........သည္ဆိုဘ္ေရာက္လာ မ်ားသတၱာခ်မ္းသာကိုစိတ္ျမဲပါေစ၊ ဥပါဒ္ရန္ေဘးကင္းစင္ေ၀းျငိမ္းေအးၾကပါေစ.........

Jan 12, 2016

ရာဟုလာ

ရာဟုလာ--

၁။ တစ္ခုဆိုတာ ဘာလဲ
၂။ နွစ္ခုဆိုတာ ဘာလဲ
၃။ သံုးခုဆိုတာ ဘာလဲ
၄။ ေလးခုဆိုတာ ဘာလဲ
၅။ ငါးခုဆိုတာ ဘာလဲ
၆။ ေျခာက္ခုဆိုတာ ဘာလဲ
၇။ ခုနစ္ခုဆိုတာ ဘာလဲ
၈။ ရွစ္ခုဆိုတာ ဘာလဲ
၉။ ကိုးခုဆိုတာ ဘာလဲ
၁၀။ ဆယ္ခုဆိုတာ ဘာလဲ
…………………………

၁။ ရာဟုလာ တစ္ခုဆိုတာ ဘာလဲ -

႐ာဟုလာ ... လူတိုင္းလူတိုင္းဟာ ေန့စဥ္နဲ့အမွ်
ေရွာင္လို့မရတဲ့ တစ္ခုဟာ အစာအာဟာရပဲ။
သတၱ၀ါေတြအားလံုးဟာ အစာေၾကာင့္ အသက္ရွင္ရတယ္။
အစာစားလို့ အသက္ရွင္ၾကတယ္။
သတၱ၀ါအားလံုးဟာ တညီတည္း အမွီျပဳျပီး အသက္ရွင္ၾကရတဲ့
ေန့စဥ္နွင့္အမွ် ေရွာင္လႊဲလို့ မရေအာင္
မွီခိုအားထားေနရတာသည္ အာဟာရပဲ။

၂။ နွစ္ခုဆိုတာ ဘာလဲ -

ရာဟုလာ နွစ္ခုဆိုတာ ရုပ္ နဲ့ နာမ္ ျဖစ္တယ္။
လူေတြရဲ့သႏၱာန္မွာ ရုပ္နဲ့နာမ္ ဒီနွစ္ခုပဲရွိတယ္။

၃။ သံုးခုဆိုတာ ဘာလဲ -

ရာဟုလာ... သံုးခုဆိုတာ တျခားမဟုတ္ဘူး။
အာရုံနဲ့ေတြ ့တဲ့ အခ်ိန္မွာ ခံစားခ်က္ သံုးမ်ိဳးရွိတယ္။

ေကာင္းတာနဲ့ေတြ ့ရင္ ၾကိဳက္တယ္၀မ္းသာတယ္၊
မေကာင္းတာနဲ့ေတြ ့ရင္ မၾကိဳက္ဘူး စိတ္ညစ္တယ္၊
ေကာင္းမေကာင္းမဟုတ္ဘူးဆိုရင္
ေပ်ာ္တာလည္းမဟုတ ္စိတ္ညစ္တာလည္းမဟုတ္ဆိုတာရွိတယ္။

ဒါေၾကာင့္ ခံစားမႈဟာသံုးမ်ိဳးရွိတယ္။
သုခေ၀ဒနာ၊ ဒုကၡေ၀ဒနာ၊ ဥေပကၡာေ၀ဒနာ။

၄။ ေလးခုဆိုတာ ဘာလဲ -

ရာဟုလာ ေလးခုဆိုတာ သစၥာေလးပါးပဲ။
အမွန္တရားေလးမ်ိဳးရွိတယ္ ရာဟုလာ။

ဒုကၡရယ္၊ သမုဒယရယ္၊ နိေရာဓရယ္၊ မဂၢရယ္။

ေလာကမွာၾကည္႔လိုက္ရင္
တကယ္႔အမွန္တရားဆိုတာ ဒီေလးမ်ိဳးပဲရွိတယ္္။

၅။ ငါးခုဆိုတာ ဘာလဲ -

႐ာဟုလာ .. လူေတြမွာ တဏွာတို့
ဒိ႒ိအျမင္နဲ့ စြဲလမ္းတဲ့ ဥပါဒါနကၡႏၶာ ငါးမ်ိဳးရွိပါတယ္။
ရုပ္၊ ေ၀ဒနာ၊ သညာ၊ သခါၤရ၊ ၀ိဥာဏ္ ဆိုတဲ့
ဒီခႏၶာငါးပါးအေပၚမွာ စြဲလမ္းတဲ့ ၊
တဏွာအျမင္ ဒိ႒ိအျမင္ေတြနဲ့
စြဲလမ္းေနတဲ့ ဥပါဒါနကၡႏၶာငါးပါးပဲ။

