........သည်ဆိုဘ်ရောက်လာ များသတ္တာချမ်းသာကိုစိတ်မြဲပါစေ၊ ဥပါဒ်ရန်ဘေးကင်းစင်ဝေးငြိမ်းအေးကြပါစေ.........

Dec 20, 2018

ညီမလေး

ညီမလေးရေ
လရောင်ပျိုးတဲ့ လမင်းကြီးဟာ
           အမြဲတမ်းကိုပဲ
ကြည်လင်အေးမြစေတယ်
           ဒီလိုပုံပမာလိုပဲ
ညီမလေးရေ ယခုလည်းကြည့်လေ
ညီမလေးပျိုးတဲ့ ပညာဥယျဉ်ဟာ
           ညီမလေးအတွက်တော့
အမြဲတမ်းကြည်လင်အေးမြနေမှာပါကွယ်။
========================

ညီမလေးရေ
လူ့ဘဝရဲ့
အောင်မြင်ရေးကျင့်စဉ်က
မေတ္တာတရားပါ
အရာရာမှာ မေတ္တာကိုဆောင်လို့
အောင်မြင်မူ့တွေကို
ရရှိနေတာပာ ညီမလေးရယ်
ညီမလေးရေ မေတ္တာဆိုတာ
အအေးဓာတ်ငြိမ်းပါပဲ
အေးငြိမ်းမူ့တွေကို
ဆွဲဆောင်နေတာက မေတ္တာပာ
မေတ္တာနှလုံးကို အစဉ်သုံးပြီးတော့
ကိစ္စဟူသမျှ  စာနာညှာတာပါ
ညီမလေးရယ်…………
=========================

ညီမလေးရေ
အားကိုးထိုက်သူဖြစ်အောင်
ကြိုးစားရမယ်နော်
ညီမလေးကကြိုးစားတော့
အများတကာက အားကိုးကြမှာပေါ့
အများတကာ အားကိုးထိုက်သူဖြစ်အောင်
ညီမလေးကြိုးစားလိုက်ပေါ့ကွယ်။
========================

ညီမလေးရယ်
ညရဲ့အလှကိုမြင်တိုင်း
ဖိုးရွှေလမင်းကြီးကို
မမေ့လိုက်ပာနဲ့
အလှအပကိုမြင်တိုင်း
ဥယျဉ်မူးကိုမမေ့လိုက်ပာနဲ့
ညီမလေးရဲ့ ဘဝတိုးတက်
လှပနေသည်ကိုမြင်တိုင်း
မိဘနဲ့ဆရာ မမေ့လိုက်ပာနဲ့ကွယ်
===================

ညီမလေးရေ
ချမ်းသာလို့လည်း
ဘဝင်မမြင့်လိုက်ပါနဲ့
ဆင်းရဲလို့လည်း
စိတ်ဓာတ်မကျလိုက်ပါနဲ့
ပုံမှန်စိတ်ကလေးပဲ
ထားစမ်းပါကွယ်………။
================

ညီမလေးရေ
ညအိပ်ဝင်ကာစမှာ
ပထမဆုံးလုပ်ရမှာက
ဘုရားရှစ်ခိုးပာပဲ
ဒါကိုညီမလေးက
အဓိကထားပြီးတော့
လုပ်ပေါ့ကွယ်။

ညီမလေးရေ
မနက်ခင်းအိပ်ယာထ
ထပြီဆိုတာနဲ့
ဗုဒ္ဓမျတ်စွာကို
ရေချမ်းကပ်လှူ 
ဆီမီးကပ်လှူပူဇော်
ပြီးတာနဲ့ ညီမလေး
လုပ်ချင်တဲ့အလုပ်တွေ
ဆက်လုပ်ပေါ့ကွယ်။

ကဗျာ@ခန့်ရင်ခွင်(မုံရွာ)
W-#kpt@ND


No comments:

Post a Comment