........သည္ဆိုဘ္ေရာက္လာ မ်ားသတၱာခ်မ္းသာကိုစိတ္ျမဲပါေစ၊ ဥပါဒ္ရန္ေဘးကင္းစင္ေ၀းျငိမ္းေအးၾကပါေစ.........

Jan 26, 2016

ပအိုဝ္​းလူငယ္​မ်ားသို႔

သင္သည္ ဘယ္ေနရာ၊ ဘယ္ဌာေန၊ ဘယ္နိုင္ငံ ေရာက္ေရာက္ သင္ေရာက္ရွိရာအရပ္မွာ အခြင့္အေရး ရသည္ႏွင့္အညီ သင္ႏွင့္ သင့္ေဒသအတြက္ အတက္ပညာ၊ အသိပညာမ်ား ကို ေလ့လာ၊ ဆည္းပူး သင္ယူသင့္သည္။

သင္သည္ ေဒသျခား၊ နိုင္ငံျခားသို႔ ေငြရွာရန္ ထြက္...ခြာသည့္ ရည္႐ြယ္ခ်က္ျဖစ္ေပမယ့္ သင့္အလုပ္ထဲ သင့္ရဲ႕အခ်ိန္၊ သင့္ရဲ႕ အနာဂတ္ကို မႏွစ္မြန္းသင့္။ သင္ အခ်ိန္ရလွ်င္၊ အခြင့္အေရးရလွ်င္ သင့္ေဘးပတ္၀န္းက်င္ရွိ သိသင့္၊ သိထိုက္ရာမ်ားကို ေလ့လာသင္ယူသင့္သည္။ အခမဲ့သင္တန္းမ်ား၊ ေက်ာင္းမ်ား၊ အိမ္တြင္းမႈ လုပ္ငန္းမ်ားကို သင္ တက္သိ သိသင့္သည္။ သင့္အတြက္ အရမ္း အဖိုးတန္သည္။

သင့္တေန႕ “ပအို၀္းခမ္း”သို႔ ျပန္လာသည့္အခါ သင္၏ ေငြေၾကးခ်မ္းသာမႈထက္ သင့္ရဲ႕ အတက္ပညာ၊ အသိပညာသည္ သင့္ရဲ႕ေရရွည္ ဘ၀အတြက္ ခိုင္ၿမဲေစသည္။ သင့္ရဲ႕အတက္ပညာ၊ အသိပညာမ်ားသည္ သင့္ဘ၀သာမဟုတ္ သင့္ေဒသ၊ သင့္အမ်ိဳးသား တိုးတက္၊ ဖြံ႕ၿဖိဳးေရးအတြက္ မ်ားစြာ အေထာက္အကူ ျဖစ္ေစပါသည္။ သင္သိထားတဲ့အရာကို ေမွ်၀ျခင္း၊ သင္တက္ထားတာကို လက္ေတြ႕ ၀ိုင္းကူလုပ္ေဆာင္ျခင္းသည္ သင္ႏွင့္ အမ်ားအတြက္ အင္မတန္ အက်ိဳး ရွိလွပါတယ္။ သင္ အဲဒါေတြကို လုပ္ေဆာင္ေပးျခင္းအားျဖင့္ သင့္ပတ္၀န္းက်င္ ႏွင့္ သင့္အမ်ိဳးသားမ်ားက သင့္ကို ႀကိဳဆို၊ ဂုဏ္ယႈေနမည္။

