........သည္ဆိုဘ္ေရာက္လာ မ်ားသတၱာခ်မ္းသာကိုစိတ္ျမဲပါေစ၊ ဥပါဒ္ရန္ေဘးကင္းစင္ေ၀းျငိမ္းေအးၾကပါေစ.........

Dec 26, 2015

ဒါနဘာေၾကာင္႔ ၿပဳရသလဲ

ဒါနဘာေၾကာင္႔ ၿပဳရသလဲ

အလွဴဒါန ဘာေၾကာင္႔ၿပဳရသလဲ ဆုိတဲ႔အေၾကာင္းကုိ ္ေရးသားေဖာ္ၿပခ်င္ပါတယ္..
ဗုဒၶဘာသာ၀င္ၿမန္မာလူမ်ဳိး အမ်ားစုဟာ အလွဴဒါနကုိ ရက္ရက္ေရာေရာ ၿပဳၾကပါတယ္..တကယ္လွဴခ်င္တဲ႔ စိတ္ေတြ သဒၶါတရားေတြလည္း ရွိၾကပါတယ္။

ဒါေပမယ္႔ ဘာေၾကာင္႔ အလွဴဒါနၿပဳတယ္ဆုိတာကုိေတာ႔ ေတာ္ေတာ္မ်ားမ်ားမသိၾကပါဘူး..ယခုဘ၀ဒါနၿပဳရင္ ေနာက္ဘ၀ေကာင္းစားမယ္ နတ္ခ်မ္းသာ လူခ်မ္းသာၿဖစ္မယ္ဆုိတဲ႔ ရည္ရြယ္ခ်က္ေတြနဲ႔ပဲ အလွဴဒါနၿပဳေနၾကတာမ်ားပါတယ္။

ဒါေၾကာင္႔ ဒါနၿပဳရၿခင္းအေၾကာင္းကုိ အရွင္ဇ၀နေဟာၾကားတဲ႔ ဒါနဘာေၾကာင္႔ၿပဳရသလည္းဆုိတဲ႔ တရားေတာ္မွာ နာၾကားလုိက္ရလုိ႔ မသိေသးသူမ်ား သိသြားေအာင္ ေဖာ္ၿပလုိက္ပါတယ္..။

ဒါနၿပဳတယ္ဆုိတာ မိမိရဲ ႔ သႏၱာန္မွာ ဘ၀အဆက္ဆက္က ဒုကၡေပးလာတဲ႔ စြဲလမ္းတပ္မက္တဲ႔ ေလာဘကိေလသာၾကီးကုန္ေအာင္ ၿပဳတာၿဖစ္တယ္...သီလေစာင္႔တည္ၿခင္း ဘာ၀နာပြားမ်ားၿခင္းေတြလည္း တူတူပါပဲ..သီလေစာင္႔တည္တယ္ဆုိတာ မိမိရဲ ႔ သႏၱာန္မွာ ရွိတဲ႔ ေဒါသဦးေဆာင္တဲ႔ ကိေလသာေတြ ကုန္ဖုိ႔ ေစာင္႔တည္တာ ဘာ၀နာပြားတယ္ဆုိတာဟာလည္း မိမိရဲ ႔႔သႏၱာန္မွာ ရွိတဲ႔ ေမာဟ ဦးေဆာင္တဲ႔ ကိေလသာေတြ ကုန္ဖုိ႔ပြားမ်ားတာၿဖစ္တယ္ .. ္ဒါနအေၾကာင္းဆက္ေၿပာပါမယ္.။

ဗုဒၶဘာသာ၀င္အမ်ားစု အၿမင္မွားေနတာတစ္ခုက အလွဴဒါနၿပဳၿပီးတုိင္း ဆုေတာင္းေနၾကတာပါပဲ..တကယ္ေတာ႔ ဒါနၿပဳၿပီးရင္ ဆုေတာင္းစရာမလိုပါဘူး..ဆရာေတာ္ ေဟာၾကားတဲ႔ ဥပမာေလးကုိ ္သေဘာက်လုိ႔ ၿပန္လည္ေဖာ္ၿပလုိက္ပါတယ္..။

ဥပမာေလးက ဒီလုိပါ အလုပ္သမားတစ္ေယာက္ဟာ သူ႔အလုပ္ကုိ သူေက်ပြန္ေအာင္လုပ္ၿပီးရင္ သူပုိက္ဆံရဖုိ႔ လစာရဖုိ႔ ဆုေတာင္းစရာမလိုပါဘူး သူေသခ်ာေပါက္ရမွာပါ..သူအလုပ္လုပ္ရင္ လုပ္ခရမွာပါ ဆုေတာင္းစရာမလုိပါဘူး ဒါနၿပဳၿခင္းဟာလည္း အဲဒီသေဘာပါပဲ..။