၆။ ေျခာက္ခုဆိုတာ ဘာလဲ -

႐ာဟုလာ ... ေျခာက္ခုဆိုတာ ဘာလဲဆိုေတာ့
ျပင္ဘက္က အာရုံေတြနဲ့ ဆက္သြယ္ဖို့ရာအတြက္
ေျခာက္ခုဆိုတာ ရွိတယ္။ အဂါၤရပ္ေျခာက္ခုရွိတယ္။

အဲဒါဘာလဲဆိုေတာ့
မ်က္စိ၊ နား၊ နွေခါင္း ၊ လွ်ာ၊ ကိုယ္၊ စိတ္ ဆိုတဲ့ အဂါၤေျခာက္ခု။

ဒါေတြနဲ့ပဲ အာရုံေျခာက္မ်ိဳးကို
ေန့စဥ္ဆက္သြယ္ေနၾကတယ္။
အာရုံေတြရဲ.အေျခခံ၊ စိတ္္ေပၚရာ ဒီေျခာက္ခုရွိတယ္။

၇။ ခုနစ္ခုဆိုတာ ဘာလဲ -

႐ာဟုလာ... ခုနစ္ခုဆိုတာ အသိဥာဏ္ျဖစ္ဖို့ရာ
အေၾကာင္းတရားခုနစ္ခုရွိတယ္။ ေဗာဇၥ်င္ (၇) ပါးေပါ့။
ေဗာဓိဆိုတာ အသိဥာဏ္၊ အဂါၤဆိုတာ ရရွိျခင္းရဲ့အေၾကာင္းတရား။

အသိဥာဏ္ျဖစ္ဖို့ရာအတြက္ ဒီစြမ္းရည္သတၱိေတြနဲ့ ကိုယ့္သႏၱာန္မွာ အသိဥာဏ္ျဖစ္ေပၚေအာင္လုပ္ရမယ္တဲ.။

ဒါေတြကိုလိုက္ၾကည့္မယ္ဆိုလို.ရွိရင္ အဆင့္ဆင့္ကမၼ႒ာန္းပြားလို့ရလာတဲ့ သေဘာေတြကို ျမတ္စြာဘုရားကေဟာေနျခင္းျဖစ္တယ္။
ကေလးေလးနဲ.တန္ရုံ ဂဏန္းသေဘာေတြကို
ျမတ္စြာဘုရားက မွတ္ခိုင္းထားတာ။

၈။ ရွစ္ခုဆိုတာ ဘာလဲ -

႐ာဟုလာ ... ႐ွစ္ခုဆိုတာ မဂၢင္ရွစ္ပါးတဲ့။
မဂၢဆိုတာ လမ္းေၾကာင္းပဲ။
ဘယ္သြားမယ့္လမ္းေၾကာင္းဆိုေတာ့
နိဗၺာန္သြားမယ့္လမ္းေၾကာင္းျဖစ္တယ္။

အဲဒီမဂၢဆိုတာ ရွစ္ခုနဲ့ ဖြဲ.စည္းထားတဲ့အရာျဖစ္တယ္။
သမၼာ၀ါစာ၊ သမၼာကမၼႏၷ၊ သမၼာအာဇီ၀၊
သမၼာဒိ႒ိ၊ သမၼာသကၤပၸ၊
သမၼာ၀ါယမ၊ သမၼာသတိ၊ သမၼာသမာဓိ၊
လိို. ေခၚတဲ႔ မဂၢင္ရွစ္ပါး။ အဲဒီမဂၢင္ရွစ္ပါး ဒီစြမ္းအားေတြ မိမိတို႔သႏၱာန္မွာျပီဆိုရင္ နိဗၺာန္ထိေအာင္ ေပါက္ေျမာက္ျပီးသြားနိုင္တယ္တဲ႔။
အဲဒါ (၈)ဂဏန္းအေနနဲ႔ ျမတ္စြာဘုရားက သင္ေပးတာ။

