........သည်ဆိုဘ်ရောက်လာ များသတ္တာချမ်းသာကိုစိတ်မြဲပါစေ၊ ဥပါဒ်ရန်ဘေးကင်းစင်ဝေးငြိမ်းအေးကြပါစေ.........

Dec 17, 2015

ပအိုဝ်းရိုးရာယဉ်ကျေးမှုနှင့်အညီကျင်းပတဲ့ ရှင်လောင်းပွဲတော်အကြောင်း

ပအိုဝ်းရိုးရာယဉ်ကျေးမှုနှင့်အညီကျင်းပတဲ့ ရှင်လောင်းပွဲတော်အကြောင်း

ပအိုဝ်းအမျိုးသားယဉ်ကျေးမှုနဲ့အညီ ကျင်းပတဲ့ရှင်လောင်းပွဲနဲ့
အညာ(စစ်ကိုင်း)ဘက်က မြန်မာ့ယဉ်ကျေးမှုနှင့်အညီ ကျင်းပတဲ့ရှင်
လောင်းပွဲ..။
ယဉ်ကျေးမှုကိုအခြေခံထားကြတာဖြစ်လို့ ကွဲပြားမှုတွေလည်း
ရှိရစမြဲပါပဲ..။ ကျနော်တို့ပအိုဝ်းဒေသကလုပ်တဲ့ရှင်လောင်းပွဲကတော့
တစ်ပိုင်တစ်နိုင်စီထက် စုပေါင်းပြီးလုပ်ကြတာကများပါတယ်..။
တစ်ခါလုပ်ရင်ရှင်လောင်းအနည်းဆုံးအပါး ငါးဆယ်ကနေ ၂၀၀ ကျော်အထိရှိတတ်ပါတယ်။ တတ်နိုင်ကြတဲ့သူများကတော့ ကိုယ့်သားသမီးအပြင် မတတ်နိုင်ကြ
တဲ့သူရဲ့ သားသမီးတွေကိုလည်း ရှင်ပြုပေးတတ်ကြပါတယ်..။
ရွာငါးရွာ ဆယ်ရွာ တစ်ခါတစ်လေ တစ်မြို့နယ်လုံးစုပေါင်းပြီး လုပ်တတ်ကြပါတယ်။အဲဒီလိုစုပေါင်းဆိုရင် ဆယ်ရက်မှ ရက်နှစ်အထိကြာတတ်ပါတယ်..။
ရှင်လောင်းထိန်းကိုလည်း အခြားရွာကိုကိုဖိတ်ပြီး ရွာလုံးကျွတ်လာတတ်ပါတယ်။
ဧည့်ခံကျွေးမွေးဖို့အတွက်လည်း အခြားရွာကို ရွာလုံးကျွတ်အတွက် ရွာသူကြီးကိုဖိတ်စာ
ပို့လိုက်ရင်ပဲ အားလုံးက လိုလိုလားလားတက်ညီလက်ညီ လာရောက်ကူညီပေးကြပါတယ်..။ ရှမ်းပြည်နယ်တောင်ပိုင်းရှိ ပအိုဝ်းရွာတွေမှာ ခရိုင်အလိုက် မြို့နယ်အလိုက်
အမျိုးတူရင် အားလုံးမိသားစုလို သဘောထားကြတာမို့ ဘာအတွက်ပဲလုပ်လုပ် သူ့ရွာကိုယ့်ရွာမခွဲခြားပဲ အားလုံးတက်ညီလက်ညီ လုပ်နိုင်တာကိုက ပွဲစည်ဖို့အတွက် စည်း
လုံးဖို့အတွက် အများကြီး အထောက်အပံ့ဖြစ်စေပါတယ်..။
ရှင်ပြုပွဲလုပ်တဲ့နေရာမှာ ဘုရားအလောင်း သိဒ္ဓတၳမင်းသားကိုတောထွက်တာကို အမှီပြု
ပြီးလုပ်ကြတာဖြစ်ပါတယ်။ ရှင်လောင်းဝတ်စုံအပြည့်၊ ရွေှထီး၊ မြင်း ကိုအဓိကထားပြီးကျင်းပကျတာဖြစ်ပါတယ်။ရှင်တစ်ပါးကို ရှင်လောင်းထိန်းတစ်ယောက်၊ မြင်းထိန်း