ကုိယ္ဒါနၿပဳၿပီးရင္ ဆုေတာင္းစရာမလိုပါဘူး ဒါနရဲ ႔အက်ဳိးကုိက ခ်မ္းသာတဲ႔ အက်ဳိးကုိေပးၿပီးသားပါ...လုိတာက ကိေလသာကုန္ဖုိ႔နဲ႔ နိဗၺာန္ ဆုေတာင္းဖုိ႔ပဲ လုိပါတယ္.. ၿပီးေတာ႔ ဘယ္မွာ ဘယ္ေလာက္လွဴတယ္ဆုိတာလည္း ေၿပာစရာမလုိပါဘူး..အေပၚမွာေၿပာၿပီးပါၿပီ မိမိသႏၱာန္မွာ ရွိတဲ႔ ေလာဘကိေလသာမီး ဘယ္ေလာက္ၿငိမ္းသြားတယ္ ဆုိတာကိုပဲ ၾကည္႔ရမွာပါ..လူေတြမွာ အၿမဲေလာင္ေနတဲ႔ ေလာဘမီးေတြဟာ ဒါနၿပဳတဲ႔အခ်ိန္မွာ ၿငိမ္းသြားတယ္...။

တစ္ခါလွဴရင္ မိမိမွာရွိတဲ႔ ေလာဘတစ္ခါေသပါတယ္..ေလာဘရွိေနတဲ႔ သူဟာ ဒါနၿပဳလုိ႔မရႏူိင္ပါဘူး..
ေလာဘႏွစ္မ်ဳိးရွိပါတယ္ သမေလာဘနဲ႔ ၀ိသမေလာဘဆုိၿပိး ႏွစ္မ်ဳိးရွိပါတယ္..သမေလာဘဆုိတာ ညီမွ်တဲ႔ေလာဘပါ ..၀ိသမေလာဘဆုိတာကေတာ႔ မတရားရၿပိးယူတဲ႔ ေလာဘပါ ခုိးၿခင္းနဲ႔လည္း တူပါတယ္..အဲဒီ၀ိသမေလာဘရွိတဲ႔ သူဟာ ၿဖစ္ေလရာဘ၀မွာ သူရဲ ႔စည္းစိမ္ေတြ အေၾကာင္းအမ်ဳိးမ်ဳိးေၾကာင္႔ ပ်က္စီးတက္ပါတယ္..။

ဒါေၾကာင္႔ အဲလုိ ၀ိသမေလာဘမရွိေအာင္ေတာ႔ အတက္ႏူိင္ဆုံး ထိ္န္းသိမ္းသင္႔ပါတယ္...
ဒါနကလည္း ၂ မ်ဳိးရွိပါတယ္ ပါရမီ ထုိက္တဲ႔ဒါန နဲ႔ ပါရမီ မထုိက္တဲ႔ ဒါန ဆုိၿပီးၿဖစ္ပါတယ္..။

ပါရမီထုိက္တဲ႔ ဒါနဆုိတာ လုံး၀မိမိေကာင္းက်ဳိးကုိ ထည္႔မတြက္ဘူး အလွဴခံပုဂၢိဳလ္ ခ်မ္းသာဖုိ႔ပဲၾကည္႔ပါတယ္..တဏွာမပါဘူး ငါမပါဘူး ငါခ်မ္းသာဖုိ႔မပါဘူး အဲလုိစိတ္နဲ႔ ၿပဳတဲ႔ ဒါနဟာ ပါရမီ ထုိက္တဲ႔ဒါနၿဖစ္ပါတယ္..။

ပါရမီမထုိက္တဲ႔ ဒါနကေတာ႔ ေနာက္ဘ၀ခ်မ္းသာခ်င္လို႔ လွဴတာ နာမည္ၾကီးခ်င္လုိ႔လွဴတာ လူသိမ်ားခ်င္လုိ႔လွဴတာ အဲလုိအလွဴမ်ဳိးေတြကုိ သာသနာပ အလွဴလုိ႔ေခၚပါတယ္ နိဗၺာန္မရႏူိင္ပါဘူး..။

လုိခ်င္တဲ႔စိတ္နဲ႔လွဴေနသမွ် နိဗၺာန္မရႏူိင္ပါဘူး..ငါေကာင္းစားဖုိ႔လွဴတာဆုိရင္ ငါဆုိတာ ဒိ႒ိ ေကာင္းစားဖုိ႔ဆုိတာ ေလာဘ... ဒိ႒ိ နဲ႔ေလာဘ ဥိးေဆာင္မွေတာ႔ ဘယ္လုိမွ နိဗၺာန္ရႏူိင္စရာ အေၾကာင္းမရွိပါဘူး..အဲလုိစိတ္နဲ႔ ဒါနၿပဳတာဟာ ပါရမီမထုိက္တဲ႔ ဒါနၿဖစ္တယ္..။

