........သည်ဆိုဘ်ရောက်လာ များသတ္တာချမ်းသာကိုစိတ်မြဲပါစေ၊ ဥပါဒ်ရန်ဘေးကင်းစင်ဝေးငြိမ်းအေးကြပါစေ.........

Sep 2, 2015

ထိုင်းဘုရင်၏ သြဝါဒ အမှာစကား ၃၆ချက်မှတ်သားထိုက်ပါပေတယ်။

ထိုင်းဘုရင်၏ သြဝါဒ အမှာစကား ၃၆ချက်မှတ်သားထိုက်ပါပေတယ်။

၁။ ထမင်းလုံးတိုင်း ရေစက်တိုင်း စားစရာရှိသမျှ ရင်ထဲက ကျေးဇူးတင်ပါ။

၂။ ဘုရားရှိခိုးတိုင်း မည်သည့် ဓနဥစ္စာကိုမျှမတောင်းဘဲ ပညာနှင့် အစွမ်းသတ္တိကိုသာတောင်းယူပါ။

၃။ သူငယ်ချင်း အသစ်သည်ကိုယ့်အတွက် လက်ဆောင်ဖြစ်သလို အဟောင်းဟာလဲ မိမိအတွက် တန်ဖိုးမဖြတ်နိုင်ပါ။

၎။ ဘာသာရေးစာအုပ်ကို တစ်နှစ်တစ်အုပ်ရအောင် ဖတ်ပါ။

၅။ မိမိကိုယ်ကို ကောင်းစေချင်လျှင် သူများကိုကောင်းအောင် အလျှင်ကူညီပေးပ။

၆။ ကျေးဇူးတင်ပါတယ် ဆိုသောစကားကိုအမြဲ များများ ပြောပေးပါ။

၇။ သူတပါး၏ ရင်ဖွင့်စကား တိုင်ပင်လျို့ဝှက်စကားတို့အား မိမိအနေဖြင့်** ထိမ်းသိမ်းပါ။

၈။ ခွင့်လွှတ်စိတ်ရှိပါ။

၉။ နားထောင်သည့် အလုပ်ကို ဦးစားပေးပါ။

၁၀။ အမှားရှိလျှင် ဝင်ခံနိုင်ရမည်။

၁၁။ ပြုတ်ကျပါက လဲကျပါက ပြန်ထူပြန်ထရန် မကြောက်ပါနှင့်။

၁၂။ ခက်ခဲနေလေလေအောင်မြင်ဖို့ အတွက် လေးနက်မှုရှိလေလေ။

၁၃။ ဓာတ်လှေကားအတွင်း စီးပွားရေးအကြောင်း မငြင်းခုံပါနှင့်။

၁၄။ ဈေးဝယ်ကဒ်ကို အကြွေးတင်အောင်မဝယ်သုံးမိပါစေနှင့်။

၁၅။ တောင်းပန်ရန် ဝင်မလေးပါနှင့်။

၁၆။ မသိပါက မသိကြောင်း ဝန်ခံပါ။

၁၇။ ကီလို ၁၀၀၀( မိုင်ထောင်ချီခရီး ) အား ချောမွေ့သည်ဟူ၍ မရှိနိုင်ပါ။

၁၈။ မွေးကတည်းက မည်သူမျှ မပြေးတတ်သေးပါ … ဒါကြောင့် ဖြေးဖြေးစလုပ်ပါ။

၁၉။ ကပ်စေးနဲတာဟာ ဘဝအောင်မြင်ဖို့အတွက်ပါ …. ( ဘဝကို ချစ်တဲ့သူ )။

၂၀။ ငွေကို မချစ်တဲ့သူဟာဘဝကို မချစ်တဲ့သူ ကြီးပွားဖို့ မမျှော်လင့်သူ။

၂၁။ ရန်ဖြစ်သူနှစ်ယောက် အလျှင်ရက်သွားသူက ပညာရှိပါ။

၂၂။ တသက်လုံး အလုပ်လုပ်ရက် မရှိပါနားရက်တွေပါဘဲ။

၂၃။ ပြင်းထန်တဲ့ စိတ်ရှိသလို ပျော့တဲ့ စိတ်လဲ ဖြစ်မယ်။

၂၄။ နားမလည်သူအား နားလည်အောင်ရှင်းပြတတ်ပါစေ။

၂၅။ ငွေအကြွေစေ့တစ်ခုမှာတောင် မျက်နှာနှစ်ခု ရှိတယ် … ဒီလိုဘဲ ဘဝဟာ အနိုင် /အရှုံး – အောင်မြင်မှု / ကျရှုံးမှုတွေရှိမယ်။

၂၆။ မိမိစိတ်ကို အလိုမလိုက်ပါနှင့်။

၂၇။ သွားဟာ ဘာဖြစ်လို့ ကြိုးလဲ (မာလို့)လျှာက ကြိုးပါသလား ?။

၂၈။ အပင်ငယ်တတ်ခါစကို မြန်မြန်ကြီးပါစေဆို၍ ဆွဲဆန့်ခြင်း မပြုပါနှင့် အမြစ်ပါ ကြွေသွားမည်။

၂၉။ မိမိကိုယ် တစ်နေ့လျှင် သုံးကြိမ်သေရမည်ကို စဉ်းစားပါ အားလုံးပြင်ဆင်ပြီးသား ဖြစ်မယ်။

၃၀။ ကြယ်သီးဟာ ပထမတစ်လုံး မှားသည်နှင့် အားလုံးမှားတော့တာပါပဲ။

၃၁။ အလုပ်တစ်ခုကို ပြီးမြောက်ဖို့ ရက်ချိန်းတစ်ခု သတ်မှတ်ပါ။

၃၂။ ရေခွပ်ထဲမှ တစ်ဝက်သာရှိသော ရေဖြစ်ပါစေ။

၃၃။ ကြယ်နှင့်လ ဟာ အရမ်းကို မြင့်လွန်းတယ် … မှီနိုင်သလောက်ကို လှမ်းပါ။

၃၄။ လူ့တသက်တာမှာ အလုပ်အများကြီးအရေးအကြီးဆုံးကို အရင်လုပ်ပါ။

၃၅။ စာအုပ်တွေဟာ ကမ္ဘာပေါ်မှာ တန်ဖိုးအရှိဆုံးနှင့် ဗဟုသုတ အရဆုံး ပညာရှိတစ်ဆူဖြစ်တယ် .. တစ်လလျှင် တစ်အုပ်ဖက်နိုင်အောင် လုပ်ပါ။

၃၆။ အရာရာ သတ်မှတ်ချက်ရှိပါစေ …..ပစ္စည်းတစ်ခုအား ဤနေရာမှ ယူပြီး ဤနေရာမှာ ထားပါ စည်းကမ်းသည် လူ၏
တန်ဖိုး ဖြစ်ပါသည်။

Credit : Ko Tun Wai

No comments:

Post a Comment