တစ်ယောက်၊ ရွေှထီးဆောင်းဘယ်ညှာ နှစ်ယောက်၊ ပေါက်ပေါက်ကြဲဖို့ အမျိုးသမီးတစ်ယောက် စုစုပေါင်းငါးယောက်ပါဝင်ပါတယ်။ ရှင်လောင်းအရှေ့ဆုံးခေါင်းဆောင်ကတော့
ကဏ္႑ကမြင်းကို ရည်စူးပြီး မြင်းထိန်းအဖြစ် နတ်မြင်းဖြူကိုပဲ ခေါင်းဆောင်မြင်းအဖြစ်အမြဲထားလေ့ရှိပါတယ်..။
ရှင်လောင်းပွဲချိန်အတွင်းမှာတော့ နေ့ခင်းဘက်ရှင်လောင်း
အကနှင့် ပအိုဝ်းအခေါ် "မော်" ပအိုဝ်းဓမ္မဆရာတွေက ဟောတဲ့တရားပွဲရှိပါတယ်။
နေ့ပွဲရော ညပွဲပါ ရှိပါတယ်။ သူကျတော့ လူပုဂိ္ဂုလ်ကဟောတဲ့တရားမို့ ပြဇာတ်ဆန်ဆန်
ကိုယ်လက်အမှုအရာ အသံနေအသံထားအပြည့်အစုံ၊ တိုကီကောင်းကောင်းနဲ့ဟောတဲ့တရားပွဲဖြစ်လို့ လူကြီးလူငယ်မရွေး ကြိုက်ကြတဲ့တရားပွဲဖြစ်ပါတယ်။
ပွဲစည်အောင်အောင် ထိန်းနိုင်တဲ့တရားပွဲလည်းဖြစ်ပါတယ်။ နာမည်ကြီးတဲ့တရားဟောဆရာဟာသကောင်းတဲ့တရားဟောဆရာဆိုရင် ပိုလို့တောင်လူစီပါသေးတယ်။
ညဖက်မှာကတော့ တစ်မျိုးရှိပါသေးတယ်။ ရှင်လောင်းထိန်း လူပျိုအပျိုတွေရောယောကျ်ားကြီး များနဲ့ မိန်းမကြီးများ ကဗျာဆန်ဆန်ပျက်လုံး စကားရည်လုပွဲလည်းရှိ
ပါသေးတယ်။ အဲဒါကျတော့ အိုးစည်ဗုံပေါင်းကို စည်းဝါးအဖြစ်ယူရပါတယ်။ အဲဒါပအိုဝ်း
အခေါ် "ငေါဝ်းကဲ"လို့ခေါ်ပါတယ်။ အဲဒါလည်း ဟာသနောတဲ့ အမျိုးသမီးကတစ်ဖက် အမျိုးသားကတစ်ဖက် စကားရည်နိုင်လုကြတဲ့ပွဲဖြစ်လို့ အရွယ်ပေါင်းစုံလူကြိုက်များကြ
ပါတယ်။ အောက်ပြည်အောက်ရွာကလို ထားတဲ့ ဆိုင်းဝိုင်း အငြိမ့်ဇာတ်သဘင်ငှါးတာကျတော့ ကျနော်တို့ ပအိုဝ်းဒေသမှာက ခေတ်မစားပါဘူး။.ရှိလည်းမရှိပါဘူး။
ရှင်လောင်းပွဲအများစုကျင်းပတဲ့အချိန်ကတော့ တန်ခူး ကဆုန်နှင့် နောက်အကျဆုံးအချိန်ဆိုရင် နယုန်လၦန်းပိုင်းအထိ ကျင်းပတတ်ကြပါတယ်။ ပအိုဝ်းရိုးရာယဉ်ကျေးမှုနှင့်အညီကျင်းပတဲ့ ရှင်လောင်းပွဲကို ကိုယ်တိုင်ကိုယ်ကျလေ့လာချင်တယ်ဆိုရင် ပွဲ
တော်ရာသီမှာ သွားရောက်လေ့လာဖို့ ဖိတ်ခေါ်ပါတယ်..။

မေတ္တာဖြင့်
တက္ကသိုလ် ခွန်Rကာ
၁၆/၁၂/၂၀၁၅

No comments:

Post a Comment