........သည်ဆိုဘ်ရောက်လာ များသတ္တာချမ်းသာကိုစိတ်မြဲပါစေ၊ ဥပါဒ်ရန်ဘေးကင်းစင်ဝေးငြိမ်းအေးကြပါစေ.........

Feb 26, 2014

ိဒိဋ္ဌိ ဖြုတ်ရန် အရေးကြီးသောအချက် သောတာပန်တည်ရန် အင်္ဂါ၎ပါး

၁။သစ္စာတရားဟောပြနိုင်သောဆရာကောင်း ကိုရှာဖွေရမည်။
(သပ္ပုရိသ သံသေဝ )
၂။တရားများကိုနာယူရမည်။...
(သဒ္ဓမ္မသဝန)
၃။နှလုံးသွင်းမှန်အောင် ဆင်ခြင်နိုင်ရမည်။
( ယောနိသောမနသီကာရ )
၎။လောကုတ္တရာတရား၉ ပါးအားလျော်သောအကျင့်ကို ကျင့်ရမည်။
( ဓမ္မနုဓမ္မပဋိပတ္တိ )

၁။သစ္စာတရားဟောပြနိုင်သောဆရာကောင်း ကိုရှာဖွေရမည်။
(သပ္ပုရိသ သံသေဝ )

သစ္စာတရားဟောတတ်သောဆရာသမားကောင်း ရှိခြင်း၊တွေ့ ခြင်းသည် အလွန်အရေးကြီးလှ သည်။သစ္စာတရားများကို ခန္ဓာဥာဏ်ရောက်အောင် သင်ပြပေးနိုင်သော ဆရာကောင်း အရိယာသူတော်ကောင်းများ ထံမှ အဖိုးမဖြတ်နိုင် သည့် အဆုံးအမစကားများသည် သိမ်မွေ့ နက်ရှိုင်းသော
(အယူမှား၊အမှတ်မှား၊အထင်မှား)အစွဲမှားများကို အချိန်တိုတိုအတွင်းမှာ အမြင်မှန် လမ်းမှန်သို့ ရောက်စေနိုင်သည်၊

"ယထာဘူတံဥာဏာယ သတ္တာပရိယေသိတဗ္ဗာ"ယထာဘူတဥာဏ်ရနိုင်
ရန် ဆရာမှန်ရှာအပ်သည်ဟု မြတ်စွာဘုရားသည် ၄၄-ကြိမ်တိုင်တိုင် သတိပေးတော်မူခဲ့ သည်။ဆရာသမားကောင်း၊ မိတ်ဆွေကောင်းရှိခြင်း၊ ဆရာသမားတို့ ၏စောင့်ရှောက်မှုကိုခံရခြင်း၊ အဆုံးအမစကားများ
နာကြားရခြင်းသည် အရိယာမဂ်ဆိုက်၍နိဗ္ဗာန်ရောက်ရန် ၁၀၀% ရာနှုန်းပြည့်သေချာသည်ဟု မြတ်စွာဘုရားမိန့်ကြားခဲ့ သည်၊

ဘဝသံသရာကြီးမှ လွတ်မြောက်ဘို့ရန် ဆရာကောင်းရှိရမည်။
ဆရာကောင်း၏အဆုံးအမများသည် နိဗ္ဗာန်အမြင်ရနိုင်ဖို့ ရာဦးတည်လျက်
သုတမယဥာဏ်( သုတ =ကြားခြင်း မယ =ြ)အကြားအမြင်နှင့် ပြီးမြောက်သော ဥာဏ်ကို အချိန်တိုတိုအတွင်း၌ပင်ဖြစ်စေနိုင်သည်၊

ဥပမာ-အာရုံ ဒွါရတိုက်၍ ပေါ်လာသမျှသော စိတ်(သဘောခန္ဓာများ) သည် ချက်ခြင်းပင်ပျက်စီးသွားသဖြင့် ( အနိစ္စ)မမြဲ၊ ( ဒုက္ခ) ဆင်းရဲမှုသက်သက်၊ ဒုက္ခသစ္စာ၊ သူ့ သဘောသူဆောင်ကိုယ်မပိုင်သော (အနတ္တ) ဓာတ်သဘော
မျှသာဖြစ်သည်ဟု အဖိုးမဖြတ်နိုင်သော သစ္စာဆိုက်တရားရှင်းလင်း
ဟောပြသော ဆရာ့စကားများကို မှတ်သားလိုက်ရုံနှင့် ကိလေသာများ တစတစ ခန်းခြောက်ရတော့မည့် ပါရမီရှင်ဖြစ်ကြ ရပေမည်။