ဒီေလာက္ဆုိရင္ ဒါနၿပဳရၿခင္းအေၾကာင္းကုိ ေတာ္ေတာ္ရွင္းေလာက္ပါၿပီ..ဗုဒၶဘာသာ၀င္သူေတာ္စင္မ်ားအားလုံး ပါရမီထုိက္တဲ႔ ဒါနကုိၿပဳႏူိင္တဲ႔ သူေတာ္ေကာင္းမ်ားၿဖစ္ၾကပါေစ.........'

ဒါနဘာကြောင့် ပြုရသလဲ
+++++++++++

အလှူဒါန ဘာကြောင့်ပြုရသလဲ ဆိုတဲ့အကြောင်းကို ်ရေးသားဖော်ပြချင်ပါတယ်..
ဗုဒ္ဓဘာသာ၀င်မြန်မာလူမျိုး အများစုဟာ အလှူဒါနကို ရက်ရက်ရောရော ပြုကြပါတယ်..တကယ်လှူချင်တဲ့ စိတ်တွေ သဒ္ဓါတရားတွေလည်း ရှိကြပါတယ်။

ဒါပေမယ့် ဘာကြောင့် အလှူဒါနပြုတယ်ဆိုတာကိုတော့ တော်တော်များများမသိကြပါဘူး..ယခုဘ၀ဒါနပြုရင် နောက်ဘ၀ကောင်းစားမယ် နတ်ချမ်းသာ လူချမ်းသာဖြစ်မယ်ဆိုတဲ့ ရည်ရွယ်ချက်တွေနဲ့ပဲ အလှူဒါနပြုနေကြတာများပါတယ်။

ဒါကြောင့် ဒါနပြုရခြင်းအကြောင်းကို အရှင်ဇ၀နဟောကြားတဲ့ ဒါနဘာကြောင့်ပြုရသလည်းဆိုတဲ့ တရားတော်မှာ နာကြားလိုက်ရလို့ မသိသေးသူများ သိသွားအောင် ဖော်ပြလိုက်ပါတယ်..။

ဒါနပြုတယ်ဆိုတာ မိမိရဲ ့ သန္တာန်မှာ ဘ၀အဆက်ဆက်က ဒုက္ခပေးလာတဲ့ စွဲလမ်းတပ်မက်တဲ့ လောဘကိလေသာကြီးကုန်အောင် ပြုတာဖြစ်တယ်...သီလစောင့်တည်ခြင်း ဘာ၀နာပွားများခြင်းတွေလည်း တူတူပါပဲ..သီလစောင့်တည်တယ်ဆိုတာ မိမိရဲ ့ သန္တာန်မှာ ရှိတဲ့ ဒေါသဦးဆောင်တဲ့ ကိလေသာတွေ ကုန်ဖို့ စောင့်တည်တာ ဘာ၀နာပွားတယ်ဆိုတာဟာလည်း မိမိရဲ ့့သန္တာန်မှာ ရှိတဲ့ မောဟ ဦးဆောင်တဲ့ ကိလေသာတွေ ကုန်ဖို့ပွားများတာဖြစ်တယ် .. ်ဒါနအကြောင်းဆက်ပြောပါမယ်.။

ဗုဒ္ဓဘာသာ၀င်အများစု အမြင်မှားနေတာတစ်ခုက အလှူဒါနပြုပြီးတိုင်း ဆုတောင်းနေကြတာပါပဲ..တကယ်တော့ ဒါနပြုပြီးရင် ဆုတောင်းစရာမလိုပါဘူး..ဆရာတော် ဟောကြားတဲ့ ဥပမာလေးကို ်သဘောကျလို့ ပြန်လည်ဖော်ပြလိုက်ပါတယ်..။

ဥပမာလေးက ဒီလိုပါ အလုပ်သမားတစ်ယောက်ဟာ သူ့အလုပ်ကို သူကျေပွန်အောင်လုပ်ပြီးရင် သူပိုက်ဆံရဖို့ လစာရဖို့ ဆုတောင်းစရာမလိုပါဘူး သူသေချာပေါက်ရမှာပါ..သူအလုပ်လုပ်ရင် လုပ်ခရမှာပါ ဆုတောင်းစရာမလိုပါဘူး ဒါနပြုခြင်းဟာလည်း အဲဒီသဘောပါပဲ..။

