........သည်ဆိုဘ်ရောက်လာ များသတ္တာချမ်းသာကိုစိတ်မြဲပါစေ၊ ဥပါဒ်ရန်ဘေးကင်းစင်ဝေးငြိမ်းအေးကြပါစေ.........

Nov 5, 2017

"ဥပုသ်တစ်ကြိမ်သာ စောင့်ခဲ့ဖူးသော ကျွန်မလေးအကြောင်း"

အဲဒီဘ၀တုန်းက ပဒုမုတ္တရဘုရားလက်ထက်မှာ သူက ကျွန်မ။ အဲဒီမြို ့တော်က သူဌေးအိမ်မှာ သူက ကျွန်မ။ နေ ့တိုင်းတော့ဖြင့် သူဌေးကလည်း မနက်လင်းမှမလင်းသေးဘူး၊ ငွေရစရာရှိတာ ဘယ်မှာ ဘယ်လောက်ရမယ်၊ ညာမှာ ဘယ်လောက်ရမယ်၊ ဘာက ဘယ်လိုနဲ ့၊ အဲဒီနေ ့ကျတော့ ဆိတ်လို ့။
မနက် ၅ နာရီလောက်တည်းက ဥပုသ်ယူထားမှာကိုး ။

သူဌေးကတော်ကလည်း နေ ့တိုင်းတော့ဖြင့် ဟိုသားမကောင်းဘူး၊ ဒီသားမကောင်းဘူး။ ဟိုဟာ ၀ယ်လာတာ ဘယ့်နှယ်။ ဒီအသားကြီးက မလတ်ဘူးနဲ ့၊ အဲဒီနေ ့ကျ တိတ်လို ့၊ ရှိတာလေးနဲ ့ ချက်တယ်။

သူဌေးသမီးကလည်း နေ ့တိုင်းဆိုရင်တော့ ဘယ်အ၀တ် ၀တ်ရမှ၊ ညာအ၀တ် ၀တ်ရမှ၊ ဘယ်အဆင်မှနဲ ့၊ အဲဒီနေ ့ ဘာမှမပြောဘူး။  သူဌေးသားကလည်း နေ ့တိုင်းဆိုရင်တော့ ပိုက်ဆံ ဘယ်လောက်ပေးမှ၊ ဘာက ဘယ်လောက် ပေးမှနဲ ့။ အဲဒါတောင် အဲဒီနေ ့ ဘာမှမပြောဘူး။ အဲဒါနဲ ့ ဘုရားကျောင်းသွားကြတယ်။ ကျွန်မလေး ကျန်နေရစ်တယ်။ ကျွန်မလေ ကျွန်အလုပ်လုပ်ရတာ။ မစောင့်နိုင်ဘူး။

သို ့သော် သူကတွေးတယ်။ နေ ့တိုင်း သူဌေးကြီးက ငွေစကား ကြေးစကား သိပ်ပြောတာ၊ ဒီကနေ့ ငွေစကား ကြေးစကား မပြောဘဲနဲ ့ဆိတ်ဆိတ်နေတာ သူတို ့ဥပုသ်က ငွေထက်လည်း သာလိမ့်မယ် ထင်တယ်။ တွေးတာနော်။

နေ ့တိုင်း သူဌေးကတော်ကြီးက ဘယ်အသားက ဘယ်လို၊ ဘယ်ဟာက ဘယ်နှယ်နဲ ့ ဒီကနေ ့ ဘာမှမပြောရင် သူတို ့ဥပုသ်က ဟင်းထက်လည်း ကောင်းမယ်နဲ ့တူတယ်။ သူဌေးသားလည်း နေ ့တိုင်း သုံးဖို ့ဖြုန်းဖို ့ဘာဘယ်လောက်ရမှ၊ ညာဘယ်လောက်ရမှနဲ ့ ဒီကနေ့ ဘာမှ မပြောရင် သူတို ့ဥပုသ်က အပျော်အပါးထက်လည်း ကောင်းတယ်နဲ ့တူတယ်။

နေ ့တိုင်းတော့ သူဌေးသမီးက ဘယ်လို အဆင်လေး ၀တ်ရမှ၊ ညာလို အဆင်လေး ၀တ်ရမှန့ဲ ဒီကနေ ့ဘာမှမပြောတော့ သူတို ့ဥပုသ်က အ၀တ်အစားထက်လည်း ကောင်းမယ်ထင်တယ်။ ကျွန်မ ဒီလောက်သိမှာပေါ့။ ဒါထက်ပို မသိပါဘူး၊ ခင်ဗျားတို ့လောက် ဗဟုသုတ မရှိပါဘူး။

အဲတော့ သူတို ့သူဌေးတွေတောင် ဒီစည်းစိမ်ဥစ္စာ စွန် ့သေးတာ၊ ငါလည်း ငါစားရမယ့် အစာကို မစားတော့ဘူး။ ဒီကနေ ့အတွက် ဥပုသ်စောင့်တာ ဘယ်လိုမှန်းမှ သူမသိတာ။ သူ ့ရဲ့ အဓိဋ္ဌာန်ကတော့ သူဌေးကြီး မိသားစု နေသလို နေမယ်တဲ့။ အဲဒါ သူ ဥပုသ်ယူလိုက်တာ။ ဒီကနေ့ အတွက်တော့ သူဌေးကြီးမိသားစု နေသလို နေမယ်၊ ဒါပဲ။