၉။ ကိုးခုဆိုတာဘာလဲ -

႐ာဟုလာ ... သံုးဆယ္.တစ္ဘံုသတၱ၀ါေတြကို
ျခံဳငံုျပီးေတာ့ ၾကည့္လိုက္မယ္ဆိုရင္ သတၱ၀ါေတြဟာ
ကိုးမ်ိဳးပဲ ရွိနိုင္တယ္။ သတၱ၀ါေတြေနတဲ့ဘံုဟာ ကိုးမ်ိဳးပဲရွိနိုင္တယ္တဲ့။ အဲဒါကို သတၱ၀ါသလို့ေခၚတယ္။ သတၱ၀ါေတြရဲ. ေနထိုင္ရာဘံုလို.ေျပာတယ္။ ကိုးမ်ိဳးဆိုတာ သဘာ၀အားျဖင္.ခြဲျခားျပီးေတာ. ေျပာတယ္။

ဆိုပါစို. လူေတြဆိုတာ ေမြးလာတဲ.စိတ္ေတြလည္းကြဲျပားျခားနားၾကတယ္၊ ရုပ္ေတြလည္းကြဲျပားျခားနားၾကတယ္။ လူေတြဟာ ရုပ္ခႏၶာၾကီးကလဲ အမ်ိဳးမ်ိဳး၊ စိတ္ေတြကလည္းအမ်ိဳးမ်ိဳး၊ တိရစၧာန္ေလာကလည္းၾကည္.ဦး၊ ေခြးကတစ္မ်ိဳး၊ ေၾကာင္ကတစ္မ်ိဳး ၊ ၾကက္ကတစ္မ်ိဳး ကိုယ္ခႏၶာေတြ ကြဲျပားျခားနားမႈေတြနဲ. မတူညီၾကဘူး။ အဲလိုမတူညီတဲ. သတၱ၀ါေတြရွိတဲ.ဘံုေတြကိုစုျပီးေတာ. တစ္ခုယူတယ္။

ကိုးခုဆိုတာ သတၱ၀ါေတြျဖစ္ရာ ဘံုကိုးမ်ိဳးလို.ေျပာလိုက္တယ္။ သတၱ၀ါေတြျဖစ္ရာ ဘံုကိုးမ်ိဳးဆိုတာ ရုပ္ခႏၶာတို. ၊ ပဋိသေႏၶစိတ္၊ အမွတ္သညာတို. ကြဲျပား ျခားနားနဲ. သတၱ၀ါေတြတည္ရွိရာ ဘံုကတစ္မ်ိဳး။ အဲဒါကိုပဲ လွည္.ပတ္ၾကည္.လိုက္တဲ.အခါ ရုပ္ခႏၶာကြဲျပားေပမယ္လို. ပဋိသေႏၶစိတ္ အမွတ္သညာခ်င္း တူတဲ. သတၱ၀ါေတြရဲ. ေနရာ႒ာနက တစ္မ်ိဳး။

ေနာက္ပဋိသေႏၶသညာတူျပီးေတာ. ရုပ္ခႏၶာကြဲျပားတဲ. သတၱ၀ါေတြရဲ. ဘံု႒ာနကတစ္မ်ိဳး။ ပဋိသေႏၶလည္းတူတယ္၊ ရုပ္ခႏၶာလည္းတူတယ္ဆိုတဲ. သတၱ၀ါေတြရဲ. ဘံုဌာနက တစ္မ်ိဳး။
ပါဠိစာေပနဲ.ေျပာမယ္ဆိုရင္ နာနတၱကာယ၊ နာနတၱသညီ ဒါက တစ္၊ နာနတၱကာယ ဧကတၱသညီ ဒါက နွစ္၊ ဧကတၱကာယ နာနတၱသညီ ဒါက သံုး၊ နံပါတ္ေလးက်ေတာ. ဧကတၱကာယ ဧကတၱသညီလို. ဒီလိုေလးမ်ိဳးရတယ္။ ေနာက္တစ္ခါ အမွတ္သညာကင္းမဲ.တဲ. သတၱ၀ါဆိုတာ ေလာကမွာရွိေသးတယ္။ အဲဒါကို အသညသတ္ဘံုလို.ေျပာတယ္။ အဲဒါက တစ္ဦး။ ေနာက္တစ္ခါ နာမ္ခ်ည္းျဖစ္တဲ. အရူပဘံုဆိုတာ တစ္မ်ိဳး။ အားလံုးေပါင္းလိုက္တဲ.အခါ သတၱာ၀ါသဘံုးကိုး၀လို. ေခၚတယ္။