ကိုယ်ဒါနပြုပြီးရင် ဆုတောင်းစရာမလိုပါဘူး ဒါနရဲ ့အကျိုးကိုက ချမ်းသာတဲ့ အကျိုးကိုပေးပြီးသားပါ...လိုတာက ကိလေသာကုန်ဖို့နဲ့ နိဗ္ဗာန် ဆုတောင်းဖို့ပဲ လိုပါတယ်.. ပြီးတော့ ဘယ်မှာ ဘယ်လောက်လှူတယ်ဆိုတာလည်း ပြောစရာမလိုပါဘူး..အပေါ်မှာပြောပြီးပါပြီ မိမိသန္တာန်မှာ ရှိတဲ့ လောဘကိလေသာမီး ဘယ်လောက်ငြိမ်းသွားတယ် ဆိုတာကိုပဲ ကြည့်ရမှာပါ..လူတွေမှာ အမြဲလောင်နေတဲ့ လောဘမီးတွေဟာ ဒါနပြုတဲ့အချိန်မှာ ငြိမ်းသွားတယ်...။

တစ်ခါလှူရင် မိမိမှာရှိတဲ့ လောဘတစ်ခါသေပါတယ်..လောဘရှိနေတဲ့ သူဟာ ဒါနပြုလို့မရနိူင်ပါဘူး..
လောဘနှစ်မျိုးရှိပါတယ် သမလောဘနဲ့ ၀ိသမလောဘဆိုပြိး နှစ်မျိုးရှိပါတယ်..သမလောဘဆိုတာ ညီမျှတဲ့လောဘပါ ..၀ိသမလောဘဆိုတာကတော့ မတရားရပြိးယူတဲ့ လောဘပါ ခိုးခြင်းနဲ့လည်း တူပါတယ်..အဲဒီ၀ိသမလောဘရှိတဲ့ သူဟာ ဖြစ်လေရာဘ၀မှာ သူရဲ ့စည်းစိမ်တွေ အကြောင်းအမျိုးမျိုးကြောင့် ပျက်စီးတက်ပါတယ်..။

ဒါကြောင့် အဲလို ၀ိသမလောဘမရှိအောင်တော့ အတက်နိူင်ဆုံး ထိ်န်းသိမ်းသင့်ပါတယ်...
ဒါနကလည်း ၂ မျိုးရှိပါတယ် ပါရမီ ထိုက်တဲ့ဒါန နဲ့ ပါရမီ မထိုက်တဲ့ ဒါန ဆိုပြီးဖြစ်ပါတယ်..။

ပါရမီထိုက်တဲ့ ဒါနဆိုတာ လုံး၀မိမိကောင်းကျိုးကို ထည့်မတွက်ဘူး အလှူခံပုဂ္ဂိုလ် ချမ်းသာဖို့ပဲကြည့်ပါတယ်..တဏှာမပါဘူး ငါမပါဘူး ငါချမ်းသာဖို့မပါဘူး အဲလိုစိတ်နဲ့ ပြုတဲ့ ဒါနဟာ ပါရမီ ထိုက်တဲ့ဒါနဖြစ်ပါတယ်..။

ပါရမီမထိုက်တဲ့ ဒါနကတော့ နောက်ဘ၀ချမ်းသာချင်လို့ လှူတာ နာမည်ကြီးချင်လို့လှူတာ လူသိများချင်လို့လှူတာ အဲလိုအလှူမျိုးတွေကို သာသနာပ အလှူလို့ခေါ်ပါတယ် နိဗ္ဗာန်မရနိူင်ပါဘူး..။

လိုချင်တဲ့စိတ်နဲ့လှူနေသမျှ နိဗ္ဗာန်မရနိူင်ပါဘူး..ငါကောင်းစားဖို့လှူတာဆိုရင် ငါဆိုတာ ဒိဋ္ဌိ ကောင်းစားဖို့ဆိုတာ လောဘ... ဒိဋ္ဌိ နဲ့လောဘ ဥိးဆောင်မှတော့ ဘယ်လိုမှ နိဗ္ဗာန်ရနိူင်စရာ အကြောင်းမရှိပါဘူး..အဲလိုစိတ်နဲ့ ဒါနပြုတာဟာ ပါရမီမထိုက်တဲ့ ဒါနဖြစ်တယ်..။

ဒီလောက်ဆိုရင် ဒါနပြုရခြင်းအကြောင်းကို တော်တော်ရှင်းလောက်ပါပြီ..ဗုဒ္ဓဘာသာ၀င်သူတော်စင်များအားလုံး ပါရမီထိုက်တဲ့ ဒါနကိုပြုနိူင်တဲ့ သူတော်ကောင်းများဖြစ်ကြပါစေ.........'

No comments:

Post a Comment