........သည်ဆိုဘ်ရောက်လာ များသတ္တာချမ်းသာကိုစိတ်မြဲပါစေ၊ ဥပါဒ်ရန်ဘေးကင်းစင်ဝေးငြိမ်းအေးကြပါစေ.........

Feb 1, 2014

ဒေသတခု လွတ်မြာက်ရေး ထက် ပအိုဝ်းတမျိုးသားလုံး လွတ်မြောက်ရေးက လိုတာပေါ့။

ဒေသတခု လွတ်မြောက်ရေး (သို့) လက်ရှိ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ရဒေသ အရေးထက် တပြည်လုံးရှိ ပအိုဝ်းအမျိုးသားလုံးအရေးကို ပြောဆိုတာတော့ ပိုပြီး သဘာဝကျတာပေါ့။ ပအိုဝ်းအရေးက ပိုကျယ်ပြန့်တယ်လေး။ ဘာဖြစ်လဲဆိုတော့ ပအိုဝ်းများဟာ ရှမ်းပြည်တောင်ပိုင်း သာမက မြန်မာပြည် အောက်ပိုင်းဘက်မှာလည်း အများအပြား နေထိုင်နေကြတာလေ။ ဘယ်ဒေသမဆို စစ်အုပ်ချုပ်ရေးဒ...ဏ်၊ လူ့အခွင့်အရေး ချိုးဖောက်မှုဒဏ်၊ ဖိနှိမ့်မှုဒဏ်ကို ခံခဲ့ကြတာပါ။ အနည်းနှင့် အများပဲကွာပါတယ်။ ဒီဆိုးရွားလှတဲ့ စနစ်အောက်မှ ညိမ်းညိမ်းချမ်းချမ်းနဲ့ နေထိုင်နိုင်တဲ့ ဘယ်ပအိုဝ်းမှ မရှိပါဘူး။ အားလုံးကာ ဒီလှေ၊ ဒီရေ၊ ဒီခရီးကြမ်းတွေကို အတူတူ ဖြတ်သန်းခဲ့ရတာပဲလေ။

ဒါကြောင့် ပအိုဝ်းအရေးလို့ပြောရင် ဒေသအားလုံးရှိ ပအိုဝ်းများကို ကိုယ်စားပြုဖို့တော့ လိုတာပေါ့။ ၄င်းတို့ရဲ့ လက်ရှိအခြေအနေ၊ နိုင်ငံရေး ခံယူထင်မြင်ချက်၊ အနာဂတ် အမျိုးသားများအတွက် လိုလားတောင်းဆိုချက် တွေကို သိရှိနားလည်ဖို့တော့ လိုတာပေါ့။ သူတို့ရဲ့ ဆန္ဒာ၊ သူတို့ရဲ့ ထင်မြင်ချက်ဟာ ပအိုဝ်းအမျိုးသားအတွက် အရေးကြီးတယ်လေ။ ဒါကြောင့် ပအိုဝ်းအရေး ဘယ်ခါဆွေးနွေးနွေး အားလုံးရဲ့အသံတွေကို ကိုယ်စားပြု၊ ဆွေးနွေး ဖို့တော့ လိုအပ်ပါတယ်။

ရှမ်းပြည်နယ်ရှိ ပအိုဝ်းတိုင်းရင်းသားများအရေး၊ ဒေသ လွတ်မြောက်ရေးလို့ ပြောမယ်ဆိုရင်တော့ တပြည်လုံးရှိ ပအိုဝ်းများကို ကိုယ်စားပြုနိုင်မှာ မဟုတ်ဘူးပေါ့။ နေရာဒေသတခုကို ကိုယ်စားပြုတာထက် တမျိုးသားလုံး လွတ်မြောက်ရေးက ယနေ့အချိန်မှာတော့ ပိုပြီး အရေးကြီးပါတယ်။ အခြားသော တိုင်းရင်းသားအရေးလို့ပေါ့။ ပအိုဝ်းအရေးက ဘယ်ဒေသရှိ ပအိုဝ်းတိုင်းရင်းသားများမဆို အချင်းချင်း ဆက်စပ် နေတယ်လေး။ ၄င်းတို့ဒေသရှိ လူထုရဲ့ ဆန္ဒာကို လျစ်လျူရှုမယ်ဆိုရင်တော့ အနာဂတ် ပအိုဝ်းတမျိုးသားလုံးအရေးအတွက် လုပ်ဆောင်ဖို့ ခက်ခဲသွားလိမ့်မည်။ စည်းလုံးညီညွတ်မှုကို ထိခိုက်နိုင်တယ်။ ဒါကြောင့် ဘယ်ပအိုဝ်း ပါတီများ၊ လက်နက်ကိုင်အဖွဲ့များဖြစ်စေ ပအိုဝ်းအရေးနှင့် ပတ်သတ်လာရင် အားလုံးကို ကိုယ်စားပြုတဲ့ ဆွေးနွေးရေးကို လုပ်ဆောင်ပေးဖို့တော့ လိုအပ်ပါတယ်။

အားလုံးကို ကိုယ်စားပြုနိုင်မှ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေး ဆိုသည့် နိုင်ငံရေး ဦးတည်ချက်ကို ရရှိနိုင်မယ်။

No comments:

Post a Comment