သံုးဆယ္.တစ္ဘံုဆိုတာ ျငီးေငြ.စရာခ်ည္းပဲ၊ မျငီးေငြ.လို. သံုးဆယ္.တစ္ဘံုထဲမွာ က်င္လည္ေနမယ္ဆိုရင္ ဒုကၡေတြေရာက္မွာပဲလို. ျငီးေငြ.ေစျခင္းငွာ ၉ ဂဏန္းကိုထုတ္တယ္။

၁၀။ ဆယ္ခုဆိုတာ ဘာလဲ -

႐ာဟုလာ ... ဒီလိုျငီးေငြ.ျပီး တရားအားထုတ္
တရားက်င့္ၾကံလိုက္ရင္ ရဟႏၱာျဖစ္သြားမယ္။ အဲဒီရဟႏၱာျဖစ္သြားမယ္ဆိုလို.ရွိရင္ ရဟႏၱာမွာရွိနိုင္တဲ. အရည္အခ်င္းဟာ ဆယ္မ်ိဳးရွိတယ္တဲ.။ အဲဒီဆယ္မ်ိဳးကိုရည္ညႊန္းျပီးေတာ.
ျမတ္စြာဘုရားက ၁၀ ဂဏန္းကိုသင္ေပးတယ္။

၁၀ခုဆိုတာ ဘာလဲဆိုေတာ. ရဟႏၱာပုဂၢိဳလ္ေတြဟာ
အဂါၤ ၁၀ ပါးနဲ.ျပည္.စံုတယ္။ တရားဓမၼကို မွန္မွန္ကန္ကန္နဲ့က်င့္သံုးေဆာက္တည္သြားတဲ့ ရဟႏၱာပုဂၢိဳလ္ေတြမွာ အ၈ါၤရပ္ဆယ္မ်ိဳးရွိတယ္တဲ့။ ဘာေတြလဲဆုိေတာ့ မဂၢင္ရွစ္ပါး ရယ္ ေနာက္နွစ္ခုက သမၼာဥာဏနဲ. သမၼာ၀ိမုတၱိ။

(ပါေမာကၡခ်ဳပ္ဆရာေတာ္ အရွင္နႏၵမာလာဘိ၀ံသ ေဟာၾကားေတာ္မူေသာ
ရွင္ရာဟုလာ၏ဘဝ ႏွင့္ျမတ္ဗုဒၶ၏အဆံုးအမ တရားေတာ္မွ )

ရာဟုလာ -

၁။ တစ်ခုဆိုတာ ဘာလဲ
၂။ နှစ်ခုဆိုတာ ဘာလဲ
၃။ သုံးခုဆိုတာ ဘာလဲ
၄။ လေးခုဆိုတာ ဘာလဲ
၅။ ငါးခုဆိုတာ ဘာလဲ
၆။ ခြောက်ခုဆိုတာ ဘာလဲ
၇။ ခုနစ်ခုဆိုတာ ဘာလဲ
၈။ ရှစ်ခုဆိုတာ ဘာလဲ
၉။ ကိုးခုဆိုတာ ဘာလဲ
၁၀။ ဆယ်ခုဆိုတာ ဘာလဲ
…………………………

၁။ ရာဟုလာ တစ်ခုဆိုတာ ဘာလဲ -

ရာဟုလာ ... လူတိုင်းလူတိုင်းဟာ နေ့စဉ်နဲ့အမျှ
ရှောင်လို့မရတဲ့ တစ်ခုဟာ အစာအာဟာရပဲ။
သတ္တဝါတွေအားလုံးဟာ အစာကြောင့် အသက်ရှင်ရတယ်။
အစာစားလို့ အသက်ရှင်ကြတယ်။
သတ္တဝါအားလုံးဟာ တညီတည်း အမှီပြုပြီး အသက်ရှင်ကြရတဲ့
နေ့စဉ်နှင့်အမျှ ရှောင်လွှဲလို့ မရအောင်
မှီခိုအားထားနေရတာသည် အာဟာရပဲ။

၂။ နှစ်ခုဆိုတာ ဘာလဲ -

ရာဟုလာ နှစ်ခုဆိုတာ ရုပ် နဲ့ နာမ် ဖြစ်တယ်။
လူတွေရဲ့သန္တာန်မှာ ရုပ်နဲ့နာမ် ဒီနှစ်ခုပဲရှိတယ်။