သပ္ပုရိသသံသေဝ (ဒိဋ္ဌိပြုတ်၊သစ္စာ ဆိုက်ခန္ဓာဥာဏ်ရောက်တရားများကို
ဟောပြောပေးနိုင်သောဆရာ)ရှိပါက သံသရာမှ ၁၀၀% လွတ်မြောက်ရန်
သေချာပေသည်ဟုမှတ်ချက်ချလိုက်ပါ၊

၂။တရားများကို နာယူရမည်
(သဒ္ဓမ္မသဝန )

ဒိဋ္ဌိ ဖြုတ်တရားများ၊ သစ္စာဆိုက်တရားများကို နာကြားခြင်းသည်
အဖိုးမဖြတ်နိုင်ေ သာတရားထူးရရန် အလွန်အရေးကြီးသည်။
အဘိဓမ္မာကိုသင်ယူလေ့လာခြင်း၊ တရားနာခြင်းသည်လွန်စွာအကျိုးများ
သည်။ပညာဉာဏ်ကို ပို၍ ထက်သန်စေသည်။

ဘုရားစကားများအဆုံးအမများကို နားလည်အောင်ကြိုးစားသင်ယူရမည်၊ ဘုရားစကား အဆုံးအမများကိုတရားနာယူ ကျင့်သုံးမှသာ သိနိုင် နားလည်နိုင်သည်။၊လောကစကားတွေအားလုံးနားလည်လာမည်။
အရိယာသူတော်ကောင်းများသည် ရုပ်ရယ်၊ နာမ်ရယ် ၊ တရားရယ်ထို သုံးဦးနှင့်သာ ပျင်းရိခြင်းမရှိအဖော်ပြုနေ ကြသည်။

တရားနှင့်နေပြီးတရားနှင့်ဖြေကာ လူ့ ဘဝခဏလေးမှာ ခန္ဓာအတွက်
စီးပွားရှာရင်း၊သံသရာမရှည်အောင်တရားရှိအောင်
တရား ရှုမှတ်ကြရမည်သာ၊

၃။ နှလုံးသွင်းမှန်အောင်ဆင်ခြင်နိုင်ရမည်
( ယောနိသော မနသီကာရ )

တရားနှင့် အိပ်စက်ခြင်း၊ တရားနှင့်နိုးထခြင်း၊ တရားနှင့်နေ့ စဉ်
မွေ့ ပျော်ခြင်းသည် အပ္ပမာဒတရားမမေ့မလျော့တရားနှင့် နေခြင်းမည်၏၊

သတိသည်အရေးအကြီးဆုံး၊ ထိတိုင်းထိတိုင်း သိသိနေ၊ သိတိုင်းသိတိုင်းဖြစ် ချုပ်ကာ မမြဲ ၊ ဆင်းရဲ၊ မခေါ်ဘဲ ပေါ်လာသောအာရုံများက မနှင်ဘဲ
ပျောက်ကွယ် သွားကြသည်ကို မြင်အောင်ကြည့်ပါ၊

မြင်သည့်အပေါ် ကြားသည့်အပေါ် အနံ့ရသည့်အပေါ် စားသည့်
အရသာအပေါ် ထိသည့်အပေါ် တွေးကြံသည့်အပေါ် သတိထား၊ သတိထားလျှင် တရားမြင်မည်၊ သတိမထားရင်အမှားဝင်မည်။

မည်သည့် ပုဂ္ဂိုလ်မဆို အဖိုးတန်လှသော သာသနာတွင်းကာလနှင့်ဆုံခိုက်၊ ကြုံခိုက် တရားအားထုတ်သင့်သည်။တရားအားထုတ်ရန်အားသည်
ဖြစ်စေ၊ မအားသည်ဖြစ်စေ ကြိုးစားရှုမှတ်သင့်သည်၊ သေချင်သည်ဖြစ်စေ ၊ မသေချင်သည်ဖြစ်ေ စ မုချမသွေသေကြရမည်သာ၊ သေချိန်ရောက်သော်
မအားသေးဟုပြော၍ မရ။ဝိပဿနာတရားအားထုတ်သည် ဆိုသည်မှာ တရားကို အချိန်တိုင်းနှလုံးသွင်းနေရမည့် ”စိတ် ”အလုပ်သာဖြစ်သည်၊

၎။ လောကုတ္တရာ တရား၉ ပါး(မဂ်လေးတန် ဖိုလ်လေးတန် နိဗ္ဗာန်) အားလျော်သောအကျင့်ကို ကျင့်ရမည်။ ( ဓမ္မနုဓမ္မပဋိပတ္တိ )