သင္ ဘယ္ေနရာေရာက္ေရာက္ သင္သည္ ပအို၀္းျဖစ္သည္။ သင္ ေနခဲ့အိမ္၊ သင္ ႀကီးျပင္းခဲ့တဲ့ ဌာေနသည္ သင့္ ပအို၀္းဘိုးဘြားေတြ အစဥ္အဆက္ရွိခဲ့ရာ သင့္ရဲ႕မႈရင္း ေဒသျဖစ္သည္။ သင္အေျခအေနတရပ္ေၾကာင့္ ေျပာင္းလဲတိုးတက္သြားေသာ္၊ ဒါမွမဟုတ္ သင္ဘ၀ ေမ့သြားခဲ့ေသာ္လည္း သင္တေန႕ သင့္ေဒသ၊ သင့္ေဆြမ်ိဳးေတြရွိရာသို႔ ျပန္လာရမည္။ အေၾကာင္းမွာ သင္သည္ ပအို၀္း ျဖစ္သည္။ သင္သည္ ကံၾကမာ တရပ္ေၾကာင့္ တိုင္းတပါးတြင္ ဆင္းရဲ နိမ့္က်သြားခဲ့ေသာ္ ၊ အဆင္မေျပခဲ့ေသာ္ သင့္ကို အမ်ားႏွင့္အတူ အားေပးေနမည္။ သင္ႏွင့္အတူ ဘ၀တူ ပအို၀္းမ်ား ႐ုန္းကန္ေနမည္။ ရပ္တည္ေနမည္။

ယေန႕အခ်ိန္မွာ ပအို၀္းလူငယ္မ်ားစြာ နိုင္ငံျခားမွာ အေျခအေနတရပ္ေၾကာင့္ ေရာက္ရွိေနၾကပါသည္။ ပအို၀္းလူငယ္မ်ားသည္ ထိုင္းမွာ အမ်ားဆုံး အလုပ္လုပ္ေနၾကသည္။ မေလး၊ စင္ကာပူ၊ ကိုးရီးယား၊ ဒူဘိုင္း ႏွင့္ အေနာက္နိုင္ငံမ်ားတြင္လည္း တေန႕ထက္တေန႕ ေတြ႕လာေနရပါသည္။ ဒါေၾကာင့္ သင္သည္ နယ္ေျမသစ္၊ ဘ၀သစ္ႏွင့္ ႐ုန္းကန္ ၊ လႈပ္ရွားေနရသည္။ တခါတရံ သင္ ၀မ္းေရးအတြက္ အႏၱရာယ္မ်ားႏွင့္ ရင္ဆိုင္ေနရမည္။ တခါတရံ စိတ္ညစ္မည္။ အဆင္မေျပမႈမ်ားႏွင့္ ရင္ဆိုင္ရမည္။ သို႔ေပမယ့္ သင္စိတ္ဓါတ္က်စရာ မလို။ တခါတရံ သင္ေပ်ာ္႐ႊင္ရမည္။ စိတ္ခ်မ္းသာရမည္။

သင္သည္ ထာ၀ရ ပအို၀္းျဖစ္သည္။ လူငယ္လည္း ျဖစ္သည္။ သင့္ရဲ႕အား၊ ပံ့ပိုးမႈ၊ ေမွ်၀မႈ သည္ ေနာက္က်က်န္ေနေသးသည့္ ပအို၀္းေဒသႏွင့္ ပအို၀္းတိုင္းရင္းသားမ်ားအတြက္ အဓိကက်တဲ့ လူ႕အရင္းျမစ္ ျဖစ္သည္။ သင္ကိုယ္တိုင္ တိုးတက္မွ၊ အရင္အခ်င္းရွိမွ၊ တက္နိုင္သည့္ဘက္က လုပ္ေပးနိုင္မွ သင့္ပတ္သတ္ခဲ့ရာ ပတ္၀န္းက်င္ ၊ ေဒသ ၊ လူမ်ိဳး တိုးတက္နိုင္မည္။