၃။ သုံးခုဆိုတာ ဘာလဲ -

ရာဟုလာ... သုံးခုဆိုတာ တခြားမဟုတ်ဘူး။
အာရုံနဲ့တွေ ့တဲ့ အချိန်မှာ ခံစားချက် သုံးမျိုးရှိတယ်။

ကောင်းတာနဲ့တွေ ့ရင် ကြိုက်တယ်၀မ်းသာတယ်၊
မကောင်းတာနဲ့တွေ ့ရင် မကြိုက်ဘူး စိတ်ညစ်တယ်၊
ကောင်းမကောင်းမဟုတ်ဘူးဆိုရင်
ပျော်တာလည်းမဟုတ ်စိတ်ညစ်တာလည်းမဟုတ်ဆိုတာရှိတယ်။

ဒါကြောင့် ခံစားမှုဟာသုံးမျိုးရှိတယ်။
သုခေ၀ဒနာ၊ ဒုက္ခေ၀ဒနာ၊ ဥပေက္ခာေ၀ဒနာ။

၄။ လေးခုဆိုတာ ဘာလဲ -

ရာဟုလာ လေးခုဆိုတာ သစ္စာလေးပါးပဲ။
အမှန်တရားလေးမျိုးရှိတယ် ရာဟုလာ။

ဒုက္ခရယ်၊ သမုဒယရယ်၊ နိရောဓရယ်၊ မဂ္ဂရယ်။

လောကမှာကြည့်လိုက်ရင်
တကယ့်အမှန်တရားဆိုတာ ဒီလေးမျိုးပဲရှိတယ််။

၅။ ငါးခုဆိုတာ ဘာလဲ -

ရာဟုလာ .. လူတွေမှာ တဏှာတို့
ဒိဋ္ဌိအမြင်နဲ့ စွဲလမ်းတဲ့ ဥပါဒါနက္ခန္ဓာ ငါးမျိုးရှိပါတယ်။
ရုပ်၊ ေ၀ဒနာ၊ သညာ၊ သခါၤရ၊ ၀ိဉာဏ် ဆိုတဲ့
ဒီခန္ဓာငါးပါးအပေါ်မှာ စွဲလမ်းတဲ့ ၊
တဏှာအမြင် ဒိဋ္ဌိအမြင်တွေနဲ့
စွဲလမ်းနေတဲ့ ဥပါဒါနက္ခန္ဓာငါးပါးပဲ။

၆။ ခြောက်ခုဆိုတာ ဘာလဲ -

ရာဟုလာ ... ခြောက်ခုဆိုတာ ဘာလဲဆိုတော့
ပြင်ဘက်က အာရုံတွေနဲ့ ဆက်သွယ်ဖို့ရာအတွက်
ခြောက်ခုဆိုတာ ရှိတယ်။ အဂါၤရပ်ခြောက်ခုရှိတယ်။

အဲဒါဘာလဲဆိုတော့
မျက်စိ၊ နား၊ နှခေါင်း ၊ လျှာ၊ ကိုယ်၊ စိတ် ဆိုတဲ့ အဂါၤခြောက်ခု။

ဒါတွေနဲ့ပဲ အာရုံခြောက်မျိုးကို
နေ့စဉ်ဆက်သွယ်နေကြတယ်။
အာရုံတွေရဲ.အခြေခံ၊ စိတ််ပေါ်ရာ ဒီခြောက်ခုရှိတယ်။

၇။ ခုနစ်ခုဆိုတာ ဘာလဲ -

ရာဟုလာ... ခုနစ်ခုဆိုတာ အသိဉာဏ်ဖြစ်ဖို့ရာ
အကြောင်းတရားခုနစ်ခုရှိတယ်။ ဗောဇ္ဈင် (၇) ပါးပေါ့။
ဗောဓိဆိုတာ အသိဉာဏ်၊ အဂါၤဆိုတာ ရရှိခြင်းရဲ့အကြောင်းတရား။

အသိဉာဏ်ဖြစ်ဖို့ရာအတွက် ဒီစွမ်းရည်သတ္တိတွေနဲ့ ကိုယ့်သန္တာန်မှာ အသိဉာဏ်ဖြစ်ပေါ်အောင်လုပ်ရမယ်တဲ.။