အဲတော့ သူဌေးကြီးတွေက ဘယ်ချိန်စားတယ် သူမသိတော့ သူ ့ဖို ့ချန်ထားခဲ့တာလေးလည်း မစားဖြစ်ဘူး။ သို ့သော် ကျွန် ဗျ။ လုပ်ရတာပဲ၊ လျှော်ချိန်လျှော်၊ ဆေးချိန်ဆေး၊ ရှိသမျှအကုန် သူလုပ်ရတယ်။ ညနေ ဘုရားကျောင်းကနေ အဲဒီသူဌေးမိသားစု ပြန်လာတယ်။ ကြည့်လိုက်တော့ ထမင်းတွေ ဟင်းတွေကလည်း ဒီတိုင်းပဲ၊

"နင် မစားသေးဘူးလား ဘာလို ့မစားတာတုန်း"ဆိုတော့
"အရှင်တို ့သူဌေးမိသားစု ဘယ်ချိန်စားတယ်မသိလို ့ကျမ စောင့်နေတာ"တဲ့။
"မဟုတ်ဘူး၊ တို ့က မနက် မွန်းမတည့်ခင်စားတာ အဲဒီ အချိန်စားရတယ်"ဆိုတော့

ဒီလိုဆို "ကျမလည်း ဒီိချိန်မစားတော့ဘူး"တဲ့။ ပင်တော့ ပင်ပန်းနေပြီနော်။ ကျွန် နော်..ကျွန် ့ အလုပ်တွေ လုပ်ရတယ်။ ပင်ပန်းတော့ ခံနိုင်မလားဗျ။

ညနေကျတော့ လုပ်ရင်းလုပ်ရင်းနဲ ့ မျက်လုံးတွေ ပြာလာရော။ သွားတော့ ဟပ်ထိုးဟပ်ထိုးဖြစ်၊ အဲတော့ သူဌေးကြီးက လှမ်းမြင်တယ်။
"နင်ဘာဖြစ်တာလဲ"ဆိုတော့
"မူးလို ့မော်လို ့ပါ"၊
"ဒီလိုဆို စတုမဓူ စားလိုက်"လို ့ပြောတယ်။
အဲတော့ ကျွန်မ ကမေးတယ်၊ "သူဌေးကြီးတို ့စားပါသလား၊"

"တို ့ဥပုသ်ရတယ်၊ မစားဘူး" ဆိုတော့
"ဒီလိုဆို ကျမ လည်း မစားဘူး"တဲ့။
ဘယ့်နှယ်တုန်း၊ ကျွန်မ ဥပုသ်နော်။ သူဌေးကြီးတို ့နေသလို နေပါ့မယ်လို ့ယူထားတဲ့ ဥပုသ်ကိုး။

အဲတော့ သူဌေးကြီးက
"ဒီလိုဆို သမီး အလုပ်မလုပ်နဲ ့တော့ အနားယူတော့"လို ့ အဲဒီနေ ့ညနေကို ကျွန်အလုပ်တွေကို ပယ်လိုက်တယ်။ သို ့သော် ေ၀ဒနာပြင်းထန်တဲ့အတွက် ညမှာ သေတာပါပဲ။

ညသေတော့ ဒီဥပုသ်နဲ ့သေတဲ့အတွက် နတ်လမ်း တန်းသွားတာပဲ။ နတ်ပြည်မှာ နတ်သမီး သွားဖြစ်တယ်။ ဒီဥပုသ်စိတ်နဲ ့အာရုံလုံအောင်ထိန်းလိုက်တာနော်။ စတုမဓူ စားပါဆိုတာတောင် စားသလား၊ ထမင်းစားပါဆိုတာတောင် စားသလား၊ မစားဘူးနော်။ ဒါ သူတတ်နိုင်တာ သူစောင့်တာနော်။ အဲဒါနဲ ့နတ်ပြည်ရောက်သွားတာ၊ အဲဒီကနေ လူနဲ ့နတ်ပဲ သူဖြစ်ခဲ့ဖူးတာပဲ။

ခုနောက်ဆုံးဘ၀မှာ တို ့ဘုရားလက်ထက်မှာ အဲဒီ ဥပုသ် တစ်ကြိမ်သာ စောင့်ခဲ့ဖူးတဲ့ စေတနာရဲ့ အရှိန်ကြောင့် ဒီမှာ ရဟန္တာမ လာဖြစ်တယ်။ ဧကုပေါသထ ဘိက္ခုနီမ ဆိုပြီး ကျော်ကြားတယ်။ (ထေရီပါဒါန်)

တစ်ကြိမ်ပဲ ဥပုသ်စောင့်ခဲ့ဖူးတာနော်၊ အဲဒါနဲ ့သူ ဒီမှာ ရဟန္တာမ လာဖြစ်တာ။ အာရုံနောက် စိတ်မလိုက်ဘဲ တစ်ကြိမ်တည်းပဲ စောင့်ခဲ့ဖူးတယ်။ တို ့ဘယ်နှခါ ရှိပြီလဲ ဥပုသ်စောင့်တာ၊ တို ့ လိုသေးတယ်နော်။ ဥပုသ်က အာရုံလုံအောင် စောင့်တာ၊ စိတ်နဲ ့ဆိုင်တယ်။

သီလက ကိုယ်နဲ ့နှုတ်နဲ ့ဆိုင်တယ်။ အဲတော့ ကိုယ်ရယ်နှုတ်ရယ် စိတ်ရယ်မှာ စိတ်သည် ခေါင်မဟုတ်လားကွဲ ့။ သတိလေးနဲ ့အာရုံလုံအောင် စောင့်တာ ဥပုသ်စောင့်တာ။ အဲလို ဥပုသ် များများ မဟုတ်ဘူး ၊ တစ်ရက်ပဲ ယူပါ။ နိဗ္ဗာန်ထိအောင် တာ၀န်ယူတယ်။

မဟာဗောဓိမြိုင်ဆရာတော်ကြီး
(သရဏဂုံ ဥပုသ်တော်နှင့် သီလရှင်းတမ်း တရားတော်မှ)


No comments:

Post a Comment