........သည်ဆိုဘ်ရောက်လာ များသတ္တာချမ်းသာကိုစိတ်မြဲပါစေ၊ ဥပါဒ်ရန်ဘေးကင်းစင်ဝေးငြိမ်းအေးကြပါစေ.........

May 13, 2017

မေတ္တာစစ်ဆိုတာ

အားလုံး မငျ်ဂလာနံနကျခငျးပါ
🌸🌼🍁🌹🌞
မေတ္တာစစ်ဆိုတာ
*************
မေတ္တာစစ်မှာ
ရယူပိုင်ဆိုင်လိုခြင်း မရှိဘူး။
ပေးဆပ်လိုခြင်းသာ ရှိတယ်။

မေတ္တာစစ်မှာ
အနိုင်ယူလိုခြင်း မရှိဘူး။
အရှုံးသမားဖြစ်လည်း ကျေနပ်တယ်။

မေတ္တာစစ်မှာ
ပြိုင်ဆိုင်လိုခြင်း မရှိဘူး။
မပြိုင်ခင်က အရှုံးပေးထားတယ်။

မေတ္တာစစ်မှာ
ဘယ်တော့မှ ပူလောင်မနေဘူး။
အမြဲတမ်း အေးချမ်းနေပါတယ်။

ဒါကြောင့် မေတ္တာစစ်ဟာ ရေနဲ့တူတယ်။
ရေနဲ့တူအောင်ကျင့်ကြရမယ်။
လူကောင်း လူဆိုး မည်သူမဆို သောက်သုံးသူ အေးချမ်း ကြရမယ်။

မေတ္တာမပါပဲနဲ့ ဘာပဲလုပ်လုပ် အချဉ်းနှီးပါပဲ။
ကာယကံ ဝစီကံ မနောကံ ကံသုံးပါးဖြင့် မေတ္တာပါပါ နေ့စဉ်နေ့တိုင်း ပြုလုပ်ဆောင်ရွက်နိုင်ကြပါစေ။

No comments:

Post a Comment