ဒါေၾကာင့္ သင့္ရဲ႕အင္အား၊ သင့္ရဲ႕ ပါ၀င္လုပ္ေဆာင္မႈသည္ သင့္ေဒသအတြက္ အက်ိဳးရွိ အဖိုးတန္သည္။ သည့္အတြက္ သင့္ကို သင့္ေဒသက အၿမဲ လက္ကမ္းႀကိဳေနမည္။ ဖိတ္ေခၚေနမည္။ သင္ တက္နိုင္သည့္ဘက္က ေဒသအက်ိဳး၊ အမ်ားအက်ိဳး၊ သင့္အမ်ိဳးသား အက်ိဳးအတြက္ ဘာလုပ္ေပးနိုင္မလဲဆိုတာ ယေန႕အခ်ိန္မွာ သင္ စဥ္းစားသင့္ ေနေပၿပီ။

ပအိုဝ်းလူငယ်များသို့
****************
သင်သည် ဘယ်နေရာ၊ ဘယ်ဌာနေ၊ ဘယ်နိုင်ငံ ရောက်ရောက် သင်ရောက်ရှိရာအရပ်မှာ အခွင့်အရေး ရသည်နှင့်အညီ သင်နှင့် သင့်ဒေသအတွက် အတက်ပညာ၊ အသိပညာများ ကို လေ့လာ၊ ဆည်းပူး သင်ယူသင့်သည်။

သင်သည် ဒေသခြား၊ နိုင်ငံခြားသို့ ငွေရှာရန် ထွက်...ခွာသည့် ရည်ရွယ်ချက်ဖြစ်ပေမယ့် သင့်အလုပ်ထဲ သင့်ရဲ့အချိန်၊ သင့်ရဲ့ အနာဂတ်ကို မနှစ်မွန်းသင့်။ သင် အချိန်ရလျှင်၊ အခွင့်အရေးရလျှင် သင့်ဘေးပတ်၀န်းကျင်ရှိ သိသင့်၊ သိထိုက်ရာများကို လေ့လာသင်ယူသင့်သည်။ အခမဲ့သင်တန်းများ၊ ကျောင်းများ၊ အိမ်တွင်းမှု လုပ်ငန်းများကို သင် တက်သိ သိသင့်သည်။ သင့်အတွက် အရမ်း အဖိုးတန်သည်။

သင့်တနေ့ “ပအို၀်းခမ်း”သို့ ပြန်လာသည့်အခါ သင်၏ ငွေကြေးချမ်းသာမှုထက် သင့်ရဲ့ အတက်ပညာ၊ အသိပညာသည် သင့်ရဲ့ရေရှည် ဘ၀အတွက် ခိုင်မြဲစေသည်။ သင့်ရဲ့အတက်ပညာ၊ အသိပညာများသည် သင့်ဘ၀သာမဟုတ် သင့်ဒေသ၊ သင့်အမျိုးသား တိုးတက်၊ ဖွံ့ဖြိုးရေးအတွက် များစွာ အထောက်အကူ ဖြစ်စေပါသည်။ သင်သိထားတဲ့အရာကို မျှေ၀ခြင်း၊ သင်တက်ထားတာကို လက်တွေ့ ၀ိုင်းကူလုပ်ဆောင်ခြင်းသည် သင်နှင့် အများအတွက် အင်မတန် အကျိုး ရှိလှပါတယ်။ သင် အဲဒါတွေကို လုပ်ဆောင်ပေးခြင်းအားဖြင့် သင့်ပတ်၀န်းကျင် နှင့် သင့်အမျိုးသားများက သင့်ကို ကြိုဆို၊ ဂုဏ်ယှုနေမည်။