ဒါတွေကိုလိုက်ကြည့်မယ်ဆိုလို.ရှိရင် အဆင့်ဆင့်ကမ္မဋ္ဌာန်းပွားလို့ရလာတဲ့ သဘောတွေကို မြတ်စွာဘုရားကဟောနေခြင်းဖြစ်တယ်။
ကလေးလေးနဲ.တန်ရုံ ဂဏန်းသဘောတွေကို
မြတ်စွာဘုရားက မှတ်ခိုင်းထားတာ။

၈။ ရှစ်ခုဆိုတာ ဘာလဲ -

ရာဟုလာ ... ရှစ်ခုဆိုတာ မဂ္ဂင်ရှစ်ပါးတဲ့။
မဂ္ဂဆိုတာ လမ်းကြောင်းပဲ။
ဘယ်သွားမယ့်လမ်းကြောင်းဆိုတော့
နိဗ္ဗာန်သွားမယ့်လမ်းကြောင်းဖြစ်တယ်။

အဲဒီမဂ္ဂဆိုတာ ရှစ်ခုနဲ့ ဖွဲ.စည်းထားတဲ့အရာဖြစ်တယ်။
သမ္မာဝါစာ၊ သမ္မာကမ္မန္န၊ သမ္မာအာဇီ၀၊
သမ္မာဒိဋ္ဌိ၊ သမ္မာသင်္ကပ္ပ၊
သမ္မာဝါယမ၊ သမ္မာသတိ၊ သမ္မာသမာဓိ၊
လိို. ခေါ်တဲ့ မဂ္ဂင်ရှစ်ပါး။ အဲဒီမဂ္ဂင်ရှစ်ပါး ဒီစွမ်းအားတွေ မိမိတို့သန္တာန်မှာပြီဆိုရင် နိဗ္ဗာန်ထိအောင် ပေါက်မြောက်ပြီးသွားနိုင်တယ်တဲ့။
အဲဒါ (၈)ဂဏန်းအနေနဲ့ မြတ်စွာဘုရားက သင်ပေးတာ။

၉။ ကိုးခုဆိုတာဘာလဲ -

ရာဟုလာ ... သုံးဆယ်.တစ်ဘုံသတ္တဝါတွေကို
ခြုံငုံပြီးတော့ ကြည့်လိုက်မယ်ဆိုရင် သတ္တဝါတွေဟာ
ကိုးမျိုးပဲ ရှိနိုင်တယ်။ သတ္တဝါတွေနေတဲ့ဘုံဟာ ကိုးမျိုးပဲရှိနိုင်တယ်တဲ့။ အဲဒါကို သတ္တဝါသလို့ခေါ်တယ်။ သတ္တဝါတွေရဲ. နေထိုင်ရာဘုံလို.ပြောတယ်။ ကိုးမျိုးဆိုတာ သဘာ၀အားဖြင်.ခွဲခြားပြီးတော. ပြောတယ်။

ဆိုပါစို. လူတွေဆိုတာ မွေးလာတဲ.စိတ်တွေလည်းကွဲပြားခြားနားကြတယ်၊ ရုပ်တွေလည်းကွဲပြားခြားနားကြတယ်။ လူတွေဟာ ရုပ်ခန္ဓာကြီးကလဲ အမျိုးမျိုး၊ စိတ်တွေကလည်းအမျိုးမျိုး၊ တိရစၧာန်လောကလည်းကြည်.ဦး၊ ခွေးကတစ်မျိုး၊ ကြောင်ကတစ်မျိုး ၊ ကြက်ကတစ်မျိုး ကိုယ်ခန္ဓာတွေ ကွဲပြားခြားနားမှုတွေနဲ. မတူညီကြဘူး။ အဲလိုမတူညီတဲ. သတ္တဝါတွေရှိတဲ.ဘုံတွေကိုစုပြီးတော. တစ်ခုယူတယ်။

ကိုးခုဆိုတာ သတ္တဝါတွေဖြစ်ရာ ဘုံကိုးမျိုးလို.ပြောလိုက်တယ်။ သတ္တဝါတွေဖြစ်ရာ ဘုံကိုးမျိုးဆိုတာ ရုပ်ခန္ဓာတို. ၊ ပဋိသနေ္ဓစိတ်၊ အမှတ်သညာတို. ကွဲပြား ခြားနားနဲ. သတ္တဝါတွေတည်ရှိရာ ဘုံကတစ်မျိုး။ အဲဒါကိုပဲ လှည်.ပတ်ကြည်.လိုက်တဲ.အခါ ရုပ်ခန္ဓာကွဲပြားပေမယ်လို. ပဋိသနေ္ဓစိတ် အမှတ်သညာချင်း တူတဲ. သတ္တဝါတွေရဲ. နေရာဋ္ဌာနက တစ်မျိုး။