သီလ၊ သမာဓိ၊ ပညာကိုလက်ကိုင်စွဲ၍ ဝိပဿနာဘာဝနာကိုနေ့ စဉ်ညတိုင်း ရှုပွား ကျင့်သုံးရမည်၊ခန္ဓာကသူ့ တရားသူပြမည်၊ ကြည့်တတ်ဘို့ကအဓိက၊ တရားအားထုတ်ရာ နည်းမှန် လမ်းမှန် အားထုတ်ပါက အလွန်အေးချမ်း
သောအလုပ်၊အလွန်ငြိမ်းချမ်းသောအလုပ်ဟုမှတ်ယူ၍ ကျင့်သုံးသင့်
ပေသည်။

ခန္ဓာမှပြသောအရှိ(ရုပ်နာမ်သဘော)ကို ဥာဏ်ပညာဖြင့် ကြည့်ရမည်။
အပြင်မှာ လောကဓံများ မည်သို့ ပင်တိုက်ခိုက်ပါစေ၊ အတွင်း၌ တရားရှုမှတ်ရင်း အေးချမ်းအောင်နေ တတ်ရမည်၊၊ တရားသိအောင် တရားနာ၊ တရားရှိအောင်တရားရှု၊ တရားအားထုတ်ရင်း နေတတ်သူသည် အရှုတ်ထဲမှာ ရှင်းအောင်နေတတ် သူမည်၏၊

တရားသိမှတရားမြင်မှတရားရှိမှ တရားကျင့်မှ အကုသိုလ်ပယ်၊ ကုသိုလ်နှင့်ကယ်နိုင်ဆယ်နိုင်မည်။အရှုံးထဲမှ အမြတ်များရလာမည်။ လောကီတစ်ဘဝချမ်းသာထက် လောကုတ္တရာ တစ်သံသရာလုံးမှာ ချမ်းသာမည့်ဝိပဿနာအလုပ်လုပ် ရခြင်းသည် သေချာပေါက်အကျိုးရှိ
မည်ကို တရားရှိ၊ တရားသိမှသာ အမှန်မြင်လာနိုင်သည်၊

စိန္တာမယဥာဏ် (စိန္တာ =ကြံခြင်း၊ မယ=ပြီးမြောက်ခြင်း )ကိုယ့်ခန္တာကို
ဥာဏ်ဖြင့်ကြည့်ကာ အကြံနှင့် အပြီးအစီးသို့ ရောက်သောဥာဏ်၊ ထိုဥာဏ်သည် ကိလေသာခန်းခြောက်ရုံသာမက ကိလေသာပျောက်စေ
သည်။ တရားနာလျှင်ကိလေသာ ခန်းခြောက်စေကာ ကိုယ်တိုင်တရားရှု
မှတ်ပွားများလျှင် ကိလေသာတစတစပျောက်ပြီး ဒိဋ္ဌိ၊ဝိစိကိစ္စပယ်သတ်က အရိယာ သောတပန်ဖြစ်ပေမည်။

ဆရာကောင်း၏သစ္စာဆိုက်တရားများလိုအပ်၍ အရေးကြီးသကဲ့သို့ မိမိကိုယ်လဲ ကောင်းအောင် ကိလေသာပျောက်တရားများ ရှုမှတ်ပွားများ နှလုံးသွင်းမှန်ဘို့ ရာအရေးကြီး၏။

အရေးကြီးသော ဆရာ ရော၊ ဒကာ ရော နှစ်ဦးစလုံးကောင်းပါက သာသနာကြီးဆိပ်ကွ ယ်ပျက်သုံး လိမ့်မည်မဟုတ်ပါ။ဆရာ့စကား
တသွေမသိမ်းလိုက်နာသော ဒကာ၊ဒကာမ များသည် သာသနာကြီး
မပျက်စီး၊ မညစ်နွမ်းရလေအော င် သာသနာကို စောင့်ရှောက်
သောသူများအဖြစ်အမြဲ ရပ်တည်နေနိုင်မည်သာ။

ကိလေသာများကို စိတ်ဖြင့်ဖြတ်ရမည်၊ စိတ်ကို တရားဖြင့် ပြုပြင်ရမည်၊ တရားရှိအောင် တရားအားထုတ်ကြရမည်၊ တရားကသာ ကိလေသာကို ဖြတ်နိုင်၊ ပြတ်နိုင်အောင် လုပ်ပေးမည်သာ၊ အကုသိုလ်ကို ပယ်သတ်မည်သာ၊

(အရှင်ဝါသေဋ္ဌာဘိဝံသ)

နန်းရှေ့ သားမှ ကူးယူဖော်ပြသည်။

No comments:

Post a Comment