သင် ဘယ်နေရာရောက်ရောက် သင်သည် ပအို၀်းဖြစ်သည်။ သင် နေခဲ့အိမ်၊ သင် ကြီးပြင်းခဲ့တဲ့ ဌာနေသည် သင့် ပအို၀်းဘိုးဘွားတွေ အစဉ်အဆက်ရှိခဲ့ရာ သင့်ရဲ့မှုရင်း ဒေသဖြစ်သည်။ သင်အခြေအနေတရပ်ကြောင့် ပြောင်းလဲတိုးတက်သွားသော်၊ ဒါမှမဟုတ် သင်ဘ၀ မေ့သွားခဲ့သော်လည်း သင်တနေ့ သင့်ဒေသ၊ သင့်ဆွေမျိုးတွေရှိရာသို့ ပြန်လာရမည်။ အကြောင်းမှာ သင်သည် ပအို၀်း ဖြစ်သည်။ သင်သည် ကံကြမာ တရပ်ကြောင့် တိုင်းတပါးတွင် ဆင်းရဲ နိမ့်ကျသွားခဲ့သော် ၊ အဆင်မပြေခဲ့သော် သင့်ကို အများနှင့်အတူ အားပေးနေမည်။ သင်နှင့်အတူ ဘ၀တူ ပအို၀်းများ ရုန်းကန်နေမည်။ ရပ်တည်နေမည်။

ယနေ့အချိန်မှာ ပအို၀်းလူငယ်များစွာ နိုင်ငံခြားမှာ အခြေအနေတရပ်ကြောင့် ရောက်ရှိနေကြပါသည်။ ပအို၀်းလူငယ်များသည် ထိုင်းမှာ အများဆုံး အလုပ်လုပ်နေကြသည်။ မလေး၊ စင်ကာပူ၊ ကိုးရီးယား၊ ဒူဘိုင်း နှင့် အနောက်နိုင်ငံများတွင်လည်း တနေ့ထက်တနေ့ တွေ့လာနေရပါသည်။ ဒါကြောင့် သင်သည် နယ်မြေသစ်၊ ဘ၀သစ်နှင့် ရုန်းကန် ၊ လှုပ်ရှားနေရသည်။ တခါတရံ သင် ၀မ်းရေးအတွက် အန္တရာယ်များနှင့် ရင်ဆိုင်နေရမည်။ တခါတရံ စိတ်ညစ်မည်။ အဆင်မပြေမှုများနှင့် ရင်ဆိုင်ရမည်။ သို့ပေမယ့် သင်စိတ်ဓါတ်ကျစရာ မလို။ တခါတရံ သင်ပျော်ရွှင်ရမည်။ စိတ်ချမ်းသာရမည်။

သင်သည် ထာ၀ရ ပအို၀်းဖြစ်သည်။ လူငယ်လည်း ဖြစ်သည်။ သင့်ရဲ့အား၊ ပံ့ပိုးမှု၊ မျှေ၀မှု သည် နောက်ကျကျန်နေသေးသည့် ပအို၀်းဒေသနှင့် ပအို၀်းတိုင်းရင်းသားများအတွက် အဓိကကျတဲ့ လူ့အရင်းမြစ် ဖြစ်သည်။ သင်ကိုယ်တိုင် တိုးတက်မှ၊ အရင်အချင်းရှိမှ၊ တက်နိုင်သည့်ဘက်က လုပ်ပေးနိုင်မှ သင့်ပတ်သတ်ခဲ့ရာ ပတ်၀န်းကျင် ၊ ဒေသ ၊ လူမျိုး တိုးတက်နိုင်မည်။

ဒါကြောင့် သင့်ရဲ့အင်အား၊ သင့်ရဲ့ ပါ၀င်လုပ်ဆောင်မှုသည် သင့်ဒေသအတွက် အကျိုးရှိ အဖိုးတန်သည်။ သည့်အတွက် သင့်ကို သင့်ဒေသက အမြဲ လက်ကမ်းကြိုနေမည်။ ဖိတ်ခေါ်နေမည်။ သင် တက်နိုင်သည့်ဘက်က ဒေသအကျိုး၊ အများအကျိုး၊ သင့်အမျိုးသား အကျိုးအတွက် ဘာလုပ်ပေးနိုင်မလဲဆိုတာ ယနေ့အချိန်မှာ သင် စဉ်းစားသင့် နေပေပြီ။

ခွန်နီပအို၀်း

No comments:

Post a Comment