နောက်ပဋိသနေ္ဓသညာတူပြီးတော. ရုပ်ခန္ဓာကွဲပြားတဲ. သတ္တဝါတွေရဲ. ဘုံဋ္ဌာနကတစ်မျိုး။ ပဋိသနေ္ဓလည်းတူတယ်၊ ရုပ်ခန္ဓာလည်းတူတယ်ဆိုတဲ. သတ္တဝါတွေရဲ. ဘုံဌာနက တစ်မျိုး။
ပါဠိစာပေနဲ.ပြောမယ်ဆိုရင် နာနတ္တကာယ၊ နာနတ္တသညီ ဒါက တစ်၊ နာနတ္တကာယ ဧကတ္တသညီ ဒါက နှစ်၊ ဧကတ္တကာယ နာနတ္တသညီ ဒါက သုံး၊ နံပါတ်လေးကျတော. ဧကတ္တကာယ ဧကတ္တသညီလို. ဒီလိုလေးမျိုးရတယ်။ နောက်တစ်ခါ အမှတ်သညာကင်းမဲ.တဲ. သတ္တဝါဆိုတာ လောကမှာရှိသေးတယ်။ အဲဒါကို အသညသတ်ဘုံလို.ပြောတယ်။ အဲဒါက တစ်ဦး။ နောက်တစ်ခါ နာမ်ချည်းဖြစ်တဲ. အရူပဘုံဆိုတာ တစ်မျိုး။ အားလုံးပေါင်းလိုက်တဲ.အခါ သတ္တာဝါသဘုံးကိုး၀လို. ခေါ်တယ်။

သုံးဆယ်.တစ်ဘုံဆိုတာ ငြီးငွေ.စရာချည်းပဲ၊ မငြီးငွေ.လို. သုံးဆယ်.တစ်ဘုံထဲမှာ ကျင်လည်နေမယ်ဆိုရင် ဒုက္ခတွေရောက်မှာပဲလို. ငြီးငွေ.စေခြင်းငှာ ၉ ဂဏန်းကိုထုတ်တယ်။

၁၀။ ဆယ်ခုဆိုတာ ဘာလဲ -

ရာဟုလာ ... ဒီလိုငြီးငွေ.ပြီး တရားအားထုတ်
တရားကျင့်ကြံလိုက်ရင် ရဟန္တာဖြစ်သွားမယ်။ အဲဒီရဟန္တာဖြစ်သွားမယ်ဆိုလို.ရှိရင် ရဟန္တာမှာရှိနိုင်တဲ. အရည်အချင်းဟာ ဆယ်မျိုးရှိတယ်တဲ.။ အဲဒီဆယ်မျိုးကိုရည်ညွှန်းပြီးတော.
မြတ်စွာဘုရားက ၁၀ ဂဏန်းကိုသင်ပေးတယ်။

၁၀ခုဆိုတာ ဘာလဲဆိုတော. ရဟန္တာပုဂ္ဂိုလ်တွေဟာ
အဂါၤ ၁၀ ပါးနဲ.ပြည်.စုံတယ်။ တရားဓမ္မကို မှန်မှန်ကန်ကန်နဲ့ကျင့်သုံးဆောက်တည်သွားတဲ့ ရဟန္တာပုဂ္ဂိုလ်တွေမှာ အ၈ါၤရပ်ဆယ်မျိုးရှိတယ်တဲ့။ ဘာတွေလဲဆိုတော့ မဂ္ဂင်ရှစ်ပါး ရယ် နောက်နှစ်ခုက သမ္မာဉာဏနဲ. သမ္မာ၀ိမုတ္တိ။

(ပါမောက္ခချုပ်ဆရာတော် အရှင်နန္ဒမာလာဘိဝံသ ဟောကြားတော်မူသော
ရှင်ရာဟုလာ၏ဘဝ နှင့်မြတ်ဗုဒ္ဓ၏အဆုံးအမ တရားတော်မှ )

No comments:

Post a Comment