စည်းစိမ်ချမ်းသာတွေတောင် နဂိုကထက် ကြီးကျယ် ခမ်းနားလာမှာ သေချာပါတယ်။ ဒါဆိုရင် ပဋ္ဌာန်းရွတ်လို့ အိမ်စောင့်နတ်မှာ အကျိုးမယုတ်တဲ့အတွက် ပဋ္ဌာန်းရွတ်သူကိုလည်း အိမ်စောင့်နတ်က ဘာမှ ဒုက္ခပေးမှာ မဟုတ်ပါဘူး။ ဒုက္ခမပေးတဲ့အပြင် ကောင်းကျိုးချမ်းသာအဖြာဖြာနဲ့ ပြည့်စုံအောင်တောင် အကူအညီပေးပါလိမ့်ဦးမယ်။

တကယ်လို့ ကိုယ့်အိမ်မှာရှိတဲ့ အိမ်တွင်းနတ်တွေ၊ အိမ်ပြင်နတ်တွေက နတ်လို့နာမည်ခံထားတဲ့ မကောင်းဆိုးဝါးတွေ၊ အစိမ်းသရဲတွေ၊ဖုတ်ပြိတ္တာတွေ၊ နတ်မိစၦာတွေ ဖြစ်နေခဲ့မယ်ဆိုရင်တော့ ပဋ္ဌာန်းတရားကို နားခါးပြီး ထွက်ပြေးချင် ပြေးပါလိမ့်မယ်။သူယုတ်မာနဲ့ သူတော်ကောင်းတရား မအပ်စပ်လို့ ကြောက်ရွံ့ထိတ်လန့်စွာ ထွက်ပြေးသွားကြတဲ့ (တရားမကြိုက် နတ်ငမိုက်) တွေ ကိုယ့်အိမ်မှာ မရှိတော့တာ ပိုတောင် ကောင်းပါသေးတယ်။ ၀မ်းနည်းစရာ မဟုတ်ပါဘူး၊ ၀မ်းသာစရာပါ။

ေ၀သာလီပြည်မှာ ကပ်ဘေးကြီးတွေ ဆိုက်ရောက်ခဲ့စဉ်တုန်းက မြတ်စွာဘုရားရှင်နဲ့ ရဟန်းသံဃာတော်တွေ ရတနသုတ် လှည့်လည်ရွတ်ဆိုကြတော့ ဘုန်းတန်ခိုးကြီးတဲ့ နတ်ဗြဟ္မာတွေ တရားလာ နာကြတဲ့အတွက် မကောင်းဆိုးဝါးတွေ၊ နတ်မိစၦာတွေ မြို့တွင်းမှာ မနေ နိုင်တော့ဘဲ အိုးနင်းခွက်နင်း ထွက်ပြေးသွားကြပါတယ်။ ေ၀သာလီပြည်လည်း ကပ်ဘေးကြီးတွေက လွတ်မြောက်ပြီး ချမ်းသာရာ ရခဲ့ပါတယ်။

ပဋ္ဌာန်းတရားပဲရွတ်ရွတ်၊ တခြားတရားပဲရွတ်ရွတ်၊ ကိုယ့်ဘက်ကတော့ မကောင်းဆိုးဝါးတွေ၊ နတ်မိစၦာတွေ၊တန်ခိုးနည်းတဲ့နတ်တွေ ကိုယ့်ပတ်၀န်းကျင်မှာ မနေနိုင်ဘဲ ထွက်ပြေးသွားစေချင်တဲ့ ရည်ရွယ်ချက်ဆိုးမျိုး မထားနဲ့ပေါ့။

အယုတ်အလတ်အမြတ်မရွေး ဘယ်သတ္တဝါမဆို တရားနာယူပြီး ကောင်းကျိုးရစေချင်တဲ့ ရည်ရွယ်ချက်ကောင်းပဲထားပြီး ရွတ်ပါ။ကိုယ့်ဘက်က ရည်ရွယ်ချက်ဆိုးပြီး မေတ္တာတရား ခေါင်းပါး နေရင်တော့ အေ၀းထွက်ပြေးရတဲ့ နတ်တွေက နေနှင့်ဦးပေါ့ကွာ၊ အလှည့်ကျရင် မနွဲ့စတမ်းဟေ့ဆိုပြီး ကိုယ့်ကံနိမ့်တဲ့အခါ၊ ရွတ်ဖတ်မှု ပြတ်သွားတဲ့အခါမျိုးတွေမှာ တု့ံပြန်ကလဲ့စားချေတတ်ပါတယ်။ ကိုယ့် စေတနာ ကိုယ့်အကျိုးပေးတာပါပဲ။

အကောင်းဆုံးကတော့ ပဋ္ဌာန်းတရားပဲဖြစ်ဖြစ်၊ တခြားတရား ပဲဖြစ်ဖြစ်၊ တရားတော် တစ်ခုခု ရွတ်ဖတ်ပူဇော်မှု ပြုတော့မယ်ဆိုရင် ပထမဦးဆုံး မေတ္တာဘာ၀နာပွားများ၊ မေတ္တသုတ်ရွတ်ဆိုပြီးမှ ပြုတာ အကောင်းဆုံးပါပဲ။ မေတ္တာတရားပေးေ၀မှုကို သတ္တဝါတိုင်း နှစ်သက်လိုလားကြတာမို့ ဘာတရားတော်ပဲရွတ်ရွတ်၊ မေတ္တသုတ်ကို အရင်ရွတ်ပါ၊ မေတ္တာဘာ၀နာ အရင်ပွားပါလို့ မေတ္တာနဲ့ အကြံ ပေးလိုက်ပါတယ်။

ပဋ္ဌာန်းတရားကို အိမ်မှာလည်း ရွတ်သင့်ပါတယ်၊ ရွတ်ခြင်းကြောင့် ဒုက္ခမရောက်တဲ့အပြင် ကောင်းကျိုးချမ်းသာ ကျက်သရေမင်္ဂလာ အဖြာဖြာနဲ့ ပြည့်စုံနိုင်ပါတယ် …
……………………………………………………………………
ပဋ္ဌာန်း၂၄-ပစ္စည်းရွတ်ဖတ်ရခြင်းအကျိုး
(ပဋ္ဌာန်း ၂၄-ပစ္စည်း အကျယ်/ပဋ္ဌာန်း ၂၄-ပစ္စည်း ဖြစ်တော်စဉ်)

(ပဋ္ဌာန်း၂၄ပစ္စည်း ပစ္စယနိဒေ္ဒသပါဠိကို အမြဲမပြတ် ရွတ်ဖတ် ပွားများသူတို့မှာ အရပ်ရှစ်မျက်နှာမှ ဘေးရန်များကို ကာဆီး ဟန့်တား နိုင်ခြင်း၊ သူခိုး၊ ဓားပြရန်၊ မကောင်းဆိုးဝါး၊ အောက်လမ်းပညာဖြင့် ကြံစည်သူတို့ရန်မှ ကင်းေ၀းစေပါသည်။)

(ပဋ္ဌာန်း ၂၄-ပစ္စည်း အကျယ်/ပဋ္ဌာန်း ၂၄-ပစ္စည်း ဖြစ်တော်စဉ်)

ashinsandardika
(shwe parami tawya)
crd-ဓမ္မရတနာ & original uploader


No comments:

Post a Comment